Powered By Blogger

Monday, May 25, 2015

Rangoon 4,477,638 ။..Myanmar..53,414,374 people



Rangoon 4,477,638 ။..Myanmar..53,414,374 people
-----------------------
ကွကိုယ် သတိပေးနေတဲ့ ကိန်းဂဏန်းပေါ့ ..''' ဟယောင် ..ကွကိုယ် .သိပ်အတုံးမကြီးနဲ့  မင်းနဲ့ လူချင်းအပြင်မှာ တကယ် ဆုံဘူးတာ ဒဿမ လောက်ရှိတာ..ရန်ကုန်မှာ လူဦးရေ ၅သန်းလောက်ရှိတယ်..တစ်ပြည်လုံးဆို လူဦးရေက သန်း၅၀ကျော်တယ်ဟ..ဒါတောင် ကမ္ဘာကြီးမှာ သန်း၇၀၀၀လောက် ရှိနေတာ ထည့် မပြောသေးဘူး.''လို့ ...ဟီးဟီး..

မွေးချိန်သတ္တိ..


မွေးချိန်သတ္တိ..
---
အမျိုးထဲမှာရော အလုပ်မှာပါ ၃ကြွင်း တနင်္လာသား အထွန်းဖွားတွေအများကြီးတွေ့ ခဲ့ ဘူးတယ်..အများစုတူတာက စိတ်မထင်ရင် မထင်သလို ဘုပြောတတ်တာတူတယ်...ကျန်တဲ့ အနေအထားတွေကတော့  အကွဲကွဲအပြားပြားပေါ့ ...ဒါပေမယ့်  န၀င်းလာလာထိုင်တဲ့  ကျောက်သမား တနင်္လာသားဟာ ရှေးဟောင်းဘုရားမျိုးစုံ စုတာ ၀ါသနာအလွန်ကြီးတယ်လို့ ပြောတယ် သူ့ အိမ်မှာ ဘုရားတွေကို ပုံတော်မျိုးစုံနဲ့ မနဲဘူးလို့ ပြောတယ်...အဲ့ မှာ နဲနဲအံ့ သြသွားတယ်

သူဟာ စိနတစ်ယောက် စီးပွားရေးသမားတစ်ယောက်ပဲဖြစ်တယ် ပြီးတော့ တနင်္လာအထွန်းဖွားထဲမှာ ဘုရားစုတဲ့ သူမတွေ့ ခဲ့ ဘူးဘူး..ဒါနဲ့  ဘယ်အချိန်မွေးလဲလို့ မေးလိုက်တော့  တနင်္လာနေ့ ညနေ ၅နာရီနဲ့  ၆နာရီကြား လို့  ပြောတယ်...အဲ့ အချိန်ဟာ စန္ဒရောတိုင်ပဲ..ကျနော့် စတိုင်အရဆိုရင် ၂ကြွင်း မဟာဘုတ်စရိုက်ပါနေသူပေါ့ 

အဲ့ တော့ မှ ဒီတနင်္လာ အထွန်ဖွားဟာ မွေးချိန် ရဲ့ ဖီလင်အရ ရှေးဟောင်းဘုရားစုတာ ၀ါသနာကြီးသူဖြစ်နေတာကိုးလို့  သဘောရတော့ တယ်...မူလ ၂ကြွင်း မဟာဘုတ်နဲ့ မွေးသူတွေ မှာ တွေ့ ရတဲ့ စတိုင်လေးကို မွေးချိန် စန္ဒရောတိုင် (၀ါ)  ၂ကြွင်းမဟာဘုတ်သမားမှာ သွားတွေ့ ရတဲ့ သဘောမျိုးပဲ...

ဒါကို ပိုပြီး မြင်သာပြန်တာက သုညကြွင်း ဗုဒ္ဒဟူး အဓိပတိဖွား အမျိုးသမီး ၂ ယောက် ဆုံဘူးရာမှာ၂ ယောက်စလုံးဟာ မနက် ၈နာရီဝန်းကျင် စန္ဒရောတိုင်တွေမှာချည်း မွေးသူတွေဖြစ်ပြီး၂ယောက်စလုံး အိမ်ထောင်ကံမကောင်းတာတူပြီး ထူးခြားချက်ကတော့ တန်ခိုးကြီးဘုရား အတော်တော်များများဆို စိတ်ဝင်စားတာ ရောက်သွားတာ အိုက်ချလောင်းတွေကို စိတ်ဝင်စားတာ အဓိဌာန်မျိုးစုံကိုဝင်ရတာ ၀ါသနာကြီးလှတာ ဘုရားမသွားရမနေနိုင်တာတွေမှာ တူနေကြတယ်...၂ယောက်စလုံးကိုယ့် စီးပွား ကိုယ်ရှာစားနေတာမှာလည်း တူတယ်.ဆရာတွေဆို ခရေဇီဖြစ်တာလည်းတူပြန်တယ်

အပူကိုအပူနဲ့ တိုက်တာတဲ့ ..



