'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Tuesday, December 29, 2015
လက်ထဲမှာ ပုတီးပဲ တင်းတင်းကျပ်ကျပ် ဆုတ်ထားမိခဲ့ တာ
ပြုမူခဲတဲ့ အမူအယာတစ်ချို့ ထဲမှာ လက်အုပ်ချီခဲတာရယ် ဆုတောင်းခဲတာက ကိုယ့် ကိုယ်ကိုယ်ပြန်တွေးတော့ ပေါ်လာတယ်၊
အဲ့ ပြုမူခဲတဲ့ အမူအယာ တွေက ဓလေ့ အရ တော့  ကြုံတဲ့ အခါ လုပ်တတ်ပေမယ့် 
ပြင်းထန်တဲ့ စိတ်မျိုးနဲ့ ပြုခဲတဲ့ သဘော။
ဘာလို့  အဲ့ အမူအယာတွေ လုပ်ရမှာ လက်နှေးနေသလဲ ဆုတောင်းခဲလဲပြန်တွေးကြည့် တော့ 
ဇက်ကြောတင်းတတ် ဦးညွှတ်မလွယ်တတ်တဲ့  စိတ်ကြောင့် လား
ဒီလိုပဲနေတတ်သလို နေလိုက် ကြုံတတ်တွေ ကြုံလာတော့ မှ အခြေအနေအလိုက် ထဖြေရှင်းလိုက် ဆိုတဲ့ စိတ်စတိုင်ကြောင့် လား
လိုလိုချင်ချင်ရရကောင်းစေ ဆိုတဲ့  စိတ်မျိုး မယ်မယ်ရရမရှိလို့ လား ရောသုတ်လားမသဲကွဲ.
.ခုထိတော့  အဲ့ အမူအယာ ၂ ခုကို ကိုယ့် ဘ၀အတွက် ရေးကြီးခွင်ကျယ်ရှိလှတယ်လို့ တော့ မထင်မိသေးဘူး
.
(ဖာသားကြီး အတွက်တုန်းကတော့  ဘုရားရှေ့ ထိုင် ဘုရားမျက်နှာမော့ ကြည့် ပြီး
မျက်ရည်ကျပြီး အပြင်းအထန် ဆုတောင်ဘူးတာ သတိရတယ် ဖားသားကြီးအတွက် ဆေးဖိုးပြတ်သွားမှာစိုးလွန်းလို့  ဒါတောင် စိတ်ထဲကပဲ ဆန္ဒဖြစ်နေတာမျိုး
လက်အုပ်မချီဖြစ်ခဲ့ ဘူး.( လက်ထဲမှာ ပုတီးပဲ တင်းတင်းကျပ်ကျပ် ဆုတ်ထားမိခဲ့ တာ .)
ညတွေ
ညတွေ
--
ညတွေကို အိပ်ပစ်ရမှာ
နှမျှောနေတတ်တယ်
ဖြတ်သန်းခဲ့ သမျှ အပိုင်းအစတွေကို
လွတ်လပ်စွာ သတိရခွင့် ဆိုတာ
ညတွေထဲမှာသာ...
ထောင့် ပြောင်း
ထောင့် ပြောင်း
---
ဆရာကောင်းတွေနဲ့  ကုသိုလ်ကောင်းလို့  ဆုံခဲ့ ရပြီး ကိုယ့် ရဲ့ တွေးခေါ်မှု့ တွေကို အတော်လေး အလုပ်ပေးနိုင်ခဲ့ တယ်၊ ခေါင်းလေ့ ကျင့် ခန်းလိုပဲ၊ အဲ့ မှာ ကိုယ့် မိဘတွေအကြောင်း
ပြန်တွေးတောကြည့် တာမျိုးတွေလဲပါတယ်ပေါ့ လေ ၊ အဲ့ မှာ ကျေးဇူးတရား ဆိုတဲ့  သဘောတရားတွေကိုပါတွေးမိလာတော့ တယ် ၊ပြီးတော့ မိသားစု အသိုက်အမြုံလးရဲ့  တစ်ယောက်နဲ့ 
တစ်ယောက်စိတ်ချင်းမှီခိုနေတတ်တဲ့  သဘောဝတွေပါ ခံစားနားလည်ပေးလို့  ပိုရလာတယ်။
အရင်က အသက်တိုတယ် ရှည်တယ်ဆိုတာ ကိုယ့် အတွက် ရေးကြီးခွင်ကျယ်မဟုတ်လှဘူး နေရသမျှ အခိုက်မှာ စိတ်ဖိအားနဲနဲ နဲ့  နေသာထိုင်သာရှိရင်ပြီးတာပဲ သဘောမှာ အခြေခံပြီး ဘ၀ကို
ဖြတ်သန်းနေတာမျိုး ။ ဆူဆိုက်ကို ဖီလင်မလာတာက အရင်က အယူကြောင့် ကနေ နောက်တော့  ၉လလွယ်၁၀လဖွား အသက်နဲ့ ရင်းပြီး လူ့ ဘ၀ထဲကို ပို့ ပေးခဲ့ တဲ့  မအေ့ ရဲ့  သက်စွန့် မေတ္တာ
သဘော ကျေးဇူးကို သတိထားမိလာတာနဲ့  သူရင်းပေးခဲ့ တဲ့  ကိုယ့် အသက်ကို လောကဓံဆိုးတွေကြောင့်  ဘာကြောင့် ညာကြောင့်  အသားလွတ် ကိုယ့် ဟာကိုယ် မဖျက်ဆီးသင့် ဘူး အသက်နဲ့ ရင်းပေးထားတဲ့  မအေ့ မေတ္တာရဲ့ ကျေးဇူးကို ထောက်ထားရမယ်ဆိုတဲ့  အမြင်အဖြစ်ပြောင်းလဲသွားတယ်
ကိုယ်တိုင်ကသာ အသက်တိုခြင်း ရှည်ခြင်းကို ပြဿနာမရှိဘူးဆိုပေမယ့်  ရုတ်တရက်သေလုမျောပါးနဲ့  မကျမ္မာလိုက်ချိန်က ကိုယ့် အသက် မတိုသင့် ပဲ တိုသွားမှာကို သောကကြီးနေတဲ့  ကိုယ့် မိသားစုမောင်နှစ်မတွေရဲ့  ဖီလင်ကို မျှဝေခံစား တတ်သွားတဲ့ အခါ ကိုယ့် အသက်တိုနိုင်ခြေရှိတဲ့  ကိစ္စတွေမှာ အရင်ထက်ပိုသတိထား နေထိုင်လုပ်ကိုင်မိတော့ တယ်၊ ကိုယ့် အတွက် အသက်ရှင်သန်ဖို့ ထက် သူတို့ တွေ စိတ်ချမ်းသာစေဖို့ ကိုယ့် အသက်ကို ကိုယ် တတ်နိုင်သမျှတော့  စောင့် ရှောက်ရမယ်ဆိုတဲ့  အမြင်ဆိုက်ပြောင်းသွားတာမျိုးဖြစ်လာတယ်...ဒီလိုပါပဲ ဘ၀အမြင်တွေဆိုတာ ဘ၀အတွေ့ အကြုံတွေကြောင့်  ထောင့် တွေပြောင်းလဲသွားတတ်တဲ့ သဘောရှိတာပါပဲ။
တနင်္ဂနွေဟာသလေးပေါ့ ဗျား...ငိငိ
့ တနင်္ဂနွေဟာသလေးပေါ့ ဗျား...ငိငိ
---------------
မနှစ်က ပြဿနာအတိုင်းပဲဗျ တစ်လမ်းလုံး ဘုံဆိုင် သုံး အ၀ီစိစက်ရေတွင်း ထိမ်းသိမ်းပြုပြင်ခတို့  လျပ်စစ်ခတို့  အစောင့် ခ ပုံမှန် မောင်းပေးခ အတွက် အခန်းတစ်ခန်းကို ၆ လတစ်ပိုင်းစာ
ဗမာငွေ ၆ ထောင်ကျပ် ဓမ္မာရုံကနေ အော်လံနဲ့ အော် ကောက်နေတာ တစ်ပတ်ရှိလာပြီ
အခု ဓမ္မာရုံက လမ်းသာယာရေးကော်မတီ အော်လံဆရာက အော်ရင်း အော်ရင်း ပေါက်ကွဲလာတယ်ဗျ..
ဟီး...ကျနော်တို့ ကောက်နေတာ တစ်ပတ်ရှိပြီ ကျနော်တို့ လဲ ကိုယ့် အလုပ်နဲ့  ကိုယ်တွေ ပထမ ၂ ရက်မှာတင် ၃ ခန်းပဲ ကျန်တော့ တယ် အလိုက်တော့ သိဖို့ ကောင်းတယ် အခန်း နံပတ်တွေ
ပြောရတာမျိုးမလုပ်ချင်လို့ ဗျ ကိုယ် အကြောင်းကိုယ်သိဖို့ ကောင်းဒယ်ဒေ ဘာဒေဖစ်လာရော..
.အဲ့ ဒါ ဒီ ဆန်းဒေးမှာ ကိုယ့် အိမ်ထဲ ကိုယ်အလုပ်လုပ်နေရင် ထိုင်ဟားနေရတဲ့ 
နော့်  ဂူလေးထဲ အသံ ရောက်လာတဲ့  တနင်္ဂနွေဟာသလေးပေါ့ ဗျား...ငိငိ
---------------
မနှစ်က ပြဿနာအတိုင်းပဲဗျ တစ်လမ်းလုံး ဘုံဆိုင် သုံး အ၀ီစိစက်ရေတွင်း ထိမ်းသိမ်းပြုပြင်ခတို့  လျပ်စစ်ခတို့  အစောင့် ခ ပုံမှန် မောင်းပေးခ အတွက် အခန်းတစ်ခန်းကို ၆ လတစ်ပိုင်းစာ
ဗမာငွေ ၆ ထောင်ကျပ် ဓမ္မာရုံကနေ အော်လံနဲ့ အော် ကောက်နေတာ တစ်ပတ်ရှိလာပြီ
အခု ဓမ္မာရုံက လမ်းသာယာရေးကော်မတီ အော်လံဆရာက အော်ရင်း အော်ရင်း ပေါက်ကွဲလာတယ်ဗျ..
