---------------
(၃၉) ဟောလိုကြပြန်၊ ဆေးပေးရန်၊လုပ်ရပ်အကြံ၊သိဒ္ဓိနှံ၊စစ်ထိုးခိုက်ရန်၊ရှုံးနိုင်တန်၊ယတြာရုပ်နာမ်
ကျိန်းခြေပြန်၊အင်းမူစီမံ၊ဂြိုဟ်လင့်ကြံ၍၊ဂဏန်းမှန်ပြ၊ကောက်ယူဆလော့။
(၄၀) အညမညံ စိတ်ဝေဖန် ၀ိဇ္ဇာမယံ ဇော်ဂျီပျံ ရသေ့ရှင်မွန် လောကီဈာန် ခေမာအမတံ ပြည်နိဗ္ဗာန်
ရောက်လိမ့်ဧကန် မဂ်အလွန်ဖိုလ်မွန်ရလွယ်ကြိုး တိုး၍သာကြံကြစေလေကုန်။ ။
------------------------
ဒီလိုင်းကိုပူးသွားရင်းက နောက်တော့  ကျမ်းရင်လင်္ကာ (၄၀) က နောက်ဆုံး ၂ ပိုက် ကီး တွေကို တော်တော်စိတ်ဝင်စားသွားတယ်၊ အပိုဒ် (၃၉)မြောက်က တွေးဆကြံစည်နိုင်ရင် ဘာတွေ ဘာတွေလုပ်လို့ ရတယ်ပေါ့ လေ..အဲ့ မှာ နောက်ဆုံးပိုဒ် ဖြစ်တဲ့ အပိုဒ် (၄၀) မြောက်မှာ အိုက်ချလောင်းပညာတွေ ကြံစီလို့ ရပါတယ်ဆိုတာနဲ့ တင်မကတော့ ပဲ...လောကီနယ်သဘောကနေ လောကုတ္တရာနယ်ကို ဘယ်လိုများ ဆက်စပ်ပစ်လိုက်ပါလိမ့် လို့ တွေးစရာစကားလုံးတွေကို အတော်စိတ်ဝင်စားသွားတာပေါ့ ..ဥာဏ်ပညာကြီးမားတဲ့ ဆြာတော်ကြီးအနေနဲ့  ဒီအပိုဒ်(၄၀)မြောက်ကို အကြောင်းမဲ့ တော့  ရေးပြမသွားဘူးလို့ တော့ တွေးလို့ ရပြီပေါ့ လေ..ဆြာတော်ကြီးရဲ့  လောကီပညာအတွေးအခေါ်ကလည်း အံ့ ဘွယ်ပဲ..အပိုဒ်၄၀ထဲက ယူသုံးနိုင်တာ ကျန်ာတို့ အတွက် တကယ်ဆိုနဲနဲလေးပဲ ရှိသေးတယ်..တွေးစရာ ကြံစရာတွေဆိုတာအများကြီး..
ဒီအလုပ်ထဲ ၀င်သွားတော့ လုပ်ရင်းတွေး တွေးရင်းစမ်း စမ်းရင်း လုပ် လုပ်ရင်းတွေနဲ့ လာလိုက်တာ...နောက်ကြတော့  ဘာတွေသိလာလဲဆိုတော့  ...
ဆိုပါတော့  ကျနော်တို့ က အလွယ်သာ ဒါင်္ကြီးက ဂြိုလ်ကောင်း တစ်နှစ် ဒါကြီးက ဂြိုလ်ဆိုး တစ်နှစ် လို့ သာအလွယ်ပြော ယေဘူယျပြောတာ..တကယ်ဆို ကျနော်တို့ ကိုင်နေတဲ့  လိုင်းက ဂြိုလ်၈ခွင်စလုံး ဘယ်ဂြိုလ်ကောင်းဆိုတာမှ အပြည့် မကောင်းဘူး..ဘယ်ဂြိုလ်ဆိုးမှ အပြည့် မဆိုးဘူး...ကောင်းပါတယ်ဆိုတဲ့ ဂြိုလ်ထဲမှာကို မကောင်းဘူးဆိုတဲ့ လပိုင်းတွေပါနေသလို မကောင်းဘူးဆိုတဲ့  ဂြိုလ်ဆိုးထဲမှာမှ ကောင်းတဲ့ လပိုင်းတွေက ပါ..
ကောင်းတဲ့  လပိုင်းတွထဲမှာလည်း မကောင်းတဲ့ ရက်ပိုင်းတွေပါ...မကောင်းပါဘူး ဆိုတဲ့  လပိုင်းတွေမှာကိုက ကောင်းတဲ့ ရက်တွေက ရှိနေပြန်တယ်...နောက်ဆုံး.၂၄ နာရီ တစ်ရက်ထဲမှာကိုက မကောင်းဘူးဆိုတဲ့  နာရီပိုင်းတွေက ရှိနေပြန်တာတွေ့ ခဲ့ ရပြီ...
ဒါဆို လူ့ ဘ၀ဆိုတာ တစ်ရက်တာအတွင်းမှာကိုက ကောင်းတဲ့ နာရီပိုင်း မကောင်းတဲ့ နာရီပိုင်း (၀ါ) ကောင်းတဲ့ လောကဓံ မကောင်းတဲ့ လောကဓံ ရှိနေတော့ အပြည့် အ၀ ကောင်းတယ်ဆိုတာဘယ်ရှိပါတော့ မလဲဆိုတာ မြင်သာလာပြီပေါ့ ..ပြီးတော့  ကောင်းတယ်ဆိုတာ ကျနော်တို့ လိုချင်တာရရင်ကောင်းတယ်လို့ ပြောမယ် မရရင်မကောင်းဘူး..ဒီလိုပြောမယ်..ဒါပေမယ့်  အဲ့ ကောင်းတယ်ဆိုတဲ့ ကိစ္စကလည်း တစ်ယောက်နဲ့ တစ်ယောက်တူလိုက်မတူလိုက်နဲ့ ပဲ.....ဆိုပါတော့  ကျနော်တို့ က ရှက်စရာလို့ ယူထားတဲ့ ကိစ္စကို တစ်ချို့ က ဂုဏ်ယူစရာ လုပ်ချင်လုပ်နေတတ်ပြီး ကျနော်တို့  ဂုဏ်ယူနေတဲ့ အရာကို တစ်ချို့ က အောက်တယ် ဒိုက်ကျတယ် လုပ်ချင်လုပ်နေပြန်တယ်..
ဒီတော့  တကယ်တော့ ဘာမှ မမြဲဘူး လောကရဲ့ သုခဆိုတာရော လောကရဲ့  ဒုက္ခဆိုတာရော ယာယီသဘောတွေသာဖြစ်တယ် စံစားရသူက အချိန်ကုန်မြန်တယ်ထင်တယ် ခံစားရသူက အချိန်တွေကုန်ခဲလိုက်တာလို့ ထင်တယ် အထင်တွေ အထင်တွေ အချိန်က ဒါပဲ...စသဖြင့် တွေ ကြာလေပိုတွေ့ လာရလေပေါ့ ..အဲ့ မှာတွေးမိတော့ တာပဲ ကိုယ့် ဆရာတွေ ဗေဒင်ဆြာအိုကြီးတွေ ဖြစ်သွားရင် ဘာလို့ တောမှီကုန်သလဲ ဓမ္မရိပ်အောက်ရောက်သွားကုန်သလဲပေါ့ လေ....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..