Powered By Blogger

Sunday, April 12, 2015

ဆုံစည်းရတဲ့ ပရိပ်သတ်က ဗေဒင်ဆရာရဲ့ အဟောစတိုင်ကို ပြဌာန်းတာမျိုးလည်းဖြစ်တတ်တယ်..

ဆုံစည်းရတဲ့ ပရိပ်သတ်က ဗေဒင်ဆရာရဲ့ အဟောစတိုင်ကို ပြဌာန်းတာမျိုးလည်းဖြစ်တတ်တယ်..
--------
စကတည်းက ကျနော့် ပရိပ်သတ်က ကျနော်နေတဲ့ အရပ်သဘောကြောင့်  တရုပ်တန်းပရိပ်သတ်တွေများတယ်၊ ၁၀ရောက်လာရင် ၇ယောက်လောက်က ဖွယ်ဖွယ်ရာရာလျှောက်ပြောနေတာတွေအာရုံမလာကြဘူး ဒူးအော်ဒိုင်းပဲ စီးပွားရေးဆန်တယ် သိချင်တာတန်းမေးတာများတယ် ပြီးရင်ဖြစ်နိုင်မဖြစ်နိုင်နဲ့  မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်နိုင်အောင်ဘယ်လိုလုပ်ရမလဲ ဘယ်ကာလမှာဖြစ်နိုင်မလဲ..ဒါမျိုးတွေလာတာ..ပြီးတော့  ရော့ နဂါးရော့ ပတ္တမြားဆန်တယ်..ဒီတော့  
ရောင်းသူဝယ်သူအသံတူသဘောဖြစ်လာတယ်...ဒဲ့ မေးဒဲ ဖြေတွေဖြစ်ကုန်ပြီး ပြီးခဲ့ တဲ့ အနှစ်၂၀ကဟာတွေပြန်မပြောနဲ့ နားထောင်နေဖို့ အချိန်မရှိဘူး နောင်အနှစ်
၂၀ကြာမှထောမှာ လာပြောမနေနဲ့  စိတ်မ၀င်စားဘူး အခု ဂျပန်ကိုကားမှာမလို့ အလုပ်ဖြစ်မလား မဖြစ်ရင်ဘယ်လစမှာရမလဲ...ဒါဘဲသိချင်တယ်ဆိုတာမျိုးတွေ..

့် ဖြစ်တတ်တယ် ဒါပေမယ့် ဖြစ်တောင့် ဖြစ်ခဲ( .နိစ္စပြ ကြိုးတွဲရဲ့ ပြဿနာများနဲ့ ဖြေရှင်းပုံတွေ...)


့ဖြစ်တတ်တယ် ဒါပေမယ့် ဖြစ်တောင့် ဖြစ်ခဲ( .နိစ္စပြ ကြိုးတွဲရဲ့ ပြဿနာများနဲ့ ဖြေရှင်းပုံတွေ...)
-----------
အခုရေးပြမယ့် ပြဿနာက သုံးတန်ပေါ်နိစ္စကို အခြေခံထားတဲ့ ပြဿနာပါ..အညံ့ သဘောပါ..ပုံထဲမှာလိုပဲ အင်္ဂါသက်ရောက်နဲ့  ဗုဒ္ဓဟူးသက်ရောက် ကို သုံးတန်ပေါ်နိစ္စတိုင်ထူရင် ပုံအတိုင်း ဂဏန်းစဉ်တွေတွေ့ ပါ.မယ် ၊ သောကြာနံ ၆ နေရာကို (ပြ) နေရာ တနင်္လာနံ ၂ နေရာကို (နိစ္စ)နေရာလို့ ဆိုတယ်။ ဒီနှစ် နံ ၂ ခု ကို ချိတ်ဆက်လိုက် (နိစ္စပြကြိုး) ဆက်လိုက်တယ်လို့ ဆိုပါတယ်.ဒီကြိုးကို အညံ့ တွေ ဖြစ်စေတဲ့  နံတွဲကြိုးလို့ ဆိုပြီး အင်္ဂါနဲ့  ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် တတ်နိုင်သမျှ
ရှောင်ရတဲ့ နံတွဲကြိုးဖြစ်လာပါတယ်..ဆောင်ရတာကတော့  အဲ့ နံတွဲကြိုးကို လှုတာတန်းတွေ ကြိုလုပ်ခိုင်းလေ့ ရှိပါတယ်...ရှောင်တာမှာ သက်ရှိသက်မဲ့ နဲ သွားလာရတဲ့ အရပ်တွေ နံတွဲဟူသမျှလိုလိုပါပဲ ...

ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ

ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ
-----------
ပြည်တွင်းသား ပြည်ပသားတွေကို ဟောရတာ မွေးသက္ကရာဇ်ရဖြစ်လို့  သိပ်ပြဿနာမရှိပါဘူး..ဒေသန္တရကြောင့် ဖြစ်လာတဲ့ စရိုက်ဗဟုသုတလေး နဲနဲပါးပါးရှိထားရင်လုံလောက်ပါတယ်..အတော်အုံးစားရတတ်တာက ပြည်ပသားတွေအတွက် ယတြာပေးရတဲ့ အခါမှာ ပါပဲ..တစ်ချု့ ပြည်ပသားတွေက ယတြာကိုယုံတတ်ပြီး ယုံရင်လိုက်လုပ်တတ်ပါတယ်..န၀င်းပွဲလိုယတြာမျိုးတွေက ကိစ္စမရှိပေမယ် တစ်နှစ်တစ်ခါလာနေကြ လာတုန်းလေး
တွေမှာယတြာပေးရတာမျိုးတွေ တပွဲတိုးယတြာပေးရတာမျိုးတွေမှာ ကျနော်တို့  ပညတ်နဲ့ သူတို့ ပညတ် မတူတော့ တဲ့ အခါ ယတြာကီးကိုက်ပါ့ မလားဆိုတာ
တွေးစရာ ဖြစ်လာပါမယ်..ဒီ့ အတွက် ကျနော့် အတွေ့ အကြုံတစ်ချို့ နဲ့  ကျနော့် အတွေးအယူကိုပြန်ရေးပြတာပါ..
တစ်ခါက စလုံးက ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ကျနော့် ဘော်ဒါ ဆရာဝန် ဗုဒ္ဓဟူးသားဟာ အားလုံးအစဉ်ပြေနေပေယ့်  ဆေးရုံရဲ့  အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ ရဲ့ တင်းကျပ်မှု့ ကြောင့်  စိတ်အတော်ညစ်နေတယ်လို့ ဆိုလာပါတယ်..အကြီးအကဲက .စလုံးပေါက်ဖြစ်သလို ချမ်းသာပြီး ပညာအရည်အချင်းပါမြင့် လို့ မာနလည်းကြီးပုံရတယ် ဆေရုံခွဲတွေက ကမ္ဘာအနှံ့ မှာရှိလို့ အမြဲတမ်း အောက်ဒိုး ထွက်နေရပြီး ပြန်လာရင် တစ်ဆေးရုံလုံးကို ရစ်တတ်လို့  ညစ်နေတာလို့ ဆိုတယ် ဒါကို သူနဲ့ ဘယ်လို အဆင်ပြေအောင်လုပ်ရမလဲလို့ ဆိုလာပါတယ် အစည်းအဝေးထိုင်ရင် သူပါလာမှာတောင် ကြောက်နေရသလိုပဲတဲ့ ...

အလုပ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ ...

အလုပ်ဆိုတာ ဘာကိုဆိုလိုသလဲလို့ ...
-----
ငွေဝင်လာဘ်ရွှင် ဓါတ်ဆင်တာတွေ ယတြာတွေဟာ အိမ်မှာ အလုပ်မရှိပဲ ထိုင်လုပ်နေရင် အလကားပဲလို့  တစ်ချို့ (ဆရာတွေကိုယ်တိုင်ကိုက) ဆိုတယ်၊ ဒီလိုဆို အလုပ်လုပ်နေတဲ့ သူမှ ဒီလို ဓါတ်ဆင်တာတွေ ယတြာတွေလုပ်မှ အကျိုးထူးမယ် လို့ ဆိုလိုသလိုဖြစ်မနေဘူးလား..။ ပြီးတော့  စဉ်းစားစရာက အလုပ်မလုပ်ပဲ
ငွေဝင်အောင်လုပ်တာအလကားလို့ ဆိုတယ် ယတြာတွေ ဓါတ်ဆင်တဲ့ နည်းတွေလည်းချပေးတတ်သေးတယ်..ဒါဆို ဒီနည်းတွေကရော စမ်းပြီးပြီလာ ကိုယ်တိုင်ရော လူမျိုးစုံကို ပေးပြီး ဘယ်လိုပြန်တုန့် ပြန်လာတတ်သလဲဆိုတာ စောင့် နားထောင်ခဲ့ ဘူးရဲ့ လား တွေးစရာဖြစ်လာတယ်...

