Powered By Blogger

Thursday, April 30, 2015

သက်ရောက် ၈ ခွင် ၏ ယေဘူယျ သဘောတရားများ..


သက်ရောက် ၈ ခွင် ၏ ယေဘူယျ သဘောတရားများ..
------------------
ဒီဟာကို ကျနော့်  ဗေဒင်ဂရု မှာ ၂၀၁၂ က သူငယ်ချင်းတွေကို စပြီး စတိပြောပြခဲ့ တာကို ပြန်တင် ပေးလိုက်တာပါ.. စတိဆိုမှ တကယ့် စတိပါ...ဗေဒင်နဲ့ စိမ်းနေသူတွေကို နားလည်လွယ်အောင် ချုပ်ပြောတာဖြစ်လို့  ယေဘူယျတော့ ဆန်ပါလိမ့် မယ်...စိတ်ထဲက အတိုင်း လက်တန်း ချရေးခဲ့ တာဖြစ်လို့ တိုတဲ့ ဟာတို ရှည်တဲ့ ဟာရှည်တော့ ဖြစ်နေမှာပါဗျား..

တနင်္ဂနွေသက်ရောက်သော်
------------------------------
တနင်္ဂနွေသက်ရောက်လျင် ယေဘူယျ အားဖြင့် သာမန်ထက် နာမည် ကျော်ကြား လူထင်ရှားလာပါတယ် ပွဲတိုင်းကျော်ဖြစ်လာလို့ အလုပ်အကိုင် ကအစ အဆင်ပြေလာကြပါတယ် .၀ယ်နိင် ချမ်းနိင် လည်းဖြစ်လာ ပါတယ်  ကုန်သည်တွေ စီးပွားဖြစ်သလို ၀န်ထမ်းဆိုလည်း ရာထူးလစာတိုးကြပါတယ်  ခြုံကြည့် ရင် ကိုယ်ရေးကိုယ်တာအရ ဂုဏ်တက်မဲ့ အဖြစ်တွေကြုံရမဲ့ နှစ်ကောင်း လို့ ယူနိင်ပါတယ်  အလုပ်လက်မဲ့ တွေဆို အလုပ်စပေါ်တဲ့ နှစ်ပါဗုဒ္ဓဟူးနံနဲ့ သောကြာနံ အထိုင်ကောင်းလို့ ရွေဝယ်ဖြစ်တာ(၀ါ)မင်္ဂလာပွဲဖြစ်တာလည်းကြုံပါတယ်၊ 

အိမ်ထောင်ပြုတာအိမ်ဝယ်တာ၊ကောင်းတဲ့ အပြောင်းအရွေ့ ကြုံတာ၊စသဖြင့် ပေါ့ ...မကောင်းတာက  ဘ၀င်မြင့် တဲ့ လူများကိုတော့   မျက်စိနောက်လို့ အမှု့ ပြဿနာများ အရှက်သိက္ခာများ ကိုကြုံစေပြန်ပါတယ် နောက်ပြီး မဟာဘုတ်၅ကြွင်း နှစ်မွေးသူများကိုတော့  အိမ်ထောင်ရေး ပျက်ပြားစေတာ၊အစာအိမ်နဲ့  သားအိမ်ရောဂါနှိပ်စက်တာ အလုပ်ပြုတ်တာ၊အလုပ်တွေ ရပ်ဆိုင်းသွားတာ၊ မိဘရှိရင် ကျမ္မာရေးဆိုးစေတာ၊အိမ်မှာ မီး အပူသောက၀င်စေတာစသဖြင့် မရဏဂဏန်းဖြစ်သွားလို့ ဆိုးကျိုးအသွင်ဆောင်တဲ့  တနင်္ဂနွေ သက်ရောက်ဖြစ်သွားပါတယ်ဒီလို ဘဲ  ဗုဒ္ဓဟူးနဲ့  အင်္ဂါ  သားသမီးများကတော့   အတွင်းရန်နဲ့   အပြင်ရန် (အင်း ၀ ဓါတ် နဲ့  ဦးညို ဓါတ်အရ)အတိုက်ရန်များရောပေါ်ပါတယ် ကျမ္မာရေးလည်းငြိပါတယ်...၊သောကြာနဲ့  ကြာသာပတေးတို့ ကတော့  မိတ်ဓါတ်တွေဖြစ်လို့ လွတ်လပ်စွာအကျိုးပြုပါတယ်...တနင်္လာနဲ့  စနေကတော့  ပုံမှန်အကျိုးပေးပါတယ်..။

