'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, December 31, 2015
♫ ♪♫ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲခင်းပါတဲ့  လတန်ဆောင်တိုင်♫ ♪♫
♫ ♪♫ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲခင်းပါတဲ့  လတန်ဆောင်တိုင်♫ ♪♫
----
ဒီမနက် ဆုံသမျှထဲမှာ ထူးခြားက အမွှာညီအစ်မ ၂ယောက်ပဲ ညှက်သေးလုံးကျစ် အရုပ်မျက်နှာ ပန်းမျက်နှာလေးတွေလိုပဲ..။ သူတို့  မိဘတွေရဲ့ အလုပ်တွက်လာတာ လာဖူးတယ်လို့ ပြောတယ်..ဟွတ်ဟွတ်ပေါ့ ...( လာဖူးလားမလာဖူးလား သတိမထားမိတော့ ဘူး..ငိငိ)
လာရင်းကိစ္စပြောရင်းက သူတို့ ပြန်လာရတဲ့ အကြောင်းနဲ့  ကိန်းတစ်ခုမှန်တယ်လို့ ပြောပုံက သူတို့ ဖအေကို ပစ္စည်းပျောက်တတ်တယ်လို့ ပြောလိုက်တာ မှန်တယ် ဖုံးပျောက်သွားတယ်ဆြာ..ဘာညာပေါ့  ( အဲ့ မှာ သူတို့ ဖအေက တနင်္လာသား အသက် ၅၈ အင်္ဂါသက်ရောက်ထဲရောက်နေတာ အဲ့ ဒါ အင်္ဂါသက်ရောက်ဖြတ်တဲ့  အရွယ်ရောက် အလုပ်ခွင်ဝင်နေသူ
အတော်များများကို သူခိုးကိန်းရှိတယ် ပျောက်တတ်ရှိတတ်တယ် ဘာညာကွကွတွေ ထည့် ပြောပေးနေကျပါ ဖုံးပျောက်လိမ့် မယ်လို့ ပါဘူးဗျ..သူနဲ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင်....ငိငိ) ( ဖုံးပျောက်တဲ့  ကိစ္စကိုလည်း ဆက်တွေးရရင် ဟမ်းဖုံးများသည် အင်္ဂါ ဂြိုလ်အပါအ၀င် ဂြိုလ် ၈ ခွင်စလုံးမှာ အချိန်မရွေး လစိတ်မရွေး အပျောက်အလွယ်ဆုံးပစ္စည်းဖြစ်သည် လို့ ပဲပြောရမယ် ခ်)
အဲ့ မှာ အမွှာညီအစ်မတွေက ၇ လပိုင်းမွေး ၈၇ ဖွား ( ၅ ကြွင်းတနင်္ဂနွေ မရဏဖွား အမွှာလေးတွေ ).တဲ့  အခုဆို အသက် ၂၉ စနေသက်ရောက်ထဲမှာ.. အဲ့ မှာ အကြီးက ဗေဒင်မေးတယ်...မေးတော့ ပြောပေးရင် သူ့ အလုပ်က ပြဿနာလေးဘာလေး နဲနဲဆွေးနွေးနေရင်းက သူက သူတို့ ညီအစ်မက အမွှာဆိုတော့ ..?..လို့ မေးလာတယ် အဲ့ တော့  ကျနော်က အချိန်တို့  အမည်တို့ မှာ ဘ၀ကောက်ကြောင်းတွေ ရေရှည်မှာကွာသွားတယ်
ဂြိုလ်စီးဂြိုလ်နင်း အခြေခံဘေ့ စစ်တွေ မှာတော့ တူတယ် အမည် ဘယ်လိုခေါ်လဲဗျ လို့ ဆိုတော့ ( မေးတောင့် မေးခဲပါ အမွှာဆိုတော့ မှ ကြံမိကြံရာနဲ့ ထ မေးကြည့် ရတော့ တာ ငိငိ )..၅ မီးနစ်ကွာတယ်...အမည်တွေ ပေးထားပုံက ရှေ့ ဆုံးက တနင်္ဂနွေ နံ ၂ လုံးဆင့် ထားပြီး နောက်ဆုံးက ပိတ်ထားတာက အကြီးက ''မြိုင် '' နဲ့  အငယ်က ''ခိုင် ''...အင်းအင်းမြိုင်နဲ့ အဲအဲခိုင် ပဲထားပါတော့  ခ်
အဲ့  မြိုင် နဲ့ ခိုင်က ၅ ကြွင်းမဟာဘုတ်မှာ မြိုင်က ဘင်္ဂမှာ ခိုင်က အဓိပတိမှာ အဲ့ မှာ စိတ်ထားစကွာတယ် ဘ၀ကောက်ကြောင်း ကွာသွားတယ် ..အဲ့ မှ ရွှီးတော့ တာပဲ အဲ..ပုံကြီးနဲနဲချဲ့ ပေးလိုက်တော့ တာပဲ..မြိုင်က ဘော်ဒါကဏ္ဍများတယ် စိတ်ကချိန်းတာမြန်တယ် တမြေ့ မြေ့ တွေလုပ်မနေဘူး ခိုင်က အထီးကျန်ဆန်တယ် ခံစားတတ်သူဖြစ်တယ် အတိုက်အခိုက်ခံရတာလဲ ပိုများတတ်ပြီး ကိုယ့် ဘ၀ကို ပေးဆပ်သူလို့ ထင်နေတတ်တယ်လို့  နဲနဲ စပြောလိုက်တော့  မြိုင်က သူ့ ညီမ ခိုင်ကို ပြုံးစိစိနဲ့ လှမ်းကြည့် တယ် ခိုင်က ပစ်လိုက်တဲ့ တော်ကီထဲမှာကြွေသွားပုံရပါတယ်
ဒါနဲ့  တစ်သက်တာ ငွေကြေးဘာညက ပူစရာမရှိလှပေမယ့်  အိမ်ထောင်ပြုဖို့ အရေးတော့  ခက်နိုင်တယ်( ၅ကြွင်းတွေမို့ )..ဒီလို ၈၇ဖွားအိမ်ထောင်ရေးက ရပ်ဝေးလူတွေ ခရီးသွားအိမ်ထောင်ရေးတွေ သင်္ဘောသားအိမ်ထောင်ရေးမျိုးတွေစတိုင်ပဲ ဘာဘဲဖြစ်ဖြစ် တွဲယုံကာလတွေမှာ ပြသဿနာသိပ်မလာတတ်သေးပေမယ့် ယူမယ်ဆို အဖုအထစ်တွေ စကြုံလိမ့် မယ် ဒါကိုတော့ ရင်ဆိုင်နိုင်မှရမယ်...အဲ့ မှာမှဗျာ...မြိုင်က အဲ့ ကိစ္စအတွက် သိပ်စိတ်ပူစရာမရှိဘူး သူက ဟက်ပီးတိုက်ကိုပိုပျော်တတ်သူဖြစ်လို့  အိမ်ထောင်ကျတာမကျတာ ပြဿနာမဟုတ်ပေမယ့်  ခိုင် အတွက်ကတော့ မြိုင်ထက် အဖုအထစ်များ ခံစားမှု့ များလိမ့် မယ် မိန်းကလေးကျမ္မာရေးပါ သတိထားရလိမ့် လို့ လဲပြောလိုက်ရော....
