Powered By Blogger
Saturday, July 4, 2015
ပညာသဘော
--
ဒီဇယားက အဲ့ လိုရေး ပေါ်တင် ကပ်ပြထားတာပါလို့  ပြတာပါ လာနေမကျသူ လုပ်နေမကျသူ တစ်စိမ်းတွေကို န၀င်းပွဲ အကြောင်း သိပ်ပြောလေ့ မရှိပေမယ် န၀င်းပွဲတွေ နဲ့ ပတ်သက်လာရင် လိုအပ်လို့ ပြောလိုက်ပြီဆိုရင် တကယ် လိုအပ်ပြီဆိုရင်  မေးလာပြီင်္ဆိုရင်တော့  (လမိုင်းစိတ်ကပ်သွားပြီဆိုရင်) အားမနာတတ်တော့ ဘူးလို့ ပြောတာပါ.. ပြောတိုင်းလည်း လုပ်ပေးလေ့ မရှိတတ်ဘူး မလိုသေးဘူးလို့ ပြောလိုက်တာက ပိုများတယ်...တရုပ်တန်းနဲ့ နီးတော့ ပညာသဘောပါလာရင် ခပ်တင်းတင်း ဆန်တယ် ကုန်သည်စိတ်လည်း ပြန်ဆန်သွားတယ် န၀င်းပွဲပညာရပ် သဘောနဲ့ ပတ်သက်လာရင် အပေါစားလို့ လည်း အထင်မခံနိုင်ဘူးပေါ့ ဗျားးး
န၀င်းပွဲ
န၀င်းပွဲ
--------
 အွန်လိုင်းပေါ်က န၀င်းပွဲလောကတွေ လျှောက်ပတ်ပြီး စိတ်ကူးပေါက်တာနဲ့  ကျနော့် န၀င်းပွဲစတိုင်လေးကို ထပ်ပြီး ချပြလိုက်တာ
ဒီပုံက ကျနော်ထွန်းနေကျ န၀င်းပွဲ ပုံစံပဲဗျာ..၉၆ နောက်ပိုင်းလောက်မှာကတည်းက တစ်ကိုယ်တော် လုပ်လာခဲ့ တာ  ပွဲပေါင်း ထောင်ချီခဲ့ ပြီ မတ်စိရှားလို့ ထည့် လိုက်မထည့် လိုက် လုပ်လာတာ  ၂၀၀၀လွန်စလောက်ကတည်းကပဲ. ရရာအကြွေစေ့ တွေ ကိုသုံးလိုက်သေးတယ်  မတ်စေ့ ထည့် စက တစ်ပွဲကိုတစ်ခါသုံးစနစ်နဲ့ လုပ်ကြတာ .နောက်တော့ အကြွေရှားလာလို့  ညစ်လာတယ် .(ဆရာကြီးဆီ အကြွေစေ့ ရှားပါးပြဿနာကို ကျနော်တို့  တွေ ၀ိုင်းရစ်ကြလို့  မထည့် လည်းရ၏ ဆိုလို့  ထည့် လိုက်မထည့် လိုက်ဖြစ်လာတာ..။
ကွမ်းယာတာတောင် ကွမ်းတစ်ယာကို ကွမ်းသီးတစ်ခြမ်း.( အဲ့ အခြမ်းလိုက်ဝယ်ရတာကလည်း ပထမတော့ လွယ်သား နောက်တော့ အခြမ်းလိုက်က ရွှေထက်တောင်ရှားချင်သလိုလို ဖြစ်လာတာနဲ့ ကွမ်းသီး ၉ စိတ် တွေ လုပ်လိုက်တာ ထုံးတို့ တာက ၉စက် ဘေး ဘယ်ညာ ၄စက်ဆီနဲ့ အရွက်ဖျား တစ်စက်.ကန်တော့ ပုံ ကွမ်းယာလိုက်ပြီး ကွမ်းရိုးနဲ့  ကွမ်းရွက်အနားကို ၂ဖက်ခေါက်ထပ်ပြီး  ပြန်ထိုးဖေါက်ရ ချုပ်ရတာ  ဦးရှင်ကြီးကွမ်းယာလိုပဲ .....
