နိင်ငံတော်ကြီးကပြန်ကောင်းပါဦးမလားတဲ့ 
-----------------
အဲ့ ဒါ အဲ့ ဧည့် သည်က အခုဖြစ်နေတဲ့ ဗရုတ်သုခတွေ ပျက်စီးနေတဲ့ သူတွေကိုသာ သွားကြည့် ပြီး ပျက်ဆီးနေတဲ့  ကာရိုက်တာတွေကိုကြည့် ပြီး နိုင်ငံတော်ကြီးက ရှေ့ လျှောက် ပြန်ကောင်းနိုင်ပါဦးမလားလို့  စကားစလာတော့  ကျနော်က အဲ့ ဒါတော့  ပုံသေပြောလို့ မရဘူး ခေါင်ချုပ်တွေရဲ့  စိတ်ထားကောင်း မကောင်း ဥာဏ်ပညာကြီးမကြီးတွေ တဘို့ တည်းကြံမကြံ အတ္တကြီးမကြီးတွေ အပေါ်မှာလည်း တည်မယ် ပြီးတော့  သူတို့ ရဲ့  ဘုန်းကံအကောင်းတွေ နဲ့  သူတို့ ကိုယ်စီမှာပါလာတဲ့ ကံသတ္တိ ကောင်းမကောင်း အပေါ်မှာလဲ စကားပြောလိမ့် မယ်လို့ ပြောလိုက်ရင်းထပ်ရှင်းပြလိုက်တာက
'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, August 7, 2015
စိတ်ဒဏ်ရာဆိုတာ....
စိတ်ဒဏ်ရာဆိုတာ....
------------
သတင်းတွေ လာနေတာပေါ့  အဲ့ အနောင်ဇာတွေရဲ့ အသံနဲ့ '' နိုင်ငံတော်အစိုးရအနေနဲ့ '' တို့  '' မိမိတို့ နိုင်ငံတော်အစိုးရ အနေနဲ့ '' တို့  အသံကြားလိုက်ရတိုင်း စိတ်ထဲမှာ စစ်အာဏာရှင် စစ်အစိုးရချည်း ထင်နေဆဲစိတ်ထဲမှာ မအီမလယ်ကြီး ဖြစ်နေဆဲ စိတ်ထဲမှာ မနှစ်မြို့ ပဲ ဖြစ်သွားဆဲပေါ့ ဗျာ....
.အဲ့ ဖီလင်က အလိုလို ဖြစ်လာတာဆိုတော့ အဲ့ လို့  မဖြစ်ပါနဲ့ လို့  စိတ်ကိုတားမရဘူး အဲ့ လို မဖြစ်ချင်ရင်
တစ်နည်းပဲ ရှိတယ် သတင်းနားမထောင်နဲ့ ဒါမှမဟုတ် အသံပိတ်ပြီး အရုပ်ပဲကြည့်  ဒါပဲ ရှိတယ်...
အရုပ်တွေကြည့် တာတောင် အဲ့  နိုင်ငံတော် အစိုးရ တာဝန်ရှိသူတွေ ဆိုတဲ့  မျက်နှာတော်ကြီးတွေပေါ်လာရင် မြန်မြန်ချယ်နယ်ပြောင်းလိုက်ရတယ်...
အရုပ်နဲ့ ဒေါသထွက်အောင် အဝေးရောက် လုပ်ကြံခြင်းလိုကြီးပေါ့ ...
.အဲ့ ဒီလိုစိတ်တွေဖြစ်လာတာဟာ တွေးကြည့် ရင် ဖြတ်သန်းခဲ့ တဲ့  သူတို့ သမိုင်း ကျနော်တို့ သမိုင်းတွေက ကြုံခဲ့ ရတဲ့ မတရားမှု့ တွေ ရဲ့  ရောင်ပြန် အဖြစ် ဖြစ်လာတဲ့  စိတ်ဒဏ်ရာတွေပေါ့ ..
မနေ့ တစ်နေ့ ကမွေးတဲ့ ကလေးတွေတို့  တစ်ခြားနိုင်ငံက လူတွေ တစ်ခြားကမ္ဘာကဂြိုလ်သားတွေဆို ဒီလိုစိတ်တွေ ဘယ်ဖြစ်မလဲ ကျနော်တို့ ကြုံခဲ့ တဲ့ မတရားမှု့ တွေကို သူတို့ မှ မကြုံဘူးသေးတာ..