ဟီး...ကျနော်တို့ ကောက်နေတာ တစ်ပတ်ရှိပြီ ကျနော်တို့ လဲ ကိုယ့် အလုပ်နဲ့  ကိုယ်တွေ ပထမ ၂ ရက်မှာတင် ၃ ခန်းပဲ ကျန်တော့ တယ် အလိုက်တော့ သိဖို့ ကောင်းတယ် အခန်း နံပတ်တွေ
ပြောရတာမျိုးမလုပ်ချင်လို့ ဗျ ကိုယ် အကြောင်းကိုယ်သိဖို့ ကောင်းဒယ်ဒေ ဘာဒေဖစ်လာရော..
.အဲ့ ဒါ ဒီ ဆန်းဒေးမှာ ကိုယ့် အိမ်ထဲ ကိုယ်အလုပ်လုပ်နေရင် ထိုင်ဟားနေရတဲ့ 
နော့်  ဂူလေးထဲ အသံ ရောက်လာတဲ့  တနင်္ဂနွေဟာသလေးပေါ့ ဗျား...ငိငိ
ခိုက်တတ်သည်ရဲ့  တွေးစရာတွေ....

ဒါက ကျနော့် လဇ်ထဲက ဆြာတစ်ယောက် တင်ထားတာတွေ့ လို့ သယ်လာတာ.။ လောကီပညာကျမ်းတစ်ခုခုထဲကနေမှာပေါ့ ။ သူ့ စာအရ နေ့ သားတွေဟာ သူ့ မူလ အလယ်အခြာ နံ နံတူပစ္စည်းကို မလှုကောင်း ခိုက်တတ်သည်လို့  ပါတယ်။
အဲ့  စာထဲက ဒီအပြုအမူဟာ မသင့် လို့  သဘော တားမြစ်ချက်သဘောကို ကျနော်က ပထမဆုံးအနေနဲ့  လက်ခံခြင်း ငြင်းပယ်ခြင်း စမလုပ်သေးပါဘူး..တွေးတာက မေးခွန်းတွေပါ..
ဘာကြောင့်  မလှုကောင်းရတာလဲ ခိုက်တတ်တယ်လို့ ဆိုတယ် ခိုက်တယ်ဆိုတာဘာလဲ အိမ်ထောင်ရေးလာ စီးပွားလားကျမ္မာရေးလား အမှု့ တွေ ဖြစ်မှာလား
အသက် တိုမှာလာ ဘာဖြစ်တတ်လဲ အကုန်ဖြစ်မှာလာ တစ်ခုခုကိုဖြစ်မှာလား အဲ့ လို ခိုက်တယ် လို့ ပြောလို့ ရတဲ့ . အဖြစ်အပျက်မျိုးတွေ ဖြစ်ခဲ့ ဖူးလား သိသာတဲ့  ခိုက်ခံရတဲ့ သူတွေ ဘယ်သူတွေ သက်သေရှိလဲ .. ခိုက်တယ်ဆိုရင် ဘယ်လောက်အထိခိုက်သလဲ ဘ၀ပျက်တဲ့ အထိလား ။ နောက်တစ်ချက်က မလှုကောင်းဆိုတဲ့  အလှုပစ္စည်းတွေဟာ ၂ ပဲ ခြောက်ပြားလောက်နဲ့  လှုဖို့ မလွယ်တဲ့  ပစ္စည်းတွေချည်းပဲ အတော်သိသာတဲ့  ငွေပမာဏ သုံးပေးရတဲ့  အလှုမျိုးတွေ အဲ့  အလှုပစ္စည်းတွေကို
တော်ယုံမလှုဖြစ်ကြဘူး..နောက်ဆက်တာက လှုလဲ လှုချင်တယ် ခိုက်မှာလဲ စိုးတယ်ဆိုရင် မခိုက်ပဲ လှုလို့ ရတဲ့  အဖြည် မရှိဘူးလားပေါ့ ..သဘောက တုံးတိကြီး တားမြစ်ချက် ဆန်တဲ့  စာမျိုးတွေအတွက် အဲ့ လိုတွေ ဆက်တွေးစရာတွေ တန်းစီ ထွက်လာတယ်..
ကျနော့် အဖေကိုယ်တိုင်က ဟူး နေ့ သားပါ...စာထဲက တားမြစ်ချက်တွေထဲပါတဲ့  ရေကန်ရော ရေတွင်းပါ ရန်ကုန် နဲ့  မင်းကွန်းမှာ တည်သွား လှုသွားခဲ့ တယ် ပုံမှန်စိတ်နဲ့ ပါပဲ စာသင်သား ကိုယ်တော်တွေ ရေကန်နဲ့  ရေများများချိုးနိုင်အောင်နဲ့  မင်းကွန်းက တောရချောင်မှာတော့ တောင်စောင်းကို လွှာလုပ်ထားတဲ့ ရေကန်ကြီးပေါ့  ရေသိုလှောင်ဖို့ ..အဲ့ ဒါတွေ အသက် ၅၀ တန်းလောက်မှာ
လှုခဲ့ ပေမယ့်  ဘ၀ကတော့ ပုံမှန်ပါပဲ ၇၀ ကျော်မှ ဂိ ပါတယ်..
.ပြောချင်တာက ယုံခြင်း မယုံခြင်းထက် အဆိုတစ်ခု စချပြလိုက်ရင် ဘာကြောင့်  အဲ့ အဆိုကို ပြုရတာဖြစ်တယ် လက်တွေ့  သက်သေက ဒီလိုတွေရှိတယ် ..စသဖြင့် ပေါ့ ..ခေတ်က မေးခွန်းတွေတန်းစီတက်လာတဲ့ ခေတ်ဖြစ်နေတော့ လေ..
---------------------------
--------------------------------------------------------------------
ဟိုပိုစ္က ဒီလိုပါခမ်
---
ဟုတ်ဗျ အဓိကက အဲ့ လို ဗေဒင်လောကီစာ ရှေးစာတွေ ဖတ်လိုက်တာနဲ့  ကိုယ့် စိတ်နဲ့  တိုက်ဆိုင်ခြင်း မတိုက်ဆိုင်ခြင်းပေါ်မှာ တန်းပြီး ယုံတယ်၊ မယုံဘူး မှန်တယ်မမှန်ဘူး ချက်ချင်း မဆုံးဖြတ်သေးပဲ ဆက်တွေးကြည့် တာ နောက်ကွယ်မှာ ဒိထက်ပိုတဲ့ အနက်တွေ ရှိနိုင်လား စသဖြင့် ပေါ့  တစ်ချို့ စာတွေက ဖတ်လိုက်တာနဲ့  တန်းငြင်းချင်စရာ စောဒကတက်စရာတွေ တွေ့ နိုင်တယ်ပေါ့ ဗျာ။
( ကြားခဲ့ ဖူးတဲ့  စကားမှာ ဒါဟာ အခါတိုင် ရဲ့ ခိုက် သဘောကို ဆိုလိုတာလို့ ဆိုတယ် တနင်္ဂနွေသား ဘုရားတည်တာ စိတ်ထားမမှန်ပဲ ဂုဏ်ပကာသနဆန်တဲ့  စိတ်နဲ့  တည်ရင် တနင်္ဂနွေတိုင်ရဲ့  ခိုက် စနေနံ ခိုက်အားဝင်သွားပြီး ဘုရားတည်ပြီးချိန်တို တည်နေချိန်တို့ မှာ အရှက်တကွဲအကျိုးနဲတွေ ကြုံရတတ်တယ် ဆိုတာမျိုး တနင်္လာသားက နံတူ ကျောင်းကြီးဆောက်လှုဒါန်းတာ စိတ်ထားမမှန်ရင်
တနင်္လာ နံ တိုင်ရဲ့  ခိုက် တနင်္ဂနွေနံ ကိုယ့် မိသားစုတွေ ကျောင်းရေစက်မချခင် ချပြီးမှာ ဖယိုဖရဲတွေ ဖြစ်လာကုန်တတ်တယ် ဆိုတဲ့ သဘော.
.( ယေဘူယျကတော့  ဘ၀င်မြင့် ရင် သဒ္ဒါစစ်ထက် ပကာသနဟန်အကြွားများရင် ကိုယ့် နံတိုင်ရဲ့  ခိုက်ဓါတ်သဘောဝင်လာပြီး မကောင်းတာတွေ မျော်လင့် မထားတွေ ကြုံလာတတ်တယ်သဘော) .စသဖြင့်  စသဖြင့် တွေ့ ပေါ့ ..
အဲ့ လို အခါတိုင်နဲ့  ချိတ်ဆက်ပြတော့ ဂလိုဆိုတော့ လဲ ယုတ္တိကရှိလာသလိုလိုပေါ့  စလောင်းဖုံး ၂ ချပ်တီးရင် ကျားကိုက်တတ်တယ် ဆိုတာ အများစုက နိုးယုတ္တိပေါ့  တစ်ချို့ က မြေအိုးတွေမို့  အဖုံးတွေ
ကွဲမှာစိုးလို့  ဘာညာသာရကာတွေပေါ့ ...ဆရာ နဲ့ ဆရာကြီးတို့  လက်ထဲရောက်တော့  တြင်းန၀င်း ယတြာပညာဖြစ်သွားတယ် စလောင်း ဆိုတာ ဇလပ်ဆလပ် ဇီဇ၀ါ ဆိုတဲံ တနင်္ဂနွေတိုင်ရဲ့  တြိစတု၊ ကျားက တနင်္ဂနွေတိုင်ရဲ့  အညွန့်  တနင်္လာနံ ကံကော့် ..အဲ့  အညွန့် + တြိ + စတု = အဲ့ သုံးခုကို
ကိုပေါင်းရင် တြင်းန၀င်းဆိုတဲ့  ၉ န၀င်း ကံအဖွင့် ဓါတ်ရလာတယ်ပေါ့  ဂလိုဒေပေါ့ ဗျာ...