အဲ့ ခိုင်က ဖြုံသွားတယ် တိုက်ဆိုင်နေပုံက သူက ဘဲရှိတယ် ဘဲက ကကြီးမှာ ယူဖို့ ပလန်ရှိတယ် ကြာသာပတေးသားဖြစ်တယ်(ဒါတော့ မဆိုးဘူး) အခုလောလောဆယ် မိန်းကလေးကျမ္မာရေးညံ့ နေတယ် အဲ့ အတွက် စိတ်အနှောက်အယှက်ဖြစ်နေတယ် အိမ်ထောင်ပြုရင် ဘာညာကိုထိခိုက်မလားဆိုပြီး.တစ်ခြားဆရာတစ်ယောက်က အိမ်ထောင်ရေးမကောင်းလို့ ဟောထားလို့ တဲ့  ..( ဒါလဲ အားပေးရတယ် မဖြစ်ပါဘူးလို့  ၈၇ ဖွား သင်္ကြန်နောက်ပိုင်းမွေးတွေဆို မိန်းမသားအိမ် ယောက်က်ျား အစာအိမ်လို့ တောင် ကျနော်တို့ က တင်စားတာ ကျားဆို အူပါကျတတ်တာမျိုးပဲ ကိုယ် မှ မဟုတ်ဘူးလို့ ပေါ့  သီးခြားခံစားနေတဲ့ သူ့ ကို သူများတွေလဲ ကိုယ့် လိုပဲလို့ အများထဲရောသုတ်ပေးလိုက်တာ)
အဲ့ ကနေ နေပုံထိုင်ပုံစားသောက်ပုံစတိုင်တွေနဲ့  ဘယ်နေ့ သားနဲ့ ယူယူ အဓိက ဘယ်အသက်မှာယူမှာလဲကို ကျနော်တို့ က ကံချိန်တာ နေ့ သားကနောက်မှ အနဲဆုံး ၁ ယောက်ကတော့  ဂြိုလ်စီးဂြိုလ်နင်းကောင်းနေသင့် တယ်ပေါ့  ၂ ယောက်စလုံးဘူနေချိန်ယူရင်တော့  ဖောင်းဒေးရှင်းမကောင်းဘူးပေါ့ ဗျာ..ဘာညာတွေပေါ့ 
ပြောချင်တာက ''မြိုင်'' ဆိုတဲ့  ပျော့ ပြောင်းသွက်လက်တဲ့ ယိမ်းနွဲ့ တဲ့ အသံထွက်သရအသံ နဲ့  ''ခိုင်''ဆိုတဲ့  မာကျောတဲ့ တည်ဆောက်နေရတဲ့  သရအသံထွက်ကနေ ပုံကြီးချဲ့  ဖီးလင်ခံ အာရုံထဲကျလာတဲ့ စကားလုံးတွေ လွှတ်သွားတာလို့  ပြောတာ ဘာလို့  အဲ့ လိုတွေ ပြောသွားလဲကို ကျမ်းဆန်ဆန်ပြန်မပြောတတ်ဖူးလို့ ဘေ့ စစ်က အပျော့ အမာသဘောနဲ့  အမွှာတွေမှာ အငယ်တွေဟာ ဆိုက်ကိုရှိနေတတ်တဲ့  သဘာဝပါထည့် တွေးပြောသွားတာ ( ဒီ မြိုင်နဲ့ ခိုင်က သီးခြာနေရင် သီးခြားရုပ်တွေ အတူုတူပူးထိုင်လိုက်ရင် အမွှာတွေဆိုသိသာသွားတယ်) ဂြိုလ်ဘေ့ စစ်တူချက်က အငယ် ခိုင် လဲ သူ့ ရုံးမှာ ပြဿနာနဲနဲရှိနေတာပဲ ( ကွဲသွားတာက အလုပ်ရုံးမတူပြန်ဘူး..)
( သိသာနေတာက အမွှာတွေရဲ့ ချစ်ခြင်းတွေတော့ ခပ်ပြင်းပြင်းရှိပုံရပေမယ့်  အတွင်းစိတ်စတိုင်ခံစားမှု့ တွေက သီးခြားခံစားမှု့ သဘောတွေ ကွဲနေတာသိသာနေပါတယ်)
သူတို့ ၂ ယောက် နဲ့  စကားတွေပြောနေရင်းက နားထဲမှာ ကိုမြကြီးရဲ့  သီချင်းပဲကြားယောင်လာပါရောဗျာ..♫ ♪♫ မြိုင်မြိုင်ဆိုင်ဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲခင်းပါတဲ့  လတန်ဆောင်တိုင်♫ ♪♫ ဟီးဟီး..
ရသလွင်ပြင်အလွမ်း
ရသလွင်ပြင်အလွမ်း
..
နော်တို့ က တကယ်က ခေတ်ပြိုင်ခံစားမှု့ တွေကို အနက်ဝှက်တွေနဲ့  ဖွဲ့ နွဲ့ တဲ့  ရသစာပေတွေနဲ့ ကြီးပြင်းလာသူမျိုးတွေဆိုတော ဒဲ့ တွေလွှတ်နေတဲ့ ခေတ်နဲ့  ဆို ရင်ထဲမှာအပွန်းအရှိတွေ ရှိလာတယ် ကိုယ်တိုင်လဲ ဒဲ့ လွှတ်တာကို အာရုံလာတတ်ပေမယ့် အမြဲဆိုရင်ဖီးလ်မလာတော့ တာမျိုးတွေဖြစ်လာတာမျိုးပေါ့  နွဲ့ သင့် ချိန်နွဲ့ ပြီး ဖဲသင့် ပြီးဆို မိုးအဆုံးမြေအထိ...
အင်တာနက်ဆိုတာနဲ့ စထိတွေလာတော့  သတင်းထက် နည်းပညာ စပ်စုချင်တာတွေနဲ့  ရသစာပေတွေ ရသစာပေဆရာ စာရေးကောင်းသူတွေစုဝေနေတဲ့  ဘလော့ ရွာတွေထဲ လျှောက်လည် ဖတ်နေခဲ့ တာမျိုးပဲ ပုံနှိပ်ဖြစ်ခွင့် မရတဲ့ စာတွေ ရှာဖတ်ရတာ အရသာတစ်မျုးပေါ့ ဖွရွာဆိုတဲ့ အထဲက တစ်မနက်ခံဆိုတဲ့ ဂျာနယ်လှန်သလိုရယ် ဘော်ဒါနဲနဲပါးပါးနဲ့  တော်ကီပစ်ဖို့ လောက်ပါပဲ
နောက်တို့  က ကြီးကို ပက်လက်လှန်လိုက်သလို ကာလကြီးကြေ့ပာင်းပြန်လန်သွားတော့ တယ်....
ဒါကြောင့် ထင်တယ် တစ်ချို့  အတိတ်က ရသလွင်ပြင်ကို လွမ်းကြတယ် ..လွမ်းယုံပဲ တတ်နိုင်ပါတယ်လေ...
ကျနော်က ချစ်တဲ့ သူတွေနဲ့  .....
♫ ♪♫
'' ရောင်နီ မလာခင် ကျေးငှက်တို့ ရဲ့ .တေးသွားလေးကို စည်းချက် တွက်ကြည့် ကာ ကြားမှာ ..သံစဉ်ဖြည့် လိုက်တယ်..''..♫ ♪♫
''ကျနော်က ချစ်တဲ့ သူတွေနဲ့  .....
ကျနော့် ကို ချစ်တဲ့ သူတွေနဲ့ တွဲလက်မြဲကြရင်း ...
စကားစမြည်လေးတွေ ပြောကြရင်း ....
လွမ်းလောက်တဲ့ အတိတ်အကြောင်းလေးတွေကို လွမ်းကြရင်း ...
ကိုယ့် ခံစားမှု့ လေးတွေ ရင်ဖွင့် နားလည်ပေးကြရင်း.''....
သိင်္ဂါရ နှလုံးသားနယ်ပယ်လေးမှာ ..
ငိုတဲ့ အခါငို ရယ်တဲ့ အခါရယ်ကြရင်း.....