ချုပ်ကြည့် ရင်  ၅  ကြွင်းကလွဲလို့  ကျန်အခြေအနေများ ဟာ အကောင်းများပါတယ်လို့ ယူရမှာပါ..ထူးခြား ဖြစ်စဉ်အနေနဲ့ သက်ကြီး မိဘ ရှိတဲ့  သားဦး သမီးဦးတွေအတွက် မိဘ နေရာ ဆက်ခံရတဲ့  သဘောပါလို့  (အမကြီးအမိအရာ) မိဘ တွေကွယ်လွန်မှု့ နဲ့ ကြုံတတ်ပါတယ် (တိုက်ဆိုင်တတ်ခြင်းပါ) ဒီဂြိုလ်မှာ ရပ်ကွက် အဖွဲ့ အစည်းတစ်ခုခု မှာ  ဥက္ကဌ ရာထူး ယူပြီး မိမိစီးပွား တက်ရမဲ့ အစား ကျိမ်းကြေ သူတွေ.. .လောကီစီးပွား တက်မဲ့ တနင်္ဂနွေဂြိုလ်သက် ရောက်ဖြတ်မှ..ရဟန်းခဏခံပြီး သူများကန်တော့ တာ ကို  ဂုဏ်ခံပြီး ကျိမ်းကြေသူတွေလည်း အများကြီးပါဘဲခင်ဗျားး....


နောက်တစ်ခု အကြံပေးချက်က တစ်ချို့ ဝန်ထမ်းများအတွက် ၀န်ထမ်းဘ၀ကနေ အပြင်စီးပွား ရေးများ
ကူးပြောင်းခြင်ရင် ဒီနှစ်ဟာ ကူးပြောင်းဘို့  အခွင့် သာတဲ့ နှစ်ပါဘဲ ဒီနှစ်မှာ မှ အပြင်စီးပွားရေး လောကကို
မပြောင်းဖြစ်ရင် မူလ ၀န်ထမ်းဘ၀မှာ နောက်ထပ် နှစ်ကြာပါအုံးမယ်လို့  မှတ်နိင်ပါတယ်
နဂို အပြင်စီးပွားရေးသမား ကတော့  အရင်အဟောင်းကို ထပ်ချဲ့ တာဘဲဖြစ်ဖြစ် စီးပွား အသစ်လုပ်တာဘဲဖြစ်ဖြစ် အတော်ကောင်းတဲ့ နှစ်ပါ...ကျမ္မာရေးမှာတော့   ခဏခဏ ဗိုက်အောင့် တတ်ပါတယ်ဗျာ....



တနင်္လာသက်ရောက်သော်
-----------------------------

တနင်္လာသက်ရောက်ဟာ  ဂြိုလ်ရှစ်ခွင်မှာ တနင်္လာနံနဲ့  စနေနံ အထိုင်အကောင်းဆုံးဖြစ်လို့ ဒီသက်ရောက်မှာ သူတောင်းစားတစ်ယောက်ဟာ ခါတိုင်းနှစ်ထက် ပိုတောင်းလို့ ရနေသလိုသာမန်လူဟာ ငွေအလွန်ရွှင်ပြီး လုပ်ငန်းအလိုက် တသက်စာ ၁၀ သက်စာအထိ ကံအလျောက် ပိုက်ဆံအသားကုန်ရလေ့ ရှိပါတယ်၊တစ်ချို့  ခပ်ပျင်းပျင်းရှိလို့  ထီလေးတစ်အုပ်ထိုးမိတာ ဆုကြီးတောင် ၀င်သွားတတ်ပြီး လောင်းကစားသမားတွေ  အချီကြီး ပွတဲ့ နှစ်ပါ  ဆိုလို တာက ငွေကို ပုံစံမျိုးစုံနဲ့ ကို ၀င်တတ်တာပါတစ်ချို့ ကတော့  ကား ၀ယ်ဖြစ်တာ၊ ကွန်ဒို၊တိုက်ခန်း ၀ယ်ဖြစ်တာလည်းကြုံပါတယ်၊ အဲ တစ်ချို့ ကျတော့ အိမ်အကူတနင်္လာခေါ်မိလို့ ကျိမ်းကြေတာ၊ သူငယ်ချင်းက အလုပ်ရှင်က ကားခဏပေးသုံးထားလို့ ယူသုံးရင်းကျိမ်းကြေတာ..သူများ၊အမျိုး တွေက ငွေတွေ အိမ်မှာလာအပ်ထားလို့  ကျိမ်းကြေတာ.။ ကိုယ်ကနာမည်ခံပေးပြီးကား၊တိုက်ခန်း အစစ်မ၀င်တော့ ဘဲကျိမ်းကြေတာတွေဟာလည်းအများစုတွေ့ ရပါတယ်..တစ်ခုကတော့  ဒီတနင်္လာဂြိုလ်ဟာ သန့် ရှင်းသော ၀င်ငွေကိုဆိုလို တာဖြစ်ပြီး  သူများ မျက်ရည်ကြီးငယ်ကြမှရတဲ့ ငွေ၊ဆေးအတု၊စားစရာအတု၊စသဖြင့်  အသက်ကိုအန္တရာယ်ဖြစ်နိင်တဲ့  အတုပေါင်းစုံ လုပ်လို့ ငွေဝင်သူတွေကိုတော့ အကြီးအကျယ် ဆိုးကျိုးပေးတုန့် ပြန်တတ်ပါတယ်....

