Powered By Blogger

Tuesday, November 3, 2015

ယုံကြည်မှု့ နဲ့ အချိန်


ယုံကြည်မှု့ နဲ့ အချိန်

ယတြာနည်းလေးတွေကို တွေးတယ် လုပ်ကြည့် တယ်ပေါ့  အဲ့ မှာ ပြန်တွေးတာက လူ့ ကိစ္စတွေမှာ ယတြာက ၀င်ကူညီတာမျိုး တကယ်ဖြစ်နိုင်လားကို သိချင်စိတ် (သို့ ) စမ်းချင်စိတ်ပေါ်လာတယ်...ပေါ်လာတာရဲ့  တွန်းအားက ကိုယ်လုပ်တဲ့  အလုပ်အပေါ် ယုံချင်လို့ ပဲ...
အဲ့ ဒီမှာ ပထမစ စမ်းတာက လှုနေကျ အရွက်တွေ မလှုပဲ အလွတ် နေကြည့် လိုက် လှု ထား ကြည့် လိုက် နဲ့  ကိုယ့် ဟာကိုယ် စမ်းသပ်တော့ တာပါပဲ...

အဲ့ မှာမှ ယတြာဟာ ယုံလောက်စရာရှိတယ်ဆိုတာ ပိုသိလာတယ်...နောက်တော့  အများတွေဆီက ပြန်ရတဲ့  သတင်းအရတွေပါ ပါတယ်ပေါ့ လေ...အဲ့ လိုမှ
မတွေးတော မစမ်းသတ်ရင် ရှေးစာလာ ပညာတွေမို့ သာ လုပ်နေရတယ် ဖြစ်သွားမယ့် ပုံပေါ့ ...ဓါတ်ပညာတွေရဲ့ သဘာဝ အပြင်သဘောတွေဖြစ်လို့  အတွင်းသဘောတွေ ဖြစ်တဲ့  ခု ပါရာစီတမောသောက် ခု ခေါင်းကိုက်သက်သာ ဆိုတာမျိုး သက်သေထူရ ခက်တယ်လေ...

နောက်တစ်ခါ ပစ်မှတ်တစ်ခုထဲကိုပဲ ယတြာ နည်း ၂ နည်း နဲ့  သွားကြည့် တယ်ပေါ့  ဘယ်နည်းက သိသာသလဲ မြန်သလဲ လွယ်သလဲ အကုန်အကျ သက်သာလဲကိုလဲ တွေးတယ် လုပ်ကြည့် တယ်ပေါ့ လေ...ဥပမာ ငွေဝင်တယ်လို့ ဆိုတဲ့  မီးထွန်းအင်းတစ်ချပ်ကို တစ်ပတ်ဆယ်ရောက်လောက်မီးထွန်းကြည့် မယ်ပေါ့ ....ပြီးရင် ပြန်လာတဲ့ အက်ရှင်ကို မှတ်လိုက်တယ်ပေါ့  နောက်တစ်ခါ နောက် ငွေဝင် ယတြာနည်း
တစ်ခုခုကို လုပ်ကြည့် တယ်ပေါ့ ....အဲ့ မှာ တစ်ပတ်ဆယ်ရက်စောင့် ကြည့် မယ်ပေါ့ ...အဲ့ မှာ ပြန်လာတဲ့  အက်ရှင်ကို ကြည့် မယ်ပေါ့ ...အဲ့ လို သဘောတွေကနေ
ခေတ်အလျောက် လွယ်ကူမြန်ဆန်ကရိကထမများစားရိပ်သက်သာတဲ့  ယတြာနည်းကို ယူလိုက်တယ်ပေါ့ လေ...တစ်ချို့ ကိစ္စတွေမှာအကြောင်းတစ်ခုခု ပြုပြီး ပြန်လာမယ့်  အကျိုးရလာဒ်အတွက်  ခေတ်နဲ့  ဘ၀တာ အသက် ဖြစ်တည်နေမှု့ ရဲ့ အချိန်တွေက  သိပ်ကြာကြာ မစောင့် နိုင်ဘူးလို့  ကျနော်ကယူတယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..