♫ ♪♫
'' ရောင်နီ မလာခင် ကျေးငှက်တို့ ရဲ့ ...... တေးသွားလေးကို စည်းချက် တွက်ကြည့် ကာ ကြားမှာ ...သံစဉ်ဖြည့် လိုက်တယ်..''..♫ ♪♫
--------------------------------------
ကျနော့်  ကျောကုန်း ခွဲစိတ်ခံခဲ့ ရစဉ်က
ကျနော့်  ကျောကုန်း ခွဲစိတ်ခံခဲ့ ရစဉ်က
-----------------
တစ်နေ့ မနက်ပေါ့  သွေးတိုးပြီး အိမ်မှာတင်လုံးဝ သတိလစ်ပြီး ပစ်လဲသွားပါတယ်။ သတိရတော့ ပုဂ္ဂလိက ဆေးရုံပေါ်မှာ ပက်လက်လေးပါ။ ဘေးကမောင်နှမတွေ ပြောချက်အရ အရေးပေါ်ကား ဖုံးဆက်ခေါ်ပြီးရောက်လာတာလို့ ဆိုပါတယ်။ တစ်ကိုယ်လုံးကတော့ ကိုင်ရိုက်ထားသလို နာနေပြီး သတိရချိန်မှာတော့  ဘရိမ်းက အားလုံးအိုကေနေပါတယ်
ဒါနဲ့ အထွေထွေ ပါရဂူကြီးရောက်လာ စစ်ဆေးမှု့ ပေါင်းစုံလုပ်တော့  သတိလစ်ရခြင်း ပင်မအကြောင်း ခေါင်းစဉ်ကို တပ်ရခက်နေပုံရပါတယ် အဲ့ တော့  ဆေးရုံတင်ထား ဆေးစစ်ပေါ့ ၊
အဲ့ ကာလမှာ ကျနော်က သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်နေပါပြီ အဲ့ မှာ ကောက်ချက်ချရတာ ခက်ပုံရနေပြန်ပါတယ် ဒါနဲ့  လူတစ်ကိုယ်လုံး ရိုက်ရတဲ့  စက်ကြီးနဲ့  ( အမ်အာအိုင်) ရိုက်ရပါတယ်.
အမြင့် ဆုံး စနစ်နဲ့  ဈေးကြီးပေးစစ်ဆေးခိုင်းလိုက်တဲ့ သဘောပေါ့  လူက သွေးကပုံမှန် အပြင်ဘမ်းဘော်ဒီကပပုံမှန်ဆိုတော့  ဘာလို့ အစဉ်အလာ မဖြစ်ဖူးပဲ ခုမှ ဗြုံးစားကြီး သွေးတိုး
သတိလစ်ရသလဲ အရွယ်ပုံစံကလဲ သွေးတိုးရင်တောင် သတိလစ် လဲကျတဲ့ အထိ ဖြစ်ခဲတဲ့ အရွယ်ဆိုတော့ လေ..
အမ်အာအိုင်ရိုက်ပြီး ထွက်လာတဲ့ အဖြေကို ဓါတ်မှန်ဖတ်ပြီး မှတ်ချက်ရေးပေးသူ လက်ထဲရောက်တော့ မှ တမိသားစုလုံး မြွေအကောင်တရားလောက်ဝိုင်းကိုက်ခံလိုက်ရသလို ခြေမကိုင်မိလက်မကိုက်မိတွေ
ဖြစ်ကုန်တော့ တာပါပဲဗျာ။ မှတ်ချက် ကျောက နံရိုးတွေမှာ မဲမဲ မဲမဲ အကွက်တွေတွေ့ ရြီင်္ပီး အရိုးကင်ဆာလို့ ထင်ါတယ်လို့  မှတ်ချက်ပေးလိုက်ပါရောဗျာ...အရှင်လတ်လတ်ကြီး ၀ိုင်းအငိုခံရတဲ့  ဘ၀ပေါ့ ဗျာ
ကျနော်လဲ မှင်ကိုယ့် ဖို့ ဆိုပေမယ့်  စိတ်ထဲတော့  ပျားတုတ်ပြီပေါ့ 
အဲ့ ဓါတ်မှန်ကော်ပြားနဲ့ အရိုးကင်ဆာဖြစ်နိုင်သည်လို့ မှတ်ချက်ကြီးကို မူလ အထွေထွေပါရဂူကြီးင်္ဆီ မျက်နှာငယ်ငယ်နဲ့ ပြတော့  အထွေထွေကြီးက မှတ်ချက်ဖတ်လိုက် ကျနော့် ကို ခြေဆုံးခေါင်းဆုံးကြည့် လိုက်လုပ်ရင်းက မှတ်ချက်အရသာ အရိုးကင်ဆာတာ လူက ထင်စရာ မရှိဘူး သေခြာအောင် အရိုးအထုကုဆီ...ဆိုပြီးလက်လွှဲပေးလိုက်ပါတယ်........
အဲ့ တော့ မှ ပြဿနာတက်တော့ တာပါပဲ အရိုးအထူးကုကြီးက ဓါတ်မှန်ကို သေခြာကြည့် လိုက် လူကို ကြည့် လိုက် မှတ်ချက်ကြည့် လိုက်နဲ့  ဖြစ်နေရင်းကနေ သွေးထဲမှာတော့ ကင်ဆာဆဲလ် ဖြစ်နိင်ဖြေ မတွေ့ ရဘူး
လူကလဲ ကင်ဆာလက္ခဏာနဲ့ မတူဘူး မှတိချက်ကတော့  အရိုးကင်ဆာနဲ့ တူတယ်လို့ ပါတယ်..အဲ့ တော့ ဆရာကတော့  ကျောကို ခွဲကြည့် မှ အဖြေကိုသေသေခြာခြာသိမယ် လို့  ပြောပပါလေရောဗျား..
အဲ့ ရက်က အိမ်မှာ အရှင်လတ်လတ်ကြီး အသုဘအိမ် ဖြစ်နေသလိုပါပဲဗျာ။ အဲ့ အချိန်မှာ ကျနော်က ကြေးစားဗေဒင်အလုပ်လုပ်သူ ဖြစ်နေပါပြီ ဒီတော့  ကိုယ့် ဟာကိုယ် ဗေဒင်တွက်တတ်ပါတယ် တွက်ချက်အရ ဆေးရုံစော်နံတယ်ဆိုတာ အစကတည်းက ကြိုတွက်လို့ ရနေပြီး တတ်သမျှ ယတြာတွေလည်း ကြိုလုပ်ထားပြီးသားပါ အဲ့ လို ကြိုလုပ်ထားလို့ သာ ပွဲချင်းမပြီးသွားတာလို့ လဲ တွေးမိပါတယ်။ ဒါပေမယ့်  ဆိုက်ကိုမနိုင်ချက်က ကျောရိုးတွေအပေါ်ကမဲမဲ အကွက်တွေကို အရိုးကင်တာလို့  ဓါတ်မှန်ဌာနက မှတ်ချက် ပေးထားတာရယ် အရိုးဆရာက ခွဲကြည့် မှ သိမယ်ဆိုတဲ့  ၀ါးတားတားမှတ်ချက် ကျနော်နဲ့ မောင်နှမတွေကို ဆိုက်ကိုမနိုင် စေတော့ ဘူးဖြစ်သွားပါတော့ တယ် မသေခြာမှမသေခြာတာ မခွဲဘူးဟာဆိုပြီး ရွတ်နေလိုက်မှ နောက် ၄လ ၅လ လောက်မှာ အရိုးကင်ဆာဖြစ်နေရင် သေပြီဆရာပေါ့  စောစော သိလိုက်ရဲ့ သားနဲ့ ဆိုပြီး ကြေကွဲမဆုံးပေါ့ ။
ခွဲကြည့် လိုက်လို့ အရိုးကင်ဆာဆိုလဲ နောက်မှ မီးစင်ကြည့် တာပေါ့ လို့ တွေးပြီး အရိုးဆရာကို ခွဲလိုက်ပါတော့ ဖြစ်သွားပါတာ့ တယ်
ကိုယ့် ကိုယ်ကိုယ် တွက်တတ်နေလို့  ဟဲဗီးရောဂါ လာနိုင်ခြေရှိတယ် ဆေးရုံစော် နံတယ်လို့  ကြိုတွက်ထားတာကြောင့် နောက်ဆုံးတော့  ခွဲပါတြာ ဖြစ်သွား ပါတော့ တယ်ယ် ဗေဒင်က ဆေးရုံရောက်နိုင်ခြေ များကြောင်း ကြိုတွက်ထားတာရယ်ပေါင်းပြီး ကျော်ကုန်းကို ဖွင့် ကြည့် ပါတော့ ဆရာ နောက်ခါလာနောင်ခါဈေးပေါ့  မဟုတ်တော့ လဲ ကောင်းတာပေါ့  စိတ်ထင့် ထင့်  နဲ့ နေနေရရင် မကေင်းဘူး ဆိုပြီး သဘာတူလိုက်ပါတယ်
အဲ့ မှာ အဖြေက အရိုးတွေအပေါ်မှာ အဆီဖတ်တွေ ခဲနေတာလေးရယ် ဘာကင်ဆာမှု့  မဟုတ်လို့  အရိုးဆရာက ပြောတော့ ....တအိမ်လုံး ဘုရားပွဲလှည့် သလိုပါပဲ....အဲ နံရိုး တစ်ချောင်းတော့  ခွဲစိတ်ခန်းထဲကအမှိုက်ပုံမှာထားခဲ့ ရပါတယ်.