....ယေဘူယျအားဖြင့်  မဟာဘုတ် ၆  ကြွင်းသမားတွေကိုတော့   ဒီတနင်္လာ သက်ရောက်ဟာ  မရဏ သက်ရောက်သဘောဖြစ်သွားလို့   ငွေဝင်သလို  ကားမတော်တဆမှု့ ၊ ငွေအကြီးအကျယ် ဆုံးရှုံးမဲ့ စီးပွားရေးစွန့် စားမှု့ ၊ကျောက်ကပ်နဲ့ ခါးနာရောဂါခွေးကိုက်တာ စသဖြင့် အဆိုးသဘောကြုံတတ်ပါတယ်  လူ တနင်္လာ သားသမီးကြောင့် လဲ စိတ်အနှောက်အယှက် ဖြစ်တတ်ပါသေးတယ်သောကြာသားနဲ့   ကြာသာပတေးသားကတော့   အတွင်းရန်နဲ့ အပြင်ရန်(သော က နဲ့  ခေ မာ) သဘောပါလို ကျမ္မာရေးငြိတာခရီးထွက်ဖြစ်တာတွေကြုံတတ်ပါတယ်၊ ကျန်နေ့ သားများကတော့ ပုံမှန်အလုပ်ဖြစ်ပါတယ်...ဒီသက်ရောက်ဟာ လောကဓံအကောင်းမှာနောက်ဆုံးဖြစ်လို့  ဒီနှစ်မှာ ငွေများများဝင်ပြီးရင် ရှေ့ လာမဲ့ ၃  နှစ်မှာ ဒီနှစ်လို များများပေးမ၀င်လို့  အကျိုးရှိအောင် အသုံးချ ၀ယ်ချမ်းမြုတ်နှံထားသင့် ပါတယ်..ကျမ္မာရေးကတော့  ရုတ်တရက်လေ တစ်စို့ ထိုးအောင့် တတ်ပါတယ်

အင်္ဂါသက်ရောက်သော်
------------------------

..အင်္ဂါသက်ရောက်....အင်္ဂါသက်ရောက်သူမှန်သမျှပထမဆုံးကြုံရတာကစိတ်ပိုင်းဆိုင်ရာစိတ်တိုစရာများဆက်တိုက်ကြုံလာတာပါဘဲ...ကျင်လည်ရာအိမ်၊အလုပ်၊ကျောင်းစသဖြင့် နေရာတိုင်းလိုက်ပြီး စိတ်မတိုတိုအောင်ဖန်တီးခံရပါတယ်ဘာကိုမှအလိုမကျနိင်တဲ့ စိတ်တွေဝင်လာပြီးပါတ်ဝန်းကျင်နဲ့ မတဲ့ တော့ ပါဘူးမိမိကိုမိမိလဲအစာမကြေတော့ ပါဘူးဒေါသလဲကြီးလာလို့ စဉ်းစားဆုံးဖြတ်ရာမှာလွဲချော်မှု့ တွေများလာပါတယ်ာစိတ်ကြီးတဲ့ လူတွေက ပိုမိုခံစားရပြီး..ဒါဟာလောကဓံဘဲလေဆိုတဲ့ ရောင့် ရဲလွယ်သူတွေကတော့ သိပ်မခံရဘဲကျော်သွားပါတယ်.....နောက်နီးစပ်အောင်ပြောရရင်(ဆုတောင်းမပြည့် တဲ့ နှစ်လို့ )အမည်ပေးလိုက်ပါတယ်..ဒီတော့ ဆုတောင်းမပြည့် မှတော့ ဘာဆုမှမတောင်းတော့ ဘဲပေါ့ ပေါ့ ပါးပါးဘဲနေလိုက်တာကသက်သာတဲနေနည်းပါ.....