ခဏခဏ

ခဏခဏ
----
အလွမ်းတွေနဲ့ လှောင်ပိတ်နေတဲ့ 
ငါရဲ့  လောကဓံ အခန်းကျဉ်းလေးထဲကနေ
မျှော်လင့် ခြင်း ပြူတင်းငယ်လေးကထွက်
သတိရခြင်း ဒဏ်ရာတောင်ပံတစ်စုံကို အဟုန်ပြင်းပြင်းခတ်
မင့် ဆီမှာ ခဏတာ ခိုလှုံခွင့် ပြန်ရလေနိုးနဲ့ 
အနာဂတ်မဲ့ ကြယ်မစုံတဲ့ အမှောင်ညတွေမှာ
အယောင်ယောင်အမှားမှား ပျံသန်းမိခဲ့ တာ
ခဏခဏပေါ့  ချစ်သူ..။

အိုမင်းသည့် တိုင်

အိုမင်းသည့် တိုင်
-----------
အမုန်းကို မုန်းမိသလို
ချစ်ခြင်းတရားက စစ်ခင်းသွားကြမှာကိုလည်း ကြောက်ခဲ့ တယ်
သံယောဇဉ် မြစ်တစ်စင်း လောကဓံ သွေးချင်းချင်းရဲ
ကြားအနှောင့် ကင်းကင်းနဲ့  စီးမြဲ စီးပါစေ
အနီးမှာ ရှိနေကြတုန်း အပြုံးပန်းတို့  ဆုံးသက်တိုင် ပွင့် စေဖို့ 
ဘယ်လိုနေရာကဖြစ်စေ လှစ်ဟချွေ ကြင်နာခြင်းများစွာနဲ့ 
ရင်မှဖြစ်သော မေတ္တာတရားတို့ နဲ့ 
တစ်နေကွယ်နေစွယ် တောင်ညိုခြေနောက် မဆင်းခင် ....
ယနေ့ ကစ အိုမင်းသည့် တိုင်.......။

မမေ့ ခဲ့ ပါ..

မမေ့ ခဲ့ ပါ..
----
အပြစ်ကင်းကင်းနဲ့ လောကရဲ့ လောကဓံတွင်း ချစ်ခြင်းတရားတို့ ထုံသင်း...
ဆုံခြင်းကံ တွေ့ ရ ခဏတာ အမုန်းကမ္ဘာမကြေတို့ ကင်းဝေစေ...
ရေသီတာအေးသလို ဆွေညီလာ မိသားစုဖွဲ့ တွဲလက်တို့ မြဲကြစေ...
နွှဲခဲ့ တဲ့ လောကဓံ ဘ၀ခရီး ချစ်ခြင်းမေတ္တာတို့ ကြီးစွာနဲ့ 
ရင်ဆိုင် တူပြိုင် ကူးခဲ့ ကြ..ရုန်းခဲ့ ကြ တိုက်ခဲ့ ကြ..
မမေ့ ခဲ့ ပါ မမေ့ ခဲ့ ပါ ဒီလို မိသားစုဘ၀လေး မြဲရစေ သံသရာဆက်ဆက် တွေ့ ရစေ...။

မိုးသည်းနေ အမှောင်ထုတွေအောက်မှာ...


 မိုးသည်းနေ အမှောင်ထုတွေအောက်မှာ...
-----
အဆိုးနဲ့ အကောင်းများကြားက 
ရိုးသားခြင်းစစ်စစ်ဆိုတာ
နင့် ကို လွမ်းတယ် ဆိုတာ တစ်ခုတော့ 
မသေခြာ မရေရာခြင်းတွေများလှတဲ့ လောကထဲမှာ 
သေခြာခဲ့ ပြီ...

အလွမ်းဝေဒနာကို အပန်းပြေရာပြေကြောင်း 
အဖြေရှာ မကြည့် ရဲခဲ့ ပါဘူးလေ...

သေရာပါမယ့် အလွမ်းဆိုတာ 
ကောင်းကင်က သက်ကြွေလာမယ့် အလင်းရှင်ကို
အနားက ကြွေသက်ဆင်းနေတဲ့ လမင်းကဗျာထက် 
ပိုမျှော်လင့် မိနေသလိုမျိုး...