
ဂြိုလ်ကောင်းမရဏ။ ဂြိုလ်ဆိုးမရဏ ၊
--------------------------------------
ပထမအချက်က မရဏဆိုတာ ကိုယ့် မွေးတဲ့ ခုနှစ်အရ မူလမဟာဘုတ်တစ်ခုတည်ဆောက်လိုက်ပြီး
ရလာတဲ့  မူလမဟာဘုတ်က မရဏအိမ်က ဂဏန်းကို ခေါ်တာပါ ဥပမာ ၁ကြွင်းမဟာဘုတ်နဲ့ မွေးတဲ့ သူရဲ့ မရဏ က ဗုဒ္ဓဟူး ပေါ့ ...ဒီတော့  ၁ကြွင်းမဟာဘုတ်သမားတစ်ယောက် ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် ရိုးရိုး
ဗုဒ္ဓဟူးသက်ရောက်မဟုတ်တော့  မရဏဗုဒ္ဓဟူးသက်ရောက်လို့ ခေါ်လိုက်တာပါပဲ...
သက်ရောက်ကောင်းတစ်ခုမရဏဖြစ်သွားရင် ကြုံလာတဲ့ တုန့် ပြန်မှု့ နဲ့  သက်ရောက်ဆိုးမရဏဖြစ်သွားရင် ခံရတဲ့  အဆိုးဒဏ်က အင်အားချင်း၊မြန်ဆန်ပုံချင်း၊ပြုပြင်လို့ ရတာ မရလွယ်တာ..၊ ကြိုကာလွယ်တာ မလွယ်တာတွေ..၊ ပါပ မွေးတွေ သောမ မွေးတွေအပေါ်မူတည်ပြီးလည်း ကွာသွားပါတယ်....
တစ်ဆင့် စီတက် ကြည့် ရင်...သာမန် အင်္ဂါ စနေသက်ရောက်ဖြတ်ရင် ဖြစ်တတ်တဲ့ မကောင်းမှု့ ...နဲ့  တနင်္လာသားသမီးစနေဖြတ်ရင် ကြုံတတ်တဲ့ မကောင်းမှု့ မှာအင်္ဂါသားက ပိုပါတယ် ...ပါပမွေး သောမမွေးကွာလို့ ပါ....ထပ်ကြည့် ရင်..၄ကြွင်း အင်္ဂါ စနေဖြတ်တော့ မရဏ စနေဖြစ်သွားလို့  သာမန် အင်္ဂါ ဖြတ်တာထက် ပိုပြင်းလာသလို ရိုးရိုး တနင်္လာ စနေဖြတ်တာ ထက် ၄ကြွင်းတနင်္လာက စနေ ဖြတ်တာဟာလည်း မကောင်းမှု့ အင်အားပိုကြီးလာတတ်ပါတယ်...။
ဂြိုလ်ဆိုးလို့ ပြောတဲ့  အင်္ဂါ။ ဗုဒ္ဓဟူး၊ စနေ ၊ ကြာသာပတေး မရဏ ဖြစ်သွားရင် မကောင်းမှု့ တွေဟာ စဉ်းစားချိန်တောင်မရလိုက်ဘဲဖြစ်တတ်သလို လူသတိထားနေတဲ့ ကြားကဘဲလျင်မြန်တဲ့  နှုန်းနဲ့  ၀င်ဖေါက်ပါတယ်....
ဂြိုလ်ကောင်းလို့ ပြောတဲ့ ရာဟုသောကြာ တနင်္ဂနွေ တနင်္လာမှာတော့  လူကို စဉ်းစားခွင့် ပေးပါတယ်..ကြို ကာကွယ်ခွင့် ရနိုင်သလောက်ရတတ်ပါတယ်..
ဂြိုလ်ဆိုး မရဏဟာ ခုဖြစ်ခုမြန်ခုကောင်းသဘောလို မြန်ပြီး......ဂြိုလ် ကောင်းမရဏဟာ တအိအိဖြစ် တအိအိနဲ့ မှ လွတ်တဲ့ သဘော လို နှေးကွေးတဲ့ သဘောရှိပါတယ်...။
အဲဒီမှာ ပါပနေ့ သား သောမနေ့ သား ကွာပုံက ၃ကြွင်းတနင်္ဂနွေသားဟာ သောကြာ မရဏသက်ရောက်မှာ လက်ကလေးတွေဖြတ်ရပေမဲ့  သူ့ လိုမျိုး ကြာသာပတေးသားဖြစ်ရင် အဲဒီလို မဖြစ်နိုင်ဘဲ..အတွင်းဒဏ် သဘောဖြစ်ပြီး နာတာရှည် အရိုးတွေအောင့် တဲ့  ဒဏ်ဖြစ်သွားရမဲ့ သဘောဟာတနင်္ဂနွေနဲ့ ကြာသာပတေး ပါပ သမားသောမသမားကွာသွားလို့ ပါ..။ အကယ်၍ သာ ၃ကြွင်း တနင်္လာ သောမ မွေးသာ သောကြာမရဏဂြိုလ်မှာ ခရီးသွားရင်း ကားမှောက်ရင် သူတော့ မသေ..သူ့ မိသားစု တစ်ယောက်ယောက်သေတတ်တာဟာ သောမ မွေးလို့ တင်မက (သောက )ဆိုတဲ့ မိသားစု
ခွဲခွာရတဲ့  အတွင်းရန်သဘောပါနေလို့ ပါ..(ဟဲဟဲ...ပိုဆိုးလာပြီ..အဲ့ ဒါကြောင့် အနုစိတ်မြင်ရင်ဘယ်နေ့ သား ဘယ်လိုဖြစ်နိုင်လည်းကို ပိုခန့် မန်းလာလို့ ရတယ်လို့ ဆိုတာပါ)။
တနင်္ဂနွေ၊ အင်္ဂါ ၊စနေ၊ ရာဟု နေ့  မွေးတွေဟာ ပါပ အပူ ဂြိုလ်ဖွားပါပ နေ့ သားတွေဖြစ်ပြီး ဖြစ်မြန်ပျက်မြန်သဘောရှိကြောင်း.....
တနင်္လာ၊ ဗုဒ္ဓဟူး ၊ ကြာသာပတေး၊သောကြာ နေ့  မွေးတွေဟာ သောမ အအေး ဂြီုလ်ဖွား သောမနေ့ သားတွေဖြစ်ပြီး ဖြစ်ကြာ ပျက်ကြာ သဘောရှိကြောင်း..တကူးတက မဟုတ်ဘဲ ကံတွေကိုစဉ်းစားရာမှာ အလိုလို ထည့် စဉ်းစားသွားတဲ့ သဘောရှိပါတယ်..။
ပါပ သမားတွေ ဂြိုလ်ဆိုးမှာရောဂါထူရင် မြန်မြန် ဖြစ် မြန်မြန်ကု မြန်မြန်ပျောက် (သို့ )အဆင်မသင့် ရင် မြန်မြန်သေတတ်သလို....
သောမသမားတွေ ဂြိုလ်ဆိုးမှာရောဂါထူရင်...ပျိုးတာလည်းကြာ ဖြစ်တာလည်းကြာ ပျောက်ဖို့ လည်းကြာသဘောရှိပြီး လွယ်လွယ်နဲ့ မသေနိုင်ပြန်ပါဘူး..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..