ဆုပ်
ခေါင်းစဉ်တစ်ခုခု တပ်ပြီး အလှုလုပ်တဲ့ အိမ်က တွတ်တီးတွေ ချိုင့် ဆွဲလာပို့ တာ သက်သက်လွတ်ဟင်းတွေချည်းပဲ..
ဟင်းချည်း ထိုင်စားလိုက်မယ် ဆိုပြီး ချိုင့် အဆင့် တွေ တစ်ခုပြီးတစ်ခု ဖွင့် လိုက်တော့  ဟင်းဖတ်တွေ အရည်သောက် စတိုင်တွေက သက်သက်လွတ်ပါလို့ ကြိုပြောထားလို့ သာပဲ....
ချိုင့် တွေ တစ်ခွက်ပြီးတစ်ခွက် စတီးဇွန်းလေးနဲ့  လိုက်လိုက် ခပ်ခပ်စားလိုက်တာ ပုဇဉ်းခံတုန်းက ဟင်းခွက် ၅၀ကိုတောင် သတိပြန်ရလိုက်သေးတယ်
ခွက်စုံ လိုက်နှိုက်နေရတာနဲ့  လက်ကတော့ သင်္ကန်းစတောင် ဆီစွန်းကုန်တာ သတိမထားမိတော့ ဘူး လက် ရဲ့ သရုပ်ပျက်ချက်..အင်း လက်အပြစ်တော့ မဟုတ်လောက်ပါဘူး...လက်မှာက မျက်စိမှ မပါပဲနော့်
..အဲ့ တုန်းကဆို ..တော်တော်နဲ့ လူတောင်ပြန်မထွက်ချင်ဘူး ကျောင်းက သထိမ်းကျောင်းလေ အဲ့ တော့  ဟင်းပေါတယ် အိမ်မှာက ဂိတ်ဆုံး ဟင်းသုံးခွက်ထဲဆိုပြီး....အဟီးးး.ခုလည်း ချက်ထားတဲ့ လက်ရာက အသားတုသာဆိုတယ် အရသာက အသား အစစ် လက်ရာတောင် ကျော်သွားသလိုပါပဲဗျာ ....
လက်ထဲက ဟင်းတွေလိုက် ကလော်ခပ်စားနေတဲ့  လက်ရဲ့  အခုမှ သန်မာနေချက်များ ကိုင်ထားတဲ့ ဇွန်းကို မနဲ ပြန်ချထားလိုက်ရတယ် အဟီးးး အဲ့  ဇွန်းကိုင်ထားတာ မြဲနေတဲ့ ကိုယ့် လက်ကိုယ်ကြည့် ပြီး ကွကိုယ် ပြန်ရှက်လာတာနဲ့  ခ်ခ်... ဒီလိုပုံနဲ့ များ....ကျွတ်အုန်းမယ်..ပုဆိုး....ခိခိ
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..