ဆဌမ နံရိုးလေး တစ်ချောင်း ရှိလော့ ဝူး ကြွေပြီလေ တနားစရာ ဖစ်သွားတော့ တာမျိုးပေါ့ လေးပေါ့ လေ ဆေးရုံနဲ့ ဝေးတော့မှ ဆေးရုံက အမ်အာအိုင် စက်က အဖြေ မှတ်ချက်က
ချသူရော နံရိုးကို ဖွင့် ကြည့် မှသိမယ် လို့ ဆိုတဲ့  ပါရဂူကိုပါ... တွေးတွေးပြီး ကျွတ်ကျဲပြီး ဖြုံတော့ တာပါပျဲား...အဲ နော်တို့ ကတော့  ကိုယ် ဥာဏ်မမီ တော့ တဲ့  ကိစ္စတွေဆို
ကံပါပဲ လို့  ကံကို လွှဲချလိုက်တတ်တာရှိုးနေပြီပေါ ဗျား.....ငိငိ....ခ်...
-------------------------------------------------------------------------------
စွန့် စားရတဲ့ ဆုံးဖြတ်ချက်တွေ
----------
ဘာကြောင့် သွေးတိုး မေ့လဲရတယ်ဆိုတဲ့  အကြောင်းအရင်းက အမှန်တော့ ကိုယ့် ဟာကိုယ်သိပြီးသားဗျ၊ ညစဉ် ၂ချက်၃နာရီလောက်အထိက ဘောလုံးပွဲတွေရက်ဆက်ထိုင်ကြည့် လာတော့ 
အိပ်ချိန်နဲသွားပြီး ကိုယ်ခံအားကကျနေပြီ၊ အဲ့ ဘောပွဲညတိုင်း ပါးစပ်တွတ်တီးကလဲ ထိုင်ရာမထနဲ့ ပေါင်းပြီး ဘော်ဒီဝိတ်က သိပ်တက်နေပြီ..။ အဲ့ မေ့ မလဲခင်တစ်ရက်အစားအသောက်တွေက
ဝက်နဲ့ ကိုမလွတ်ခဲ့ ဘူး.၊ အမြင့် ဆုံးဖြစ်သွားချက်က ၀က်နံရိုးကြော် အော်တိုက်ကြီး ကြော်ထားတာ အဲ့ ဒါကို ဘော်ပွဲကြည့် ရင်း ပဲကြီးလှော်လို ထိုင်စားမိလိုက်တာ.၊ နောက်တော့ ခဏမှေးပြီး
မနက်အိပ်ယာထတော့  ပုံမှန်မဟုတ်ပဲ ယိုင်ဝေနေတာ ကိုယ့် ဟာကိုယ် ငါတော့ သွေးတိုးနေပြီနဲ့ တူတယ်လို့ ချက်ချင်းသိလိုက်သေးတယ်၊ ဒါနဲ့ ရေခဲသေတ္တာနားသွား တံခါးဖွင့် သံပုရာသီးထုတ်ယူ
( အဲ့ အချိန်မှာမူးစပြုလာပြီ) သံပုရာသီးလှီး ရေအေးနဲ့ ရောမော့ သောက် ဖန်ခွက်ကို ခုံပေါ်ပြန်ချတော့  အိမ်ကြီးက လည်နေပြီ ''ဟေ့ ..ငါတော့ သွေးတိုးနေပြီ ''လို့  အိမ်ရှေ့ ကို တစ်ခွန်းလှမ်းအော်လိုက်ရင်း
လောကကြီးဗြုံးဆို မှောင်အတိကျသွားတော့ တာမျိုး ( မွေးကတည်းက အိပ်တာမျိုး ခွဲစိပ်ခါနီးမေ့ ဆေးကြောင့် မဟုတ်ပဲ ရုတ်တရက် မှောင်အတိကျ သတိလစ်လဲသွားတာ တစ်သက်မှာ ဒီတစ်ခါပဲကြုံဖူးခဲ့ တယ်)
သွေးဆီးတွေစစ် ခေါင်းကို စစ်ချက်တွေရဲ့  အဖြေတွေက ကြီးကျယ်ခန်းနားတဲ့ မဟာရောဂါကြီးတွေရဲ့ အရိပ်အယောင်ကို မတွေ့ ရလေလေ ဘ၀င်မကျလေလေလားတော့ မပြောတတ်ဘူး နောက်ဆုံးဆွေးနွေတာတော့ တစ်ကိုယ်လုံးဆေးစစ်တဲ့ စက်ကြီးထဲဝင်စစ်ဖို့ ၊ အိုကေ မထူးဘူး ဆေးပညာက ကိုယ့် လိုင်မဟုတ်ဖူး ပညာရှင်တွေလိုင်း သဘောပါ ဆိုပြီး စစ်တော့ တာ ၊ အဲ့ မှာမှ ဘာမှမဟုတ်ရင် ဘာမှမဟုတ်ဖူးပေါ့ ၊ ဗေဒင်တွက်ထားချက်အရတော့ ဆေးရုံမှာလာအိပ်နေရတာတော့ မှန်နေပြီ သေတော့ မသေနိုင်လောက်တော့ ဘူးလို့ တော့ တွေးလို့ ရနေပြီ၊ ဒီလောက်ကာကွယ်ထားတာတောင်လို့  တွေးမိပေမယ့်  ကိုယ့် သောင်းကြမ်းခဲ့ တဲ့  အစားအသောက်တွေလဲ
ကြည့် ပါဦးပဲ အဲ့ ကြောင့်  ကိန်းကလဲကိန်းပေါ့  လူကလဲ ဆင်ခြင်တုံလေးတော့ ဘာညာ..။
တစ်ကိုယ်လုံးစက်က တာဝန်ရှိကြီးရဲ့ မှတ်ချက်က အရိုးကင်ဆာလို့ မသင်္ကာပါဆိုတဲ့  စာစုလေးဟာ ပထမစပြခဲ့ တဲ့  အထွေထွေသမားတော်ကြီးကိုရော အဲ့ သမားတော်ကြီးကနေ ထပ်ချိတ်ပေးလိုက်တဲ့ နာမည်ကြီး အရိုးသမားတော်ကြီးကိုပါေ၀၀ါးသွားစေတယ်၊ သူတို့ နှစ်ယောက်စလုံးမှာ မှတ်ချက်ကိုလဲ ပညာရှင်ကရေးပေးလိုက်တာမို့  ငြင်းပယ်ရခက်နေပြီး မှတ်ချက်စာတစ်ကြောင်းက လွဲရင် လူ့ ပုံသဏ္ဍာန်နဲ့  အရိုးကင်ဆာဖြစ်မယ့် လူတွေမှာတွေ့ ရတတ်တဲ့ ရှေ့ ပြေးလက္ခဏာတွေ ဘာမှမတွေ့ ရတော့ အရိုးပြဿနာရှိနေတယ်လို့  လက်ခံချင်ပုံမရဘူး သမားတော်ကြီး ၂ ယောက်စလုံးရဲ့ မျက်နှာတွေကတော့ စိတ်အနှောက်အယှက်နဲ့  သောကမကင်း သဘောတွေ မြင်နေရတယ် မဟုတ်ဖူး ဟုတ်တယ် ယတိပြတ်ဆုံးဖြတ်ရမှာ
ဝန်လေးနေပုံရရာကနေ ကျော နံရိုးကိုဖွင့် ကြည့် မှပဲ သေခြာမခြာ လို့ စကားထွက်လာတော့ တာပဲ ခွဲပါလို့ တော့ ဒဲ့ မပြောဘူး..