အခု ဘုရားကျောင်းဇရပ်တွေ ကိစ္စကိုတော့  ဟုတ်မဟုတ်တော့  စောင့် မကြည့် လိုက်မကြည့် ခဲ့ ဘူး လှုခဲ ကြုံခဲ ဖြစ်ခဲတဲ့  ကိစ္စတွေ ဖြစ်သလို ဒဲ့  တွေးချက်က ကိစ္စက ကိုယ့်  ကိုယ်ကျိုးစီးပွား ကိုယ် နဲ့  ကံဆုံသူတွေရဲ့  အကျိုးစီးပွားနဲ့ ဝေးရင် အာရုံမလာ ပြဿနာလုပ်မနေတော့ သဘောပေါ့ .
..ပြီးတော့  တားမြစ်ချက်တို့  တိုက်တွန်းချက်တို့ က လတ်တလော အကျိုးစီးပွားကို ဘယ်လောက်အထိ ပံ့ ပိုးနိုင်လဲကို ပိုတွက်လာတယ်ပေါ့ ဗျာ...အရင်က ကျနော်ရေးခဲ့ သလိုပဲ သက်တမ်းက တိုသလိုလို ရှည်သလိုလိုခေတ်ဖြစ်လာလို့  နောက်အနှစ် ၂၀ မှာ ခြံတွေကားတွေ ပိုင်လိမ့် မယ့် ဆိုတာက နားထောင်ကာင်း အားတက်စရာ ဒါပေမယ့် အခုလောလောဆယ် နော့် စော်လေးက နော့် ကို စာဖတ်သွားတာ နော့ မှာ စာရွက်တွေ ပြဲကျန်ခဲ့ ပီ အာ့ ဘိုလုပ်ရမဲ ဆိုတာပြဿနာက ပိုအရေးကြီးနေတယ် ဒါဟာ အခုခေတ်ထဲ ဖြစ်လာတဲ့ ဗေဒင်မေးသူ အများစုရဲ့  စတိုင်ပဲ
ဒါကို ကျနော်တို့  လတ်တလော အရှုတ်ထုတ် အုံးစားစရာတွေကို အဓိက ဖြေရှင်းရေး သဘော ပစ်မှတ်တွေဖက် ချိန်းသွားနေတဲ့  ဗေဒင်စတိုင်လို့ ဆိုလိုတာ...အဟောမိန်းထက် ပြဿနာများ အဖြေရှာတာဝိုင်းဖြရှင်းကြတာအဓိကသဘောပေါ့ လေ..
ရင်နဲ့ အမျှ...........
ရင်နဲ့ အမျှ...........
------
သူ့  ဂီတတွေ ကျနော်တို့  ရင်ဘတ်ထဲ စရောက်လာချိန်က ကျနော်တို့  စတိတ်ကျောင်းသားဘ၀ပေါ့  သယ်ချင်းတို့ ရယ်။ ခေတ်တွေ အလီလီပြောင်းလို့  သံစဉ်သစ်တွေ အမျိုးမျိုးပေါ်ခဲ့ ပေမယ့်  ခေတ်နဲ့ အပြိုင်ဖြစ်လာတဲ့  သံစဉ်သစ်တွေကိုလဲ မျှဝေခံစားပေးနိုင်သလို ရင်နဲ့ အမျှ ကျွမ်းမိခဲ့ ရတဲ့ သူ့ ဂီတတွေကလဲ ကျနော်တို့ ရင်ထဲမှာ သူတို့  သေသည့် တိုင် ဂန္တ၀င်မြောက် ဂီတတွေပါပဲ...
.ကျနော် တို့ ဖြတ်သန်းခဲ့ ရတဲ့ ဘ၀တွေ အတွေ့ အကြုံတွေ နဲ့  နှလုံးသားဒဏ်ရာတွေဆိုတာ
သူ့ ရဲ့ ဂီတနဲ့  ထပ်တူထပ်မျှ ခံစားခဲ့ ရတာမို့ ကိုဗျာ.........
--
ခေတ်တွေ ပြောင်းလို့ လူ့ ဘ၀တွေဆိုတာ လောကဓံဆိုးတွေရဲ့  ကံကြမ္မာ အလှည့် အပြောင်းတွေအောက်မှာ ဗျောက်သောက်တွေ ဖြစ်ကောင်း ဖြစ်သွားနိုင်ပေမယ့် မယ့် 
ငယ်ချစ်ဆိုတာ အနှစ်ရာတိုင်စေ ငယ်ချစ်ပါပဲ....
----------------
လူတစ်ကိုယ်စီရဲ ဖြတ်သန်းခဲ့ ရတဲ့  မမျှော်လင့် တွက်မထားမိတဲ့  ဘ၀ အနေအထားတွေကြောင့်  ငယ်ရုပ်သွင်နဲ့  အသွင်ပြောင်း တစ်မျိုးတစ်ဖုံ ယာယီဖြစ်ကောင်းဖြစ်သွားနိုင် ပေမယ့် ......
----------------------------------------
အဲ့ အပေါ်မှာ တဒင်္ဂ ဖီးလ်ဖြစ်ခဲ့ မိရင်တောင် စွဲလမ်းမြတ်နိုးခဲ့ ရလွန်းတဲ့  ဘယ်တုန်းကမှ ဟောင်းမသွားသေးတဲ့  အတိတ်ဟောင်းတွေက လွမ်းစရာဘ၀တွေ အကြောင်း မမေ့ ရက်နိုင်ကောင်း ဖြစ်နေဆဲတွေတက ကိုယ့် ရဲ့  ငယ်ချစ် ဂီတသမားတွေ အပေါ်ထားမိတဲ့  ချစ်ခြင်းသဘောတရားပါပဲလို့  ဆိုပါရစေ.......
--------------
အထူးသဖြင့် ထပ်တူ မျှဝေခံစားမိရတာတွေထဲမှာ ကျနော့်  ရဲ့  ကျနော် ဘ၀အတွက် အလွန့် ကိုမှ တန်ဘိုးကြီးလွန်းလှတဲ့  ကျနော့်  အဖေရဲ့  ကျောက်ကပ်ဝေဒနာအတွက် ရောဂါကုဖို့  ကျနော့် အဖေကို အသက်ဆက်လက်ရှင်သန် စေလို့ တဲ့  ခံစားမှု့ အတွက် လိုအပ်တဲ့ ငွေကြေး ဆိုတာ............
------------------------------------
အဲ အချိန်မှ ဓားပြတိုက်မှ အဲ့ငွေရမယ်ဆိုရင် ဓားပြတိုက်ဖို့  ၀န်လေးနေမယ့် မဟုတ်ဖူးလို့ .. အဲ့ အချိန်က ကိုယ် အလွန်ချစ်ခင်မိ သံယောဇဉ်တွယ်မိတဲ့  ကျနော့် အဖေပေါ် ထားမိတဲ့ သားကြီးသြရသရဲ့  ဖီးလ်ကို ကိုယ့် စိတ်ကိုယ်ပြန်တွေးရင်း... မျှော်လင့် မထားမိတဲ့  လောကဓံတရားဆိုးတွေအပေါ်..ကံမျက်နှာသာ အပေးမခံရလွန်းချိန်ရဲ့ ဘ၀ကို .............ကြေကွဲလွန်းရတယ် ...........
--------------
မျှဝေခံစားပေးတတ်ခြင်း..ကိုယ်တွေ့ နဲ့ ယှဉ်ခြင်း..ဘ၀တကွေ့ မှာ ထွက်ပေါက် လမ်းမဲ့ နေလောက်အောင် ချောင်ပိတ်ခံလိုက်ရတဲ့  ဘ၀ဖြစ်တည်မှု့  အနေအထား ကံကြမ္မာမျိုးတွေကို ရင်ဆိုင်လိုက်ရတဲ့ အခါ..
---------------------------------------
အသည်းနှလုံးရဲ့ ပြင်းထန်တဲ့  နာကျဉ်ခြင်း ကြေကွဲခြင်း ခံစားမှု့ တွေ နဲ့  အတွေး စဉ်က အသိတရားအရ သင့် ၏ မသင့် ၏ သဘောတွေ ကိုယ် အလွန်အမင်း တန်ဘိုးထားမိခဲ့ ရသူတွေ အတွက် တစ်ခုခုနဲ့  လဲယူရတော့ မယ်လို့  ဆိုတဲ့  အနေအထားတွေကို ထိပ်တိုက်ကြုံတွေ့ လိုက်ရတဲ့ အခါ......
.ကိုယ့် မှာ နဂိုက ရှိနေ ကိုင်စွဲထားတဲ့  ကိုယ်ပိုင်မာနတွေဆိုတာ.......
......................သိပ်ကြေကွဲစရာကောင်းလှတယ်..................
ပု ဒိ အာ
ကိုယ့် ခေးတွေကို ပညာရည်ထူးချွန်စေလွန်းတဲ့ အမေအဖေတွေကို ( ခေးတွေအတွက်လာသမျှမှာ ၁၀ယောက်မှာ ၉ယောက်က အမေတွေနဲ့ ချည်းဆုံရတာဗျား အဲ့ ဒါ ကျနော့်  စိတ်မှတ်တမ်းပဲ )...
