Powered By Blogger
Thursday, July 9, 2015
အရိုးကျ
အရိုးကျ
===
အစွယ်တပြပြနဲ့ 
မာန်ထနေလည်း
နောက်ဆုံးတော့ 
အရိုးကျသွားရတာပါပဲ
သတိတရ နှစ်ချို့ ဝိုင်ရက်စွဲလေးတွေ..
သတိတရ နှစ်ချို့ ဝိုင်ရက်စွဲလေးတွေ..
------------
..သတိတရ နှစ်ချို့ ဝိုင်ရက်စွဲလေးတွေထဲက ဘ၀ချို အချစ်ခါး..ညပျော်ရက်စွဲလေးတွေတစ်ချို့ ပေါ့ ဗျာ...
ကြည့် မြင်တိုင် စကားဝါပင်လမ်းဘက်မှာ နှစ်ပေါက် တစ်ကိုယ်တော်သွားနေခဲ့ ဘူးတယ် တစ်ပွေတည်းဆိုတော့  လွမ်းရတာကောင်းမှကောင်းပဲ ပစ္စည်းစုနယ်တင် ကုန်လှောင်ရုံ ပွဲရုံ အလုပ်သဘောလောက်ဆိုတော့ ..အချိန်အားတွေ ရနေတယ် အဲ့ မှာ အဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ အတော်ရင်းနှီးကုန်တယ်.. ဆိုက်ကားပြင်ဆရာ ဆိုက်ကားဆရာတွေ  ထမင်းဆိုင်တွေ အရက်ဆိုင် အမြည်းဆိုင်.ငါးဒိုင်အထမ်းအဖွဲ့ တွေ ...တကယ့်  ပွင့် လင်း လူတောထဲရောက်သွားသလိုပဲ
ခေတ် နဲ့ ညှိပေးတဲ့ ယတြာဖြစ်တဲ့  အခါတိုင်
ခေတ် နဲ့ ညှိပေးတဲ့ ယတြာဖြစ်တဲ့  အခါတိုင်
----------
ခေတ်က ရုံးသမားတွေလည်းများသလို အရပ်သားတွေကလည်း သုတ်သုံးကျမ်းနဲ့  လှုပ်ရှားနေရတဲ့ ခေတ်ဖြစ်နေတော့  ဒီယတြာအရွက်ကို ဒီနေ့ ဒီအခါ ဒီနာရီကနေ ဒီနာရီကြား မှာ လှုပါ  ဆိုပြီး တစ်ရက်ထဲပေးလိုက်ရင် မလှုဖြစ်ဖို့ ကများပြီ.....သုံးပတ်ဆက်တိုက် ၅ ပတ်ဆက်တိုက်လှုပါလို့  မှာလည်း တစ်ပတ်လား၂ ပတ်လားလှုမိပြီး နောက်အပတ်ကြတော့  အလုပ်ကြောင့် လူမှု့ ရေးကြောင့်  ဘာကြောင့် ညာကြောင့် နဲ့  မေ့သွားလို့ မအားလို့ နဲ့ ရက်တွေ ကျော်သွားပြီး မလှုဖြစ်တော့ ပြန်ဘူး...အဲ့ တော့  ယတြာအားက ဇော်ကန့် လန့် လို့  အားမပြည့် အောက်မကျ အပေါ်မရောက် နဲ့  ဟိုမရောက်ဒီမရောက်ပေါ့ ...
မိဆိုင်ဖဆိုင်
မိဆိုင်ဖဆိုင်
-------
ကျေးဇူးတရား က လည်း ဘ၀ခရီးမှာ စကားပြောတယ်လေ
နင်းထိုးပညာရဲ့ တကယ် ရည်ရွယ်ချက်..
နင်းထိုးပညာရဲ့ တကယ် ရည်ရွယ်ချက်..
------------
ကိုယ့် နင်းကြမ်းအရွက်ကို နင်းထားပြီး လက်ထဲက ကိုယ့် ဆောင်ပန်း အညွန့် ကို ဘုရားပန်းအိုးထဲလှမ်းထိုးရတဲ့ 
 န၀င်းအားတစ်လုံးယူ ပညာသဘောက မိသားစုအတွက် ကိုယ့် အတွက် ၀င်ငွေ မဖြစ်မနေ ရှာနေရတဲ့ လူတွေအတွက် အဓိက ရည်ရွယ်တာပါ...
သက်ရောက်ဆိုးတွေမှာ မတွန့် စေရ အညွန့်  ကာဗာကို တိုက်ရိုက် မသုံးချင်သေးတဲ့ အခါ..အညွန့် သက်သက်ထိုးသလို အကာမဲ့ 
ကံ အကုန်ဖွင့် တာမျိုးလည်းမဟုတ်...မတွန့် စေရ အတွဲတိုက်ရိုက်ထိုးသလို ဆိုးတာရောကောင်းတာပါ မလာနိုင်တော့အောင်
လုံးဝပိတ်ဆို့ ထားလိုက်တာမျိုးအဆင့် အထိလည်း မရောက်တော့ ပဲ
အကာအကွယ်နဲ့ စစ်ထွက်တိုက်တဲ့  စတိုင်သဘော အဖြစ် လုပ်တဲ့ နည်းပညာပါပဲဗျာ..
သစ်ပင်နောက်ကနေကွယ်ပြီး လေးခွနဲ့ ချောင်းပစ်တဲ့ ယတြာသဘောပေါ့ 
ဖိရွတ်တကာသုရှင်
 ဖိရွတ်တကာသုရှင်
====
ပစ္စုတ်ပန်ဘ၀မှာ ကိုယ့် လိုရာမရ
အထာမကျတဲ့ အခါ
ပရံပရ သံသရာက ဘာညာကြောင့် နေမှာပေါ့လေနဲ့ 
ရှာရ ရှာရ လိုသလောက် မရပြန်တော့ 
နမော နမောတွေ ဖိရွတ် ဖိရွတ် ဖိရွတ်တကာသုရှင်
အခု မဟန်သေးရင်လည်း နောင်ဘ၀တော
့ဟန်ကောင်းရဲ  ဟန်ကောင်းရဲ့ နဲ့ ဒါနဲ့ ပဲ
ဆံချောင်းတွေကတော့  တောင်တော်တစ်ခုလုံး အလံဖြူထောင် ။