အဲ့မှာ မောင်နှစ်မတွေပျားတုတ်ကုန်ရင်း ခေါင်းချင်းရိုက်ရတာ..ပိုက်ဆံကတော့ အတော်သုံးရမယ် ဒါက ပြဿနာမဟုတ်သေးဘူး အရိုးဆရာက မသေခြာလို့ ဆိုတာ ကို သူတောင်မသေခြာတာ မခွဲဘူး မတော် အာရုံကြောသွားထိလို့  အောက်ပိုင်းပါသေသွားရင်..လို့ ကြားဖူးနားဝနဲ့ ခွဲရမှာတွေးကျွတ်နေတာလဲ ဖြစ်နေသေးတယ်၊ လောလောဆယ်လူက ပြန်ဂွတ်နေလို့ ဆေးရုံကဆင်းတောင်ရနေပေမယ့် နောက်၆ လောက်မှ တကယ် အရိုးကင်ဆာဖြစ်လာရင်..လို့  တွေးကျွတ်နေတာလဲ ဖြစ်လာပြီ..အရိုးစီအေသမားတွေဘယ်လိုခံရတယ်ဆိုတာ မျက်မြင်တွေကြုံခဲ့ ဖူးတာကိုး...ခွဲလိုက်လို့ ဟုတ်တယ်ဆိုလဲ ဆေးဆက်ကုယုံပေါ့  ကျန်တာကံပေါ့  ဟုတ်တော့ မဟုတ်လောက်ဖူး ငါက ဇက်ကြောတောင်တက်တတ်မဟုတ်ဘူး ၀မ်းလဲအသားကုန်ချုပ်နေတာမဟုတ်ဖူး ဘာညာတွေလျှောက်တွေးရင်းက ...မထူးဘူး ..ကြည့် ရတာငါ့  ကံကိုက ဘော်ဒီက သွေးမထွက်ပဲ ပြဿနာပြီးမယ့် ပုံမပေါ်ဘူးလို့  နောက်ဆုံး ယတိပြတ်တွေးပြီး ခွဲသာကြည့် လိုက်ပါတော့ ဖြစ်သွားတယ်..( ကိုယ့် ဘော်ဒီ ကို စာလာသင်သွားတာတောင်ကြုံလိုက်ရသေးတယ်
အတွင်းလက္ခဏာနဲ့ အပြင်ပြယုဂ်သဘောတွေကို)..
ဒီလိုပဲ တစ်ခါတစ်လေ ဘ၀က စွန့် စားဆုံးဖြတ်ရတာတွေ ကံ ပဲ မတတ်နိုင်ဘူး ဘာလုပ်လို့ ရသေးလဲ တွေးပြီးကစ်ရတာတွေ နဲ့  တစ်ခါတစ်လေ အပြင်တွေကို အမှီလွန်သွားတဲ့ အခါ ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှု့ တွေ လျော့ သွားပြီး ၀ါးတားတားတွေ ဖြစ်ကုန်တတ်တဲ့ သဘောတွေ..
သင်္ခန်းစာတွေတစ်ပုံကြီးပေါ့ ..အလွယ်တကူတော့  အပြစ်တင်မလွယ်ပါဘူး..တစ်ခုခု အဆီအငေါ် မတည့် လို့  သူများကို လက်ညှိုးထိုးရမှာ အားနာနေရင် ကိုယ့် မှာ အပြစ်ပုံချစရာ အတိတ်ကံ ဆိုတာကို ကိုင်ထားလိုက်တော့  စိတ်ဖိအားတွေတော့ နဲ့ သွားတာပေါ့ လေ
အားနာချက်ကလဲ အဲ့ လို တစ်ခါတစ်ခါ အူကြောင်ကြောင် နဲ့  တွေးဂေါက်အားနာချင်တဲ့ နေရာ စွပ်အားနာနေတတ်တာမျိုး....ခ်။
မြို့ ကျီးကန်း
မြို့ ကျီးကန်း
-----
ဒီနေ့  အစောကြီးနိုးလာတယ် တစ်အိမ်လုံးကတော့ နိုးသေးဘူး..လမ်းမက တံမျက်စည်းခပ်သံတော့ ကြားနေရတယ် လေအေးလေးရှုနေရတာတော့ မဆိုးဘူး..
.ရန်ကုန်မနက်ခင်းမှာ မနက်ခင်းရောက်ပြီဆိုတာကို စ အချက်ပေးတဲ့  အသံက တကယ်က ကျီးကန်းအော်သံတွေဗျ အ အ အစ် ဂိ..နဲ့  ဖြတ် ဖြတ် ပျံ သွားရင်း တစ်ကောင်စ နှစ်ကောင်စက အော်သွားလေ့ ရှိတယ် ၄နာရီကျော် ၅ နာရီ ၀န်းကျင်လောက်မှာ ကျီးကန်း တစ်ကောင်စ လောက်က ပျံသွားရင်း စ အော်သွားတာမျိုး သူ့ ကျီးကန်းအမျိုးတွေကို အိပ်ယာ လိုက်နှိုးတာလား တွတ်တီးရှိတဲ့ နေရာကို အချက် ပေးသွားတာလားတော့ မသိဘူး.
ကျနော် စောင့် နားထောင်မိသလောက်ကတော့  မြို့ ကျီးကန်းတွေက စောစောနိုးတတ်တယ်ပေါ့ ဗျာ ပြီးတော့  ကျီးကန်းအော်သံက တစ်ကောင်နဲ့ တစ်ကောင်မတူတတ်ဘူး ညှစ်ထုတ်တဲ့ အသံ အသံပြတ် အသံအစ် နဲနဲ ဆွဲလိုက်တဲ့ အသံ အသံသြ စောင့် ကြီးအောင့် ကြီး စိတ်တိုသံနဲ့ အော်သံ အသံစူး..အဲ့ လိုမျိုးတွေ ဖြတ်အော်သွားတာမျိုး...
