ထောင့် ပြောင်း
---
ဆရာကောင်းတွေနဲ့  ကုသိုလ်ကောင်းလို့  ဆုံခဲ့ ရပြီး ကိုယ့် ရဲ့ တွေးခေါ်မှု့ တွေကို အတော်လေး အလုပ်ပေးနိုင်ခဲ့ တယ်၊ ခေါင်းလေ့ ကျင့် ခန်းလိုပဲ၊ အဲ့ မှာ ကိုယ့် မိဘတွေအကြောင်း
ပြန်တွေးတောကြည့် တာမျိုးတွေလဲပါတယ်ပေါ့ လေ ၊ အဲ့ မှာ ကျေးဇူးတရား ဆိုတဲ့  သဘောတရားတွေကိုပါတွေးမိလာတော့ တယ် ၊ပြီးတော့ မိသားစု အသိုက်အမြုံလးရဲ့  တစ်ယောက်နဲ့ 
တစ်ယောက်စိတ်ချင်းမှီခိုနေတတ်တဲ့  သဘောဝတွေပါ ခံစားနားလည်ပေးလို့  ပိုရလာတယ်။
အရင်က အသက်တိုတယ် ရှည်တယ်ဆိုတာ ကိုယ့် အတွက် ရေးကြီးခွင်ကျယ်မဟုတ်လှဘူး နေရသမျှ အခိုက်မှာ စိတ်ဖိအားနဲနဲ နဲ့  နေသာထိုင်သာရှိရင်ပြီးတာပဲ သဘောမှာ အခြေခံပြီး ဘ၀ကို
ဖြတ်သန်းနေတာမျိုး ။ ဆူဆိုက်ကို ဖီလင်မလာတာက အရင်က အယူကြောင့် ကနေ နောက်တော့  ၉လလွယ်၁၀လဖွား အသက်နဲ့ ရင်းပြီး လူ့ ဘ၀ထဲကို ပို့ ပေးခဲ့ တဲ့  မအေ့ ရဲ့  သက်စွန့် မေတ္တာ
သဘော ကျေးဇူးကို သတိထားမိလာတာနဲ့  သူရင်းပေးခဲ့ တဲ့  ကိုယ့် အသက်ကို လောကဓံဆိုးတွေကြောင့်  ဘာကြောင့် ညာကြောင့်  အသားလွတ် ကိုယ့် ဟာကိုယ် မဖျက်ဆီးသင့် ဘူး အသက်နဲ့ ရင်းပေးထားတဲ့  မအေ့ မေတ္တာရဲ့ ကျေးဇူးကို ထောက်ထားရမယ်ဆိုတဲ့  အမြင်အဖြစ်ပြောင်းလဲသွားတယ်
ကိုယ်တိုင်ကသာ အသက်တိုခြင်း ရှည်ခြင်းကို ပြဿနာမရှိဘူးဆိုပေမယ့်  ရုတ်တရက်သေလုမျောပါးနဲ့  မကျမ္မာလိုက်ချိန်က ကိုယ့် အသက် မတိုသင့် ပဲ တိုသွားမှာကို သောကကြီးနေတဲ့  ကိုယ့် မိသားစုမောင်နှစ်မတွေရဲ့  ဖီလင်ကို မျှဝေခံစား တတ်သွားတဲ့ အခါ ကိုယ့် အသက်တိုနိုင်ခြေရှိတဲ့  ကိစ္စတွေမှာ အရင်ထက်ပိုသတိထား နေထိုင်လုပ်ကိုင်မိတော့ တယ်၊ ကိုယ့် အတွက် အသက်ရှင်သန်ဖို့ ထက် သူတို့ တွေ စိတ်ချမ်းသာစေဖို့ ကိုယ့် အသက်ကို ကိုယ် တတ်နိုင်သမျှတော့  စောင့် ရှောက်ရမယ်ဆိုတဲ့  အမြင်ဆိုက်ပြောင်းသွားတာမျိုးဖြစ်လာတယ်...ဒီလိုပါပဲ ဘ၀အမြင်တွေဆိုတာ ဘ၀အတွေ့ အကြုံတွေကြောင့်  ထောင့် တွေပြောင်းလဲသွားတတ်တဲ့ သဘောရှိတာပါပဲ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..