အဲ....အတိုလွယ်လွယ်ရှင်းရရင်မိမိဖြစ်ခြင်တာတွေကိုမှသက်သက်လိုက်ပြီးမဖြစ်အောင်ဖန်တီးပါတယ်....ပြောင်းပြန်ကမိမိမကြိုက်ဆုံးဟာတွေမှလိုက်လိုက်ဖြစ်ပြလို့ ကြာတော့ ပေါက်ကွဲပါတော့ တယ်ဒီတော့ ..စိတ်ထဲဘာမှစွဲစွဲလမ်းလမ်းမထားတော့ ဘဲကြုံသလိုစားကြုံသလိုအိပ်ရှိရင်သုံးမရှိရင်မသုံးနဲ့ အိပ်ချင် အိပ်မအိပ်ချင်ရင်တခြားဟာတွေရှောက်လုပ်နေဆိုသလိုဘဲ စိတ်ကို ဖိအားတွေထပ် မပေးတာအသက်သာဆုံးပါ...တနင်္လာနံခိုက်တဲ့ နှစ်ဖြစ်လို့ ကားမတော်တဆမှု့ အများဆုံးနှစ်ပါ..

ငွနံဖြစ်လိုအနဲဆုံးအသုံးလက်လွန်ပြီးဘိုင်ပြတ်ပါတယ်..ချီးသုံးရင်ကြွေးအကြာကြီးစတင်တတ်တဲ့ နှစ်ပါဒါကြောင့် ကုန်သည်စကားနဲ့ ပြောရရင်ကြွေးဆုံးမြေဆုံးနှစ်လိုခေါ်ပါတယ်. ..ခါးပိုက်နှိုက်ခံရတာ ပျောက်တာရှတာလဲထူပြောလို့ မိမိပစ္စည်းတွေ လုံလုံခြုံခြုံသိမ်း. ငွေကိုခြွေတာ သုံးရပါတယ် ခါးနာတတ်တာလဲ အင်္ဂါဂြိုင်္လရဲ့ သတ္တိပါမိမိချစ်စနိုးမွေးထားတဲ့ တနင်္လာနံ အကောင်တွေလဲ သေတတ်ပါသေးတယ် တနင်္လာသားသမီးကတော့ စိတ်အနှောက်အယှက်ပေးယုံ မကပြဿနာတွေပါ ယူလာတတ်လို့  သတိထားဆက်ဆံရတဲ့ နှစ်ပါ... 

.အချုပ်ဆိုရရင်၁။=စိတ်ကိုမညစ်ညစ်အောင်ရစ်မယ်..(နဂိုဒေါသကြီးတဲ့ လူပိုခံရမယ်)(ဘာဖြစ်ဖြစ်စိတ်ရှည်ဖို့ လေ့ ကျင့် ထားပါ)၂။=တနင်္လာနံနဲ့ ပါတ်သက်သမျှရစ်မယ်......ဒါကြောင့် စီးပွားမွဲစရာရှိရင်အင်္ဂြါ၈ိလ်သက်ရောက်ကငွေကြေးစီမံခံခွဲမှု့ အမှားက စတင်ကြောင်းပါ. .အဒီဂြိုလ်သက်ရောက်မှာ  ၀ ကြွင်း တွေက မရဏမှာ အင်္ဂါနံ ထိုင်ထားလို့  မရူးယုံတစ်မယ်စိတ်ဖိစီးမှု့ တွေခံရတတ်တယ်ဗုဒ္ဓဟူး နဲ့  တနင်္ဂနွေက အတွင်းရန်အပြင်ရန်ကျလို့  (ရာဇာနဲ့ ဦးညို) ရန်များပြီး ချုခြာတယ်၊ ကြာသာပတေးကက ငွေထိတယ်၊ သောကြာနဲ့ စနေက ကျမ္မာရေး၊ တနင်္လာက ကျမ္မာရေးနဲ့ ငွေ စသဖြင့် ကျပ်အတည်းများပါတယ်ဗျာ..

ဗုဒ္ဓဟူးသက်ရောက်သော်
--------------------------------

ဗုဒ္ဓဟူးသက်ရောက်ဟာ..ရှေးရိုးရာအရ လှေလှည်းရွေဝင်ဆိုပြီး အကောင်းခပ်များများနဲ့ ပြောခဲ့ ပေမဲ့ ဒီဘက်ခေတ်လေ့ လာမှု့ အရ စောစောက အကောင်းသဘောလည်းတွေ့ ရသလို ကျမ္မာရေးညံ့ ကြတာများလို့ လူမမာဂြိုလ်လို့ တောင်ပြောလို့  ရပါတယ်..သာမန်အားဖြင့် မနှစ်က အင်္ဂါသက်ရောက်မှာ ကျပ်တည်းခဲ့ သလောက်ဒီဂြိုလ်မှာတော့ ဝီရိယ ရှိရင်ရှိသလို အလုပ်အကိုင် လေးဖြစ်ထွန်းတတ် ပါတယ်...ဒါပေမဲ့ လည်းဝင်ငွေအတော်များများဟာ ဆေးဖိုးဖြစ်ဖြစ်ကုန်လို့ မစုဆောင်းမိပြန်ပါဘူး 