ကျနော်တို့ တွေ န၀င်းပွဲ ကိုင်နေကြတာက န၀င်းလာထိုင်တဲ့ သူရှေ့ မှာ ဘယ်တုန်းကမှ ကြိုပြင်ထားလေ့  ပြင်ပြထားလေ့ မရှိဘူး ကြိုလည်းထွန်းလေ့ မရှိဘူး.တစ်ချို့  န၀င်းပွဲ ဆိုတာဘာလဲလို့ မေးရင်တော့ နဲနဲပါးပါး ရှင်းပြလိုက်တယ် အဓိကကတော့  ငှက်ပျောသီးပွဲမဟုတ်တဲ့ အကြောင်းပေါ့  ပြီးတော့ တစ်နေ့ ကုန် ချိန်းထားတဲ့ သူတွေကို န၀င်းရိုက်ပေး ပြီးမှ ညနေ နားနီးမှ ပွဲတွေ စုပြင်ပြီး ထွန်းတာ  တစ်ချို့ ဆို န၀င်းသာ လာလာထိုင်နေတာ န၀င်းပွဲ မမြင်ဘူးကြဘူး...
ကျနော်တို့ တွေနောက်တော့ ပွဲဆိုတာဘာလဲ ပွဲဆိုတာ ဘယ်ကဖြစ်လာတာလဲ ပွဲဝင်ပစ္စည်းတစ်ခုချင်းစီဟာ ဘယ်က စဖြစ်လာတာလဲ စသဖြင့် ပွဲသဘောကို သိသွားကြတယ် သိတယ်ဆိုတာ န၀င်းပွဲရဲ့ ဂုဏ်ရည်ဟာ ဘယ်အပေါ်မှာ တည်သလဲဆိုတာပေါ့ ..
ပါးစပ်တွေအကြောင်း
ပါးစပ်တွေအကြောင်း
---
ဒိုးနတ်စလာတုန်းကလည်း မုန့် လက်ကောက်လောက် မမက်ဘူးလို့ ပြောသံကြားခဲ့ ရသလို
ကိတ်မုန့် ကို ဘိန်းမုန့် လောက် မလွမ်းဘူးလို ဆိုကြပြန်တယ်..
ဒိုးနတ်ဆိုတာရော မုန့် လက်ကောက်ဆိုတာရော ကိတ်မုန့် ဆိုတာရော ဘိန်းမုန့် ဆိုတာပါ လူတွေ စားလို့ ရတဲ့ ပစ္စည်းတော့ သေခြာတယ် မဟုတ်လား ?
တစ်ခါတစ်ရံ
တစ်ခါတစ်ရံ
အများစု ပုံမှန်စိတ်သဘာဝက
တစ်ခါတစ်ရံ
တစ်ယောက်ထဲလည်း နေချင်တယ်
အမြဲတမ်း အဖြစ်တော့ 
အများနဲ့ လည်း မကင်းကွာချင်ဘူး
သဘောကတော့ 
သဘာဝစိတ်တွေဟာ.
အခြေအနေ တစ်ခုတည်းမှာ
တစ်သတ်မတ်တည်း အသေ နေရတာမျိုးထက်
ကောင်းမည်လို့ ထင်စေ ဆိုးမည်လို့ ဆိုစေ
တစ်ခါတစ်ရံ
အရှင် အရွေ့ သဘောကို ကြိုက်တတ်တယ်ပေါ့ 
(ဖီလင်)
(ဖီလင်)
----------
တရုပ်ပြည်မှာ နောက်ဆုံးပေါ် အိုင်တီပစ္စည်းလေးကို လိုချင်လွန်းလို့ မအေ မသိအောင် ကိုယ့် ကျောက်ကပ်ကို မှောင်ခိုထုတ်ရောင်းပြီး အိုင်တီပစ္စည်းကို ၀ယ်ခဲ့ တဲ့  ဆယ်ကျော်သက် ဘဲလေးရဲ့  လိုချင်မှု့ ရဲ့ ဖီလင်မျိုးနဲ့ 
 အခုဆို သောက်ဆံရှိရင် လိုသလောက်ဝယ်လို့ ရနေပြီဖြစ်တဲ့   အခုတောင် မော်ဒယ်လ်ခဏခဏ အောက်လုလုဖြစ်လာနေပြီဖြစ်တဲ့ အိုင်ဖုံးစီးရီးတွေ  စဖြန့် တဲ့ နေ့ တွေတိုင်း အတွက် ပထမနေ့ ဝယ်သူတွေအဖြစ် အမှတ်တရအဖြစ် ပါသွားချင်လွန်းလို့ ချမ်းသာတယ်ဆိုတဲ့ လူနေမှု့ အဆင့် ရှိနေတယ်ဆိုတဲ့ ဘောစိတွေများတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ဘောစိတွေရဲ့ သားသမီးတွေတောင် လမ်းဘေးမှာ ရွက်ဖျင်တဲထိုးပြီး ညအိပ်တောင် တမျှော်တခေါ်ကြီး တန်းစီစောင့် ကြတဲ့ ဖီလင်မျိုးတွေ....
