---
ဒီနေ့လာသမျှထဲက (ကိုယ်စားလှယ်ကလာတွက်ပေး) ကြာသာပတေးသမီး အသက် ၅၇ကနေ အသက် ၅၈ ရာဟုသက်ရောက်အ၀င် ဇွန်လကုန်ခါနီးမွေး ( အခုလောလောဆယ် မွေးလမွေးရက်ပြန်ဝင်ခါနီး ၃ပတ်အလို ) စနေလစိတ် အဖြတ်မှာရေချိုးခန်းမှာချော်လဲလို့  ဆေးရုံရောက်နေတယ်လို့ ဆိုတယ်..သတိရလားဆိုတော့ ရတယ် ခါးဆစ်ရိုးနဲနဲပြားသွားတယ်လို့ ဆိုတယ်....အသက်တော့ လွတ်တယ်ပေါ့ လေ..
ဒါနဲ့  သူ ပြီးတော့  သူ့ သမီး မင်္ဂလာရက်ရွေးပေးပါဆိုတော့  သူ့ သမီး မွေးသက္ကရာဇ်ကြည့် လိုက်တော့  တနင်္ဂနွေသမီး အသက် ၂၃ ရာဟုသက်ရောက်တဲ့ ..
အဲ့ မှ အဓိက ပြောပြချင်တာက ဆေးရုံယာယီရောက်နေတဲ့ မအေ ကြာသာပတေးသမီး အသက် ၅၈ ရာဟုသက်ရောက်အ၀င်မှာ သမီးက မင်္ဂလာထဆောင်တဲ့  တိုက်ဆိုင်မှု့ ပါဗျား...မိဘ ၂ပါးဖြစ်စေ တစ်ပါးဖြစ်စေ ရာဟု သက်ရောက်ဖြတ်ရင် အရွယ်ရောက် လူလွတ်သားသမီး အချစ်ကိစ္စ အိမ်ထောင်ကိစ္စတွေတိုက်ဆိုင်တတ်တယ်ဆိုတဲ့ သဘောကို တိုက်ဆိုင်နှုံးက တော်တော်များတာ ကြုံခဲ့ ရတယ်ဆိုတာပါပဲ ဒါကို ကြိုပြောပြထားလိုက်လို့ ( အရွယ်ရောက်သားသမီး ရှိမရှိ တစ်ချက်ထောက်လိုက်ပြီး)
တိုက်ဆိုင်သွားရင် အဟောခံရတဲ့ သူတွေ ဖြုံသွားပြီး ဗေဒင်ဆရာကို အရင်ထက် ပိုယုံသွားတတ်လို့  ဖေါက်သည်ဖြစ်လာတတ်တယ်လို့ ပါ..
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..