အမေတွေ လုပ်ရာလွယ်တဲ့  ဂါထာက မြတ်ဘုရားရဲ့  ဥာဏ်တော်သုံးပါးကို ကိုယ်စားပြုတဲ့  ပု ဒိ အာ ကို အရဟံ ဂုဏ်တော်လို ကလေးအတွက် ဆုတောင်းအာရုံပြု
ပူဇော်စေတာပဲဗျာ ပထမဆုံးအလွယ်နည်းက ကလေးစာမေးပွဲသွားဖြေခါနီး သူ့ ခေါင်းလေးကို လက်လေးနဲ့ အုပ် ပုဒိအာ ပုဒိအာ လို့  စိတ်ထဲကနေ မန်းပေးလိုက်ပါလို့ မှာတာ
ကလေးကိုယ်တိုင်က စာဖတ်ရင်းမေ့ နေရင် ကျက်မရဘူးဆိုရင် ကိုယ့် ခေါင်းကိုယ် ကိုယ့် လက်နဲ့ ကိုယ် ပြန်အုပ် ပုဒိအာ ပုဒိအာလို စိတ်ထဲကနေ ဘုရားအာရုံပြုပြီး ပြန်သပ်ပေးလိုက်ပြီးမှ စာဆက်ဖတ်လို့ မှာပေးတာ
ကလေးအတွက် ပုတီးစိတ်ပေးချင်တယ်ဆိုတော့ လဲ အဲ့  ပုဒိအာကိုပဲ ပုတီး ၁ပတ်တို့  ၃ ပတ်တို့ တစ်ထိုင်စိတ်ပေးလိုက်ပေါ့  မှာတာမျိုး
ရွှီးလဲရွှီးပေးလိုက်ရ ချွေးသိပ်လဲပေးလိုက်ရ န၀င်းပါရိုက်ပေးလိုက်ရ
ရွှီးလဲရွှီးပေးလိုက်ရ ချွေးသိပ်လဲပေးလိုက်ရ န၀င်းပါရိုက်ပေးလိုက်ရ
--------------
အရင်က ရေးပြခဲ့ တဲ့  သုည အဓိပတိဖွား ဟူးသမီး မွေးချိန် ၂ အမျိုးသမီး ရီးစားအဆင့်  လစ်ဗင်းအဆင့် တွေအထိမှာ အဆင်ပြေနေပေမယ့်  အိမ်ထောင်တည်ဆောက်လိုက်တိုင်း ကွိုင်တွေတက် ကွဲ နဲ့  သုံးယောက်မြောက်မှာ အိမ်ထောင်ရေးကို လက်လျှော့ သွားတဲ့  ရေပေါ်ဆီအလွှာတွေကို ချဲရောင်းစားတဲ့ အမျိုးသမီး ဒီမနက် ၀ုန်းဒိုင်းနဲ့ ရောက်လာတယ်..
န၀င်းက နဂိုကတည်းက ခဏခဏလာထိုင်နေကျပဲ..လစိတ်ချိန်ထိုင်နေကျ။ ..အခု သူ့ အသက်က ၄၈ နှစ်ထဲဝင်စလထဲရောက် အင်္ဂါ မရဏသက်ရောက်ပေါ့ ။...ငွေအောင်မြင် အိမ်ထောင်မအောင်မြင် သားအိမ်ထုတ်ထားသူ အိမ်ထောင်တော့ မရှိ ဘာညာသာရကာတွေ ရှိမရှိတော့ မမေးဘူး
( အဲ့ အတွင်းသဘောတွေအထိ လိုက်မေးစရာမလိုဘူးလို့ ခံယူထားလို့ )
အဟောခံ အပြန်အလှန်မေးလုပ်ခဲ့ တာကြောင့်  သက်ရောက်တစ်ခုဖြတ်ရင် ဘာအဓိက ကြုံတတ်လဲဆိုတာလဲ သိနေပြီ ( သူများကိုတောင် မေးစမ်းပြီးစိတ်တွက်နဲ့  အကဲဖြတ်တတ်နေပြီ)..ဒါက ကျနော်နဲ့ တော်ကီလွှတ်တာများလာတဲ့ လူတွေမှာ သက်ရောက်ရဲ့ အဓိက ဘေ့ စစ်သဘောတွေ လူ့ ဘ၀မှာ ဘာက သာမည ဘာက အဓိကလဲ သဘောတွေကို အတော်များများ ရိပ်မိတီးခေါက်မိကုန်တတ်တယ်)
သူလာတာက ပျားတုတ်လာတာ..ဆေးသွားစစ်တာ သားအိမ်ခေါင်း ကင်ဆာ အဆင့် ၁ တွေ့ နေတယ်တဲ့  ဒီတနင်္လာနေ့ မှာ ပြန်ပြီး ပြရမယ်..အဲ့ အတွက် ယတြာ..နဲ့  ဘယ်တော့ န၀င်းလာထိုင်ရမလဲပေါ့ ၊ အရွယ်နဲ့ မလိုက်အောင်နုဖတ်နေတဲ့  လှတပတ မျက်နှာလေးမှာ ချွေးသီးလေးတွေတောင် စို့ လို့ ..သနားစရာ...ကင်ဆာ ခေါင်းစဉ်နဲ့ ဆိုတော့  တုန်လှုပ်မှာပဲ ကိုယ် အရိုးအဆီဖုံးတာကို အရိုးကင်ဆာထင်တယ်လို့  မှတ်ချက်အချခံရတုန်းကလဲ အဲ့ လိုပဲ ပျားတုတ်ခဲ့ တာပဲလို့  ကိုယ်ချင်းစာ.....
အဲ့ ဒါနဲ့  ကျနော်က စရွှီးတော့ တာပေါ့  ( ရွှီးကြောင်းပြောတာက သားအိမ်ခေါင်းကင်ဆာကို အတွင်းကျကျ ဆရာဝန်လိုမသိဘူး ကြားဖူးဖတ်ဖူးတာပဲရှိတာမို့ )....အဲ့  အဆင့် ၁ ဆိုတာ မရှိဘူးပြောတာနဲ့  အတူတူပဲ...ကျနော်တို့  ဗမာပြည်သားတွေရဲ့ ဘယ်သူ့ အသည်းသွားစစ်စစ် အားလုံးအိုကေနေရင်တောင်မှ အသည်းနဲနဲ အဆီဖုံးနေတယ် ပြောလို့ ရတာမျိုး..စားခဲ့ ရတဲ့  ဆီတွေက သန့် မှမသန့် ခဲ့ တာလေဗျာ...အဆင့် ၁ ဆိုတာလဲ ဒီက အမျိုးသမီးအတော်တော်များများ ဆေးစစ်ကြည့် ရင် ရှိနေတတ်တယ်...အဲ့  အဆင့် ၁ က နေ အနှစ်၂၀လောက်အထိ ထပ်တက်မလာတာတွေ တစ်ပုံကြီးပဲ ကျေးလက်မှာ ဆိုတစ်ပုံကြီး
( ဟုတ်လားတဲ့ ...စိတ်တော့  သက်သာသွားပုံရတယ် ငိငိ)...ကိုယ်က မြို့ သူဆိုတော့  ဆေးတွေဘာတွေစစ်နဲ့ ဆိုတော့  ကံကောင်းတာပေါ့  လိုအပ်တာ လက်ဦးမှု့ ရ ကာကွယ်ကုသလိုက်တော့ ဇယားမရှုတ်တော့ ဘူးပေါ့ ....အခုလို ကြိုသိရတာကလဲ အရင်က ယတြာတွေလုပ်ခဲ့  အရွက်တွေ လှုထားလို့  အဲ့  အကျိုးဆက်က တစ်ခုခု မကြီးကျယ်လာခင် ကြိုသိခွင့် ရတာ...တကယ်က အဆင့် ၃ လောက်မှ ကြောက်ရတာ ဒါလဲ အဲ့ အဆင့် သုံးလောက်ရောက်ဖို့ ဆိုတာ နှစ်တွေအကြာကြီးကြမှ ဖြစ်လာတတတ်တာ တစ်ချို့ ဆို အသက် ၆၀တွေဘာတွေကျော်မှ ဖြစ်ချင်ထဖြစ်တာ ..လို့ ဆိုလိုက်တော့  မျက်နှာက ပုံမှန်ပြန်ဖြစ်လာတယ်
ဒါနဲ့  ဒီနေ့  ဆေးခန်းသွားမှာဆိုတော့  အခုပဲ န၀င်းထိုင်သွားလိုက် ဆေးခန်းထဲမှာ ကံကြမ္မာ အမှား ဆုံးဖြတ်ချက်အမှားတွေမဖြစ်တော့ ဘူး ဇယားရှင်းတာပေါ့ လို့  ဆိုလိုက်တော့  တက်ကြွပြီး န၀င်းထိုင်သွားပါရောဗျ...
( သူပျားတုတ်လာတဲ့ အချက်ထဲမှာ အင်္ဂါသက်ရောက်ဟာ တနင်္လာနံ ခိုက်တယ်လို့ ဆိုတော့  ဒီနေ့  ဆေးခန်းပြန်ပြရမှာကလဲ တနင်္လာနေ့ ကြီးဖြစ်နေလို့ ..လို့ ဆိုတာ ပါလာသေးတယ် ဒါလဲ ကျနော်က မဆိုင်ဘူးလို့ တော့ မပြောပါဘူး ဒါပေမယ့်  ကျနော်တို့ က ရှောင်လို့ ရရင်ရှောင်ကြည့် မယ် ရှောင်မရရင် အဖြည်ယတြာကစားပြီး လုပ်စရာရှိတာ လုပ်မယ်လေ..ဆိုပါတော့  ကိုယ်က ဟူးသမီးဆိုတော့  စပယ်ပန်းရေစိမ်ချိုးသွားတာ ရေချိုးချိန်မမီရင် စပယ်ပန်းရေစိမ် မျက်နှာသစ်သွားမယ် လူမှာဆောင်သွားမယ်ပေါ့  စပယ်ပန်းဘုရားလှုသွားမယ်ပေါ့ ဗျာ..လို့  အဲ့ လို အဖြည်တွေရှိပါသေးတယ်ပေါ့ ဗျာလို့  ရှင်းပြလိုက်တာပေါ့ဗျာ)
'' ပန်းကလေးတွေများဟာလဲ..''
'' ပန်းကလေးတွေများဟာလဲ..''
--
အချစ်နဲ့  အချစ်မှာ အချစ်ပဲလိုတယ် အထိ
ပန်းကလေးတွေပွင့် လို့  ကောင်းကင်ကပြာလွင်လို့ 
တိမ်နုလွှာ နဲ့ လေပြေညှင်းဆိုတာ
ရယ်ပွဲဖွဲ့  ပြေးလွှား ဆော့ ကစားလို့ 
မြက်ခင်းစိမ်းလေးတွေဆိုတာ ယိမ်းနွဲ့ လို့ ကဟန်ချီခဲ့ ...
