Powered By Blogger

Saturday, July 4, 2015

(ဖီလင်)

(ဖီလင်)
----------
တရုပ်ပြည်မှာ နောက်ဆုံးပေါ် အိုင်တီပစ္စည်းလေးကို လိုချင်လွန်းလို့ မအေ မသိအောင် ကိုယ့် ကျောက်ကပ်ကို မှောင်ခိုထုတ်ရောင်းပြီး အိုင်တီပစ္စည်းကို ၀ယ်ခဲ့ တဲ့  ဆယ်ကျော်သက် ဘဲလေးရဲ့  လိုချင်မှု့ ရဲ့ ဖီလင်မျိုးနဲ့ 

 အခုဆို သောက်ဆံရှိရင် လိုသလောက်ဝယ်လို့ ရနေပြီဖြစ်တဲ့   အခုတောင် မော်ဒယ်လ်ခဏခဏ အောက်လုလုဖြစ်လာနေပြီဖြစ်တဲ့ အိုင်ဖုံးစီးရီးတွေ  စဖြန့် တဲ့ နေ့ တွေတိုင်း အတွက် ပထမနေ့ ဝယ်သူတွေအဖြစ် အမှတ်တရအဖြစ် ပါသွားချင်လွန်းလို့ ချမ်းသာတယ်ဆိုတဲ့ လူနေမှု့ အဆင့် ရှိနေတယ်ဆိုတဲ့ ဘောစိတွေများတဲ့ နိုင်ငံခြားတိုင်းပြည်တွေက ဘောစိတွေရဲ့ သားသမီးတွေတောင် လမ်းဘေးမှာ ရွက်ဖျင်တဲထိုးပြီး ညအိပ်တောင် တမျှော်တခေါ်ကြီး တန်းစီစောင့် ကြတဲ့ ဖီလင်မျိုးတွေ....

အဲ့ ဖီလင်တွေနဲ့  ပြည်ပသားတွေရဲ့ လက်ရာအစစ် ကြက်ကြော်ကို စားဖူးလိုက်ချင်လွန်းတဲ့ ဖီလင်ကြောင့်  လာရောင်းတဲ့  ပထမနေ့ မှာ တန်းစီကြတဲ့ ဖီလင်နဲ့ 

ဖီလင်တွေမှာ ဘာကွာသွားလို့  ကြက်ကြော်တန်းစီတဲ့ သူတွေက ကိုယ့် ပိုက်ဆံနဲ ကိုယ့် ပါးစပ်နဲ့ကိုယ် ကိုယ်စားချင်တာကို ပထမနေ့ မှာ ကိုယ့် ခြေထောက်နဲ့ ကိုယ်ခြေညောင်းခံပြီး တန်းစီစောင့် ဝယ်တာ ဘာအဆင့် မှ မရှိတော့ သလောက်ဖြစ်လာနေတဲ့  တိုင်းပြည်အတွက် ရိုးလ်ကျစရာကြီးလို့ မြင်ရတာလဲ..?

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..