'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, June 27, 2015
အယူအဆ
အယူအဆ
ဆရာ နေ့နံမဟာဘုတ်အရမတည့်တဲ့ကျောက်(ရတနာ)ကိုဆောင်မိဝတ်မိရင်ကံနိမ့်တက်ပါလား အဲ့လိုရှောင်ရမယ့်ရတနာမျိုးကောရှိတက်ပါသလားဆရာ
Like · Comment · Translate
တိုက်ဆိုင်မှု့ 
တိုက်ဆိုင်မှု့ 
---
ဒီနေ့လာသမျှထဲက (ကိုယ်စားလှယ်ကလာတွက်ပေး) ကြာသာပတေးသမီး အသက် ၅၇ကနေ အသက် ၅၈ ရာဟုသက်ရောက်အ၀င် ဇွန်လကုန်ခါနီးမွေး ( အခုလောလောဆယ် မွေးလမွေးရက်ပြန်ဝင်ခါနီး ၃ပတ်အလို ) စနေလစိတ် အဖြတ်မှာရေချိုးခန်းမှာချော်လဲလို့  ဆေးရုံရောက်နေတယ်လို့ ဆိုတယ်..သတိရလားဆိုတော့ ရတယ် ခါးဆစ်ရိုးနဲနဲပြားသွားတယ်လို့ ဆိုတယ်....အသက်တော့ လွတ်တယ်ပေါ့ လေ..
ဒါနဲ့  သူ ပြီးတော့  သူ့ သမီး မင်္ဂလာရက်ရွေးပေးပါဆိုတော့  သူ့ သမီး မွေးသက္ကရာဇ်ကြည့် လိုက်တော့  တနင်္ဂနွေသမီး အသက် ၂၃ ရာဟုသက်ရောက်တဲ့ ..
အဲ့ မှ အဓိက ပြောပြချင်တာက ဆေးရုံယာယီရောက်နေတဲ့ မအေ ကြာသာပတေးသမီး အသက် ၅၈ ရာဟုသက်ရောက်အ၀င်မှာ သမီးက မင်္ဂလာထဆောင်တဲ့  တိုက်ဆိုင်မှု့ ပါဗျား...မိဘ ၂ပါးဖြစ်စေ တစ်ပါးဖြစ်စေ ရာဟု သက်ရောက်ဖြတ်ရင် အရွယ်ရောက် လူလွတ်သားသမီး အချစ်ကိစ္စ အိမ်ထောင်ကိစ္စတွေတိုက်ဆိုင်တတ်တယ်ဆိုတဲ့ သဘောကို တိုက်ဆိုင်နှုံးက တော်တော်များတာ ကြုံခဲ့ ရတယ်ဆိုတာပါပဲ ဒါကို ကြိုပြောပြထားလိုက်လို့ ( အရွယ်ရောက်သားသမီး ရှိမရှိ တစ်ချက်ထောက်လိုက်ပြီး)
တိုက်ဆိုင်သွားရင် အဟောခံရတဲ့ သူတွေ ဖြုံသွားပြီး ဗေဒင်ဆရာကို အရင်ထက် ပိုယုံသွားတတ်လို့  ဖေါက်သည်ဖြစ်လာတတ်တယ်လို့ ပါ..

မာယာမေ
မာယာမေ
--
တစ်ခါက အနုပညာပြကြီးတစ်ခုကျင်းပနေလေသည် ။ ပြပွဲတွင်ချိတ်ဆွဲပြသထားသော ကမ္ဘာကျော်ပန်းချီဆရာကြီး၏ ပန်းချီကားတစ်ချပ်ကို လူတစ်ချို့ ဝိုင်းအုံ အမျိုးမျိုး အဓိပ္ပါယ်ကောက်နေကြလေ၏..
'' ဒါကြီးက ခေတ်ယဉ်ကျေးမှု့ ကို သရော်ထားတာဗျ ကောင်းလိုက်တာဗျာ...'''
'''' မဟုတ်လောက်ဘူး ထင်တယ် ဒါက မိန်းမတွေရဲ့ လျို့ ဝှက်တဲ့ စိတ်ကဖြစ်လာတဲ့ သရော်အပြုံးဖြစ်လောက်မယ် ထင်တယ်.'''