အဲလျင်ရင်တော့  ချက်ချင်းချက်ချင်းရွှေအဖြစ်ပြောင်းထားရင်ငွေပြန်အထွက်သက်သာပါတယ်...ဒါပေမဲ့ .နောက်က အ၈င်္ါသက်ရောက်နဲ့  ရှေ့ လာမဲ့  စနေသက်ရောက် က ကြားဂြိုလ်တစ်လုံးသာဖြစ်လို့  ဒီဂြိုလ်ကိုလည်း ခပ်ညံ့  ညံ့ သက်ရောက်အဖြစ်ဘဲသတ်မှတ်ပါတယ်....မဟာဘုတ်အကြွင်း ၁ကြွင်းသမားတွေအဖို့ တော့  လူအလွန်ပင်ပမ်းတဲ့ ကိစ္စတွေနဲ့ ကြုံရပါတယ်.အင်္ဂါသားသမီးနဲ့ ..တန၈င်္နွေသားသမီးများကတော့   အတွင်းရန်ထပ်နေလို့ (ရာဇာ၊အင်းဝ) အိမ်ထောင်ရေးပြိုကွဲ လွယ်ပြီးကျမ္မာရေးငြိရင်ဆေးရုံတက်ရတဲ့ အထိဖြစ်တတ်ပါတယ်  ကျန်နေ့ သားများကတော့ မတ်တတ်နာဆိုသလို ဆေးခန်းနဲ့ အဆက်အသွယ်မပြတ်ပါဘူး..ဒါကြောင့်  ဒီသက်ရောက်ကို ကမ္မာရေးကိစ္စများအများဆုံးလွှမ်းမိုးသောနှစ်ဖြစ်ကြောင်းမှတ်နိင်ပါတယ်....အလုပ်အကိုင်စီးပွားကတော့ မှန်တန်းအဆင့် ပါဘဲ...ပြောရရင်တော့ အင်္ဂါသက်ရောက်ဟာ စိတ်ဒုက္ခအများဆုံးနှစ်ဖြစ်ပြီး ဒီဗုဒ္ဓဟူးကို
တော့ စိတ်ရော လူ ရော ထပ်ပြီးဖတ်ဖတ်မောစေသောကာလပါလို့ ....။

ကြာသာပတေးသက်ရောက်သော်
-----------------------------------

ဒီဂြိုလ် ဟာ စနေဂြိုလ် သက်ရောက်က အထွက် စတွေ့ ရတဲ့  ဂြိုလ်လေးပါအင်္ဂါ၊ဗုဒ္ဓဟူး၊စနေ၊ဆိုတဲ့ လောကဓံအဆိုး ခပ်ပြင်းပြင်းကို ၃နှစ်ဆက်တိုက်အလူးအလူးအလဲလဲ ကျော်ဖြတ်ပြီးနောက် ကြာသာပတေး ကိုရောက်တဲ့ အခါအတော်အသက်ရှုချောင်သွားလို့  လွတ်မြောက်နယ်မြေ လို့ တောင်ကျနော်က တင်စားမိပါတယ်..ဒီသက်ရောက်ဟာ အိမ်ထောင်ပြုဖို့ အခွင့် အရေးပေါ်တာ၊အလုပ်သစ် အိမ်သစ်ကံပေးတာ၊ ရာထူး တိုးတာ၊အကောင်းပြောင်းပေါ်တာအလုပ်ဟောင်းတွေပြန်အသက်ဝင်လာတာ၊ ကိုယ်ပိုင်စီးပွားရေးကိုစတင်တာ၊အမွေရသလို ထီကံစပေးတာ၊ အခွင့် အလန်းကောင်းတွေ စရတာမျိုးတွေစတင်ဖြစ်ပေါ်ပါတယ်........

...........တဖက်ကလည်း အရင် ၃နှစ်လောက်ပြဿနာတွေ ရစရာပေးစရာတွေလည်း ရှင်းရလင်းရလို့ စာရင်းရှင်းသက်ရောက်လို့ တင်စားပါတယ်..အဲ စာရင်းရှင်းရင်း စိတ်ဆိုးကြ အစာမကြေဖြစ်တတ်လို့ လည်းဆွေပြတ်မျိုးပြတ်တွေလည်းဖြစ်တတ်ပါတယ်....နောက် ဘာသာရေးလွှမ်းတဲ့ သက်ရောက်ဖြစ်လို့ သာသနာ ပြုချင်ရဲ့ ဆိုသူများ ဘုရားတည်ကျောင်းဆောက် အလှုဒါနပြုကြသူငါပေါ့ ဗျာ..ဒါတင်မက ဘာသာရေးဆိုင်ရာ ပစ္စည်းတွေ ပူဇော်ဆရာတွေလည်းရတတ်ပါတယ်ရရင်လည်းစီးပွားတက်မဲ့ နမိတ်ပါဘဲ...ဒါပေမဲ့ ဒီသက်ရောက်ဟာ လောဘ သက်ာယ များသူတွေကိုတော့  တစ်ခါထဲပွဲ သိမ်းသမတတ်လို့ တေ့ တေ့ လွဲတတ်လို့  ကိုယ့် လောဘကိုယ် နဲနဲထိမ်းရကြောင်းပါတယ်ဆိုတဲ့ အကြောင်း...။ 

