
ခုနှစ်နေ့သားသမီး များအတွက် အရွက်+စမ ပေါင်းစပ် ကာဗာ မတွန့် စေရ အဆောင်
----------------------------
တနင်္ဂနွေ ....မရမ်း
တနင်္လာ...သပြေရွက်
အင်္ဂါ...ခရေ
ဗုဒ္ဓဟူး+ရာဟု.....စပယ်
ကြာသာပတေး....စွယ်တော်
သောကြာ....ပိတောက်
စနေ မာလာကာ
အဓိက ကတော့  ခရီးဝေး အသွားအလာများသူတွေအတွက် လမ်းမှာ ဘေးမဖြစ်ဖို့  ဆောင်တာဖြစ်ပြီး နေရာရှောင်စရာ အစားအစာရှောင်စရာ မလို ထားသိုတဲ့ နေရာ ရှောင်စရာမလို လွတ်လပ်ပေါ့ ပါးစွာဆောင်နိုင်တယ် ရွတ်စရာဖတ်စရာမရှိ သူ့ နေ့ သားနဲ့  သူ့ အရွက်မှန်ရင်ရပြီ ကိုယ်တိုင် အရွက်ပေါ်မှာ မာကာမှင် ဆော့ ပင် နဲ့ ပဲဆွဲ မှတ်ပုံတင်ကပ်လို ပလပ်စတစ်လောင်းဆောင်နိုင်တယ် မပျောက် မချင်း အကာအကွယ်ရတယ် ပျောက်သွားရင် အသစ်ပြန်လပ်ြဆောင်နိုင်တယ် တစ်သက်တာသုံးဖြစ်တယ် ဘေးထွက်ဆိုးကျိုးမရှိဘူး အသက်အရွယ် အယူဝါဒ မရွေးဆောင်ထားနိုင်တယ် ပေါ့ ကက်မန်းနီအိပ်ထဲ ထည့် ဆောင်တာ..အင်းကျီအိပ်ထဲဆောင်ထားတာ ဂျင်းဘောင်းဘီတင်ပါးအိပ်ထဲအထိပါ အလုပ်လုပ်ရင်းဆောင်နိင်တယ် ..
တနင်္ဂနွေသားသမီတွေအတွက် မရမ်းရွက် မရရင် သစ္စုာ ပန်းအရွက် အပြားမှာ ရေးဆောင်နိုင်တယ် အရွက်ကြီးလို့  အရွက်အလယ်က နေ ဘယ်ညာ ၂ လက္မလောက် ဖြတ်လိုက်ရင် လေးထောင့်  အရွက်ပြားလေးဖြစ်သွားလို့  ဆောင်လို့ ကောင်းသွားတယ်...ပလပ်စတစ်နဲ့ လောင်းဆောင်ထားရင် အရွက်နဲနဲညိုသွားတတ်ပေမယ့်  ကာဗာအစွမ်းမလျော့ ပါ...စပယ်တို့ စွယ်တော်တို့ ကိုတော့  အရွက်အရင့် တွေနဲ့ ဆို ပိုအဆင်ပြေတယ်...
ကိုယ်တိုင် ကြံဆပြီး စမ်းသတ်စောင့် ကြည့် ခဲ့ ပြီး...သုံးစွဲခဲ့  သဲုံးစွဲနေတဲ့  အကာအကွယ် အဓိက အတွက် အများသူငါ ဘေးထွက်ဆိုးကျိုးမရှိပဲ ဆောင်လို့ ရအောင် ရည်ရွယ်ထားတဲ့  အဆောင်ပါဗျားး.....
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..