Powered By Blogger
Friday, August 7, 2015
နိင်ငံတော်ကြီးကပြန်ကောင်းပါဦးမလားတဲ့ 
နိင်ငံတော်ကြီးကပြန်ကောင်းပါဦးမလားတဲ့ 
-----------------
အဲ့ ဒါ အဲ့ ဧည့် သည်က အခုဖြစ်နေတဲ့ ဗရုတ်သုခတွေ ပျက်စီးနေတဲ့ သူတွေကိုသာ သွားကြည့် ပြီး ပျက်ဆီးနေတဲ့  ကာရိုက်တာတွေကိုကြည့် ပြီး နိုင်ငံတော်ကြီးက ရှေ့ လျှောက် ပြန်ကောင်းနိုင်ပါဦးမလားလို့  စကားစလာတော့  ကျနော်က အဲ့ ဒါတော့  ပုံသေပြောလို့ မရဘူး ခေါင်ချုပ်တွေရဲ့  စိတ်ထားကောင်း မကောင်း ဥာဏ်ပညာကြီးမကြီးတွေ တဘို့ တည်းကြံမကြံ အတ္တကြီးမကြီးတွေ အပေါ်မှာလည်း တည်မယ် ပြီးတော့  သူတို့ ရဲ့  ဘုန်းကံအကောင်းတွေ နဲ့  သူတို့ ကိုယ်စီမှာပါလာတဲ့ ကံသတ္တိ ကောင်းမကောင်း အပေါ်မှာလဲ စကားပြောလိမ့် မယ်လို့ ပြောလိုက်ရင်းထပ်ရှင်းပြလိုက်တာက
ကျနော်က ဘုန်းကံ အကြောင်းတောင် နဲနဲထောက်ပြလိုက်သေးတယ်....ကြည့် ဗျာ..ကာချုပ်သန်းရွှေ ရဲ့  ဘုန်းကံလောက် နောက်ကာချုပ် ဘုန်းကံ မကြီးဘူးဆို သူတို့ နာမည်ကိုမှာ စပေါ်နေပြီ လို့ ဆိုတော့  ဧည့် သည်က စိတ်ဝင်စားသွားတယ်..
ကျနော်က ကြည့် ဗျာ...သွားလေသူကို နာမည်ပြောင် ပိုးစိုးပက်စက်ပေးရတာ ဘယ်လောက်ခက်လဲ..အခုနောက်ပိုင်းမှ စာဖတ်သူကြီးလို့ ထလုပ်ရတာ....အခု လူများ စလာကတည်းက နာမည်ပြောင်က '' မအလ '' တဲ့  အွန်လိုင်းတစ်ခုလုံး မအလ ဆို ဘယ်သူ့ ပြောမှန်းသိတယ်လေ...အဲ့ မအလ က စကားနှစ်ခွ မထွက်ဘူးလား မအလ ဆိုတာဘာလဲ လို့ မေးရင်တော့  ၀ိနည်းလွတ်လေး အခုလူ အမည် အတိုကောက် လိုလိုလိုပေါ့  တကယ်တော့  စိတ်ထဲက '' ---'' လို့  ပစ်ပစ်နှစ်နှစ်ဆဲပစ်လိုက်တဲ့  စိတ်သဘောနဲ့  မအလ လို့ ချရေးကြတာ မဟုတ်လား အဲ့ ဒါကိုက သူ့ ဘုန်းကံက သွားလေသူရဲ့ ဘုန်းကံသတ္တိလောက် မကောင်းတဲ့ သဘောပေါ့ လို့ ပြောလိုက်တော့ ...ဟားးးး....ဟုတ်ပါ့  ဆဲလို့ ကောင်းလိုက်တဲ့ အမည် တဲ့ ...ခ်ခ်ခ်
အဲ့ ဒီလို နိုင်ငံတော်ကြီး ပြန်ကောင်းပါဦးမလားဆိုတာ ကို တွေးပူပြ စိုးရိမ်ပြနေတဲ့  လူတွေအများစုက လောလောဆယ် စင်ပေါ်ရောက်နေသူတွေ ဘောစိတွေ ဘောမစိတစိတွေ စားနိုင်သောက်နိုင်သေးသူတွေ အိမ်နဲ့ ယာနဲ့ နေနိုင်သေးသူတွေ လူတကာကို အပေါ်ကကြည့် ဆရာကျပြတတ်သူတွေ
ကော်လံဖြူ လူတန်းစားတွေ ဒေါ်လာစားတွေ ကိုယ့် ကိုယ်ကို မဟာပညာကျော်လို့ ထင်နေသူတွေ  ကိုယ့် ကိုယ်ကို ယဉ်ကျေးလှချည့် လို့ ထင်နေသူတွေ အွန်လိုင်းပေါ်က စပျစ်သီး အချိုတွေ အချဉ်တွေ ချဉ်စုတ်စုတ်တွေ က ဝေဖန်တာ ပြောတာသာ များတယ်..
.တကယ့် ကို ရုန်းကန်နေရသူတွေကတော့  နိုင်ငံတော်ကြီး ရှေ့ ရေးက ဘာပြုတယ် ညာပြုတယ် တွေးနေဝေဖန်နေချိန်တောင်မရပါဘူး...ရုန်းနေလိုက်ရတာ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..