အို...ချစ်ခြင်းတရားတွေ နဲ့  တလောကလုံး....
အားလုံး အားလုံး...ပျော်ခြင်း အတိပေါ့  အချစ်ရယ်.......
အချစ် နဲ့ အချစ်ကနေ အချစ်နဲ့ တင်မပြီး
ဆိုတဲ့ တစ်နေ့  ဆိုက်ရောက်လာတဲ့ အခါမှာတော့ 
အချစ် နဲ့ အချစ်ကြားမှာ.....
♫ ♪♫ ငွေလ၀န်ုး..အစဉ်အမြဲ မသာပါဘူး..
စမ်းရေတိုင်း မအေးဘူး..ပန်းကလေးတွေများဟာလဲ
အမြဲ...တဲ့ လား အချစ်.....
မဖြေပါနဲ့ ...မဖြေလိုက်ပါနဲ့ နင်..
..ငါ့ ရင်မှာ....ငါ့ ရင်မှာ...
မခံစားနိုင်ဘူး နင်........
♫ ♪♫
နှစ်ယောက်သား ဝေးရင်
နှစ်ယောက်သား ဝေးရင်..♫ ♪♫ ။
------------------
-------------------
အချစ်
---------------
အစားအသောက်တော့ အပျက်မခံပဲ
သေလုမျောပါး လွမ်းပြတတ်တာလဲ
အချစ်ရဲ့  သမားစဉ်တွေထဲက ပြယုဂ်တစ်ခုပဲနဲ့ တူပါရဲ့ မေ
---------------
-----------------
အချစ်
----
တုန်နေအောင်ချစ်တယ်
ဘယ်တော့ မှ အိုမင်းမသွားဘူး
ဘာကရိုက်တာမှ ထည့် မတွေးမိဘူး
တအားကို ချစ်တတ်တယ်..
ဘာတံဆိပ်တွေ လာတပ်တပ်
ချစ်ခြင်းသဘောကနေ တရွေးမှ လျော့ မသွားတတ်ဖူး...
အဲ့ ဒါလဲ အချစ်စိတ်ရဲ့ သဘောပဲ.......
--------------------------
------------------------
အလွမ်း ညနေခင်း..
ဆောင်းလေညှင်းကိုက
ရင်တွင်းနွေ....
---------------
-----------
ရှိသမျှ သွေး
----
''စချစ်ရင် သောက်ကျိုးနဲ ဇောက်ထိုးလဲမတတ်ချစ်ပြတတ်ကြပြီး
ချစ်နေရင်းကနေ ဟတ်ကော့ကြီး ဖစ်ပီး ကွဲသွားရင်
ဒတ်လဗိုင်လိုက် ရုတ်တရက်ကြီး အသဲကွဲကျန်ခဲ့ တယ်...'
--------------------
------------
နှင်းဝေတဲ့ ဆောင်း
နှင်းဝေတဲ့ ဆောင်း
--------
ဒီမနက် အိမ်က မိမော်မေမတွေ ရိုးရာကန်တော့ တော့  အိမ်မှာ မနက်စာအဖြစ် ကောက်ညှင်းပေါင်း ငါးကြော် အုန်းရေ အုန်းသီးစိတ် ထန်းလျက် မုန့် ကြာစိ မုန့် ဆန်း တွတ်တီးတွေရှိနေမှန်းသိတာပေါ့ လေ...အိပ်ရာနိုးတော့  ငယ်ထိပ်က မွှန်တွန်တွန်ဖြစ်နေတာနဲ့  အပူတစ်ခုခုသောက်ရရင် ကောင်းမယ်လို့  မီးဖိုထဲက အိုးတွေ လျှောက်လှန်တော့  ကြက်တောင်ပံရိုး စွပ်ပြုတ်လိုလို တွေ့ ရော.
..အရည်ကညိုညစ်ညစ်နဲ့ ..ဒါနဲ့ နွှေးလိုက်ပြီးမွှေကြည့် လိုက်တော့  ကြက်သွန်ဖြူ ပါးပါးလေးတွေ ဂျင်းပါးပါးလေးတွေ ငရုပ်သီးဓားပြားရိုက်တွေနဲ့ အဖတ်လေးတွေ နဲ့  ထွက်လာတဲ့  ကြက်တောင်ပံရိုးစွပ်ပြုတ်က...အဟားးး...စွန်တန်ဟင်းချိုတွေကို.နှင်းဝေတဲ့ ဆောင်းမနက်နဲ့  ချိုချဉ်ငံစပ် ကြက်ရိုးကိုက် စွန်တန်ဟင်းချိုပူနဲ့  ရိုးရာနတ်ကန်တော့ ပွဲက ပွဲတော်ကျတွေ နဲ့ ........အဟီး...တစ်ခါမှတွဲဘူးဘူး..ခ်ခ် ဘာဘဲဖြစ်ဖြစ် ဟင်းခါးပူလေး တစ်ဇွန်း နှစ်ဇွန်း သုံးဇွန်းနဲ့ ခပ်သောက်လိုက်တော့  အမွှန်သက်သာသွား လူလန်းသွားရောလို့ စ်..
အဲ အဲ...ဦးရှင်ကြီးလာတင်ခက ၇၀၀၀ကျပ်တဲ့ ဗျ..မဆိုးဘူး ဓနုဖြူဒေါ်စောရီမှာ
ထမင်းသွားစားလို့ ရပြီ...ငိငိ .သူ့ အရင်းက ၂၀၀၀ဖိုးလောက် ရှိလောက်မယ့်  မုန့် ဆန်း
ရခိုင်ငှက်ပျော် သုံးလေးလုံး လဖက်သားနဲနဲ နဲ့  သူ ကျက် ထားတာတွေ လာရွတ်ပြတာ..၁၀မီးနစ်တောင်မကြာဘူး ၀ရူးဝရူးနဲ့  ပြီးသွားရော...ငိငိ ..
အဲ့  ဦးရှင်ကြီးရွတ်နေတာ ထိုင်ကြည့် နေရင်း...လွန်ခဲ့ တဲ့  နှစ်နဲနဲက လိုက်ပို့ ခဲ့ ရဘူးတဲ့  စိန နာရေးတစ်ခုကို သတိရလိုက်သေးတယ်စိန နာရေးသာဆိုတယ် ဓလေ့ တွေက ရောသုတ်နဲ့ လုပ်တာဗျ..ခ်ခ်..သုဿန်တင် သရဏဂုံလဲတင် စိနရိုးရာ ဘုန်းကြီးတွေပင့် ဖိတ်လုပ်တာ..၊ ရှောင်လင်ဘုန်းကြီးတွေနဲ့ ခပ်ဆင်ဆင်ရယ်...သက်လွတ်ကျောင်းကလို့ တော့ ဆိုတာပဲ ဘယ်ကျောင်းလဲတော့ မသိဘူး..
အဲ့ မှာ..ရယ်ချင်ချင်ဖြစ်တာ ကိုယ်တော်က ညှက်ညှက်သေးသေးလေး အဟန့် သိပ်မရှိဘူးပေါ့ လေ..ပြီးတော့  တစ်ပါးထဲ ချီတက်လာတာ....အဲ့ မှာ လုပ်ပုံက သူလွယ်လာတဲ့  လွယ်အိပ်ထဲက
ဝေါ့ မန်းအိပ်ဆောင်ကက်ဆက်လေးကိုထုတ်ပြီး နာရေးဖြစ်သွားတဲ့  ဆရာင်္ကြီးရဲ့ 
ခေါင်းရင်းမှာ ခလုပ်ဖွင့် ပြီးသွားချထားတာ ၅ မီးနစ်ကျော်လောက်တော့ ကြာမယ် အဲ့ အသံဖမ်းစက်လေးထဲကနေ တရားဂါထာ ရွတ်သံတွေ ထွက်လာရောဗျား.ကိုယ်တော်က အဲ့ ဒါလေး ဖွင့် ပေးခဲ့ ပြီး ကုလားထိုင်မှာ ယပ်တောင်လေး အေးအေးလုလူခပ်ပြီးသွားထိုင်နေရောဗျာ
ကဲ..ပြီးရော..ဟီးဟီး... နော်တို့ က အဲ့ စက်ထဲက ဓမ္မတွေ ထိုင်နားထောင်နေရတာမျိုး...ခ်....
ဓမ္မသံတွေက တရုပ်သရဲကားထဲက ဓမ္မသံတွေအတိုင်းပဲ.အဲ့ အသံတွေနားထောင်နေရင်းက ကိုယ်ထိုင်နေတဲ့ နာရေးမေ့ သွားပြီး တရုပ်သရဲပုံပြင် ရုပ်ရှင်ဇာတ်လမ်းတွေထဲက ဟို
အထက်လမ်းဆရာ ဓါတ်ရှင်မင်းသား မျက်နှာကြီးသွားမြင်ယောင်လာတာ.ကွကိုယ်
ကျိတ်ရယ်မိရော ခ်ခ်..။.အာ့ လေး တွေးမိပြီး ဦးရှင်ကြီးလဲ အဲ့ လိုတင်ရင်ကောင်းမယ်လို့  တစ်အိမ် တစ်ခါရွတ်ပြနေရတာကနေ အာမညောင်းလောက်တော့ ဘူးလို့ ...ဟီးဟီး...
အမြင်များပြောင်းလဲခြင်း
အမြင်များပြောင်းလဲခြင်း
-----
ပြောင်းလဲတတ်သော အရာတွေဟာ ပြောင်းလဲတတ်လေသည်ဆိုတဲ့  ပြောင်းလဲခြင်းသဘောကို လက်ခံနိုင်ရင်ပေါ့ 
---------
ဗေဒင်ကိုစလိုက်တုန်းက ကိုယ့် ဘ၀အတွက် ဘာရမလဲက စခဲ့ တာ၊ နောက်တော့  လူပီပီ ဟောကြည့် ချင်တယ် ကိုယ်ဟောတာမှန်တယ်လို့  အပြောခံချင်တယ် အဲ့ မှာ အတော်ကြာခဲ့ တယ် နောက်ပိုင်း အဲ့ စိတ်ကို ပြန်စစ်တော့  ကိုယ့်  အတွက်ကိုယ်သာ ဆိုတဲ့  စိတ် (၀ါ) ကိုယ့် အတ္တအတွက်သာ မြင်တဲ့  အမြင်ကပိုလွှမ်းမိုးနေတာ ကိုယ့် ကိုယ်ကိုယ်မြင်လာတယ်။..