သူတို့ နောက်မှ ဈေုးကားသံ ဈေးဗန်းသွားခင်းမယ့် အသံတွေ တပါတည်းကြားလာရတာ.. .နောက်တော့  ကျီးကန်း တွေ ဟိုက တစ်သံ ဒီကတစ်သံ ဟိုးခပ်လှမ်းလှမ်းက အသံ ကိုယ့်် အိမ်ရှေ့ ကအသံတွေ ကြားလာရင်းကနေ စာကလေးပိကျိပိကျိ အသံလေးတွေပါ ရောပါလာတယ်...မြို့ ကျီးကန်းတွေ အိပ်ယာနိုးပြီး နောက် မြို့ စာကလေးတွေ အိပ်ယာနိုးလာတယ်နဲ့ တူပါရဲ့ ...
ဒါနဲ့ စကားမစပ် ဟိုအပတ်က တတွန်ထဲ ထထတွန်နေတဲ့ အိမ်ရှေ့ အိမ်က မြို့ ကြက် တွန်သံ မကြားရတော့ တာ ၂ ရက်ရှိပြီ အိမ်ရှင်တွေလဲ နားငြီးလို့  ဘူးသီးနဲ့  ပေးစားလိုက်ပြီနဲ့ တူတယ်...ခ်
ဝမ်းဘိုင်ဝမ်းနဲ့  အများဆိုင်ရာဟောကိန်း
ဝမ်းဘိုင်ဝမ်းနဲ့  အများဆိုင်ရာဟောကိန်း
------------
ဟောကိန်းတွေ ထုတ်ခိုင်းလာရင် အတော်ပျင်းတယ် အခုတောင် မတတ်သာလို ဗေဒင်လုပ်နေတာပါလို့ ပြောချလိုက်ချင်တာ စိတ်အတော်ထိမ်းထားရယ် နောက်တစ်ချက်က နယူးရီးတွေ ချိန်းတိုင်း ကိုယ့် ကံချိန်းမယ်ထင်နေတာကိုလဲ ပြန်ရှင်းနေရသေးတယ် ဗေဒင်က ကိုယ့် မွေးသက္ကရာဇ်နဲ့ ကိုယ် ကံချိန်းတာ
အဓိကကျတာ. နယူးရီးချိန်းရင် အဲ့ နှစ်ရဲ့ မရဏနေ့ သား တစ်ယောက်ထဲ သတိထားလိုက်တာ..အခု ၆ ကြွင်း နှစ်ကို ချိန်းရင် တနင်္လာနံက မရဏအိမ်ဖြစ်သွားတော့ သုံးတန်ပေါ်မှာ တနင်္လာနံ ပြ နေရာမှာ ရှိတဲ့  သူတွေ ( ကြာတေးသရ)သက်ရောက်မကောင်းတဲ့ တနင်္လာတွေက ပုံမှန်ထက် ပိုသတိထားရမယ်ပေါ့ ဒါက ကိန်းတွေသဘော
အဲ့ မှာတွေးစရာရှိတယ် တနင်္လာတွေက ဒါကို ဖတ်လိုက်ရင် ၆ကြွင်းနှစ်မှာ ငါ့ နံ မရဏကျလို့ မြွေဖမ်းပြီ ဆိုပြီး ဆိုက်ကိုဝင်ပြီးဖြုံသွားနိုင်တယ်ပေါ့ အဲ့ မှာ အများဆိုင်ရာ ဟောကိန်းဆိုတွေဟာ လူတွေကို ဘယ်လောက် သက်ရောက်မှု့ ရှိလဲ ပြီးခဲ့ တာတွေကို ပြန်တွေးကြည့်  သက်သေထူကြည့် ဖို့ လိုမယ်
ကျနော်တို့ က ဗေဒင်ကိုလေ့လာတာ အဲ့ လိုစတိုင်။ ဆိုပါတော့  ၅ ကြွင်းနှစ်မှာ တနင်္ဂနွေသားသမီး မရဏအိမ်မှာကျလို့  ကမ္ဘာ့ လူဦးရေ သန်း၇ထောင်ထဲက သန်းရာချီရှိနေတဲ့  တနင်္ဂနွေသားသမီး တွေ ဘယ်နှစ်ယောက် သေဆုံးကုန် ကားတိုက်ကုန် အိမ်မဲ့ ကုန်အလုပ်မဲ့ ကုန်ထမင်းငတ်ကုန် အိမ်ထောင်ပြိုကွဲကုန်သလဲ ဒီလိုတွေးလိုက်ရင် အများဆိုင်ရာဟောကိန်းသဘောကို တွေးလို့ ရပြီ...ဦး------က တနင်္ဂနွေသား မို့  အင်္ဂါသက်ရောက်ကလဲရောက်လို့  အသက်ကလဲ သေလို့ ကောင်းတဲ့  ၇၀ကိုကျော်နေလို့  ရောဂါဖြစ်တော့ ခပ်သုတ်သုတ်သေတယ် ၅ကြွင်းနှစ်နဲ့ လဲတိုက်နေလို့ ..ဒါပေမယ့်  သူတစ်ယောက်လောက် တိုက်ဆိုင်တာမျိုး..
သဘောက အများဆိုင်ရာဟောကိန်းတွေသဘောက ဖျော်ဖြေရေးဆန်ယုံလောက် နဲ့  ဗေဒင်ဆရာက သူ့ ဆီလာတွက်တဲ့ သူကိုပဲ အချက်အလက်တစ်ခုအဖြစ်ထည့် တွက်တာမျိုးပိုဆန်တယ် သင်္ကြန်စာ နှစ်တိုင်း ၀ယ်တယ် တစ်ပတ်မခံဘူး တစ်ခါတစ်လေ နာရီပိုင်းတင် အဲ့ သင်္ကြန်စာ ဘယ်ရောက်သွားမှန်းမသိဘူး..ဘာလို့ လဲ ၀ယ်တော့ ဝယ်ပြီးဖျော်ဖြေရေးသဘောလောက်ထားလို့ အဲ့ သင်္ကြန်စာထဲက စာတွေကို အလေးအနက် မထားလို့ ပေါ့ လို့ ပဲဖြေမိမယ် ..ဒါကြောင့်  မတတ်သာလို့ ဗေဒင်လုပ်နေတာမျိုးဖြစ်နေတဲ့ အပြင် ဘယ်သူ့ အတွက်မှ ကိုယ့် ဘ၀ကို ဖျော်ဖြေရေးသမား အဖြစ်မခံနိုင်တာနဲ့  ဘာဟောကိန်းမှထုတ်ဖို့ အာရုံမလာတော့ တာပဲ..အဲ့ ဒါကြောင့် ဝမ်းဘိုင်ဝမ်း သဘောမှာပဲထိုင်လိုက်တာ
ဆိုပါတော့  ဟောကိန်းအရ ရေကြီင်္းမယ်..မှန်တယ်ထား ဘာလုပ်လို့ ရလဲ မကြီးအောင်လုပ်လို့ ရလား မရဘူး..ဒါဆိုဘာလုပ်ရမလဲ ဘာတွေပြင်ဆင်ထားတိုင် လွတ်ရောလား
ရေဘေးသင့် သေဆုံးခြင်းသဘော ဟာ ဘယ်လိုသေဆုံးခြင်း အမျိုးအစားထဲမှာပါလဲ လူအများစုမှာလား အနဲစုပဲလား ပြီးခဲ့ တဲ့ ရေဘေးသင့် မှု့ တွေမှာ ရေနဲ့ သေသူတွေ ဘယ်နှစ်ယောက်ရှိလဲ တစ်ချို့ က တမင်ကို သွားအသေခံသလိုမျိုးနဲ့ မတူဘူးလား..တစ်ပြည်လုံးချုပ်လိုက်ရင် ရေသင့် သေတဲ့ ကိန်းဂဏန်းက ဘယ်လောက်ရှိမလဲ သန်း ၅၀ကျော်နဲ့ ချိန်ရင် ရာနှုံးဘယ်လောက်ရှိမလဲ စသဖြင့် ပေါ့  သဘောက မချိမဆန့် ဟောကိန်းတွေကြောင့် ပျားတုတ်နေစရာမလိုဘူး ဘာ တနင်္ဂနွေသားသမီးမှ မဟုတ်ပဲ တစ်ခြား နေ့ သားတွေလဲ ၅ကြွင်းနှစ်ထဲမှာ မြွေဖမ်းကုန်တာတွေတစ်ပုံကြီးသဘော. သဘောက ကိုယ့်  ၀မ်းဘိုင်ဝမ်းကံက မိန်းသဘော..နိုင်ငံက အဆင်းရဲဆုံးသာဖြစ်နေတာ ခရိုတွေကတော့  မချိမဆန့် ထောနေတာ ၀မ်းဘိုင်ဝမ်းကံသဘောတွေလို့ .........လုပ်စားချင်ရင် နာမည်ကြီးချင်ရင် ဆရာသိပ်ကျပြချင်ရင်တော့  ဟောကိန်းတွေ ဒလဟောထုတ် ယုံတင်မကဘူး စာအုပ်ပါ ထုတ်ထားလိုက်လို့ ရတယ် ဘယ်သူမှ မ၀ယ်ရင်တောင် စာအုပ်ထုတ်တယ်ဆိုတာနဲ့ တင် ပိတ်သတ်လူစည်တယ် ...ကိုယ်တိုင်မရေးတတ်ရင် ရှဲဒိုးရေးခိုင်းလဲ ဖြစ်တာပဲ ပိုက်ဆံပဲလိုတာ...ငိငိ..ခ် ဂိဂိ...