''' အင်း ကျုပ်ထင်တာတော့ မြွေလို ကွေ့ ကောက်တတ်တဲ့ မာယာသဘောလေးကို ပါးပါးလေးထည့် ရေးထားတာဖြစ်လောက်မယ်နော...'''
''' ကျနော်ထင်တာတော့  ချစ်ခြင်းမေတ္တာဆိုတာ အတ္တရဲ့  ကိုယ်ခွဲတစ်ခုပါပဲလို့ ညွှန်းလိုက်ခြင်ပုံရတယ်ဗျ.....'''
ထိုသို့  ငြင်းခုန်နေကြတုန်းမှာပဲ ပန်းချီဆရာကြီးရောက်လာလေသည်...''' ဟာ..ဆရာကြီး.အတော်ပဲ ကျနော်တို့ ဆရာကြီးရဲ့ ဂန္တ၀င်မြောက်လွန်းနေတဲ့ ဟောဒီ့ ပုံကားကို အဓိပ္ပါယ်ကောက်နေတာ ခင်မျ အဲ့ ဒါ အဖြေက အမျိုးမျိုးဖြစ်နေလို့  အဲ့ ဒါ ဆရာကြီးရယ် ဒီကားချပ်ရဲ့ အဓိပ္ပါယ်လေး...'''....
ပန်းချီဆရာကြီးသည် ပန်းချီကားကို တစ်ချက်လှမ်း ကြည့် ပြီး ခေါင်းကုတ်လိုက်ရင်းက ပြုံးလျက်...
..''''' သြော်..အဲ့ ဒါ...ဒီလိုပါပဲဗျာ စိတ်ထဲရှိတာလေး ဟိုခြစ်ဒီခြစ် လျှောက်ခြစ်လိုက်တာပါပဲဗျာ '''.....လို့ ဆိုလိုက်လေသည်...။
မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်
မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်
----------
သတ္တ၀ါတစ်ခုကံတစ်ခုသဘောထည့် မတွေးထားရင် စောဒက တက်စရာတွေဖြစ်လာတတ်တယ်...
.မိုင်းကွင်းဟောင်းတစ်ခုရှိတယ်ဆိုပါတော့  မိုင်းရှင်းသမားတိုင်း မိုင်းကာကွယ်ရေးဝတ်စုံတွေ အပြည့် အစုံဝတ် သတိကြီးကြီးထားပြီး မိုင်းတွေ ၀င်ဝင်ရှင်းတယ်....မိုင်းရှင်းသမားတိုင်းလိုလို မသေဘူး
တစ်ချို့ မိုင်းရှင်းသမားတွေတော့  အဲ့ ဒီမိုင်းကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားပြီး မိုင်းရှင်းနေရင်ကပဲ အဲ့ မိုင်းပေါက်ကွဲသွားလို့ သေတယ်..
ကိန်း(၂)
ကိန်း(၂)
---
ကျနော်ကပဲ တလွဲတွေ သိပ်တွေးတတ်သလားတော့ မဆိုနိုင်ဘူး ဗေဒင်နဲ့ သာ ပတ်သက်နေတာ တစ်ခါတစ်လေ အများအယူသဘောနဲ့ ကိုယ့် အတွေးနဲ့ က
ဂလန့် ဖြစ်နေတတ်တယ်
ဆုပ်
ဆုပ်
ခေါင်းစဉ်တစ်ခုခု တပ်ပြီး အလှုလုပ်တဲ့ အိမ်က တွတ်တီးတွေ ချိုင့် ဆွဲလာပို့ တာ သက်သက်လွတ်ဟင်းတွေချည်းပဲ..
ဟင်းချည်း ထိုင်စားလိုက်မယ် ဆိုပြီး ချိုင့် အဆင့် တွေ တစ်ခုပြီးတစ်ခု ဖွင့် လိုက်တော့  ဟင်းဖတ်တွေ အရည်သောက် စတိုင်တွေက သက်သက်လွတ်ပါလို့ ကြိုပြောထားလို့ သာပဲ....
