Powered By Blogger

Saturday, June 27, 2015

ကိန်း(၂)


ကိန်း(၂)
---
ကျနော်ကပဲ တလွဲတွေ သိပ်တွေးတတ်သလားတော့ မဆိုနိုင်ဘူး ဗေဒင်နဲ့ သာ ပတ်သက်နေတာ တစ်ခါတစ်လေ အများအယူသဘောနဲ့ ကိုယ့် အတွေးနဲ့ က
ဂလန့် ဖြစ်နေတတ်တယ်



အသက် ၄၄ တနင်္ဂနွေသား တစ်ယောက် ဗုဒ္ဓဟူးသက်ရောက်ကို (အင်းဝ) အတွင်းရန် ဘုမ္မိ ၂ထပ် နဲ့ ဖြတ်လို့  လူမမာနှစ်ဖြစ်နေတယ် ကျမ္မာရေးတော့ ဂရုစိုက် ကိုယ်တိုင်ခြူခြာတတ်တာနဲ့  ကိုယ်တော့ မဖြစ်ပဲ အိမ်သားတစ်ယောက်ယောက်ဖြစ်လို့ ဆေးဘိုးကုန်တာမျိုးတော့ ဖြစ်လွယ်တယ်

သူများဖြစ်လို့ ဆေးကုပေးရတာကိုတော့ ဗေဒင်မှာကြိမ်းကြေတယ်လို့ခေါ်တယ် အဓိက က ကိုယ်တိုင် သိပ်မဖြစ်ဖို့  ကိုယ့် ကျမ္မာရေးကိုယ် အရင်နှစ်ထက်တော့ ပိုသတိထားပေါ့ လို့ ပြောပေးတာ
ဘုန်းကြီးခဏ၀တ်ရင်ကောင်းမလားတဲ့ .

ကျနော်က ဘုန်းကြီးထဲမှာလည်း အသက် ၄၄ ဖြတ်နေတဲ့ တနင်္ဂနွေသားတွေ တစ်ပုံကြီးပဲ ကိုယ်တော်တွေလည်း ခြူခြာတဲ့ သူနဲ့  ကျောင်းပြောင်းရတဲ့ သူနဲ့ မယ်တော်ကြီး ခမည်းတော်ကြီး နေမကောင်းလို့ ဆေးကုပေးရတဲ့ သူနဲ့  ကျောင်းထဲ သီတင်းသုံးဖေါ်ချင်းငြိရတာနဲ့  အများကြီးပဲ လူဝတ်စွန့် လို့  ဒီ ကိန်းသဘောကနေ လွတ်မယ်လို့ တော့ အာမမခံနိုင်ဘူး  ဒါက လောကဓံသဘောပဲ လောကဓံသဘောက အ၀တ်ကို ရွေးနေမှာမဟုတ်ဖူး  လစ်တဲ့ အကွက်က ရစ်တာပဲလို့ ပြန်ပြောလိုက်တာပေါ့ ဗျာ..

မရဘူး  ဗေဒင်တွေလျှောက်တွက်တော့  အပြောတွေက တူနေတာများတာနဲ့  အကြောက်လွန်နေပုံက ရဟန်းဘောင် ၀င်ဖြစ်အောင်ဝင်လိုက်တယ်....တစ်လ၀တ်မယ်တဲ့ ...အင်းပေါ့ ..ကုသိုလ်တော့ ရတာပေါ့ လို့ ပေါ့ လေလို့ ...၂ ပတ်လောက်လဲကျရော နဂိုအခံကြောင့်  သွေးပေါင်ကျပြီး မူးလဲတာ
သံဃာ့ ဆေးရုံတက်ပြီး ဒရစ်ချိတ်ပြီး တစ်ပတ်ကျော်လောက်တက်လိုက်ရတယ်..ပြန်ဆင်းတော့  လူဝတ်တန်းပြန်ဝတ်တော့ တာပါပဲ
..
.အဲ့ တော့ မှ  ဗေဒင်တွေက ပြောခဲ့ တာ ဟုတ်သားပဲတဲ့ ....

ကျနော်တို့ တွေ ပညာကို ဖြန့် ကျက်တွေးခေါ်တယ်ဆိုတာ ကမ္ဘာတစ်ခွင်က နယ်ပယ်အသီးသီးက ကျားမမရွေး လူသားမျိုးနွယ်သဘောတွေအထိ ကိန်းသဘောတွေနဲ့  လိုက်ချက်ကြည့် တာ တွေးခေါ်ကြည့် တာ စောင့် ကြည့် တာမျိုးတွေ လုပ်ခဲ့ တာ ဗမာဗေဒင်က ဗမာတွေ အတွက်ချည်းသဘောလေး
ဘောင်ခတ်မထားဘူး
.

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..