Powered By Blogger

Tuesday, May 5, 2015

၃ကြွင်းမွေး နဲ့  မရဏသောကြာနံ ''သွေးရောဂါ..''


၃ကြွင်းမွေး နဲ့  မရဏသောကြာနံ ''သွေးရောဂါ..''
----------------
အဲ့ အမျိုးသမီးလေးက မေ ၈၅ အင်္ဂါသမီး..မိဘအသိုင်းအ၀ိုင်းက တော်တော် ချမ်းသာသူဖြစ်တယ်. လူလွတ်ဖြစ်တယ် ကိုယ်ပိုင်အလုပ်လည်း ထူထောင်ထားသူဖြစ်တယ် အလုပ်လည်းဖြစ်နေတယ် အရင် သူလာတုန်းကတည်း ဒီအသက် ၃၀ သောကြာသက်ရောက် ထဲအကြောင်းကို ပြောပြခဲ့ ပြီးသားပေါ့  လာနေကျလည်းဖြစ်တယ်..။

အဲ့ လာတုန်းက ပြောတဲ့ အထဲမှာ ကျမ္မာရေးအကြောင်းပါသွားတာက သောကြာမရဏ ဆိုတာ မတော်တဆမှု့ နဲနဲပါးပါးဖြစ်တတ်သလို တစ်ချို့ ကတော့  သွေးရောဂါမျိုးဖြစ်တတ်တယ် ပြီးတော့  ဒါဟာ လူပိန်တာ ၀တာနဲ့ မဆိုင်ဘူးလို ပေါ့( သူက သက်ချိုပြုံးနဲ့ ညီအစ်မနီးပါးပေါ့ ) သွေးရောဂါဆိုတာ သွေးပေါင်ပြုတ်ကျတာသွားရင်းလာရင်း သွေးနီဥအားနဲမူးလဲဖြစ်တာမျိုးတွေပေါ့ လို့ ပြောပြခဲ့ တယ်..(.ဖြစ်မယ်မဖြစ်ဖူးထက် ဖြစ်တတ်တာကိုပြောတာဖြစ်ပြီးဖြစ်လာတော့ လည်းမီးစင်ကြည့် ကယုံပေါ့ လို့ )..


အဲ့ အမျိုးသမီး သွေးနီဥအားနဲရောဂါ တကယ်ဖြစ်ခဲ့ တယ် ဆေးရုံလည်းတက်ခဲ့ ရတယ် သွေးလည်း သွင်းခဲ့ ရတယ် (သူများသွေးသွင်းရတာ ဖီးလ်ငုတ်နေတယ်)သွေးနီဥများလာဖို့ ဆေးလည်းသောက်နေရပြီ...ဖြစ်ခဲ့ သမျှတွေဟာ ၂လပိုင်းထဲမှာ အခံရဆုံးဖြစ်တယ်( သောကြာမရဏလစိတ်ထဲမှာ )....သူဖြုံနေတာက ရေရှည်အဲ့ လိုဖြစ် သွားမှာလားဆိုတာပဲ...


ရှင်းပြလိုက်တယ် အကယ်၍ အသက် ၃၀ ထဲမို့  ဖြစ်တာဆိုရင် ယာယီသွေးအားနဲရော ဂါမျိုးသာဖြစ်မယ် နောက်မကြာခင် ပြန်ကောင်းသွားလိမ့် မယ်ပေါ့ ...စိတ်မပူဖို့ က သွေးကင်ဆာမျိုးတော့ မဟုတ်သလို သွေးကင်ဆာအထိပြောင်းလဲဖြစ်သွားတာမျိုးမတွေ့ ခဲ့ ရဘူး အဲ့ ဒီ တစ်ခါတစ်လေ သွေးပေါင်ပြုတ်ကျသွားတာ  သွေးအားနဲနဲသွားတာမျိုးးတွေသာ များတယ်လို့  ပြောလိုက်ရတယ်...

( တစ်ချို့ ကတော့  ယာယီ မဟုတ်တော့ သွေးနီဥတွေ များများလာဖို့  ဆယ်စုနှစ်တွေနဲ့ ချီပြီအမြဲတမ်း ဆေးသောက်ပေးနေရတာမျိုးတွေလည်း ကြုံခဲ့ တဲ့ အကြောင်းတော့ မပြောလိုက်တော့ ဘူး)

အဲ့ ရောဂါမျိုးတွေကို မရဏရောဂါလို့ ဆိုလိုပြီး ပစ္စုတ်ပန်နေထိုင်သွားလာစားသောက်မှု့ သဘောထက် အတိတ်ကံက ဖြစ်ဖို့  ထ လာတဲ့ သဘောများသလို ကြိုတင်ကာကွယ်ရတာခက်တယ် ဖြစ်လာမှ ဖြစ်စပြုမှ မီးစင်ကြည့် ကရတာမျိုးများပါတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..