မဟာဘုတ် ၂ကြွင်းသမားတွေအတွက်ကတော့  ကြာသာပတေး မရဏ ဖြစ်လို့  ဘ၀တဆစ်ချိုးကွေ့ ဆိုသလိုအတိတ်ကံအရ အိမ်ထောင်ကျတာ၊ ကွဲတာ၊မိဘ ဆုံးရှုံးတာ၊ အိမ်၊အလုပ်ပြောင်းသွားတာ ၊ရုတ်တရက် ကောက်ခါငင်ကာ ဖျားနာရင်းအသက်ဘေးထိတာစသဖြင့် ကြုံတတ်တယ်
 (ကြိုသတိထားရခက်တယ်..အတိတ်ကံကြောင့် ဖြစ်တာများလို့ ) စနေနဲ့  တနင်္လာ သားသမီးဆိုရင် အတွင်းရန် အပြင်ရန်ပါနေလို့ (ဓမ္မာ၊ခေမာ) ကျမ္မာရေးသတိထားရမယ်တနင်္ဂနွေနဲ့  အင်္ဂါ ကြတော့   မိတ်ဓါတ်ဖြစ်လို့ (အောင်ပ၊စိန်ပန်း) တစ်ခြားနေ့ သားများထက် ကောင်းကျိုးပိုရပါတယ်ကျန်နေ့ သားတွေကတော့ ပုံမှန်ပါဘဲဗျာ။အနှစ်ချုပ်မှတ်မယ်ဆိုရင်၊ လောဘကြီးရင် ကွဲတတ်တယ်၊ ရောင့် ရဲပြီးစိတ်ရှည်ရင်အခွင့် အရေးတွေတစ်ခုပြီးတစ်ခုလာတယ်အိမ်ထောင်ပြုအိမ်ဝယ်ကောင်းတယ်ပေါ့ လေ၊ဘာသာရေးလည်းထူးခြားကောင်းပါတယ်အမွေလည်းရတတ်ပါရဲ့ ထီပါပေါက်တတ်သေး(အတိတ်ကံရဲ့ အမွေပေါ့ )..။

သောကြာသက်ရောက်သော်.....
------------------------------------

ရာဟုသက်ရောက်နဲ့  အတွဲဂြိုလ်လိုပါဘဲ ခရီးတွေ၊ အပျော်အပါးတွေ ဆန်းလာဘ်ပွင့် တဲ့ သဘောတွေနဲ့ ကောင်းတဲ့ သက်ေ၇ာက်ပါ ..ကြာသာပတေးနဲ့ အင်္ဂါ အထိုင်ကောင်းလို့ စိန်ထည်ရတနာ ၀င်တာမြေလေး ဘာလေးဝယ်ဖြစ်တာ လူကြီးမိဘများရဲ့  အကူအညီပန့် ပိုးမှု့ ရတာ၊စီးပွားရေးအတွက် ဆိုင်ဖွင့် ဖြစ်တာအိမ်ထောင်ပြုတာ၊စသဖြင့် လွတ်လွတ် လပ်လပ်ရှိတဲ့ နှစ်ပါ...အခက်အခဲလေးဘာလေးတွေ့ လည်း အသာတကြည်ကျော်လွားသွားပါတယ်..ချုပ်ပြောရရင်  အပျော်များများကြုံရတဲ့ နှစ်လို့ ဆိုနိင်ပါတယ်...၃ ကြွင်းမွေးသမားကတော့   ပြောင်းပြန်ပါ   ရုတ်တရက် အသက်ဘေးနဲ့  မှု့ ခင်း ဖြစ်လို့ အချုပ်အနှောင် ခံရတတ်အသွားအလာအပြောအဆို ဂရုစိုက်ရပါ့ မယ်..စနေနဲ့  တနင်္လာတွေကတော့  မိသားစုနဲ့ ခဏခဏ ရစ်တာခရီးသွားတာ၊ကျမ္မာရေး ညံ့ တာ စသဖြင့် သိထားရပြီး တနင်္ဂနွေနဲ့  အင်္ဂါကတော့  အတော်ကောင်းပါတယ်။ ကျန်နေ့ သားကတော့ ပုံမှန်ပါဘဲ...ဒါပေမဲ့ တစ်ခုမှတ်ရမှာက  ဒီသောကြာ သက်ရောက်မှာ စီးပွားရေးကျိုးစားရင် ကျိုးစားသလောက် အရာထင်ပေမယ့်  အများစုက လူမှု့ ရေးဘာညာနဲ့ အချိန်ဖြုန်းပစ်တတ်လို့ တန်ဘိုးရှိတဲ့ နှစ်တစ်နှစ်ကို သမျှောစရာကောင်းတတ်ပါတယ်ဗျာ...