.အဲ့ မှာ ကိုယ့်  နဂိုဗီဇ သဘော တစ်ခြမ်းစောင်းအမြင်တွေကို ဖီလင်မလာတတ်တာ ဘက်မျှ အမြင်သဘော စိတ်ကူးထည်နဲ့  လက်တွေ့  ပေါင်းစပ်အမြင်တွေကို ကို ပို ဖီလင်လာတဲ့ သဘောက ကိုယ့် အတွက်ချည်းသဘောကနေ အများအတွက် ပါ ဆိုတဲ့  အမြင်ကို ပြောင်းလဲလာတယ်...
အဲ့ အမြင်က ကိုယ့် အဟောမှန်တယ်လို့  အပြောခံရတာမျိုးကို သာယာနေတဲ့  သဘောကနေ ကိုယ်နဲ့  ကံဆုံတဲ့  သူတွေ ရဲ့  ဘ၀ပြဿနာ စုံနဖါစိတွေ ကို ဘာများ ကူညီပံ့ ပိုးပေးလို့ ရမလဲ ဆိုတဲ့  အမြင်ပေါ်ပြောင်းလဲလာတယ်.............
အဲ့ ပြောင်းလဲသွားမှု့ က ကိုယ့် ဗေဒင်အလုပ်စတိုင်ကို အများကြီးသက်ရောက်မှု ရှိသွားတယ်....အများအားဖြင့်  အဟောနယ်ပယ်သဘော ဟောကိန်းထုတ်ပြခြင်းသဘောတွေကနေ သူဖြတ်လာတဲ့  ကိစ္စ အခက်အခဲတွေ မျှော်လင့် ချက်တွေကို ဘယ်လိုများကူညီပေးလို့ ရမလဲ ဆိုတဲ့  အဟောပညာ အဓိကသဘောကနေ ပြဿနာတွေကို ၀ိုင်းကူတွေးတောပေးခြင်း သင့် မသင့် တွေ ၀ိုင်းစဉ်းစားပေးခြင်း လောကီနည်းလေးတွေနဲ့  အခက်အခဲတွေကနေ သက်သာရာ သက်သာကြောင်း ပေါ့ ပါးလွယ်ကူတဲ့  သိသမျှ မှတ်သမျှ လုပ်ခဲ့ ဖူးသမျှ နည်းလေးတွေ ပြန်ပြောပြခြင်း အလုပ်စတိုင်ဖက်ကို ပြောင်းလဲလာတယ်...
အဲ့ ပြောင်းလဲမှု့ က ကျနော့်  စတိုင်နဲ့  ခေတ်နဲ့ တော့  ကွက်တိလို ဖြစ်နေတယ် ကျနော်နဲ့ ကံဆုံတဲ့  အများစုက ပြီးခဲ့ တာတွေကိုလဲ အာရုံက အရမ်းမလာတတ်သူတွေ နောင်အနှစ် ၂၀မှာ ဘောစိကြီးဖြစ်မယ် ဆိုတဲ့  ဟောကိန်းမျိုးတွေကိုလဲ အာရုံတအား မလာနေတတ်ပဲ လတ်တလော ဖြစ်နေတဲ့  ဒုက္ခတရားတွေ ဆန္ဒတွေကို ဗေဒင်ပညာ ယတြာတွေနဲ့  ဘယ်လိုကူညီနိုင်မလဲ ဆိုတာ မျိုးကိုသာ အာရုံပိုလာတဲ့  လူမျိုးတွေ ဖြစ်နေလို့ ပဲ....အဲ့  မေးတဲ့  ပရိပ်သတ်ကပဲ ကျနော်တို့ ရဲ့  အလုပ်စတိုင်ကို ပြောင်းလဲစေခဲ့ တယ်....
ကလေးမွေးခြင်းအကြောင်း
ကလေးမွေးခြင်းအကြောင်း
--------------------------
ဗိုက်ခွဲမွေးတဲ့ အပေါ် သဘောထား စာလေးတစ်ကြောင်းဖတ်လိုက်ရတယ် အဲ့ စာလေးထဲမှာ အဓိက အချက်၂ ချက်တွေ့ ရတယ် သူ့ ကလေးသာဆိုရင် တွက်ချက်ခွဲမမွေးဘူး(လောကီပညာတွေနဲ့  တွက်ချက်ခွဲမွေးတာကို အာရုံမလာဘူးသဘော) နဲ့  ကလေးက သူ့ ကံနဲ့ သူလာတာ ဆိုတဲ့ အချက် ၂ ချက် တွေ့ တယ်။
အဲ့ မှာ ကလေးက သူ့ ကံနဲ့ သူလာတာဆိုတဲ့ အချက်က ငြင်းစရာအကြောင်းမရှိဘူး...ထပ်ဖြည့် ရရင် သဘာဝမွေးမွေး ခွဲမွေးမွေး ကလေးက သူ့ ကံနဲ့ သူ သူလာချင်တဲ့ စတိုင်နဲ့ လာတာချည်းပဲ ပြွတ်ကနဲထွက်လာတာရော ခွဲပြီးထွက်လာတာရော အဲ့ ဒါ ကလေးကံကြောင့် ချည်းလို့  ကျနော်က ယူတာ...သားဖွားမီးယပ်ဆရာဝန်တွေ အပါအ၀င် အပြင်လူတွေက ဗိုက်ထဲက ကလေးအကြောင်းကို ၀ိုင်းတွေးပေးနေကြတာ ဗိုက်ထဲက ကလေးရဲ့  ကံသတ္တိ အရှိန်ရဲ့  ရိုက်ခတ်လာတဲ့  ကံလှိုင်းအရိပ်အပေါ်ကို ၀ိုင်းတွေးပေးနေကြတာမျိုးလို့  ယူတာ...
ကိုယ့် ကလေးသာဆိုရင် ခွဲမမွေးဘူး ဆိုတဲ့ သဘောတရားကတော့  တရားသေဆန်တဲ့ အမြင်လို့ ထင်တယ် အဲ့ အထင်က ကလေးကို ဘယ်လိုပုံစံနဲ့ မွေးမယ်ဆိုတာ ဆေးပညာထောင့် ကကြည့် ရင် ပုံသေသတ်မှတ်ထားလို့ မရဘူး...ဗိုက်ထဲက ကလေးခေါင်းလှည့်  အနေအထား မအေရဲ့  အသက်အရွယ် ကိုယ်ခံအား ကျမ္မာရေး သားဖွားလမ်းကြောင်းအနေအထား သွေးပေါင်ချိန် ဘော်ဒီ အပိန်အ၀ စသဖြင့် တွေ အများကြီး ချိန်ဆယူရတာမျိုး...ပုံမှန်ဆေးပညာ အခြေခံက သဘာဝမွေးကို အရင်စဉ်းစား
စောင့် ကြည့် ပေးထားပြီး အဖက်ဖက်က တွက်ချက်လို့  သဘာဝမွေးဟာ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်မကင်းလို့ ယူဆရတော့ မှ ခွဲမွေးသဘောကို စဉ်းစားတာမျိုး
ဘယ်လိုမွေးမွေး..ကလေးမွေးတာ ဒိန်းဂျားနားနီးတာချည်းပဲ...၊ယေဘူယျကတော့  ၃၀ ဟိုဖက် ကို သိပ်စွန်းလာလေလေ ခွဲမွေးဖက်နာ နီးလာလေလေပဲ...အဲ့ မှာ ကံတွေ ပါနေတာက ကျနော့် အမေနောက်ဆုံး ၇ ယောက်မြောက် မွေးတဲ့  အသက်က ၄၀ စွန်းသွာပြီ...သဘာဝမွေးတွေချည်းပဲ..
ဒီတော့  သဘာဝနဲ့ အခွဲကလည်း အသက်ကြောင့် ပုံသေ မဟုတ်ဖူးဆိုတာ ထင်ရှားပါတယ်ပေါ့ လေ..
ခု ဒီမှာ ဖြစ်နေတာက ဒီနိုင်ငံက တစ်ခြားနိုင်ငံတွေနဲ့ မတူတဲ့ အခြေအနေဖြစ်နေလို့  ကြားလိုက်ရရင် မလိုအပ်ပဲ တွက်ချက် ခွဲမွေးတွေက များသယောင်ယောင်ပေါ့ ..ဒါကလဲ ကိုယ်က မြို့ နေဖြစ်လို့  တဆိတ်ရှိ ခွဲမွေးမယ်ဆိုတဲ့  မြို့ သားအများစုရဲ့  စတိုင်တွေသာကြားနေရတာမျိုးလို့  ထင်စရာရှိမယ် ခွဲမွေးတာက သဘာဝမွေးထက် ကုန်ကျစားရိပ်ပိုလို့  တစ်ပြည်လုံး သန်း ၅၀ကျော်ရဲ့  ဘ၀တွေနဲ့  တွေးဆကြည့် ရင် တလောကလုံး ခွဲမွေးစတိုင်တွေချည်းလို့  မြင်လို့ မရသေးဘူး. သဘာဝမွေးတွေက ပိုများမှာပါလို့  ပိုက်ဆံအပေါ် အခြေခံတွေးလို့ ရလောက်မယ်
ဗေဒင်ဖက်က ယေဘူယျကြည့် ရင် သက်ရောက် အညံ့ တွေမှာ မူလက သဘာဝမွေးဖို့  တွေးထားပေမယ့်  မထင်မှတ်ပဲ ခွဲမွေးလိုက်ရတာမျိုးတွေ နဲ့  ခွဲမွေးဖို့ ကြံစည်သူတွေအများစုရဲ့  အသက်ပိုင်းတွေဟာ သက်ရောက် အညံ့  လောကဓံအညံ့  အခြမ်းတွေမှာရောက်နေချိန်မှာ ဖြစ်နေတာ များတယ်..ကိုယ်ကြုံခဲ့ တာလေးပြောတာပါ။
အဲ့ မှာ သဘာဝတွေ ခွဲမယ်တွေ ဇွတ်မရဘူးသဘော က ကိုယ်တွေ့ ကြုံခဲ့ တဲ့ အထဲက ကိုယ်တွေ့ တစ်ခုက အသက် ၃၃ နဲ့  ၃၅ ကြား ရှိတဲ့  အင်္ဂါသမီး ကလေးမွေးဖို့ ဖြစ်လာတော့  မိခင်လောင်းက အဆင်ပြေသလိုပေါ့  ဆိုတဲ့  သဘောထားရှိပေမယ့်  လင်က သဘာဝမွေးပဲ လုပ်ချင်လို့  သားဖွားကို မခွဲဘူး သဘာဝပဲလို့  ဆိုပြီး ဗိုက်အပ်တယ်...နောက်တော့  အချိန်နားနီလို့  ဆေးရုံတက် သဘာဝအချိန်ကိုစောင့် တယ် သင့် တော်ချိန်တောင် အထဲက ထွက်မလာဘူး နောက်ဆုံးတော့  ရေမွမ်းတော့ မယ့်  လက္ခဏာတွေ ပြလာလို့  ပူညံပူညံတွေ ဖြစ်ကုန်ပြီး ခွဲမွေးလိုက်ရတော့ တယ်..