အပူကိုအပူနဲ့ တိုက်တာတဲ့ ..
----------
တော်တော်ကြာပြီဆိုပေမယ့်  တွေးလိုက်ရင် မနေ့ တစ်နေ့ က အဖြစ်တစ်ခုလိုပေါ့ ...ကျနော်က အရွက်ပညာတွေလိုက်နေပြီ  အခွင့် အရေးရရင် ရသလို စွတ်စက် ရိုက်ပစ် လိုက်တတ် နေပြီ..အင်းလိုင်းတောင် ဘုန်းကြီးစီဝင်ပြီးနဲနဲပါးပါး ၀င်ပူးလိုက်သေးတယ်...ဒါပေမယ့် ပြန်ခွာလာတာက ကျနော်က ကိုယ်သေနိုင်မယ့် အပေါက်လားကို အရင်တွေးတတ်တာရယ် သိပ္ပံဗဟုသုတတွေရယ် အိမ်နားက လှချင်လွန်းလို့  အရေပြားရွှေသွင်းတဲ့ အပျိုကြီး ဖွားအေကြီးတစ်ယောက် အရေပြားပျက်စီးပြီး ခရုသင်းနာတွေစွဲပြီး အဖြူကွက်တွေဖြစ်ကုန်တာလို့ ဆိုတဲ့  ခရုသင်းးကွက်တွေနဲ့ ဖွားအေကြီးကို မြင်ပြီးတွေးလန့် တာရယ်ကြောင့်  ဘုန်းကြီးပြချပေးတဲ့  အင်းပြာတွေကို တစ်နေ့ ၂ချက်၃ချပ်နဲ့  ၃လလောက်သောက်ရမယ်ဆိုတာနဲ့  အင်းဇာတ်လမ်းကနေ ပြန်လစ်လာခဲ့ တယ်ဗျ

ဘာကသာသေခြာ..



ဘာကသာသေခြာ..
----------
တော်တော်လေး အကြောတွေ နပ်လာချိန်မှာတော့  စိတ်ဓါတ်တွေဘာတွေ သိပ်မကျတတ်တော့ ဘူး အများစုဟာ သူလိုကိုယ်လိုတွေပဲလို့ တွေးပေးလိုက်တယ် အနာဂတ် ကို ခန့် မှန်းခြေတွေနဲ့ ချီတက်နေကြတဲ့ သဘောပဲ အနာဂတ်မှာ ဘာဖြစ်လာမလဲ ဘယ်သူမှ ရေရေရာရာမသိနိုင်ဘူး.
.မှန်းထားတဲ့ ပန်းတိုင် ရောက်ပြီဆိုမှ ဟော ရောက်ပြီပဲ

မရောက်ခင်အထိကတော့  လျှာထွက်နေတာပဲ ရောက်မှရောက်ပါ့ မလားဆိုတာကလည်း အမြဲသောကတွေ ရောက်နေတော့ တာပဲ...အဲ့ ဒီလိုဖြစ်နေတာဟာ
သံသရာက ကံ အတွက် တစ်ကွက်ချန်ထားရတဲ့ သဘောကြောင့် ပဲ..

တစ်ခြားစကားလုံးယူသုံးရရင် လုပ်နိုင်သမျှလုပ် လုပ်ခွင့် ရသမျှလုပ် ကျန်တာ ဘုရားသခင်အလိုတော်အတိုင်းပဲဆိုတဲ့  သဘောပဲ...နောက်ရက်တောင် သေမယ်မသေဘူး ရာနှုံးပြည့် မပြောနိုင်ဘူး..မပြောနိုင်တဲ့ အတွက် မပြောတော့ ဘူး.မသေသေးဘူးဆိုရင်မသေသေးဘူးလို့ မှတ်သဘောပဲ..အခုဘာလုပ်ချင်လဲ ဘာလုပ်လို့ ရသလဲပဲ စဉ်းစားလိုက်တာ စိတ်သက်သာစေတယ်..အလွန်အကျွံ မကောင်းမှု့ မဖြစ်ရင်ပြီးရောပေါ့ သဘောပေါ့ ..

