Powered By Blogger
Thursday, April 30, 2015
တပွဲတိုးယတြာနဲ့ သောကြာသားသမီး ရဲ့ အာလူး ...
တပွဲတိုးယတြာနဲ့ သောကြာသားသမီး ရဲ့ အာလူး ...
-----------------
''အာလူး'' ''အလံ'' စသဖြင့်  တနင်္ဂနွေ နံအစ+ ဗုဒ္ဓဟူးနံ အဆုံး ၂ နံတွဲ ပညတ်တွေကို ယတြာကစားတဲ့ အခါမှာ ထူးခြား တိုက်ဆိုင်မှု့ က စနေသားသမီးနဲ့ သောကြာသားသမီးတွေမှာ တွေ့ နိုင်ပါတယ်..၊ ဒီနေရာမှာ အလံ ဆိုတာ အများသုံးသဘော နိုင်ငံတော်အလံကို ဆိုလိုတာမဟုတ်ပဲ ယတြာကစားရင် ပါပါလာတတ်တဲ့  သာသနာ့ အလံကို ရည်ညွန်းပါတယ် သာသနာ့ အလံကလည်း အများသုံးသဘောသာဖြစ်လို့ ယတြာမှာ  ပြဿနာတစ်ရပ်အဖြစ်ကနေ ဖယ်လိုက်ပါတယ်..အဓိက ပြောပြချင်တာ '''အာလူး'' ကိစ္စပါ..
ပြည်တွင်းပြည်ပ အလုပ် တွေ အသစ်ပြောင်းတာ အလုပ်ရှာနေတာ အလုပ်မြဲအောင် အလုပ်ဖြုတ်တဲ့ အထဲ အလွယ်တကူ မပါအောင် တနင်္ဂနွေသားသမီးနဲ့ ဗုဒ္ဓဟူးသားသမီးတွေရဲ့  အချစ်ရေး အိမ်ထောင်ရေးတွေ ခိုင်မြဲအောင် စိတ်ကောက်နေရင် အကြောမြန်မြန်တဲ့ အောင်  စသဖြင့် ကိစ္စတွေကို ယတြာကစားတဲ့ အခါ 
အမြဲတမ်းသုံးသင့် သလား တပွဲတိုးသာ သုံးသင့် လားကို ဘာနေ့ သားသမီးလည်းဆိုတာကို တစ်ချက်စီစစ်လေ့ ရှိပါတယ်...အကြောင်းက ဆိုက်အဖက် (သို့ ) ဘေးထွက် ဆိုးကျိုးဖြစ်လာ နိုင်မဖြစ်လာနိုင်ပေါ့ ...ဒါကလည်း အာလူး ဆိုတဲ့  ပညတ်အတွဲမှ မဟုတ်ပဲ လဘက်တို့ ပျဉ်းတာ်သိမ်တို့  စသဖြင့် တွေကိုသုံတဲ့ အခါမှာလည်း ဒီလိုပဲ စဉ်းစားပါတယ်..စဉ်းစားရတဲ့ အကြောင်းက ယတြာမခြေခင်က ပုံမှန်ပဲ ယတြာခြေလိုက်မှ ဘာတွေဖြစ်ကုန်မှန်းမသိဘူး ဆိုတာမျိုးမဖြစ်ရအောင်ပါပဲ...
ဒီတော့  အဲ့ ဒီ့ အခါမှာ ၇နေ့သားသမီးတွေထဲက စနေသားသမီးတွေအတွက် အာလူး ဆိုတဲ့ ၂ နံတွဲဟာ လူမှု့ ဆက်ဆံရေးကို ပိုကောင်းစေတဲ့ အားဖြည့် ပေးတဲ ဓါတ်မိတ်ပစ္စည်းအဖြစ်တိုက်ဆိုင်သွားပြီး .သောကြာသားသမီးတွေမှာတော့  သစ်စိမ့် အတွဲ (၀ါ) ဆပွတ် အစ + စတုရန်း အဆုံး = ၀င်အူ ၊ ရေအိုး ၊ရွှေအိုး ၊ ဆိုတဲ့  တတိယမြောက် အကာအကွယ်မတွန့် စေရ အတွဲမှန်ရဲ့  ပြောင်းပြန်အတွဲ (၀ါ) သောကြာနံကို မူလ တည်ငြိမ်နေတဲ့  အနေအထားကနေ ဖျက်ဆီးလိုက်တဲ့ အတွဲ ပျက်ဆီးသွားနိုင်တဲ့  မတည်မငြိမ်ဖြစ်သွားစေတတ်တဲ့  အတွဲဖြစ်သွားပါတယ်...