ဗိုက်စရှိကတည်းက တွက်ချက်ထားမှု့ မှာ မိခင် အင်္ဂါဟာ သက်ရောက်အညံ့ ခြမ်းမှာ ဖြစ်နေလို့  ခွဲမွေးရမယ့် သဘောရှိတယ်လို့ တွက်ချက်ထားခဲ့ ပြီးသားပေါ့ ..ခွဲမွေးရနိုင်တယ်ဆိုတာ အသက် ၃၃ကို ကျော်နေတာ နဲ့  သက်ရောက်ညံ့ သဘော ၂ ချက်။ သက်ရောက်အညံ့ သဘောဟာ လူဟာ ဝေဒနာကို ပုံမှန်ထက်ပိုခံရမယ် ပုံမှန်ထက် ပိုက်ဆံသုံးရလေ့ ရှိတယ်ဆိုတာ အခြေခံအချက်ပါ..
.အဲ့ မှာ တစ်ချက်က မအေက အသက်ရမှတို့  သက်ရောက်ညံ့ မှတို့  ခွဲမွေးတဲ့  သဘောကို ကြုံရတာမျိုးမဟုတ်ပဲ မအေက သက်ရောက်အကောင်းခြမ်းမှာ ရှိနေပေမယ့်  ဖအေလောင်းလျာက သက်ရောက်အညံ့ ခြမ်းမှာ ရှိနေရင်လဲ မမျှော်လင့် ပဲ ခွဲမွေးလိုက်ရတာမျိုး ကြုံတတ်တယ်ဆိုတာပါပဲဗျာ
ချုပ်လိုက်ရင် ကလေးရဲ့  သံသရာက ပါလာတဲ့  ကံကိုတော့ ကျော်လို့ မရဘူး.. ကောင်းကင်ဇယားတွေနဲ့  ကွက်တိတွက်ချက်ပြီး ခွဲမွေးလို့ ရလိုက်တယ်ဆိုရင်တောင် ဒါက ကလေးကံကြောင့် ပါပဲ ဆိုတဲ့ သဘောတရားကိုပဲ ကျနော်ကယူတယ်.
..ပြီးတော့  သဘာဝနဲ့  ခွဲခြင်းသဘောကို ပုံသေ မယူထားဘူး မီးစင်ကြည့် ကရတဲ့ သဘောရယ် ကျနော်တို့ အဓိက အားပြုတာက ဘယ်လိုမွေးမွေး မမွေးခင်ရော မွေးနေချိန်ရောနဲ့ မွေးပြီး လပိုင်းတွေအထိ မိခင်ရော ကလေးပါ ဘေးကင်းနိုင်သမျှကင်းရေး ယတြာတွေကို ပိုအာရုံပြုတယ
်ပေါ့ ဗျာ ( ကာကွယ်ရေး ကုသရေး ဖြေရှင်းရေး ဗေဒင်စတိုင်ဆိုတာ ဒါကို ပြောတာပါ)
....ထပ်ချုပ်လိုက်ရင် ပုံသေဆန်တဲ့ အမြင်အများစုဟာ သိကောင်းတဲ့  အမြင်တော့ မဟုတ်ဖူး အဆင်မသင့် ရင် အဆင်မသင့် တာတွေ ကြုံလာတတ်ကြောင်းပေါ့ ..။
လူဖြစ်နေတဲ့  ကံ
လူဖြစ်နေတဲ့  ကံ
လူတိုင်းလိုလိုမှာ လူ ဖြစ်နေတဲ့  ကံတရားကြောင့်  ကိုယ်နဲ့ ကံပါသလောက် ဘုန်းကံရှိကြတယ်။ အဲ့ ဘုန်းကံသဘောက ကိုယ့် စေတနာကောင်းရှိရင်ရှိသလောက် သီလစင်ရင်စင်သလောက် သာဒ်အိုင်း အမြင်ဆိုမလား ဆဌမ အာရုံပြောမလား ကိုယ့် စိတ်ထဲမှာ ထူးခြားတစ်ခုခု ဖြစ်လာတော့ မယ်ဆိုရင်လဲ စိတ်က တစ်ခုခုကို
ကြိုခံစားလို့ ရနေတာမျိုးတွေ နဲ့  ကိုယ်ယုံကြည်ရာတွေမှာ အိပ်မက်တောင်းရင် ရလွယ်တာမျိုးတွေ ရလာတတ်တယ် တစ်ချို့ ဆို ဒဲ့ လာတာမျိုး..တစ်ချို့ ကတော့ 
သွယ်ဝိုက်လာတာမျိုးပေါ့ ...ဆိုလိုတာက ကိုယ် ယုံကြည်ရာတွေမှာ အိပ်မက်တောင်းကြည့် တာမျိုး စမ်းကြည့် ပေါ့ လေ...အဲ့ မှာ တစ်ခု မသဲကွဲတာက ဒုတိယလူက
အိပ်မက်ပေးတာမျိုးလား ကိုယ့် စိတ်သတ္တိကနေ အိပ်မက်ပုံအဖြစ် ပုံဖေါ်လာတာမျိုးလားဆိုတာတော့  မသဲကွဲဘူး မသဲကွဲတော့  ဒိအတိုင်းထားလိုက်တယ်ပေါ့ 
လိုရင်းက ကိုယ် အလုပ်ဖြစ်ဖို့ သဘောဆိုတော့ လေ....ပြီးတော့  ကိုယ့် မှာ ရှိတဲ့  စိတ်စွမ်းအင်ကို ဘယ်လိုထုတ်သုံးရင် ကောင်းမလဲ သဘောပေါ့ လေ.
နောက်တစ်ချက်က စိတ်စွမ်းအင်သဘောက သိပ်တထူးဆန်းကြီးမဟုတ်ဘူး လေ့ ကျင့် တဲ့ လူနဲ့  မလေ့ ကျင့် တဲ့ လူပဲ ကွာတာမျိုးပေါ့ လေ...အနဲဆုံး လူ့ ဘုန်းကံသဘောက
မျက်ခမ်းလှုပ်တယ် ရန်ဖြစ်ရတော့ မယ်လို့  ကိုယ့် ဟာကိုယ် ကြိုရိပ်မိတယ်ဆိုတာကိုက ကိုယ့် ရဲ့  လူဖြစ်နေတဲ့  ကံသတ္တိကြောင့် သဘောလေး...အဲ့ လို သဘောတွေရှိနေပေမယ့် 
ကျနော်တို့  စိတ်မှာ လွန်ကဲအတ္တတွေ သောကမီးတွေ လောဘဒေါမောဟတရားတွေ တပ်မက်မှု့ တွေ ထူပြောနေချိန်တွေမှာ ကိုယ့် အတွက် ပြပေးနေတဲ့  နမိတ်သဘော ဖြတ်ကနဲ ခံစားလိုက်မှု့ သဘောတွေကို သတိမမူတတ်ကြတာလဲ များတယ်ပေါ့  တစ်ခါတစ်လေ မနောက သိပ်ကြည်နေချိန်မှာတော့  အဲ့ လို လက္ခဏာတွေကို တန်းမြင်တာ အိပ်မက်သဘောကို ကိုယ့် ဟာကိုယ် ရိပ်မိနေတာ တောင်းတမှု့ က ၀ုန်းကနဲဆို အံ့ အားသင့် လောက်အောင် တိုက်ဆိုင်ပြည့် စုံသွားတာမျိုးတွေလဲ ရှိတတ်တယ်
♫ ♪♫ စာမေးပွဲကြီးနီးပြီ လူငယ်အပေါင်းတို့ ...♫ ♪♫
ညဉ့် နက်နက် ဖီလင်....
♫ ♪♫
စာမေးပွဲကြီးနီးပြီ လူငယ်အပေါင်းတို့ ...♫ ♪♫ =D
-------
''' အမေက ၀မ်းအသာဆုံးပဲ သူက နော့် ထက် မခံချင်စိတ်လွှတ်ကြီး သူ့ သားသမီးတွေကို သူများတွေ သေးသေးတင်လာတာမျိုး မခံချင်ဘူးလေ..အဖေကတော့  အမဲ့  အပြုံးတွေမှာ သိပ်သိပ်သည်းသည်းနေတတ်တော့  ပြုံးနေတာ အမြင်သာဆုံး စတိုင်ဖြစ်နေတယ် အဖေပျော်နေတယ်ဟ ပေါ့  ..'''
---------------------
အလုပ်သဘောအရ ၁၀တန်းတွေရဲ့ မအေတွေ အလာစိတ်နေတဲ့  ရက်တွေပေါ့ ဗျာ။ မအေတွေရဲ့ သောကကို စာနာရင်း နော့်  ၁၀တန်းဘ၀ကိုတောင်ပြန်သတိရလိုက်သေးတယ်။.
