'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, November 3, 2015
အကန့် အသတ်
အကန့် အသတ် (၁)
--
ယတြာတွေမှာ အကန့် အသတ် သဘောတွေရှိတယ်ဗျ..ဒါက ကိုယ့် အလုပ်ကို ကိုယ် ပြန်ပြန်ချက်နေမှာ သိလာတာမျိုး...ဆိုပါတော့  အကျပ်အတည်း တစ်ခုခု ပစ်မှတ် ကိစ္စတစ်ခုခုအတွက် ဘာအရွက် လှုပါဆိုတာတွေ ဘယ်ဘုရားသွား ဘာလှုပါဆိုတာတွေ ညွှန်တဲ့ အခါ...တစ်ပတ်တစ်ကြိမ် သုံးပါးဆက်လှုပါ အများဆုံး ငါးပတ်လောက် ဆက်လှုပါလို့  မှာလိုက်တယ်ပေါ့ ဗျာ....အဲ့ တော့  လှုတဲ့ သူကလည်း သူ့ ကိစ္စ ပစ်မှတ်အတွက် လှုတယ်ပေါ့  အဲ့ မှာ ပုံမှန်ကံသဘောမှာ အများအားဖြင့်  စောရင် တစ်ကြိမ် နောက်ကျရင် သုံးကြိမ် သုံးပတ်လှုပြီးတာနဲ့  သူ့ အကျပ်အတည်း သူ့ ကိစ္စတွေကို
လမ်းကြောင်း ပွင့် သွားတာ ကြားအကူတစ်ခုခု ပေါ်လာပေးတာ အသက်ရှုပေါက်တစ်ခုခုရလာတာ အဆင်ပြေသွားတာမျိုးတွေ ကြုံရလေ့ ရှိတယ်..
ယုံကြည်မှု့ နဲ့ အချိန်
ယုံကြည်မှု့ နဲ့ အချိန်
ယတြာနည်းလေးတွေကို တွေးတယ် လုပ်ကြည့် တယ်ပေါ့  အဲ့ မှာ ပြန်တွေးတာက လူ့ ကိစ္စတွေမှာ ယတြာက ၀င်ကူညီတာမျိုး တကယ်ဖြစ်နိုင်လားကို သိချင်စိတ် (သို့ ) စမ်းချင်စိတ်ပေါ်လာတယ်...ပေါ်လာတာရဲ့  တွန်းအားက ကိုယ်လုပ်တဲ့  အလုပ်အပေါ် ယုံချင်လို့ ပဲ...
အဲ့ ဒီမှာ ပထမစ စမ်းတာက လှုနေကျ အရွက်တွေ မလှုပဲ အလွတ် နေကြည့် လိုက် လှု ထား ကြည့် လိုက် နဲ့  ကိုယ့် ဟာကိုယ် စမ်းသပ်တော့ တာပါပဲ...
အဲ့ မှာမှ ယတြာဟာ ယုံလောက်စရာရှိတယ်ဆိုတာ ပိုသိလာတယ်...နောက်တော့  အများတွေဆီက ပြန်ရတဲ့  သတင်းအရတွေပါ ပါတယ်ပေါ့ လေ...အဲ့ လိုမှ
မတွေးတော မစမ်းသတ်ရင် ရှေးစာလာ ပညာတွေမို့ သာ လုပ်နေရတယ် ဖြစ်သွားမယ့် ပုံပေါ့ ...ဓါတ်ပညာတွေရဲ့ သဘာဝ အပြင်သဘောတွေဖြစ်လို့  အတွင်းသဘောတွေ ဖြစ်တဲ့  ခု ပါရာစီတမောသောက် ခု ခေါင်းကိုက်သက်သာ ဆိုတာမျိုး သက်သေထူရ ခက်တယ်လေ...
နောက်တစ်ခါ ပစ်မှတ်တစ်ခုထဲကိုပဲ ယတြာ နည်း ၂ နည်း နဲ့  သွားကြည့် တယ်ပေါ့  ဘယ်နည်းက သိသာသလဲ မြန်သလဲ လွယ်သလဲ အကုန်အကျ သက်သာလဲကိုလဲ တွေးတယ် လုပ်ကြည့် တယ်ပေါ့ လေ...ဥပမာ ငွေဝင်တယ်လို့ ဆိုတဲ့  မီးထွန်းအင်းတစ်ချပ်ကို တစ်ပတ်ဆယ်ရောက်လောက်မီးထွန်းကြည့် မယ်ပေါ့ ....ပြီးရင် ပြန်လာတဲ့ အက်ရှင်ကို မှတ်လိုက်တယ်ပေါ့  နောက်တစ်ခါ နောက် ငွေဝင် ယတြာနည်း
တစ်ခုခုကို လုပ်ကြည့် တယ်ပေါ့ ....အဲ့ မှာ တစ်ပတ်ဆယ်ရက်စောင့် ကြည့် မယ်ပေါ့ ...အဲ့ မှာ ပြန်လာတဲ့  အက်ရှင်ကို ကြည့် မယ်ပေါ့ ...အဲ့ လို သဘောတွေကနေ
ခေတ်အလျောက် လွယ်ကူမြန်ဆန်ကရိကထမများစားရိပ်သက်သာတဲ့  ယတြာနည်းကို ယူလိုက်တယ်ပေါ့ လေ...တစ်ချို့ ကိစ္စတွေမှာအကြောင်းတစ်ခုခု ပြုပြီး ပြန်လာမယ့်  အကျိုးရလာဒ်အတွက် ခေတ်နဲ့  ဘ၀တာ အသက် ဖြစ်တည်နေမှု့ ရဲ့ အချိန်တွေက သိပ်ကြာကြာ မစောင့် နိုင်ဘူးလို့  ကျနော်ကယူတယ်
မီးအိမ်ရှင်မ....မျိုးအေး ( Cover)
မီးအိမ်ရှင်မ....မျိုးအေး ( Cover)
--------
အိုဘယ့် အသင်...ကမ်းလင့် ကြိုဆို ဆိုးအမိုက် မိုက်မှောင် လောကရမက်ထဲ ...
တရားသော ချစ်ခြင်းရဲ့  ခရီး အလယ်မှာ.....နွမ်းညစ်ခဲ့ ပြီ နွံမှာနစ်...
မြေကို ချစ်တဲ့  သခင်မရဲ့ သမိုင်းမှာ ပုံသဏ္ဍာန်မဲ့ ..ဒြဗ်..ထုမဲ့ မရေရာ မနက်ခင်း...
--------------
အရှေ့ အရပ်ဆီမှာ မျှော်လင့် ခြင်း..နေ့ ရက် နေမင်း..အသည်းကို ပေးလှု စွန့် လွှတ်ခြင်းလေလား
မာန်ကို...တင်းထားဟေးးး
------
( ၀င်္ကဘာ တစ်ဖက်ကမ်းမှာ တိုက်ခတ်နေတဲ့ ..မေတ္တာ လေညှင်း သင်းလွင့် ပါစေ....
သံသရာ နွံထဲမှာ...၀ဋ် ရှိနေသမျှ အခိုက် အတန့် ပါပဲ...စွဲမြဲယုံထား...
မြတ်ဘုရားနှင့် အတူ နွေးထွေးခွင့် ရယ် ကြုံပါစေ...
(အမှောင်ထုမှာ လမ်း..ပြမယ့်  မီးအိမ်ရှင်မကို မင်း...လိုရာသွားစေ..) ၂
မင်း...လိုရာသွားစေ မင်း...လိုရာသွားစေ )ဟူး ဟူး ဟူ.
Subscribe to:
Posts (Atom)