ဒီတော့ အလုပ်အကိုင်တွေ တိုးတက်လာအောင် ကောင်းလာအောင် အသစ်ရှာတဲ့ အခါမှာ  ယေဘူယျအားဖြင့်  ဘယ်သက်ရောက်မှာမဆို တပွဲတိုး ယတြာအဖြစ်ပေးတဲ့ အခါမှာ အာလူးကြော် မနက်တိုင်းဘုရားကပ်ပါ ကပ်တဲ့ အခါ အလုပ်ကိစ္စတစ်မျိုးတည်းအတွက်သာ အာရုံပြုကပ်ပါ အာလူးကြော် ကပ်ပြီးငွေဝင်ပါစေ မလုပ်နဲ့  ကပ်ရတဲ့ ရည်ရွယ်ချက် မတူဘူး ယတြာခြေရတဲ့ ကိစ္စအများစုရဲ့  အလုပ်ဖြစ်မှု့ ဆိုတာ တိကျတဲ့  ပစ်မှတ်တစ်ခုတည်းအပေါ် အာရုံပြု စိတ်ညွှတ်လုပ်ရတာ လိုချင်တာတွေများပြီး ပစ်မှတ်တွေများနေရင်ေ၀၀ါးနှောင့် နှေးသွားပြီး ဓါတ်မတိုးဘူးဖြစ်တတ်လို့ ပါ
အာလူးစိမ်းကို တစ်နေရာထဲမှာ ပုံသေ ရက်ရှည် ယတြာဓါတ်ဆင်ထားတဲ့ အခါ ...အာလူး ဆိုတဲ့  တနင်္ဂနွေနံအစ + ဗုဒ္ဓဟူးနံ အတွဲဟာ သောကြာသားသမီးတွေရဲ့  သစ်စိမ့် တွဲ ဗုဒ္ဓဟူးနံအစ+ တနင်္ဂနွေနံအဆုံး..=၀င်အူ = အကာအကွယ်အခိုင်အမာကို ဖြစ်စေတဲ့  မတွန့် စေရပညတ် အတွဲရဲ့ ပြောင်းပြန်အတွဲဖြစ်နေပါတယ်. .ဒီတော့  အပျက်သဘောနဲ့ အဖျက်သဘောကို သွားစေတဲ့  တွန်းပို့ တဲ့  ပညတ်အတွဲဖြစ်ပါတယ်.
..
.ဒီတော့  သောကြာသားသမီးဆိုတဲ့  အလယ်မူလအချာ သောကြာနံရဲ့ တည်ငြိမ်နေမှု့ ကို အနဲနဲ့ အများ သွားလှုပ်ခပ်စေပါတယ် ချော်လဲတာ စကားအခြေအတင် များစရာတွေ ရက်ဆက်ကြုံလာတာ သွားနာ သွားကိုက်မျိုးတွေ စသဖြင့်  သောကြာနံ မူလပျက် အညံ့ သဘောတွေစဖြစ်လာတတ်ပါတယ်...သဘောက 
သောကြာသားသမီးက အာလူးတစ်လုံးကို အလုပ်ရချင်လို့  ယတြာကစားတော့ အလုပ်ရပြီး သွားတစ်ချောင်းတော့ ကိုက်တာမနေနိုင်တော့ လို့  နှုတ်ပေးလိုက်ရတယ် ဆိုတာမျိုးပါ။ ဒါကြောင့် ယတြာတပွဲတိုးတွေမှာ ရေရှည်ဆင်တာရယ် တစ်မနက် တစ်ထိုင်ဆင်တာမျိုးရယ်ကို တွေးတောပေးရတာပဲဖြစ်ပါတယ်...
ဒီလို မတွန့် စေရ အကာကွယ်ပြောင်းပြန် အညွန့် တွဲကို နေရာအသေထားပြီး ရေရှည် ယတြာအဖြစ် သောကြာသားသမီးတွေ ကစားရင် သေနိုင်လားမေးတော့  အဲ့လောက်ကြီး ပွဲကြမ်းသွားတာမျိုးတော့ လည်း မတွေ့ ခဲ မိ့ပါဘူး ဖြစ်ခဲကြုံခဲတဲ့  အာရုံနောက်စရာတွေ ကြံဖန်ကြုံလာတာမျိုးပဲတွေ့ ခဲ့ ရတာများတယ်လို့ ပဲဖြေမှာပါ.ဖယ်လိုက်တဲ့ အခါ မျိုးမှာလည်း ပြန်အိုကေသွားတာ မြန်ပါတယ် .အခု ရေးပြချက်ကလည်း အစက အကောင်း..ယတြာခြေမိမှ ဘာတွေဖြစ်ကုန်မှန်းမသိဘူးဆိုတာမျိုးမဖြစ်ရအောင် ပိုသန့် သွားအောင်စဉ်းစားရတဲ့ သဘောပါပဲ မေးသူတွေ အရင်ဘေးကင်းဖို့   အတွက်ပေါ့ ...
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..