နော်က ဂယ်က ကျောင်းကိုပြေး၍ စာချော်သူပေါ့  ၊ ၅ တန်းကနေ ၁၀ တန်း ဒုတိယ နှစ်အထိ လပတ် အတန်းစဉ်မှာ ဘာသာစုံ အောင်တဲ့ အပတ် မရှိခဲ့ ဘူး၊ ဘယ်လောက် ကျောင်းပြေးခဲ့ လဲဆို ၅ တန်း ကို ၃ နှစ်နေခဲ့ ရတယ် ၅တန်း ဒုတိယနှစ်မှာ ကျောင်းစပြေးတတ်ခဲ့ ပြီ ပွေးတတ်တာက ၈ တန်းမှာစပြီ။..
.ကျနော်တို့ ခေတ်က ပိုးစိုးပက်စက်ကျလို့ ကတော့  အအောင်ပေးခဲတယ်၊ နောက်တော့  ဘင်ခရာ အမှတ်ဖြင့် အောင်သည်နဲ့  ၆တန်းကနေ ၉ တန်းအထိက မော်ဒရေးရှင်းအမှတ်တွေနဲ့ ချည်းအောင်လာတော့ တာမျိုး၊
အစိုးရစစ် ၁၀တန်းရောက်တော့  တောင်မင်းမြောက်မင်းမကယ်နိုင်တော့ ဘူး...
အခြေခံမကောင်းလာတဲ့  ကျောင်းသား အတန်းတက်လာလေလေ စာဒုက္ခရောက်လေလေ ကျောင်းပြေးလို့ ပိုကောင်းလေလေပါပဲ အဲ့ ဒါလေ ပြောချင်တာ အတန်းစဉ် သမိုင်းကြောင်းကို ထောက်လိုက်တာနဲ့  အခြေအနေ အတော်များများ ရိပ်မိလို့ ရတယ်ပေါ့ လေ။
မအေနဲ့ ဖအေက ၁၀တန်းအောင်စေ့ ချင်တာ ကာယကံရှင် နော် ၁၀တန်း ကျောင်းသားထက်ပြင်းထန် လာပုံရပါတယ်..၃ကြိမ်မြောက်ဖြေမယ့်  ၁၀တန်းနှစ်အတွက် ဇိကုပ်ပြီး ဘော်ဒါဆောင်ကို ရှိတာလေး တစ်ချို့ ထုပြီး သားကြီးသြရသကို ပို့ တော့ တယ်၊
အဲ့ ကာလက အမျိုးထဲမှာ ၁၀တန်းအောင်နဲ့  ဘွဲ့ ရက လက်ချိုးရေလို့ ရတယ် ။ ပို့ တော့  သွားလဲသွားချင် မသွားလဲ မသွားချင်ဘူး မသွားချင်ရတာက ရီးစားနဲ့  ခွဲရတော့ မယ်ဆိုပြီး ကြေကွဲနေတာ ၊ ဘော်ဒါဆောင်က တင်းကြပ်တယ်ကြားထားတာကိုးဗျာ...ငိငိ။
သွားချင်တာက ၁၀တန်းကို ၂ နှစ်ဆက်ကျတာ ကိုယ်တိုင် ရှက်လာပြီ။ ရှက်တာက အတူတူ ကဲဖေါ် ဘော်ဒါရင်းကြီး တစ်ယောက်က နော်ကျတဲ့  နှစ်မှာ အောင်သွားတာကို ရေလည် ငုတ်နေတာ. .ဒီကောင်ကြီးက ငါ့ အရင် အူနီဘာစတီသွားတော့ မယ်ဆိုပြီး၊ ဒီကောင်ကြီးကလည်း အားပေးချက်က အေးဆေးလိုက်ခဲ့ ကွာ မိန်းထဲကနေ စောင့် နေမယ်တို့  လာလာလည်လေ တို့ နဲ့ ..( $%%@(%($%# ခ်ခ်)။
အဲ့ မှာ မခံချင်စိတ်ကြွလာပြီး အောင်ချင်လာတာ၊ ပြီးတော့  ဒုတိယနှစ် ရပီတာ ဘ၀မှာ အောင်နိုးနိုးနဲ့  စာတော်တော်ဖတ်ကျက်လုပ်လိုက်သေးပြီး ကိုယ့် ကိုယ်ကိုယ် အထင်ဘစ်ပြီး အောင်မယ်လို့ ထင်မိ မြင်မိသော်လည်း ၄င်း။ ဘယ်ရမလဲ ၁၀တန်းကို အခြေခံမခိုင် ဖုတ်ပူတိုက်ဖတ်လို့ ကတော့ လေ...။
အာ့ နဲ့ ဘော်ဒါနေကျောင်းသားဖြစ်လာတယ်..၊ ( အိမ်လိုမဟုတ်သလို မိဘတွေလာရင်တမျိုး မလာရင်တမျိုး ကြော်ငြာ်တုန်းကတဖုံ တကယ်တက်တော့ တစ်နည်းဆိုတာပါ အတွေ့ အကြုံရသလို တင်းကြပ်ပါတယ်ဆိုတာတွေမှာ ဂယ်ပေါက်တွေ ရှိကြောင်းလဲ သိခဲ့ ရတယ်) ပြီးတော့  ကိုယ်ဖတ်မှ ကိုယ့် စာသဘောပါသိရတယ်ပေါ့ ဗျာ..
မိဘတွေကို ပြန်သနားတာ ပိုက်ဆံတွေသုံးရချက် ကိုယ်တိုင်ရဲ့ အရှက်စိတ်ကဖြစ်လာတဲ့  မခံချင်စိတ်ဟာ ၁၀တန်းကို အကျမခံနိုင်ဘူး ဖြစ်လာတယ် ၊ ပြီးတော့  ကိုယ့် အားအနဲဆုံးက ဘိုစာ သင်္ချာ နဲ့  သိပ္ပံတွဲ
( ငင်.အကုန်နီးပါးပါပဲလား အာ့နဲ့ များ အောင်ဘုညှော်.ငိငိ)...အဲ့ တော့ ဘော်ဒါမှာ စာကျက်ပုံက ကိုယ့် ဟာကိုယ်မောင်းရတော့ တယ်
ဘိုစာရဲ့ ပွိုင့် က မီးနင်း မရလေလေ ဒုက္ခရောက်လေလေလို့ တွက်မိတာနဲ့  မီးတွေချည်း နင်းတော့ တာ ၊ အဲ့ တော့ မှ မေးခွန်းကိုစဖတ်လာတော့ တာ၊ တွက်သလားမမေးနဲ့ ဖြစ်လာတယ် ခက်ရင် သင်္ချာပါ အလွတ် ကျက်ပလိုက်တယ် အေးရော.။
ရူးမတတ်အလွတ်ကျက်တာ သမိုင်းပဲ ။ စပေါ့ မလိုက်ရဲဘူး မပါရင် မြွေခြောက်ကိုက်ပြီဆိုပြီး ကမ္ဘာ့ သမိုင်းအထူကြီးထဲက စာရှည်ကြီးတွေတစ်ချို့ အလွတ်ကျက်ပစ်တယ်၊ စာမေးပွဲနီးလာလေလေ ကြောက်လာလေလေနဲ့  မကျက်ရသေးတာ ဘာကျန်သေးလဲကြည့် လိုက်ကျက်လိုက်နဲ့  ပြဌာန်းစာအုပ်ကုန်လုလု ဖြစ်သွားတယ်
( အဲ့ တန်ခိုးက သမိုင်းမှာ ဒီ တွေဘာတွေ ထွက်လာတော့ အရပ်က အံ့ တွေကိုသြလို့ ..ခ်)..
.အဲ့ ရူးမတတ်ကတကယ်ကြုံခဲ့ တာ တစ်ည သန်းခေါင်ကျော် ညဉ့် နက်နက်မှာ ကျက်နေတဲ့  ပြဌာန်းစာအုပ်ကြီးကို ကြည့် နေရင် အဲ့ စာအုပ်ကြီးကို နံရံဖက် ဆွဲလွှင့် ပစ်လိုက်မိတဲ့ အထိ ဖြစ်သွားခဲ့ တယ် စာအုပ်ဆို ဘာစာအုပ်မှ မမြင်ချင်တော့ တာမျိုးပေါ့ လေ...တော်သေး အပြီးဂေါက်မသွားတာ..ဟီး..ဒီလိုပါပဲ ဖီးလ်ဖြစ်ပြီ ဆို အလွန်အကျွံစရိုက် သဘောတွေ
အဲ့ မှာ တစ်အိမ်လုံး အောင်ပွဲခံတော့ တာပါပဲ..အမေက ၀မ်းအသာဆုံးပဲ သူက နော့် ထက် မခံချင်စိတ်လွှတ်ကြီး သူ့ သားသမီးတွေကို သူများတွေ သေးသေးတင်လာတာမျိုး မခံချင်ဘူးလေ..အဖေကတော့  သိပ်သိပ်သည်းသည်းနေတတ်တော့  ပြုံးနေတာ အမြင်သာဆုံး စတိုင်ဖြစ်နေတယ် အဖေပျော်နေတယ်ဟ ပေါ့ 
ဘာဘဲဖြစ်ဖြစ် ကိုယ်ပစ်မှတ် တစ်ခုတည်ဆောက်လိုက်လို့  တကယ်လိုချင်လို့  ကိုယ့် ကိုယ်ကိုယ် မညှာတော့ ပဲ သေကာမှသေရော့  ဆိုပြီး အပီ မောင်းပြီဆို အလုပ်ဖြစ်သွားတာပါပဲ အနဲဆုံးတော့ ဝီရိယ အကျိုးကတော့ ပြေးမလွတ်ဘူးပေါ့ လေ အဲ့ က သင်္ခန်းစာက ဘ၀တစ်လျောက် ဖြတ်သန်းမှု့ အတွက် အရေးပါတဲ့  သင်္ခန်းစာကြီးဖြစ်လာတယ်။
Subscribe to:
Posts (Atom)