Powered By Blogger

Thursday, April 30, 2015

ဂြိုလ်ကောင်းလေးနှစ်မှာ မရဏဖြစ်တဲ့ အခါ..




ဂြိုလ်ကောင်းလေးနှစ်မှာ မရဏဖြစ်တဲ့ အခါ..
------------------------------------------------
အဆိုးသက်ရောက်တွေမှာ မရဏဖြစ်တဲ့ အခါ မီးကို ဓါတ်ဆီထပ်ထည့် လိုက်သလိုမို့  အထူးပြင်းထန်တတ်တယ်ဆိုတာ ထင်သာမြင်သာ ရှိမှာပါ..
မျက်စိလည်တတ်တာဟာ သက်ရောက် အကောင်းမှာ မရဏ သွားဖြစ်ရင် ဘာတွေ ကြုံတတ်လည်းဆိုတာ ပါဘဲ...

အဖြစ်အများဆုံးက မူလ နံ အပေါ် မူတည်ပြီး ဖြစ်ပျက်သွားကြတဲ့  သဘောပါဘဲ...

၁ကြွင်းတွေအတွက် ရာဟုသက်ရောက်ဟာ သူများတွေလို ငွေလည်း ရွှင်ပါတယ်..၊ စန်းလည်းပွင့် တာပါဘဲ ဒါပေမယ့်  မရဏအိမ်က ဂဏန်းဖြစ်သွားလို့ သူဝင်တဲ့ ငွေသူမသုံးလိုက်ရတာ၊ အချီးနှီး အပျော်တွေနဲ့ မစုမိဘဲကုန်တာ..၊ သိက္ခာ မသန့် တဲ့ အချစ်ရေးတွေနဲ့ ကြုံရတာ ၊ လေဖြတ်တာ ၊ ရေချိုးမှားတာတွေဖြစ်သွားတတ်ပါတယ်...လူကိုတော့ အသက်ဘေးဖြစ်ခဲ ပါတယ်.. ရေလမ်းသိပ်မသွားရင်ပေါ့ ..နောက် ၁ ကြွင်းတနင်္ဂနွေတို့  အင်္ဂါတို့ ဆိုရင်တော့  အမှု့ တို့ ...မိသားစုပြိုကွဲတာတို့  အချစ်ရေးအိမ်ထောင်ရေးပြိုကွဲတာတို့ ထည့် တွက်ရပါတယ်..။၅ကြွင်းတွေဟာ မရဏတနင်္ဂနွေရောက် ရင် ကိုယ်တိုင်ဘာမှမဖြစ်ဘဲ သူ့ အိမ်ထောင်ဘက်အလုပ်ထိခိုက်တာ ဆေးရုံရောက်ရတာတွေအလွန်များပါတယ်။အဖေအမေကိုလည်း ကိုယ်စားပြုလို့ အဖေအမေရှိသေးရင်သတိထားပေးရပါတယ်.။



၃ကြွင်းတွေ သောကြာ သက်ရောက်ဖြတ်တဲ့ အခါ...မိဘမဲ့ သွားတာ၊ သွေးအားနဲရောဂါ ၀င်လာတာ..ခရီးထွက်မှားတာ ၊ လူလွတ်ကနေ အိမ်ထောင်ကျတာ၊မတော်တဆမှု့ ကြုံတာ တွေ ၊ ရုတ်တရက်ဘ၀တစ်ခုအပြောင်းအလဲ ဖြစ်တာ..၊ သွားရောဂါ..စသဖြင့် မူလနံ အတိုင်း အဆိုးတွေပေးပါတယ်..တနင်္လာတို့  စနေတို့ လို ရန်ပါနေရင် ကျမ္မာရေးပိုသတိထားရတာ အိမ်ထောင်ရေးပိုသတိထားရတာဖြစ်လာပါတယ်။