စနေသက်ရောက်သော်
---------------------------------

လူတကာသိလိုတဲ့ စနေသက်ရောက်စတိုင်ပါဘဲ ရောချပြီးပြောရရင် လောကမှာ ရှိသမျှဒုက္ခတွေစုစည်းရာ အရပ်လို့ တင်စားနိင်ပါတယ်..တကယ့် ပညာခွင်အရပြောရရင် သောကြာနံ ကိုယ်စားပြုခရီး၊စကား၊ လှုပ်ရှားမှု့ ခိုက်ခြင်းဆိုတဲ့ သဘောပါဘဲ ချဲ့ ပြောရင်ကုန်နိင်ဘွယ်မရှိပါဘူး    အဲ အများအတွက်ထင်ရှားတဲ့ မကောင်းမှု့ လေးတွေပြောရရင် အရှက်နဲနဲ ကွဲတတ်တဲ့ အဆင့် ကနေ ကြီးမားတဲ့ သိက္ခာ ကျမှု့ တွေ၊မသွားစဘူးအသွားထူးတဲ့ ခရီးတွေထွက်ရင်ဒုက္ခတွေရောက်ရတာ၊ အနဲဆုံး အထင်အမြင် အမှားခံရတာကနေကြီးမားတဲ့ အမှု့ တွေဖြစ်လွယ်တာ၊ အပူလောင်တာကနေ ဓါတ်လိုက်တာ အဆုံးမီးဘေးအထိ၊ ဓါးရှတာကအစ ဆေးရုံအထိရောက်တတ်တာစသဖြင့် အစုံ လှည့် ဖြစ်တတ်ပါတယ်  ဖြစ်ရာမှာလည်းကိုယ်တိုင်ဖြစ်တတ်သလို သွယ်ဝိုက်ပြီးမိသားစုပြဿနာ ကိုယ့် ပြဿနာ အထိဖြစ်တတ်ပါတယ်ဒီစနေဟာ ပုံမှန်ရောင့် ရောင့် ရဲရဲ နဲ့ နေထိုင်စားသောက်သူတွေကိုတော့  သိပ်ပြီးပြဿနာ မရှာတတ်ဘဲသိပ်ကို အက်တစ်ဖြစ်တဲ့ လူတွေ၊ ခုန်ပျံကျော်လွှားစီးပွားသမားတွေကိုတော့  စပါယ်ရှယ်ရစ်ပါတယ်

 သစ္စာတရားလွှမ်းမိုးလို့  သီလ အလွန်ကောင်းတဲ့  ဥပမာ ဆရာတော်သမတော်တွေကိုတော့  ဂုဏ်ထူးဘွဲ့ ထူးတွေဆက်ကပ်ခံရတတ်ပါတယ်ဒါပေမဲ့ လည်း ကျမ္မာရေးကိုတော့ နဲနဲဖြစ်ဖြစ်တော့ ရစ်လိုက်ပါသေးတယ်  ဒါအပြင် စနေသက်ရောက်ဟာ မတော်တဆမှု့ တွေကိုလည်းခေါ်ချလာပါသေးတယ်  ဒါကြောင့်  စနေသက်ရောက်ရင်ပုံမှန် လုပ်နေကျအတိုင်းသွားမြဲလာမြဲကသာ ကောင်းပြီး မလုပ်ဖူးတာ၊ မသွားဖူးတာ၊မစားဖူးတာတွေရှောင်ထားတာကအန္တရာယ်ကင်းပါတယ်...

..အထူးသဖြင့် စနေ မရဏ ထိုင်သူ ၄  ကြွင်းသမားတွေက သာမန် စနေသက်ရောက်သမားတွေထက် ပိုပြင်းလို့ ပိုသတိထားရပါ့ မယ်...ကြာသာပတေးနဲ့ သောကြာသာသမီးတွေက အတွင်းရန်အပြင်ရန်မိနေလို့ (ဓမ္မာ၊သုတ)ကျမ္မာရေးပိုသတိထားရပါ့ မယ်နော်..ကျန်နေ့ သားများကတော့ ပုံမှန်သတိရှိရှိနေရပါ့ မယ်...ချုပ်ပြောရရင် စနေသက်ရောက်ဟာ ၃ နှစ်မြောက် အင်္ဂါဗုဒ္ဓဟူးပြီးရင် တွေ့ ရတဲ့ သက်ရောက်မို့ တစ်ခါတစ်လေ အရင်သက်ရောက်၂ခုကို အသာလေး လွှတ်ပေးလိုက်ပြီး ဒီစနေသက်ရောက်ကျမှအချီကြီးဖဲ့ လွှတ်လိုက်တတ်လို့ သတိထားတာအကောင်းဆုံးပါဘဲလို့ ....