အလှုတော်မင်္ဂလာ
အလှုတော်မင်္ဂလာ
--
အလှု လက်ပမ်းကျလာပေမယ့်  ဒီနေ့ လည်း အသံတစာစာပေးပြီး လမ်းထဲဖြတ်တဲ့ အလှုတော်မင်္ဂလာတွေထဲ လက်အလွယ် ရှိနေတဲ့ တစ်ထောင်ထည့် တွေ ငါးရာ
ထည့် တွေ ဖလားတွေထဲ စက္ကူပုံးလေးတွေထဲ လှုဖြစ်လိုက်သေးတာက မိုးချုပ်မှ စာရင်းချုပ်ပေါင်းကြည့်် လိုက် တော့သောင်းနှစ်ထောင်ဗျား..
စတိတ်ကဆြာမနှစ်ယောက် က သူတို့ ကသပ်သပ်လှုလိုက်တာက ဘယ်လောက်မှန်းမသိဘူးသူတို့ စတိတ်က ကျောင်းသားဟောင်းတွေက နီးစပ်ရာသူတို့ ဆရာမအိမ်တွေ ၀င် အလှုခံတာတဲ့ ဗျာ ရုန်းရုန်း ရုန်းရုန်းနဲ့  ပျော်စရာလည်းတစ်မျိုးကောင်း စိတ်ကောင်းတွေ ကျန်နေသေးတာအများကြီးပါပဲလားဆိုပြီး သဘောတွေကျ သူတို့ ဆရာမတွေနဲ့ သူတို့ တွေ စကားတွေပြောကြ မေးကြစမ်းကြနဲ့  ကျောင်းသားဟောင်းများပြန်လည်တွေ့ ဆုံပွဲ အသေးစားလေးလိုပဲဗျား..
ရက်နဲနဲရလာလို့  ဒီနေ့ လောက်ဆို အလှုတော်ခံအဖွဲ့ တွေ ကျဲသွားလောက်မယ် ထင်ခဲ့ တာ.အမှန်တော့  အရင်နေ့ က အလှုခံသွားတဲ့ အဖွဲ့ လေးတွေက ဒုက္ခရောက်နေတဲ့  လူထုတွေဆီ တက်သွားလှုနေပြီ နောက်အဖွဲ့ လေးတွေက ထပ်ဖွဲ့ လာပြီး အလှုတော်ခံထွက်သဘောပဲ ပြီးတော့  တကယ့်  လူငယ်အဖွဲ့ တွေချည်းများတယ်....သူတို့ မျက်နှာတွေက တကယ့် ကိုဖြူစင်ဆဲ ရိုးသားဆဲပဲ...
တစ်ဖွဲ့ များပြန်ကြားရချက်က အလှုခံရငွေထဲက တစ်ပြားမှမသုံးပဲ ကိုယ့် စားရိပ်နဲ့ ကိုယ် တက်သွားလှုတာ ကားငှားခ သုံးသိန်းကျတာ တစ်ယောက်ကို တစ်သောင်းကျော်လောက် ကားခစိုက် ကိုယ့် တွတ်တီးနဲ့ ကိုယ်တက်သွားကြတာလို့ ပြန်ကြားရတော့  တော်လိုက်တာ လုပ်ရဲကိုင်ရဲ ဦးဆောင်ရဲလိုက်ကြတာ လို့  ဆိုတဲ့ မှတ်ချက်ကလွဲလို့  ဆက်မပြောတတ်တော့ ဘူး သူတို့ အသိတွေ အဲ့ ဒီလောက်ကောင်းနေတာ ကျနော်တို့ တွေ တစ်ချို့ အရာတွေကို သူတို့ တွေဆီက တောင် ပြန်သင်ယူနေရတဲ့ သဘောရှိတယ်..

အနိဌအာရုံ တစ်စုံတစ်ရာကြောင့် 
အနိဌအာရုံ တစ်စုံတစ်ရာကြောင့် 
---------------
မင်္ဂလာနေရာမှာဖြစ်ဖြစ် အနိဌာနေရာမှာဖြစ်ဖြစ် အနိဌအာရုံ တစ်စုံတစ်ရာကြောင့် လူစုလာတယ်ဆိုတာ နောက်ဆက်တွဲ မကောင်းမှု့ တွေဖြစ်လာလေ့ ရှိတာများတယ်...ကျနော်တို့ ငယ်တုန်းက ကြည့် မြင်တိုင်ဝေဠုဝန်ရပ်ကွက်ကြီးရှိတယ် အဲ့ ရပ်ကွက်ဘေးမှာ ကြီးကျယ် ကျယ်ဝန်းတဲ့  ကြံတောသင်းချိုင်းကုန်းကြီးရှိတယ် အပင်ကြီးတွေ အုပ်ဂူတွေနဲ့ နေ့ ဘက်တောင်ခြောက်ခြားစရာကောင်းတယ်ပေါ ...ပြီးတော့  အဲ့ သင်းချိုင်းဘေးလမ်းက ရပ်ကွက်မျက်နှာစာမှာ အခေါင်းတွေတန်းစီတင်ထားပြီးရောင်းတဲ့ ဆိုင်တွေ နဲ့ အသုဘကားအငှားလိုက်တဲ့ ကားတွေရပ်ထားတာ ပြင်နေတာတွေပါရှိတော့  အဲ့ သင်းချိုင်းကြီးဘေးလမ်းကဖြတ်သွားတာတောင် ကြောက်တတ်သူအဖို့  ကျောတွန့် စရာမြင်ကွင်းတွေပေါ့ 

Subscribe to:
Posts (Atom)