Powered By Blogger

Saturday, June 27, 2015

မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်


မိုင်းကွင်း မိုင်းကာကွယ်ရေး နဲ့  ဂြိုလ်
----------
သတ္တ၀ါတစ်ခုကံတစ်ခုသဘောထည့် မတွေးထားရင် စောဒက တက်စရာတွေဖြစ်လာတတ်တယ်...

.မိုင်းကွင်းဟောင်းတစ်ခုရှိတယ်ဆိုပါတော့  မိုင်းရှင်းသမားတိုင်း မိုင်းကာကွယ်ရေးဝတ်စုံတွေ အပြည့် အစုံဝတ် သတိကြီးကြီးထားပြီး မိုင်းတွေ ၀င်ဝင်ရှင်းတယ်....မိုင်းရှင်းသမားတိုင်းလိုလို မသေဘူး
တစ်ချို့ မိုင်းရှင်းသမားတွေတော့  အဲ့ ဒီမိုင်းကာကွယ်ရေးဝတ်စုံအပြည့် ဝတ်ထားပြီး မိုင်းရှင်းနေရင်ကပဲ အဲ့ မိုင်းပေါက်ကွဲသွားလို့ သေတယ်..



ဘာလို့  မိုင်းကာကွယ်ရေး ၀တ်စုံဝတ်ထားလျက် နဲ့ သေရတာလဲ..?...၀တ်စုံက တကယ် မကာနိုင်လို့ လား ?..အဲ့ မိုင်းကွင်းထဲမှာမှ သေကံပါကိုပါရင် ဘာနဲ့ မှ မကာနိုင်ဘူးဆိုရင် မ၀တ်ပါနဲ့ တော့ လား..?..လိုရလိုမယ်တော့ ဝတ်သင့် တယ်ဆိုရင် ဘာလို့ ဝတ်ထားသင့် တယ်လို့ ပြောနိုင်သလဲ ?..မိုင်းကွဲရင်တောင် အလွယ်နဲ့ မသေအောင်လို့ သဘော ဆိုတာ လက္ခံနိုင်လား ?
အဲ့ ဒီ့ မိုင်းကွင်းထဲမှာ သေရမယ့်  သေကံ တကယ်ပါမပါ ရာနှုံးပြည့် မသိနိုင်လို့ ပါ လို့ ဖြေရင်ဖြစ်နိုင်မလား လက်ခံနိုင်သလား ....?

ဘယ်မျိုးနွယ် ဘယ်အသိုင်းအ၀ိုင်းက ဘယ်အင်္ဂါသားသမီးဖြစ်စေ သူတို့ အသက် ၂၅ကနေ ၂၇ကြား ၃၃ကနေ ၃၅ ကြား ၄၁ကနေ ၄၃ကြား ၄၉ကနေ ၅၁ကြား စသဖြင့် အသက်ပိုင်းတွေမှာ
စီးပွားလျော့ တယ် အဖတ်မတင်လွယ်ဘူး ခက်ခဲတယ်  ခြူခြာတယ် ချစ်သူခင်သူတွေနဲ့ ဝေးကုန်တယ် ဘ၀ဖြတ်သန်းမှု့ တွေကြမ်းတယ် သာမန်ထက် ရုန်းကန်ရတယ် မျက်ရည်တောကိုဖြတ်ရသလိုပဲ...တစ်ချို့  လူပါ ပုံစံမျိုးစုံနဲ့ သေသွားတယ်...

တစ်ချို့ ကတော့  သူတို့ ကိုယ်တိုင် ဘာမှ ထူးခြားကံဆိုးခြင်း သိပ်မဖြစ်လိုက်သလိုပဲနဲ့ ဖြတ်သွားတယ်

အများအားဖြင့် တော့  ဒီလိုပဲ ရုန်း၍ ကန်၍ ရင်ဆိုင်၍ လုပ်ပြီး ကျော်သွားကြတယ် ကျော်ပုံ ကျော်နည်းတွေကတော့  ကိုယ့် ဘုရား ကိုယ်အားကိုးသူ .၊.ဘာဘုရားမှ ဘာယတြာမှမပါပဲ ဒီလိုပဲ ကြုံသလို ရင်ဆိုင်ကျော်သွားသူ ၊ ကိုယ်ယုံတာ ကိုယ်အားကိုးသူတွေ စသဖြင့် တွေ ကွာတယ်....

တစ်ချို့ ယတြာတွေ အများကြီးလုပ်ကျော်သွားသူတွေရှိသလို တစ်ချို့ ယတြာတွေ အများကြီးလုပ်ထားလျက်ကနေပြီးတော့ ပဲ သေတဲ့ အထိဖြစ်သွားသူတွေလည်း
ရှိခဲ့ တယ်..ဒါဆို ယတြာတွေ လုပ်ထားလျက်နဲ့ ဘာလို့ သေသွားရသလဲလို့ မေးလာရင်.?....

ဓမ္မစာပေတွေထဲမှာ အဖြေရှိတယ် ဓမ္မစာပေတွေ ကိုယ်တိုင် များများဖတ်ကြည့် ပြီး ကိုယ်တိုင် များများ လိုက်တွေးပါလို့ ပဲဆိုလိုက်တာက အတိုဆုံးပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..