'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, April 11, 2015
ကျေနပ်တယ် အားရတယ် ၀မ်းသာတယ် ပီတိဖြစ်တယ်....(ငိငိ)
ကျေနပ်တယ် အားရတယ် ၀မ်းသာတယ် ပီတိဖြစ်တယ်....(ငိငိ)
-------------------------------
သိပ္ပံဆို ငယ်ငယ်ကတည်းက ကြိုက်ခဲ့ တာ.စားလို့ ကောင်းတယ်လေ..သိပ္ပံယိုစုံအချဉ်ထုပ်ပြောတာပါ..(ငိငိ.) ။ သိပ္ပံကလိုက်လို့ မမီဘူးတို့  သိပ္ပံပညာနဲ့ တောင် စမ်းသပ်လို့ မရနိုင်ဘူးတို့  သိပ္ပံကသိနိုင်တာထက် လွန်နေပြီတို့ ဆိုတဲ့ စကားမျိုးတွေ သိပ္ပံပညာနဲ့ မသိနိင်ဘူးပြောရတာကို တစ်ချို့ တွေသိပ်အာတွေ့ လျှာတွေ့ ရှိပုံရတယ်..သေခြာလိုက်ခံစားကြည့် ရင် အဲ လို့လူတစ်ချို့ ဟာ သိပ္ပံပညာရဲ့ ပိုပို အစွမ်းထက်လာနေမှု့ တွေကို ကြောက်လာနေတာရယ် ပစ္စုတ်ပန်ဘ၀မှာ ဖြစ်ချင်တဲ့  လူ့ ဖီလင်တွေကို အယူဝါဒတွေထက် ပိုဖြည့် စွမ်းပေးနိုင်သလိုမျိုးမို့  သိပ္ပံရဲ့ တီထွင်မှု့ တွေက ပိုပေါ်ပြူလာဖြစ်လာနေတာကို မနာလိုတာတွေက ပိုများနေသလိုမျိုးလို့ ထင်ရတယ်..တစ်ချို့ ဆရာကျတတ်တဲ့ လူတွေကတော့  သိပ္ပံပညာကို ကိုယ့် ယုံကြည်မှု့ အောက်ထဲ ဓနသဟာယအဖွဲ့ ဝင်လိုလို ဘာလိုလို ထလုပ်ချင်နေတာမျိုးနဲ့ တူလာတယ်..
ဥရောပမှာ ဘာသာရေးဆရာတွေ လက်ဝါးကြီးအုပ်ထားတဲ့  အမှောင်ခေတ်ကိုကျော်ဖေါက်ထွက်ပြီး ပွင့် လင်းခေတ်သဘော ရီနေဆန့် ခေတ်ဦးကနေ လူတွေဟာ သူတို့ ဖြစ်ချင်တဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖေါ်လာကြတယ်..ကောင်းကင်ခရီးဆိုတာ မြေကြီးသားလူတွေနဲ့ မဆိုင် ကောင်းကင်တမန်တော်တွေရဲ့ ကိစ္စပဲလိုလို နတ်သားတွေ အရာလောက် ထင်ယောင်မှားခဲ့ ရာကနေ လူ့ တီထွင်မှု့ တွေကနေ ဖြစ်လာတဲ့ လေယာဉ်ပျံတွေနဲ့ ကောင်းကင်ခရီးကို လက်တွေ့ ကျကျ ထပျံနိင်ကုန်လာကြတယ်..မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ ဆိုတာတွေ မဖြစ်နိုင်ဘူးလို့  အထင်ခိုင်းထားတာတွေ အတော်များများက သိပ္ပံပညာရဲ့ အကူအညီနဲ့  ဖြစ်လာနေတာကိုး..အဲ့ တော့  သိပ္ပံပညာကို တစ်ချို့ တွေက ကြောက်လာတယ် မနာလိုဘူးဖြစ်လာတယ် ကြောသွားမှာစိုးရိမ်လာတယ် သိပ္ပံပညာက မဖေါ်ထုတ်နိုင်ဘူးလို့ ပြောရတာကို အာတွေ့ လျှာတွေ့ ဖြစ်လာတယ် သိပ္ပံပညာနဲ့ မဆုံးဖြတ်နိုင်သေးဘူးလို့ ဆိုရင်ပဲ ကျေနပ်တယ် အားရတယ် ၀မ်းသာတယ် ပီတိဖြစ်တယ်..(ငိငိ)
ဘာတွေ ဘယ်လိုဖြစ်ဖြစ် လူသားဆိုတာ သူ့ ဟာသူ ကြံစီချင်တာကြံစီပြီး သူထင်တာ သူလုပ်တယ် ထွင်ချင်တာထွင်တယ် စပ်စုချင်တာ စပ်စုတယ် သူ မစပ်စုချင်တာကြတော့  မျက်စိရှေ့  ကကြီးကို ပုပ်လောက်ရေးပြလည်း မမြင်ချင်မမြင်ဘူး သိပ္ပံပညာလိုင်းက လူတွေကလည်း အဲ့ စတိုင်းမျိုးပဲ သူတို့ သိချင်တာကို ကမ္ဘာကြီး ဘာဖြစ်နေနေ အာရုံမလာဘူး အဲ့ ဒါပဲ တစိုက်မတ်မတ် စပ်စုနေတာမျိုး သူ့ လမ်းသူလျှောက်နေတာမျိုးပဲ..ဘေးကနေ မနာလိုတဲ့ သူ ကြောက်တဲ့ သူတွေတစ်ချို့ ကသာ သိပ္ပံယိုစုံဟာ ဆေးသကြားတွေပါတယ် ဆိုးဆေးတွေနဲ့ ဘာညာလျှောက်ပြောနေတာမျိုးနဲ့ တူတယ်..
.မြင်သာတာတစ်ခုက တစ်ချို့ လူတွေလည်း စိတ်ကူးတွေယဉ်ပြီး သူ့ တစ်ယောက်ထဲ သူ့ ဟာသူ ကောင်းကင်ကနေ ဈန်ပျံသွားဖို့ အနှစ်၂၀လောက် စိတ်ကူးယဉ်လေ့ ကျင့် နေတုန်း သိပ္ပံဆရာတွေက တစ်ပြိုင်နက်ထဲ လူရာချီ ကောင်းကင်ခရီးကနေ လိုရာသွားနိုင်အောင်လေယာဉ်ပျံကြီးတွေကို အနှစ်၂၀အတွင်း တီထွင်ပေးထားလိုက်တာ ကမ္ဘာကြီးပေါ်က လူဦးရေ သန်းရာထောင်ချီပြီး ကောင်းကင်ခရီးနဲ့  အဆင်ပြေသွားကြတာတော့ မြင်သာတယ်....တကယ်ကတော့ ကိုယ့် အလုပ်ကိုယ်လုပ် သူ့ အလုပ်သူလုပ်ပါပဲ...။
Subscribe to:
Posts (Atom)