နည်းမှန်လမ်းမှန်နဲ့ ..တရားမကျင့် မချင်း သေခြာတာက သံသရာက မလွတ်နိုင်သေးဘူးပဲပြောနိုင်မယ်...မလွတ်လောက်သေးရင် အလွန်အကျွံ မကောင်းတဲ့ လူသား လောကနဲ့ မိသားစုကို ဒုက္ခတွေရောက်အောင် သိပ်လုပ်တဲ့ လူသား မဖြစ်ရင်မဆိုးပါဘူးပေါ့ ...

ဒုံး ဒုံး ဒုံး ဒုံး နဲ့ 


အာ့ နဲ့ ကိုယ် မကျေနပ်တဲ့ သူရဲ့ ဓါတ်ပုံကို အဲ့ လို ဒုံး ဒုံး ဒုံး ဒုံး နဲ့  ငြုတ်ဆုံထဲ ထည့် ထောင်းလိုက်တာပေါ့ ..
--------
အမငီးး.ရက်စက်ထှာ ..အဲ့ လူဘာဖြစ်သွားတုန်းငင်.?
-----------------
အာ့ တော့ သိဘူး..ဓါတ်ပုံကြီးကြေမွသွားပြီး လက်တွေ နာကျန်ခဲ့ တာ ဒဏ်ကြေဆေးလူးထားလိုက်ရတယ်..အဟီးးး...
---------------
ညယ်...ခိခိ..

သားလူမိုက်ကြီး....


အဲ့ ဒီလို ထမင်းငတ်မဲ့ အပေါက်မျိုးလည်း
ဆရာကျပြီး ခပ်တည်တည်နဲ့ အဗျုးခံခဲ့ ရဘူးပါတယ် အမေ..
အခုတော့ ကျနော် မမိုက်တော့ ပါဘူးအမေ.
အမေတစ်ယောက်.နတ်ပြည်မှာ စိတ်ချနေပါတော့ အမေ.
(..ပုံ/ အမေ့ ရဲ့ သားလူမိုက်ကြီးမောင်ငိငိ..)

ပြောင်းလဲလို့ မရတဲ့ သဘာဝ အမှန်တရားတစ်ချို့ ကြောင့် ...


ပြောင်းလဲလို့ မရတဲ့ သဘာဝ အမှန်တရားတစ်ချို့ ကြောင့် ...
-----------------------
တစ်ခါကပေါ့ .. ဂဏန်းတွေ တောင်ခြစ်မြောက်ခြစ်လုပ်ပြီး ပြီးခဲ့ တာတွေကို တော်တော်လေးမှန်အောင် ပြောနိုင်တဲ့ အမျိုးသားတစ်ယောက်ရှိတယ်ဆိုတာ ဘော်ဒါတစ်ယောက်က သတင်းပေးလို့ ဘော်ဒါတစ်ချို့ နဲ့ သွားခဲ့ ကြပြီး ဗေဒင်ဟောအောင် အဲ့ လူကို ဖားကြရတယ်..အဟောခံချင်တာကိုး..ပြီးတော့  သတင်းထွက်နေတာက ခေါင်းစွဲလိုလို အကြားအမြင်လိုလို၊..ဒါပေမယ့် အဲ့ လူဟာ အောက်ပိုင်းချိနဲ့ နေသူလူလွတ် မိသားစုမဲ့ တစ်ကိုယ်ရည်သမားဖြစ်တယ်.၊.အဲ့ မှာ သူဟာ သူငယ်ချင်းတစ်ချို့ ကို မှန်အောင်ဟောနိုင်လို့   အားလုံးကသဘောကျနေချိန်မှာ သူက ကျနော့် ကို ပထမဆုံစ ဟောလိုက်တာက မောင်နှမတွေထဲမှာ ဒုတိယမြောက် သားဖြစ်တယ် အထက်မှာ အစ်မ တစ်ယောက် ရှိတယ်. ဟုတ်တယ်မလား လို့ ပြောလိုက်တော့ ကျနော်က ဟုတ်တယ်..မှန်တယ် အဲ့ ဒါ ဘာလုပ်ရမလဲလို့ ပြန်မေးလိုက်မိတယ်...

