ဖေါ်လျိုး
--
လူတွေ ကိုယ့် နည်းကိုယ့် ဟန်နဲ့ ပေါ်တင်တစ်မျိုး ဒိုင်လျိုတစ်ဖုံနဲ့ ဖေါ်လျှိုးလေးလုပ်ပြချင်တတ်တာ ငယ်ငယ်က ကိုရင်စီးကတည်းက သိခဲ့ တာ....အဲ့ နွေမှာ ကိုရင်စီးတော့  ရန်ကုန်မှာစီးပြီး တစ်နွေလုံးတောမြို့ လေးက အဖေ့ အစ်ကိုအကြီးဆုံး ငယ်ဖြူ ဘကြီးဘုန်းကြီးရဲ့ ကျောင်းမှာ သွားနေခဲ့ ရတယ်..ကိုရင်သာဆိုတယ် ဘကြီးတွေ အဖိုးအဖွားတွေကြားမှာ လူသာသာ ဆော့ ခွင့် ရနေလို့  လူဝတ် နဲ့  သင်္ကန်းရုံ ညစာမစားရတာမျိုးလေးပဲကွာပါတယ်
ကျောင်းကြီးက ၀င်းကျယ်ကြီးနဲ့  ဘေးမှာက လယ်ကွင်းကျယ်ကြီးက တစ်မျှော်တစ်ခေါ်ကြီး လွမ်းစရာကောင်းလောက်အောင်ပါပဲ စေတီလေးပါရှိတော့  ပိုလွမ်းစရာကောင်းတယ် ကျောင်းထဲမှာကလည်း သရက်ပင်အကြီးကြီးတွေ နဲ့ မရမ်းပင်ကြီးတွေက အများကြီး ဥသျှစ်ပင်တွေရောပဲ ငှက်ပျောရုံလေး တစ်စုပါရှိသေးတယ်..တကယ့် ကစားကွင်းတောအုပ်လေးလိုပဲ ညနေဆို လင်းဆွဲအုပ်တွေက ပြန်လာပြီး သစ်ပင်ကြီးတွေမှာ ဆူဆူညံညံ နဲ့ ဇောက်ထိုးလာနားနေတာက ကြည့် ကောင်းတယ် တောလင်းဆွဲကြီးတွေ အကောင်ဘယ်လောက်ကြီးလဲဆိုတာ အဲ့ တော့ မှ အနီးကပ်မြင်ဘူးတော့ တာ....
ဘကြီးဘုန်းကြီးက မြို့ က သူ့ ညီရဲ့ သား သူ့ တူလေးလာနေတော့ ပျော်တာပေါ့  ဘကြီးဘုန်းကြီးက ရိုးတယ် ပြီးတော့ ကျောင်းကြီးသာ ကျယ်တယ် သီတင်းသုံးဖေါ်က နဲနဲ နဲ့  အဖိုးက သားကြီးသြရသ မောင်ပုဇဉ်းကျောင်းမှာ ကပ္ပိယကြီးလို လာနေပြီး ဆွမ်းချက်ဘာညာပေါ့  အဖွားက အိမ်ကနေ ကျောင်းကို ဖွယ်ဖွယ်ရာရာသီးနှံဘာညာတွေပို့ ပေါ့ 
အဲ့ မှာ ဘီဒိုကြီးတွေရှိတယ် ရောက်ပြီး သိပ်မကြာပါဘူး ဘကြီး ဘုန်းကြီးက အဲ့ ဘီဒိုတွေ တစ်ခုပြီး တစ်ခု လိုက်ဖွင့် ပြပါရောဗျာ.....ဟားးးး..သင်္ကန်းတွေ အများကြီးပါလား လို့  အံ့ သြသွားတော့  ဘကြီးဘုန်းကြီး မျက်နှာများ.... ပြုံးလို့ .....ငါ့ ကို လှုထားတွေလေ...တဲ့  ပြီးမှ ၂နှစ်တစ်ခါ ၃နှစ်တစ်ခါတော့  ပြန်ပြန်လှုတယ်ကွ တဲ့ ...အဟီးးး.သူ့ ဟာသူပြန်ထိမ်းသွားသလိုမျိုးကြီး.ခ်ခ်...အဲ့ တုန်းက ကျနော်က ကလေးဆိုတော့  ဒဲ့ ပဲ စိတ်ထဲက ပြောတာ ဘကြီးကလည်း ကြွားတတ်တာပဲဟ.လို့ ..အဟီးးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..