၅ကြွင်း မှာတော့  တနင်္ဂနွေနံ မရဏဖြစ်လို့  နဲနဲကျယ်ပြန့် ပါတယ်....တနင်္ဂနွေနံဟာ မိမိနေတဲ့ အိမ်ကိစ္စ (နေရာထိုင်ခင်းပေါ့ )..၊ အိမ်ထောင်ဘက်ကိစ္စ ၊အိမ်မိသားစုကြောင့် အပူသောက၊ အလုပ်ခွင်ပြဿနာတွေ. .အလုပ်ပြောင်လိုက်ရတာ...(ကိုယ့် စိတ်နဲ့ ကိုယ်ပြောင်းရင်မှားတတ်တာ) အူအတက်ယောင်ရောဂါ အစာအိမ်ရောဂါ၊ သားအိမ်ရောဂါ..။ စသဖြင့် တနင်္ဂနွေနံနဲ့ ပတ်သက်သမျှ အကုန်လုံးနဲနဲစီဖြစ်ဖြစ် တစ်ခုကိုဘဲ ကွက်ပြီးအကြီးကြီးဖြစ်ဖြစ် နှိပ်စက်တတ်ပါတယ်...။

၆ကြွင်းမှာတော့ ...တနင်္လာသက်ရောက်ဟာ မရဏသက်ရောက်ဖြစ်လို့  ကား မတော်တဆမှု့  ရောင်းမှားဝယ်မှား ငွေကြေးဆုံးရှုံးမှု့ တွေနဲ့  တနင်္လာဟာ သိက္ခာကိုလည်း  ကိုယ်စားပြုလို့  နာမည်ပျက်စရာတွေနဲ့  အထင်အမှားခံရတာတွေပါကြုံတတ်ပါတယ်...ငွေဝင်ပေမဲ့  နဲနဲဝင်များများပြန်ပါသွားဆိုတဲ့ သဘောလည်းရှိပါတယ်..ငွေအလိမ်ခံရတာ လည်းများပါတယ်...အမြဲ စားလာတဲ့ လောင်းကစားဒိုင်တွေဆိုထွက်ပြေးရတဲ့ အထိ ငွေဆုံးရှုံးရပါတယ်။

၂ကြွင်း တွေကြာသာပတေးမရဏဖြတ်တဲ့ အခါမှာ မကောင်းတဲ  အိမ်ထောင်ရေးစ ထူထောင်မိတာ...သိုက်ကပြန်ခေါ်လို့ ရုတ်တရက်အသက်ထိခိုက်သွားတယ်ဆိုတာမျိုး ...ရုတ်တရက်ရောဂါဖြစ်ပြီးသေသွားတာခေါင်းထိခိုက်တာ..၊ အမွေလုတာ ၊မိသားစုတွေ ဆွေခန်းမျိုးခန်းပြတ်တဲ့ အထိစိတ်ဝမ်းကွဲတာ စိတ်ခံစားချက်ကို ဦးစားပေးပြီး တဇွတ် ထိုးဆုံဖြတ်ချက်ချလိုက်မိတာတွေကနေ ပြင်ရခက်တဲ့ အမှားသဘောတွေ ဖြစ်လာတာမျိုးတွေ ဖြစ်လွယ်ပါတယ်...တစ်ချို့ တော့  မြေ၀ယ်မိရောင်းမိမှား သဘောဖြစ်သလို မိဘနဲ့ ပတ်သက်ပြီးပူစရာတွေဖြစ်လာတတ်ပါတယ်...

ဒီလိုသဘောတွေထဲမှာ တစ်ချို့ ကိစ္စတွေက ကာကွယ်လို့ ရပြီး တစ်ချို့ ကိစ္စတွေတော့ ကြိုကာကွယ်လို့ မလွယ်ပါဘူး.......ဥပမာ...တနင်္ဂနွေသက်ရောက်မှာ အစာအိမ်ရောဂါမထအောင်  အစားဆင်ခြင်လို့ ရကောင်းပေမဲ့  အူအတက်ပေါက်တာကျတော့  အတိတ်ကံပါဘဲ ခွဲစိတ်ဖြတ်တောက်တုန်းသာ 
ယတြာကူလို့ ရတဲ့ သဘောပါ...။

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..