ကျူရှင်ဆရာ+ရှေ့ နေ+တပည့် .ဇာတ်ထုတ်
ကျူရှင်ဆရာ+ရှေ့ နေ+တပည့် .ဇာတ်ထုတ်
--------
လာတွက်သူ မယားကြီးက ၈လပိုင်း ၇၆ တနင်္လာသမီး အသက် ၄၀ ၀င်ပြီ ၁ ကြွင်းတနင်္လာ ရှေ့ နေလို့ ပြောတယ် .တနင်္ဂနွေထဲမှာ ..စမောဆွဲတဲ့ ယောက်ျားက ၂ လပိုင်း ၈၀မွေး သောကြာသိုက်ဖွား ကျူရှင်ဆရာလို့ ဆိုတယ် အသက် ၃၆ အင်္ဂါသက်ရောက်ထဲမှာ ၊ ဆွဲခံရတဲ့ စမောလေးက ၈လပိုင်း ၉၉ မွေး ၃ကြွင်းသောကြာမရဏဖွားမလေး ကျူရှင်ဆရာရဲ့ တပည့်  အသက် ၁၇ ထဲမှာ သောကြာမရဏထဲမှာ ။....စမောနဲ့ ခွဲဖို့ မဟုတ်ဖူး ကျမနဲ့ မြဲအောင်လို့ ယတြာတဲ့ ..
အဲ့ ရှေ့ နေဆိုတဲ့ တနင်္လာသမီး ပြောသွားပုံက အဲ့ သောကြာသားနဲ့ တွဲလာတာကြာပြီ နောက်တော့  ရုံးမှာလက်မှတ်ထိုးယူလိုက်တယ် ဒါပေမယ့်  ကျမယောက်ျားက သူ့ အိမ်ကို မပြောရဲဘူး ကျမက အသက် ၂၀လောက်မှာ အိမ်ထောင်ပျက်ခဲ့ လို့  တစ်ခုလတ် ဖြစ်နေလို့  သူနဲ့  တစ်အိုးတစ်အိမ် အိမ်ထောင်ပုံစံမျိုးတော့ မဟုတ်ဖူး..အတူတူတော့ နေဖြစ်တယ်၊
ကျမက အိမ်ရှိတယ်တျောက်ထဲနေတာ.(ဘယ်မှာနေတယ်ပေါ့ ) .)။..ကျမယောက်ျားက ကျူရှင်ပြပေမယ့် ကျမကသာ အစစထောက်ပံ့ လာာတာ နောက်တော့ ကျူရှင်ပြတယ် အဲ့ မှာ ကောင်မလေးက မငြိမ်လို့ ကျမက သတိပေးသေးတယ် မပြတော့ ဖို့ ...( ကျမယောက်ျား ကျမယောက်ျားလို့ သာသူကပြောနေတာ စာချုပ်ယောက်ျားသဘောကြီး ပြီးတော့ အိမ်ထောင်သည်အစစ် လစ်ဗင်းအစစ်တွေလိုလဲ မဟုတ်ဖူး..ဟွှာလိုပဲ...ငိငိ
နောက်တော့ ကောင်မလေးနဲ့ ငြိသွားတော့ ကောင်မလေးမိဘတွေက ယူရင်ယူ မယူရင် မုဒိမ်းမှု့ နဲ့ တိုင်မယ်ဆိုတော့ ယူရတော့ မယ် နောက်လ မင်္ဂလာဆောင်မှာ အဲ့ မင်္ဂလာဆောင်လဲ ကျမကပဲ စားရိပ်ထုတ်ပေးတာ ။ ကောင်မလေးကတော့  ကျမယောက်ျားမှန်းမသိဘူး ကောင်မလေးဖက်က တစ်ချို့ တော့  သိနေတယ် အဲ့ အရပ်ကလဲသိနေတယ်
( ဘာဖြစ်ချင်တာလဲလို့ မေးလိုက်တော့  ကျမယောက်ျား ကျမဆီကနေ ခွဲမသွားအောင်နဲ့  ပြဿနာမဖြစ်အောင်တဲ့ )...( နောက် အဲ့  သုံးယောက်စလုံးရဲ့  အနာဂတ်ကို နဲနဲ ပြောပေးလိုက်တယ် ပြီးတော့  မရှေ့ နေကို..ဟို အုပဒေကြီးရှိနေတာ မဖြုံဘူးလားမသိလို့ တောင် နောက်လိုက်သေး..)
..လွယ်ဘူးနော်... လွယ်ဘူးသာ ငြီးတာပါ...ဘယ်သူ့ ကို မလွယ်ဘူးပြောရမှန်းတောင်မသိတော့ ဘူး....ငိငိ...။ နောက်တစ်ချက်က အဲ့ လိုကိစ္စတွေကို သြော် ဒီအကြွင်း ဒီနေ့ သားက ဒါမျိုးလားလို့  ဘယ်တော့ မှ မယူဘူး ဒါမျိုးတွေက ထူးခြားသီးခြားဖြစ်စဉ်တွေသဘော စမော နဲ့  ဆောင်မယ့်  မင်္ဂလာပွဲကို စားရိထုတ်ပေးတဲ့ မယားကြီးမျိုးက ခပ်ရှားရှား
ဒါတောင် အဲ့ တနင်္လာသမီးက ယောက်ျား ခွဲမသွားရအောင် ခလေးယူရင်ကောင်းမလားလို့ မေးသေးတယ် အဲ့ ဒါ စိတ်ကူးယဉ်တာလို့ ပြန်ပြောလိုက်တယ် မကဲတဲ့ ကျားက ခလေးရှိရှိမရှိရှိ မကဲဘူး..ကဲတဲ့ ကောင်က တစ်ဒါဇင်လောက်ကလေးရလဲ ကဲချင်ကဲတာမျိုးပဲ ကလေးနဲ့ ယောက်ျားကို ချုပ်ဖို့  ကလေးမယူပါနဲ့  ကလေးဘ၀သနားပါတယ် လို့  ပြောလိုက်တယ်...
