Powered By Blogger

Tuesday, December 29, 2015

ရင်နဲ့ အမျှ...........



ရင်နဲ့ အမျှ...........
------
သူ့  ဂီတတွေ ကျနော်တို့  ရင်ဘတ်ထဲ စရောက်လာချိန်က ကျနော်တို့  စတိတ်ကျောင်းသားဘ၀ပေါ့  သယ်ချင်းတို့ ရယ်။  ခေတ်တွေ အလီလီပြောင်းလို့  သံစဉ်သစ်တွေ  အမျိုးမျိုးပေါ်ခဲ့ ပေမယ့်  ခေတ်နဲ့ အပြိုင်ဖြစ်လာတဲ့  သံစဉ်သစ်တွေကိုလဲ မျှဝေခံစားပေးနိုင်သလို ရင်နဲ့ အမျှ ကျွမ်းမိခဲ့ ရတဲ့ သူ့ ဂီတတွေကလဲ  ကျနော်တို့ ရင်ထဲမှာ  သူတို့  သေသည့် တိုင် ဂန္တ၀င်မြောက် ဂီတတွေပါပဲ...
.ကျနော် တို့ ဖြတ်သန်းခဲ့ ရတဲ့ ဘ၀တွေ အတွေ့ အကြုံတွေ နဲ့  နှလုံးသားဒဏ်ရာတွေဆိုတာ
သူ့ ရဲ့ ဂီတနဲ့  ထပ်တူထပ်မျှ ခံစားခဲ့ ရတာမို့ ကိုဗျာ.........
--
ခေတ်တွေ ပြောင်းလို့ လူ့ ဘ၀တွေဆိုတာ လောကဓံဆိုးတွေရဲ့  ကံကြမ္မာ အလှည့် အပြောင်းတွေအောက်မှာ ဗျောက်သောက်တွေ ဖြစ်ကောင်း ဖြစ်သွားနိုင်ပေမယ့် မယ့် 
ငယ်ချစ်ဆိုတာ အနှစ်ရာတိုင်စေ ငယ်ချစ်ပါပဲ....
----------------
လူတစ်ကိုယ်စီရဲ  ဖြတ်သန်းခဲ့ ရတဲ့  မမျှော်လင့် တွက်မထားမိတဲ့   ဘ၀ အနေအထားတွေကြောင့်  ငယ်ရုပ်သွင်နဲ့  အသွင်ပြောင်း တစ်မျိုးတစ်ဖုံ ယာယီဖြစ်ကောင်းဖြစ်သွားနိုင် ပေမယ့် ......
----------------------------------------
အဲ့ အပေါ်မှာ တဒင်္ဂ ဖီးလ်ဖြစ်ခဲ့ မိရင်တောင်  စွဲလမ်းမြတ်နိုးခဲ့ ရလွန်းတဲ့  ဘယ်တုန်းကမှ ဟောင်းမသွားသေးတဲ့  အတိတ်ဟောင်းတွေက လွမ်းစရာဘ၀တွေ အကြောင်း မမေ့ ရက်နိုင်ကောင်း ဖြစ်နေဆဲတွေတက ကိုယ့် ရဲ့  ငယ်ချစ် ဂီတသမားတွေ အပေါ်ထားမိတဲ့  ချစ်ခြင်းသဘောတရားပါပဲလို့  ဆိုပါရစေ.......
--------------
အထူးသဖြင့် ထပ်တူ မျှဝေခံစားမိရတာတွေထဲမှာ  ကျနော့်  ရဲ့  ကျနော်  ဘ၀အတွက် အလွန့် ကိုမှ တန်ဘိုးကြီးလွန်းလှတဲ့  ကျနော့်  အဖေရဲ့  ကျောက်ကပ်ဝေဒနာအတွက်  ရောဂါကုဖို့   ကျနော့် အဖေကို  အသက်ဆက်လက်ရှင်သန် စေလို့ တဲ့  ခံစားမှု့ အတွက် လိုအပ်တဲ့ ငွေကြေး ဆိုတာ............
------------------------------------
အဲ အချိန်မှ ဓားပြတိုက်မှ အဲ့ငွေရမယ်ဆိုရင် ဓားပြတိုက်ဖို့  ၀န်လေးနေမယ့် မဟုတ်ဖူးလို့ .. အဲ့ အချိန်က ကိုယ် အလွန်ချစ်ခင်မိ သံယောဇဉ်တွယ်မိတဲ့  ကျနော့် အဖေပေါ် ထားမိတဲ့ သားကြီးသြရသရဲ့  ဖီးလ်ကို ကိုယ့် စိတ်ကိုယ်ပြန်တွေးရင်း... မျှော်လင့် မထားမိတဲ့  လောကဓံတရားဆိုးတွေအပေါ်..ကံမျက်နှာသာ အပေးမခံရလွန်းချိန်ရဲ့ ဘ၀ကို .............ကြေကွဲလွန်းရတယ် ...........
--------------
မျှဝေခံစားပေးတတ်ခြင်း..ကိုယ်တွေ့ နဲ့ ယှဉ်ခြင်း..ဘ၀တကွေ့ မှာ ထွက်ပေါက် လမ်းမဲ့ နေလောက်အောင်  ချောင်ပိတ်ခံလိုက်ရတဲ့  ဘ၀ဖြစ်တည်မှု့  အနေအထား  ကံကြမ္မာမျိုးတွေကို ရင်ဆိုင်လိုက်ရတဲ့ အခါ..
---------------------------------------
အသည်းနှလုံးရဲ့ ပြင်းထန်တဲ့  နာကျဉ်ခြင်း ကြေကွဲခြင်း ခံစားမှု့ တွေ နဲ့  အတွေး စဉ်က အသိတရားအရ  သင့် ၏ မသင့် ၏ သဘောတွေ ကိုယ် အလွန်အမင်း တန်ဘိုးထားမိခဲ့ ရသူတွေ အတွက် တစ်ခုခုနဲ့  လဲယူရတော့ မယ်လို့  ဆိုတဲ့  အနေအထားတွေကို ထိပ်တိုက်ကြုံတွေ့ လိုက်ရတဲ့ အခါ......

.ကိုယ့် မှာ နဂိုက ရှိနေ ကိုင်စွဲထားတဲ့  ကိုယ်ပိုင်မာနတွေဆိုတာ.......

......................သိပ်ကြေကွဲစရာကောင်းလှတယ်..................

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..