ချိုင့် တွေ တစ်ခွက်ပြီးတစ်ခွက် စတီးဇွန်းလေးနဲ့  လိုက်လိုက် ခပ်ခပ်စားလိုက်တာ ပုဇဉ်းခံတုန်းက ဟင်းခွက် ၅၀ကိုတောင် သတိပြန်ရလိုက်သေးတယ်
ခွက်စုံ လိုက်နှိုက်နေရတာနဲ့  လက်ကတော့ သင်္ကန်းစတောင် ဆီစွန်းကုန်တာ သတိမထားမိတော့ ဘူး လက် ရဲ့ သရုပ်ပျက်ချက်..အင်း လက်အပြစ်တော့ မဟုတ်လောက်ပါဘူး...လက်မှာက မျက်စိမှ မပါပဲနော့်
..အဲ့ တုန်းကဆို ..တော်တော်နဲ့ လူတောင်ပြန်မထွက်ချင်ဘူး ကျောင်းက သထိမ်းကျောင်းလေ အဲ့ တော့  ဟင်းပေါတယ် အိမ်မှာက ဂိတ်ဆုံး ဟင်းသုံးခွက်ထဲဆိုပြီး....အဟီးးး.ခုလည်း ချက်ထားတဲ့ လက်ရာက အသားတုသာဆိုတယ် အရသာက အသား အစစ် လက်ရာတောင် ကျော်သွားသလိုပါပဲဗျာ ....
လက်ထဲက ဟင်းတွေလိုက် ကလော်ခပ်စားနေတဲ့  လက်ရဲ့  အခုမှ သန်မာနေချက်များ ကိုင်ထားတဲ့ ဇွန်းကို မနဲ ပြန်ချထားလိုက်ရတယ် အဟီးးး အဲ့  ဇွန်းကိုင်ထားတာ မြဲနေတဲ့ ကိုယ့် လက်ကိုယ်ကြည့် ပြီး ကွကိုယ် ပြန်ရှက်လာတာနဲ့  ခ်ခ်... ဒီလိုပုံနဲ့ များ....ကျွတ်အုန်းမယ်..ပုဆိုး....ခိခိ
ကိန်း..
ကိန်း..
---
အလုပ်က နားနေပြီး ဖရီးရိုက်ထိုင်စားနေတဲ့  ကြာသာပတေးသား ဖအေ ရာဟုသက်ရောက်ဖြတ်တော့  သူ့ သား က ဖအေ လိုရာလိုသုံး လိုရာ စီးဖို့  ကားတစ်စီးဝယ်ပေးတယ်...ရာဟုသက်ရောက်ဆိုတာ တနင်္လာနံ အ၀င်ပြတဲ့ သက်ရောက်လို့ ဆိုတယ်
(အဖေ့ စိတ်ကြိုက် လုပ်ချင်ရာလုပ်ပါအဖေဆိုပြီး အပြီးပေးတာလား..ရောင်းစားလို့ ရလားလို့  ဦးလေးသားကို မေးကြည့် မိသေးလားလို့ မေးတော့  အဲ့ ကြာသာပတေးသား ရီပါလေရော....ဟီးဟီးး)

ဖေါ်လျိုး
ဖေါ်လျိုး
--
လူတွေ ကိုယ့် နည်းကိုယ့် ဟန်နဲ့ ပေါ်တင်တစ်မျိုး ဒိုင်လျိုတစ်ဖုံနဲ့ ဖေါ်လျှိုးလေးလုပ်ပြချင်တတ်တာ ငယ်ငယ်က ကိုရင်စီးကတည်းက သိခဲ့ တာ....အဲ့ နွေမှာ ကိုရင်စီးတော့  ရန်ကုန်မှာစီးပြီး တစ်နွေလုံးတောမြို့ လေးက အဖေ့ အစ်ကိုအကြီးဆုံး ငယ်ဖြူ ဘကြီးဘုန်းကြီးရဲ့ ကျောင်းမှာ သွားနေခဲ့ ရတယ်..ကိုရင်သာဆိုတယ် ဘကြီးတွေ အဖိုးအဖွားတွေကြားမှာ လူသာသာ ဆော့ ခွင့် ရနေလို့  လူဝတ် နဲ့  သင်္ကန်းရုံ ညစာမစားရတာမျိုးလေးပဲကွာပါတယ်

Subscribe to:
Posts (Atom)