အဲ့ ဇာတ်ထုတ်က အဲ့ ၃၆ အင်္ဂါသက်ရောက်ဝင်နေတဲ့  ၄ ကြွင်း သောကြာသား သိုက်ဖွား အတွက် အလားအလာ မကောင်းဘူး..၃၆ ၃၇ ၃၈ အရစ်နှစ်တွေ...
=====================================================
တစ်လမပြည့် ခင်
--
လူကြီးတွေဘာတွေနဲ့  ယောက်ျားယူထာတာ ဒီဇင်္ဘာ လဆန်းကမှ တစ်လ မပြည့် သေးဘူး ပြန်ကွဲချင်လို့  ရှေ့ နေနဲ့ တောင်မေးကြည့် သေးတယ်ဆိုတယ် ကျနော်အရင်ကမှာထားတာ ဗုဒ္ဒဟူးသမီး ၃၂ မှာ မယူနဲ့  ကျမက မိသားစုကံမပါလို့  အိမ်ထောင်ရေးက သိပ်မကောင်းဘူးဆိုတာလည်း သတိရပေမယ့် ..ဘာညာ ဘာညာ...သူ့ ကိုမျင်ရင် သတ်ကို သတ်ချင်နေတာကျမစိတ်တွေလဲ ရိုင်းလာတယ် ဘာဖြစ်မှန်းမသိဘူး ကျမေ အိမ်ထောင်ကွဲကိန်းရှိလား ဘယ်တော့ ပြန်ကွဲလို့ ရမလဲဘာညာ ဘာညာ
အဲ့ ဒါ ၁၁ လပိုင်း ၈၄ ဟူးမနက် ၁၁ နာရီမွေး (ဂုရုတိုင်မွေး)...ဗုဒ္ဒဟူးသမီး တစ်ယောက် လာငြီးသွားတာ ပူပူနွေနွေး ဘာညာအရေးကို..သူ့ ယောက်ျားက အင်္ဂါသားတဲ့  မကြာခင်က ၃၀ပြည့် တာဆိုတော့ ၈၅ ဖွား အင်္ဂါပေါ့ ...။ မူလမဟာဘုတ်က ၂ ကြွင်း ၊ မွေးချိန်က ၅ ကြွင်းစတိုင် အဲ့  ၂ ခု ပူးလိုက်လို့  အိမ်ထောင်ပြုလို့ အဆင်ပြေမှာ မဟုတ်ဖူးလို့  ပြီးခဲ့ တဲ့  ၂ နှစ်လောက်ကပြောခဲ့ တာ..လိုရလိုမယ်က ၃၁ အထိတော့  ယူချင်ယူ ၃၂ မှာတော့ မယူနဲ့  မှန်းထားသလို ဖြစ်မလာလို့  ပျော်ရမှာ မဟုတ်ဖူးလို့ ပြောခဲ့ တာ..
အချစ်နဲ့ အမုန်း
အချစ်နဲ့ အမုန်း
---
ချစ်ပြီဆိုတဲ့ အခါ ဆင်တူယိုးမှား အသံ အမြင် သတင်းသဲ့ သဲ့ တောင်
အာရုံတွေ တင်းကနဲ နိုးကြားလို့  မျှော်လင့် တကြီး..
မုန်းပြီဆိုတဲ့ အခါ သတင်းသဲ့ သဲ့ တင် သွေးတွေဆူ ဒေါသတို့ သည် ငယ်ထိပ်သို့ 
ရင်ဝထင်ထင်
ရင်ဝထင်ထင်
----
ဘ၀ရဲ့  တကယ့် ကို နေ့ ဆိုးတွေပါပဲ..၊ တလောကလုံး ဘာအဓိပ္ပါယ်မှမရှိတော့ ၊ ဘာမှ စားလိုစိတ်မရှိ ၊ အသိဖြတ်ကနဲဝင် ကြုံရာတစ်ခုခုကောက်စား ဖွယ်တယ်တယ်.၊
အမူးသည်ကား အမူး သပ်သပ် ပြင်းထန်တဲ့ သတိရမှု့ သည်ကား သတိရမှု့ သပ်သပ် အမူးနှင့် လွမ်းဆွတ်ခြင်းသည်ကား ဆီနဲ့ ရေ မစပ်သကဲ့ သို့ သပ်သပ်စီ၊
နေ့ တဓူဝလှုပ်ရှာမှု့ တွေကား ၀ိဥာဉ်ကင်းမဲ့ နေသလို တာဝန်ကျေယုံမျှသာ၊ အနာဂတ်သည် ဝေးလွန်းနေသည်လား နေ့ တာတို့ ရှည်လွန်းသည်ထင်သကဲ့ သို့ ညတာသည်ကလဲ မိုးလင်းနိုင်ခဲ့ လွန်းပေစွ။
လမ်းသွားရင်းက ဖြတ်ကနဲ ဟိုမှာ ဒီမှာ တွေ့ ရနိုးနိုး မျက်လုံးကား ဂဏှာမငြိမ် အာရုံတို့ သည် လွတ်လျက်၊ အစဉ်အမြဲ စောင့် မျှော်နေမိသည်က သူ၏ တစ်စုံတစ်ရာသော သတင်းစကား တစ်ခုခု ဖြစ်နေခဲ့ သလို အကြောက်ကြီးကြောက်နေမိခဲ့ သော သတင်းစကားသည်ကားသူတစ်ယောက် ရင်ခွင်သစ်မှာမှခိုလှုံနေခဲ့ ပြီဆိုသည့်  စကား ၊ မကြားလိုဆုံးသောစကားများတွင်လည်း ထိုစကား ရင်ခွင်သစ်မှာ...ဆိုသည့် စကားဖြစ်လေတန်ရာသည်။
အသေကောင်နိုးလာသလို ကြေကွဲနံနက်ခင်းပေါင်းများစွာနှင့်  အရုပ်ကျိုးပြတ် ညတာရှည်ပေါင်းများစွာာတို့ ကို အားတင်းကျော်ဖြတ်နေရသည်မှာ ၀ဋ်ကြီးလွန်းလှသည် ဟုထင်မိသည်။
သေခြင်တယ်..အမှုံ့ ဖြစ်ပြီး ကမ္ဘာမြေပေါ်က ပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲဟု တွေးမိသည်ကား အခါခါ...ပြန်မလာတော့ ပြီမှန်းသိလျက်သော်ငြား..ပြန်ဆုံခွင့် ရှိရင် ဆုံချင်ပါသေးတယ်ဟု တိတ်တခိုးနဲ့ မျှော်လင့် မိနေသည့်  ရက်များက ငရဲတွင်းဝရက်များလို ပူလောင်လွန်းလှသည်။...
သူလာတတ်ရာလမ်းကို သူလာလေနိုးနိုး တွေ့ ရလေနိုးနိုး တမင်သွားစောင့် ကြည့်မိနေခဲ့ တတ်သည်က
မကြာခဏပါပဲ လွမ်းလှတယ်လေကိုနော့် ၊ စောင့် ကြည့် မျှော်လင့် မိနေတတ်သည် ဟုသာဆိုသည် တွေ့ သွားရင် သူ့ စိတ်များ အနှောက်အယှက်ဖြစ်သွားလေမည်လားဟုလည်း သောကတို့ က ရင်မှာ အပြည့် ..
ချစ်ခြင်းတရားသည်ကား ပျော်ရွှင်စရာများတွေတင်သာမက ပူဆွေးမှု့ များကိုလည်း သယ်ဆောင်လာတတ်လေသည် ဆိုသည့် စကား ရင်ဝထင်ထင်....။
Subscribe to:
Posts (Atom)