လင်္ကာ(၄၀)
---------------
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်
ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။
------------------------
ဒီလိုင်းကိုပူးသွားရင်းက နောက်တော့  ကျမ်းရင်လင်္ကာ (၄၀) က နောက်ဆုံး ၂ ပိုက် ကီး တွေကို တော်တော်စိတ်ဝင်စားသွားတယ်၊ အပိုဒ် (၃၉)မြောက်က တွေးဆကြံစည်နိုင်ရင် ဘာတွေ ဘာတွေလုပ်လို့ ရတယ်ပေါ့ လေ..အဲ့ မှာ နောက်ဆုံးပိုဒ် ဖြစ်တဲ့ အပိုဒ် (၄၀) မြောက်မှာ အိုက်ချလောင်းပညာတွေ ကြံစီလို့ ရပါတယ်ဆိုတာနဲ့ တင်မကတော့ ပဲ...လောကီနယ်သဘောကနေ လောကုတ္တရာနယ်ကို ဘယ်လိုများ ဆက်စပ်ပစ်လိုက်ပါလိမ့် လို့ တွေးစရာစကားလုံးတွေကို အတော်စိတ်ဝင်စားသွားတာပေါ့ ..ဥာဏ်ပညာကြီးမားတဲ့ ဆြာတော်ကြီးအနေနဲ့  ဒီအပိုဒ်(၄၀)မြောက်ကို အကြောင်းမဲ့ တော့  ရေးပြမသွားဘူးလို့ တော့ တွေးလို့ ရပြီပေါ့ လေ..ဆြာတော်ကြီးရဲ့  လောကီပညာအတွေးအခေါ်ကလည်း အံ့ ဘွယ်ပဲ..အပိုဒ်၄၀ထဲက ယူသုံးနိုင်တာ ကျန်ာတို့ အတွက် တကယ်ဆိုနဲနဲလေးပဲ ရှိသေးတယ်..တွေးစရာ ကြံစရာတွေဆိုတာအများကြီး..
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, June 6, 2015
နေရီရီ
နေရီရီ
----
နေရီရီ လခြမ်းကွေးနဲ့  ညရိပ်အိုလေးဖြစ်လာတုန်း
ငွေရီရီ ကြယ်လေးတွေက ဖေါ်တသင်းနဲ့ လာ...
ပန်းဖြူလွှာ ဆောင်တော်ကူးက သင်းရနံ့ ရယ်ဖြာ..
''မေ..ကျနော့် ကိုမလွမ်းဘူးလားဟင်..
ကျနော်တော့ တအားလွမ်းတာပဲ သိလား..''
Subscribe to:
Posts (Atom)