အနံ့ မရသူ



အနံ့ မရသူ
------------
အမျိုးထဲမှာ အနံ့ ဆို ဘာအနံ့ မရတဲ့ အမျိုးတစ်ယောက်ရှိတာ အဲ့ အမျိုး အသက် ၅၀ကျော်မှ အကြောင်းတစ်ခုနဲ့ တိုက်ဆိုင်လို့ သူပြောမှ သိလိုက်ရတယ်.
.ပြီးတော့ အဲ့ အမျိုးက အမျိုးသမီး ၊ ကလေး ၄ယောက်နဲ ၊့ ကလေးတွေက အိမ်ထောင်သည်တွေဖြစ်လို့  မြေးရပြီး ဖွားအေတောင်ဖြစ်နေပြီ...
ဒါနဲ့  ဘယ်တုန်းကများ ဒီ့ အနံ့ မရတာလဲလို့ မေးလိုက်တော့  ပြုံးစိစိနဲ့  မွေးကတည်းကတဲ့ ....ဟားးး...တွေးစရာတွေ တစ်ပုံကြီးပါပဲလား...ဟီးဟီးး...
--------------
အဲ့ အမျိုးက ၄ကြွင်း အင်္ဂါ အထွန်းဖွားဗျာ...အနံ့ ခံ အင်္ဂါပါမလာဘူးဆိုတာ စနေနံ ဗျာ....စနေနံဆိုတာ ၄ကြွင်းမွေးတွေမှာ မရဏအိမ်ကဗျာ...ကြုံ့ တောင့် ကြုံခဲ မရဏနံ နှာခေါင်းရောဂါဗျာ...အတိတ်ကံသဘောဗျာ..ဘာသာရေး ရှ့ ထောင့် ကပြောရရင် သံသရာတစ်ကွေ့ မှာ
ဘယ်သီလရှိတဲ့ သူရဲ့  မွှေးကြိုင်နေတဲ့ ဘုရားပန်းကို နံလိုက်တာ လို့ များ လူကို မနာလို စိတ်နဲ့ ရွဲ့ ပြောခဲ့ မိတဲ့ အကုသိုလ်လဲမသိပေါ့ ဗျာ...
--------------
သူယူလာပေးတဲ့  ဟင်းတွေ မုန့် ဟင်းခါးတွေ စားဖူးတယ်ဗျာ...အားလုံးပုံမှန်အရသာပဲဗျာ....အဲ့ ဒါ အနံ့ မရရင် အငံအပေါ့ အချိုအချဉ်သဘောကို
အာရုံခံ မရတာ ဘယ်လိုများ အစပ်တဲ့ အောင်ချက်လဲလို့ မေးတော့ ..ဟီဟိ...ယောက်ျားကချည်း ချက်ကျွေးခဲ့ တာတဲ့ 
ကလေးတွေကြီးလာတော့ ကလေးတွေချက်တာတဲ့ ...သူက ဘာစားစားအရသာမသိဘူး ဒီလိုပဲစားလိုက်တာပဲလို့ ပြောတယ်ဗျာ...
-------------
သူ့ ရဲ့ စိတ်နေသဘောထားပုံစံက လိုချင်တာရော မလိုချင်တာရော ဘာမှသိပ်မရှိဘူး..ယောက်ျားပေးတာလေးပဲ လောက်အောင်တစ်သက်သုံးလာတာဗျာ..အရယ်တော့  သန်တယ်ဗျာ ပျော်ပျော်နေတတ်တယ်တယ် သိပ်ပြီးအတွေးထူတာမျိုးမရှိဘူးဗျာ..ပိုက်ဆံရှာတဲ့ အလုပ်လည်း မလုပ်ခဲ့ ရဘူးဗျာ ဆယ်တန်းမအောင်ခဲ့ ဘူးဗျာ.
----------
အဲ ခုထိ ရောဂါကြီးတစ်ခုခု မဖြစ်ဖူးသေးဘူးဗျာ...မေးကြည့် ချက်အရ ဆီးချိုလည်းမရှိ သွေးတိုးလည်း မရှိသေးဘူးတဲ့ ဗျာ...လူက ပိန်တဲ့ အုပ်စုဘက်မှာရှိတယ်ဗျားးး..

''ပိရမစ် ''....


တစ်ချို့ က ပိရမစ်ကြီးတွေ ရှိတဲ့ ဒေသဆိုပြီး ဂုဏ်ခံနေကြတုန်း..

ဆစ်ချို့ က ပိရမစ်ကြီးတွေကိုပြပြီး ပိုက်ဆံရအောင် ရှာနေကြတယ်...

တစ်ချို့ က ပိရမစ်ကြီးတွေရဲ့  ကြီးမားသေသပ်ကြံ့ ခိုင်လွန်းလှတဲ့  မဟာထုထည်ကြီးတွေကို အံ့ သြတကြီး ဖြစ်နေတုန်း...