အဲ့ ဖီလင်တွေနဲ့  ပြည်ပသားတွေရဲ့ လက်ရာအစစ် ကြက်ကြော်ကို စားဖူးလိုက်ချင်လွန်းတဲ့ ဖီလင်ကြောင့်  လာရောင်းတဲ့  ပထမနေ့ မှာ တန်းစီကြတဲ့ ဖီလင်နဲ့ 
ဖီလင်တွေမှာ ဘာကွာသွားလို့  ကြက်ကြော်တန်းစီတဲ့ သူတွေက ကိုယ့် ပိုက်ဆံနဲ ကိုယ့် ပါးစပ်နဲ့ကိုယ် ကိုယ်စားချင်တာကို ပထမနေ့ မှာ ကိုယ့် ခြေထောက်နဲ့ ကိုယ်ခြေညောင်းခံပြီး တန်းစီစောင့် ဝယ်တာ ဘာအဆင့် မှ မရှိတော့ သလောက်ဖြစ်လာနေတဲ့  တိုင်းပြည်အတွက် ရိုးလ်ကျစရာကြီးလို့ မြင်ရတာလဲ..?
မေ့ ပစ်ချင်တဲ့ စာ
မေ့ ပစ်ချင်တဲ့ စာ
---------
မြို့ တက် ပညာသင်နေတဲ့ သားက တောက တောင်သူကြီးအဖေဆီ ပိုက်ဆံအသုံးပြတ်လို့  စာရေးပြီး ငွေတောင်းတာမှာ အကြောင်းပြချက်က ကျောင်းမှာ လော်ဂရမ်သမ် ကျကွဲသွားလို့ လျော်ရမယ်အဖေ လို့ အကြောင်းပြတော့ သားအတွက် တောက ဖအေက ငွေကို ရှာဖွေပို့ လိုက်ရင်းအဖေတို လည်း သိပ်မလည်ဘူး နောက်ကို ကျမကွဲအောင် ကျောင်းပစ္စည်းတွေကို ရိုရိုသေသေ ဂရုစိုက်ကိုင်ပါ သားရယ် ဆိုတဲ့  ဟာသ အတိုလေးကို ငယ်ငယ်ကဖတ်ရတုန်းက ရယ်ရပေမယ့် ...
ရွာ..
ရွာ..
--
ရွာတဲ့ လား
ရွာထဲမှာလား
ရွာထဲဝင်ဖို့ ကြိုးစားနေတာလား
ရွာပြင်ထွက်ဖို့ ကြိုးစားနေတာလား
ရွာပြင်မှာပဲလား
ရွာထဲမှာ ရှိတုန်းလား
ရွာစပ်မှာလား
ရွာပြင်ရောက်တော့ မှာလား
ရွာပြင်ထွက်ပြေးတာလား
ရွာကောင်းလား
ရွာဖုန်းဆိုးလား
ရွာထဲက မွန်းကျပ်သလား
ရွာပြင်က လွတ်လပ်သလား
ရွာဆိုတာရော သေခြာလား
ရွာ့ အကြိုက်သိလား
ရွာ့ အကြိုက် မသိဘူးလား
ရွာ့ အလိုက် နေသင့် လား
ရွာ့ အလိုက် မလိုက်ဘူးလား
ရွာကို ဆန်ချင်တာလား
ရွာကို လှန်ချင်တာလား
ရွာဆိုတာ ဒီလိုပဲလား
ရွာဆိုတာ ဒီ့ ထက်ပိုလား
ရွာထဲကလူလား
ရွာအပြင်ကလူလား
ရွာတဲ့ လား
မဟုတ်ခဲ့ ဘူး..
မဟုတ်ခဲ့ ဘူး..
