Powered By Blogger

Saturday, July 4, 2015

ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးတိုက်ပွဲသို့ ....

ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးတိုက်ပွဲသို့ ....
-----------------
ငါ့ လက်ကလွတ် ဘလွတ် ကုသိုလ်လေးအကြောင်းပါ...အဟီးးး... မနက်က အိမ်နားမှာ  အခန်း ၂ ခန်းတိုက်ပွဲတွေဖြစ်နေတာ ရယ်ရတယ်...ဖြစ်ပုံက အခန်း တစ်ခန်းက ဘာစိတ်ကူးပေါက်လဲ မသိဘူး မနက် မနက် လမ်းမထွက် တံမျက်စည်း ထွက်ထွက်လှဲနေတာ တစ်လလောက်ရှိလာပြီ..
.သူ အမှိုက်လှဲ
နေပုံက သူ့ အခန်းရှေ့ တော့ ပြောင်နေအောင် လှဲပြီး တံမျက်စည်းနဲ့  စုခပ်လာတဲ့  အမှိုက်စလေးတွေကို သူ့ ဘေးခန်းက အိမ်ဘေးနား သွားသွားစုပုံထားခဲ့ တာမျိုး..
မိုးရွာတော့ အဲ့ အမှိုက်တွေက သူ့ ဘေးခန်းရဲ့ အိမ်ရှေ့ မှာ ပလဲကုန်ရောဗျာ....ဟီးဟီး..

.အဲ့ ဒါ အဲ့ အခန်းက လူတွေက ပထမတော့  မကြားတကြား ပြောနေသေးတယ်....မနက်ကတော့  သက်သက်စောင့် နေတာနဲ့ တူပါရဲ့  တံမျက်စည်းလှဲနေတာကို စောင့် ကြည့် နေပြီးမှ သူတို့ အခန်းဘက်လဲ အမှိုက်တွေ စုလာရော အိမ်ထဲက နေ တံမျက်စည်းတစ်ချောင်း ကိုင်ထွက်လာပြီး အဲ့ အမှိုက်တွေက ပြန်ယက်ထုတ်ပြီး ဟိုဖက် အမှိုက်ထွက်ထွက်လှဲတဲ့ အခန်းဘက် သွားပုံပစ်လိုက်ရောဗျာ...အဲ့ မှာ ခြုံခိုတိုက်ပွဲကနေ စီးချင်းထိုးကုန်တော့ တာပါပဲဗျားးးးး..ဟီးဟီး..

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..