တစ်ချို့ က ပိရမစ်တွေကို တည်ဆောက်တဲ့ လျို့ ဝှက်လှတဲ့ နည်းပညာကို မှင်သက်မိနေတယ်....

တစ်ချို့ ကတော့  အဲ့ ဒီပိရမစ်ကြီးတွေဖြစ်လာဖို့  ပစ္စည်းတွေရဲ့ ဇစ်မြစ်က ဘယ်အရပ်ကပါလိမ့် လို့ တွေးဆနေဆဲမှာ;;;;;;;

တစ်ချို့ ကတော့  ဒီ ပိရမစ်ကြီးတွေကို တည်ဆောက်ပေးခဲ့ ရတဲ့ နေရာမှာ ကာယ လုပ်အားအဖြစ်နဲ့ ဝင်ပတ်သက်ခဲ့ ရတဲ့ လူတွေရဲ့  စိတ်ခံစားချက်တွေ ရုပ်ဖွဲ့ စည်းပုံတွေဟာ ဘယ်လိုတွေများ ရှိနေပါလိမ့် မလဲလို့  သူတို့ တွေရဲ့ စိတ်တွေကို စိတ်ကူးနဲ့ ဝင်ဖတ်ကြည့် နေတတ်တယ်......

တွေးတောစရာတွေ..


တွေးတောစရာတွေ..
---------
ထုတ်နှုတ်စာတွေဟာ အယူအကောက်နဲ့ အသုံးချနေရုာလွဲသွားရင် တစ်ခါတစ်လေ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်သွားနိုင်တာတွေ အများကြီးပဲ ၊

တစ်ချို့ စာတွေသဘော (၀ါ) အဆိုအမိန့် တစ်ခုဆိုတာ ချွင်းချွက်သဘောတွေ ရှိတယ် သုံးသင့် တဲ့ နေရာရှိတယ် သုံးစားမရတဲ့ နေရာာရှိတယ် ဆိုတာ နဲနဲလေး အတွေးကို အလုပ်ပေးလိုက်တာနဲ့ သိသာတယ်၊ တစ်ချို့ စာတွေဆို အငြင်းပွားစရာ လက်မခံ နိုင်စရာတွေတောင် ဖြစ်လာတတ်တဲ့ စာတွေပါတယ်

တစ်လောက ဒီလို ယူပြီးပြောလိမ့် မယ်လို့ မထင်ရတဲ့ သူတစ်ယောက်က ဆင်းရဲပြီးမွေးလာတာ အပြစ်မဟုတ်သေးဘူး ဆင်းရဲပြီသေသွားရင် အပြစ် လိုနိုင်ငံခြားကစာကိုယူပြောသွားတာကြားလိုက်ရတော့ အံ့ တောင်အံ့ သြသွားတယ်..

လူတကာကို ကြိုးစားစေချင်တဲ့ ကြီးပွားစေခြင်တဲ့  သူ့ စေတနာဟာ ဖအေ့ နဖူးက ခြင်ကို ခြောက်ပေါင်တူနဲ့ ထုသတ်တဲ့  စေတနာမျိုးလို့ ပဲ ခံစားမိတယ်..သံသရာကပါလာတဲ့  ကံဟောင်း တစ်ခုကို မျက်ကွယ်ပြု ပြောလိုက်ရာရောက်နေတယ်လို့ ပေါ့ ပြီးတော့ ဆင်းရဲတယ်ဆိုတာဘာကို ဆိုလိုတာလဲလို့ မေးစရာရှိတယ်ပေါ့  ၊ဆင်းရဲတယ်ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်ချက် တူပါသလားမေးစရာရှိလိမ့် မယ်ပေါ့ 

ရင်ထဲမှာ ''နေ ''....


ရင်ထဲမှာ ''နေ ''....
----
နေသာသပဆိုတာ
ဝေဒနာတွေရဲ့ အစပေါ့  မေ..၊
ငယ်ဂုဏ်မောက်ခဲ့ မိလို့ 
ချစ်လျက်နဲ့ ပြေးထွက်..
့ဝေးခဲ့ ကြပြီမှန်း သိလိုက်ပြီဆိုတဲ့ အခါ..
အလွမ်းဆိုတာ
လွမ်းတတ်သူအဖို့ 
ပန်းအလင်္ကာအဖြစ်နဲ့ 
လွမ်းရတဲ့ အကြောင်းလေးတွေက
ရင်ထဲမှာ ''နေ ''...။