----
အချစ်ကို ချစ်တယ် တဏှာကောင်တော့ မဟုတ်ဘူး
ပိုက်ဆံရှိတာကို သဘောကျတယ် ငို့ ဘသမားတာ့ မဟုတ်ခဲ့ ဘူး
စားစရာတွေကို သဘောကျတယ် စားပိုးနင့် အထိတော့ မဟုတ်ခဲ့ ဘူး
ဓမ္မတွေကို သဘောကျတယ် တရားသမားတာ့ မဟုတ်ခဲ့ ဘူး
စစ်ကားတွေကို သဘောကျတယ် အကြမ်းဘက်သမားတော့ မဟုတ်ခဲ့ ဘူး
ကိုယ်ယုံတာကို သဘောကျတယ် အစွန်းရောက်သမားတော့ မဟုတ်ခဲ့ ဘူး
တွေးရတာကို သဘောကျတယ် စိတ်ကူးယဉ်သမားတော့ မဟုတ်ခဲ့ ဘူး
လက်တွေ့ ကိုလည်းသဘောကျတယ် ဆင်ခြင်ပယ်သမားတော့ မဟုတ်ခဲ့ ဘူး
ရဲ ရင့် တာကိုသဘောကျတယ် အရိုင်းသမားတော့ မဟုတ်ခဲ့ ဘူး
လိမ်မာတာကို သဘောကျတယ်  ဟုတ်ကဲ့  သမားတော့ မဟုတ်ခဲ့ ဘူး
ပြတ်သားတာကို သဘောကျတယ် ငါတကောသမားတော့ မဟုတ်ခဲ့ ဘူး
---------------...---------------------..မဟုတ်ခဲ့ ဘူး
---------------...---------------------..မဟုတ်ခဲ့ ဘူး
---------------...---------------------..မဟုတ်ခဲ့ ဘူး
နိုးဇွတ်..
နိုးဇွတ်..
---
ပါရမီသဘောတွေဟာ အတော်ထူးဆန်းသလို ဓမ္မသဘောဟာ ဇွတ် လုပ်လို့ မရတာကို ဇာတကတွေမှာ တွေ့ ရတယ် အင်္ဂုလိမာလ ကျွတ်တန်းဝင်တာ ဘယ်ရိပ်သာမှမသွားလိုက်ရပဲ ဘုရားက သူ့ ဆီတကူးတက သွားပေးရတဲ့  သဘောတုန်းက နဲနဲပါးပါး ရိပ်မိလာပေမယ့်  ဇာတ်တွေကို လျှောက်ဖတ်ပြီး ပြန်လိုက်တွေးတာ မစုံသေးတော့  ဒီ သဘောကို သိပ်အလေးမထားမိသေးဘူး..
အချစ်နဲ့ အမုန်း
အချစ်နဲ့ အမုန်း
----
အတွေးအမြင်သမိုင်းစဉ်ကြီးတစ်လျှောက်ရဲ့  တွေးခေါ်ကြတဲ့  စတိုင်ကိုကြည့် ရင် ကိုယ့် လူ့ အဖွဲ့ အစည်းအကြောင်းကို တွေးလိုက်  ကိုယ့် လူ့ အဖွဲ့ အစည်းလေးအကြောင်းက ကမ္ဘာကြီးတစ်ခုလုံး သဘောထက်စာရင် ဘောင်ကျဉ်းတယ် ဆိုပြီး ကမ္ဘာကြီး တစ်ခုလုံးအကြောင်းကို ထွက်တွေးလိုက် ....
ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးတိုက်ပွဲသို့ ....
ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးတိုက်ပွဲသို့ ....
-----------------
ငါ့ လက်ကလွတ် ဘလွတ် ကုသိုလ်လေးအကြောင်းပါ...အဟီးးး... မနက်က အိမ်နားမှာ  အခန်း ၂ ခန်းတိုက်ပွဲတွေဖြစ်နေတာ ရယ်ရတယ်...ဖြစ်ပုံက အခန်း တစ်ခန်းက ဘာစိတ်ကူးပေါက်လဲ မသိဘူး မနက် မနက် လမ်းမထွက် တံမျက်စည်း ထွက်ထွက်လှဲနေတာ တစ်လလောက်ရှိလာပြီ..
.သူ အမှိုက်လှဲ
နေပုံက သူ့ အခန်းရှေ့ တော့ ပြောင်နေအောင် လှဲပြီး တံမျက်စည်းနဲ့  စုခပ်လာတဲ့  အမှိုက်စလေးတွေကို သူ့ ဘေးခန်းက အိမ်ဘေးနား သွားသွားစုပုံထားခဲ့ တာမျိုး..
မိုးရွာတော့ အဲ့ အမှိုက်တွေက သူ့ ဘေးခန်းရဲ့ အိမ်ရှေ့ မှာ ပလဲကုန်ရောဗျာ....ဟီးဟီး..