ရာဟုသက်ရောက်သော်
------------------------------------

..ရာဟုသက်ရောက်...ယေဘူယျကတော့ ...အချက်၃ချက်အဓိကပါ...

.၁။...ကိုယ်ကျင့် တရားကို ဖျက်စီးကြည့် ပါ့ မယ်........ပျက်တဲ့ သူကလူကိုဘ၀ပျက်အောင်ပြန်တုံ့ ပြန်ခံရပါမယ်....မပျက်တဲ့ သူက..ရှေ့ ရှောက်ကံတွေပွင့် စီးပွားတွေတက်နဲ့ အခွင့် ကောင်းတွေ ဆုပြန်ပေးပါမယ် 

၂။=စုတ်လာဘ်၂ပါးတပြိုင်နက်ပွင့် လို့ ....အကဲလွန်ရင် လူလွတ်ဆိုအိမ်ထောင်ကြပါတယ်. ..ကာမဂုံစိတ်သာများသွားရင်တော့  မမြဲပါဘူး..ရှိပြီးသားတွေက စမောဆွဲဘို့ အခွင့် အရေးပေးခံရပါတယ်.ကဲရင်မူလအိမ်ထောင်ပါပျက်ပြီးဘ၀စုတ်ပြတ်သွားပါတယ်..

၃=။ကျမ္မာရေလဲအဖြစ်များပါတယ်..လေ၀မ်းပျက်တာ၊ချီးပန်းတာ၊၀တဲ့ လူဆိုလေဖြန်းတာ အဆုတ် အအေးပတ်တာကိုပေါ့ ရင် တိုက်ဖိုက်ဖြစ်တာ..အထိရစ်ပါတယ်..သေတော့ မသေလွယ်ပါဘူး... ငွေရလွယ်လို့လူပျက်စီးခြင်းသဘောကအများဆုံးလို့ ဆိုနိင်ပါတယ်.. .

ဒီအထဲမှာမှ တနင်္ဂနွေသားသမီးကိုတော့ အိမ်ထောင်ရီးစားကွဲလွယ်ခြင်းနဲ့ ရောဂါထူခြင်းကသူများနေ့ သားတွေထက်ပိုဖြစ်စေပါတယ်.....ရန်ဂြိုလ်ဖြစ်လို့ ပါ.......လိမ်လိမ်မာမာသမားတွေကတော့ ကျမ္မာရေးနဲနဲဂရုစိုက်ပြီးဝင်တဲ့ ငွေကိုရွှေဝယ်စုတာအကျိုးမဲ့ မသုံးတာဆိုရင် နှစ်ကုန်ရင် ရွှေစုမိရက်သားဖြစ်နေပါမယ်.. .. 

ယေဘူယျကတော့ စန်းပွင့် လို့ လူမှု့ ရေးတွေနဲ့ အချိန်တွေဖြုန်းပစ်တတ်ကြောင်းပါ. ..၇ီးစားသနာမရှိသူများ ကမ်းလှမ်းသူ ပေါ်လာတတ်တာလဲရာဟုဂြိလ်ရဲ့ စန်းသဘောပါဘဲအတည်ယူရင်ပြဿနာမဖြစ်ပေမဲ့ အပျော်တွဲရင်လာဘ်ပိတ်ပါတယ်..၁ ကြွင်းမွေးမဟာဘုတ်သမားမျြးကတော့ ဝမ်းပျက်တာ၊ လေဖြန်းတာဖြစ်တတ်သလို သွေးတိုးသမား နဲ့  ၀ တဲ့ လူတွေအတွက် ကျမ္မာရေး ပိုသတထားရပါတယ် တနင်္ဂနွေ ။အဂါ၊ဟူး ။နေ့ များက တော့  အထိမ်ရေးသတိထားရပါတယ်..ကျန်နေ့ သားများကတော့ ပုံမှန်အကောင်းပါဘဲ ထူးခြားတာက ကိုယ်ကျင့် တရားအပျက်လွန်ကဲသူ (မိန်မရှုပ်သူတွေဟာ ဒီရာဟုသက်ရောက်မှာ မတော်တဆမှု့ တွေကြုံတတ်တာပါဘဲဗျာ



No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..