
''ချစ်ခြင်းတရားကို စစ်ခင်းကစားခဲ့ သလားလေ.....''
မာယာနွယ်အသီး ပန်း၏အသွင်
ကမ်းသည့် သခင်
အဆိပ်သင့် ရင်သင့် နေစေ ....
တဆိတ် ပြောခွင့် ရရင်ဖြင့် 
အပျော်ရှာ သာယာယုံလောက်နဲ့ 
မေတ္တာတရားကို အယောင်နှစ်
ချစ်မိခဲ့ တာ မဟုတ်ရပါ...
သစ္စာ၏သရုပ် အဟုတ်ပြစေချင်ရင်ဖြင့် 
ရုပ်ရှိခန္ဓာ မင့် စေရာ
ကြွေဆိုလည်း ကြွေ
နွေဆိုလည်း နွေလိုက်ခဲ့ ရင်း
မင့်  အရင်ဆုံးလူ မဖြစ်ခဲ့ ရင်တောင်
အချစ်ဆုံးလူ တစ်ယောက် အဖြစ်နဲ့ နေခဲ့ သူရယ်ပါ..။
ဒါပေမယ့် လည်းလေ
နွေကန္တာကို ဟေမာန္တာ အမှတ်ထား
ချစ်ခြင်းတရားမှာ အပြစ်ကင်းသွားလိုသူကိုမှ......
နောက်ဆုံးမတော့ 
မူယာနွယ်အချစ်ရဲ့ ကစားပွဲမှာ
အိမ်ဖြည့်  သမားလေး တစ်ယောက်သာဖြစ်ခဲ့ ပြီမို့ .
ချစ်မိသူ ကြော့ ဧကရီ မာယာဆူးရေ
မင်း...အမြဲနိုင်ပါစေလို့ သာ.....။ ။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..