.အဲ့ ဒါ အဲ့ အခန်းက လူတွေက ပထမတော့  မကြားတကြား ပြောနေသေးတယ်....မနက်ကတော့  သက်သက်စောင့် နေတာနဲ့ တူပါရဲ့  တံမျက်စည်းလှဲနေတာကို စောင့် ကြည့် နေပြီးမှ သူတို့ အခန်းဘက်လဲ အမှိုက်တွေ စုလာရော အိမ်ထဲက နေ တံမျက်စည်းတစ်ချောင်း ကိုင်ထွက်လာပြီး အဲ့ အမှိုက်တွေက ပြန်ယက်ထုတ်ပြီး ဟိုဖက် အမှိုက်ထွက်ထွက်လှဲတဲ့ အခန်းဘက် သွားပုံပစ်လိုက်ရောဗျာ...အဲ့ မှာ ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးကုန်တော့ တာပါပဲဗျားးးးး..ဟီးဟီး..
ဘာကြောင့် နိုးအွန်ဗေဒင်..?
ဘာကြောင့် နိုးအွန်ဗေဒင်..?
---
တစ်ချို့ ဖီလင်တွေဟာ ဒဏ်ရာတွေကနေ မွေးဖွားလာတဲ့  ဖီလင်တွေ ဖြစ်တယ်။...
unknown ကံ
unknown ကံ
---
လူမှာ မမွေးခင်က အတိတ် လက်ရှိဘ၀ ပစ္စုတ်ပန်   လွန်ပြီးဘ၀ အနာဂတ် သဘောရှိတယ်ပေါ့  ..အဲ့ ဒီမှာ unknownသဘောက  ကိုယ်မမွေးခင်က အတိတ်ဘ၀က ကံတွေကို အတော်များများ မသိနိုင်ဘူး..လူဖြစ်ထိုက်တဲ့ ကံရှိလို့ လူဖြစ်လာတာလို့ ပဲ ပြောနိုင်မယ် ကျန်တာ အတိတ်ကံကို ကိုင်ပြလို့ မရလို ယုံချင်ယုံ မယုံချင်နေသဘောပဲ ပြီးတော့  ပြုပြီးခဲ့ တဲ့  unknown သဘောကို ပြုပြင်ပြောင်းလဲလို့ မရတော့ ဘူး  unknown ရဲ့  ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်အချိန်လာမလဲဆိုတာလဲ ဘယ်သူမှ ရေရေရာရာ မသိနိုင်ဘူး ၊ ဒီတော့  မသိနိုင်မယ့် အတူတူ အဲ့ unknown အတိတ်ကံ အကြောင်းကို ခေါက်ထားလိုက်တယ်...တွေးမနေတော့ ဘူး...(ဖြေဆည်ရာသဘော အဖြစ်လိုလာရင် ဆွဲသုံးလိုက်တယ်..ဟိုဘ၀က သူများကို ဘာလုပ်ခဲ့ လို့  ဒီဘ၀ငါဘာဖြစ်ပေါ့ .အဲ့ ဒါကို မယုံတဲ့ သူတွေ ရှိတာပါ ထည့် တွေးထားရတယ် မယုံကြည်မှု့  ယုံကြည်မှု့ သဘော ဖြစ်နေလို့ )
စိတ်ညစ်စရာ ကောင်းလောက်အောင် တိုက်ဆိုင်တတ် မှန်တတ်တဲ့ လစိတ်
စိတ်ညစ်စရာ ကောင်းလောက်အောင် တိုက်ဆိုင်တတ် မှန်တတ်တဲ့ လစိတ်
------------
ပထမဆုံးက ဒီလစိတ် ဖြစ်သန်းပုံကို ပထမဆုံး စတွေးတော စောင့် ကြည့်  မှတ်တမ်းတင်ပြီး စိတ်ကျေနပ်လောက်စရာ တော်တော်လေး တိုက်ဆိုင် ခိုင်မာပြီဆိုမှ ကျနော်တို့ တပည့် တွေကို ပြန်ပြောပြခဲ့ တဲ့ ကျနော်တို့ ဆရာ ဦးလင်းအောင်ကို ဘ၀ခရီးကြီးတစ်ခုလုံးစာအတွက် တန်ဘိုးကြီးမားတဲ့  လစိတ်ပညာ သဘောတရားအတွက် သိပ်ကိုကျေးဇူးတင်တာပါပဲလို့ ...( အရင်က တစ်နှစ်တာအတွင်း ဘယ်လဟာ ပိုသတိထားသင့် တယ် ဘယ်လဆိုရင်တော့ ကံစပွင့် ပြီးဆိုတဲ့  ဘာညာတွေကို မရေမရာနဲ့  ၀ါးတားတားသဘောပဲသိခဲ့ လို့ ပါ)