အလှုတော်မင်္ဂလာ
--
အလှု လက်ပမ်းကျလာပေမယ့်  ဒီနေ့ လည်း အသံတစာစာပေးပြီး လမ်းထဲဖြတ်တဲ့ အလှုတော်မင်္ဂလာတွေထဲ လက်အလွယ် ရှိနေတဲ့ တစ်ထောင်ထည့် တွေ ငါးရာ
ထည့် တွေ ဖလားတွေထဲ စက္ကူပုံးလေးတွေထဲ လှုဖြစ်လိုက်သေးတာက မိုးချုပ်မှ စာရင်းချုပ်ပေါင်းကြည့်် လိုက် တော့သောင်းနှစ်ထောင်ဗျား..
စတိတ်ကဆြာမနှစ်ယောက် က သူတို့ ကသပ်သပ်လှုလိုက်တာက ဘယ်လောက်မှန်းမသိဘူးသူတို့ စတိတ်က ကျောင်းသားဟောင်းတွေက နီးစပ်ရာသူတို့ ဆရာမအိမ်တွေ ၀င် အလှုခံတာတဲ့ ဗျာ ရုန်းရုန်း ရုန်းရုန်းနဲ့  ပျော်စရာလည်းတစ်မျိုးကောင်း စိတ်ကောင်းတွေ ကျန်နေသေးတာအများကြီးပါပဲလားဆိုပြီး သဘောတွေကျ သူတို့ ဆရာမတွေနဲ့ သူတို့ တွေ စကားတွေပြောကြ မေးကြစမ်းကြနဲ့  ကျောင်းသားဟောင်းများပြန်လည်တွေ့ ဆုံပွဲ အသေးစားလေးလိုပဲဗျား..
ရက်နဲနဲရလာလို့  ဒီနေ့ လောက်ဆို အလှုတော်ခံအဖွဲ့ တွေ ကျဲသွားလောက်မယ် ထင်ခဲ့ တာ.အမှန်တော့  အရင်နေ့ က အလှုခံသွားတဲ့ အဖွဲ့ လေးတွေက ဒုက္ခရောက်နေတဲ့  လူထုတွေဆီ တက်သွားလှုနေပြီ နောက်အဖွဲ့ လေးတွေက ထပ်ဖွဲ့ လာပြီး အလှုတော်ခံထွက်သဘောပဲ ပြီးတော့  တကယ့်  လူငယ်အဖွဲ့ တွေချည်းများတယ်....သူတို့ မျက်နှာတွေက တကယ့် ကိုဖြူစင်ဆဲ ရိုးသားဆဲပဲ...
တစ်ဖွဲ့ များပြန်ကြားရချက်က အလှုခံရငွေထဲက တစ်ပြားမှမသုံးပဲ ကိုယ့် စားရိပ်နဲ့ ကိုယ် တက်သွားလှုတာ ကားငှားခ သုံးသိန်းကျတာ တစ်ယောက်ကို တစ်သောင်းကျော်လောက် ကားခစိုက် ကိုယ့် တွတ်တီးနဲ့ ကိုယ်တက်သွားကြတာလို့ ပြန်ကြားရတော့  တော်လိုက်တာ လုပ်ရဲကိုင်ရဲ ဦးဆောင်ရဲလိုက်ကြတာ လို့  ဆိုတဲ့ မှတ်ချက်ကလွဲလို့  ဆက်မပြောတတ်တော့ ဘူး သူတို့ အသိတွေ အဲ့ ဒီလောက်ကောင်းနေတာ ကျနော်တို့ တွေ တစ်ချို့ အရာတွေကို သူတို့ တွေဆီက တောင် ပြန်သင်ယူနေရတဲ့ သဘောရှိတယ်..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..