Powered By Blogger

Sunday, April 12, 2015

ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ

ပြည်ပသားစစ်စစ်တွေနဲ့ ယတြာကိစ္စ ဆက်ဆံရတဲ့ အခါ
-----------
ပြည်တွင်းသား ပြည်ပသားတွေကို ဟောရတာ မွေးသက္ကရာဇ်ရဖြစ်လို့  သိပ်ပြဿနာမရှိပါဘူး..ဒေသန္တရကြောင့် ဖြစ်လာတဲ့ စရိုက်ဗဟုသုတလေး နဲနဲပါးပါးရှိထားရင်လုံလောက်ပါတယ်..အတော်အုံးစားရတတ်တာက ပြည်ပသားတွေအတွက် ယတြာပေးရတဲ့ အခါမှာ ပါပဲ..တစ်ချု့ ပြည်ပသားတွေက ယတြာကိုယုံတတ်ပြီး ယုံရင်လိုက်လုပ်တတ်ပါတယ်..န၀င်းပွဲလိုယတြာမျိုးတွေက ကိစ္စမရှိပေမယ် တစ်နှစ်တစ်ခါလာနေကြ လာတုန်းလေး
တွေမှာယတြာပေးရတာမျိုးတွေ တပွဲတိုးယတြာပေးရတာမျိုးတွေမှာ ကျနော်တို့  ပညတ်နဲ့ သူတို့ ပညတ် မတူတော့ တဲ့ အခါ ယတြာကီးကိုက်ပါ့ မလားဆိုတာ
တွေးစရာ ဖြစ်လာပါမယ်..ဒီ့ အတွက် ကျနော့် အတွေ့ အကြုံတစ်ချို့ နဲ့  ကျနော့် အတွေးအယူကိုပြန်ရေးပြတာပါ..
တစ်ခါက စလုံးက ဆေးရုံကြီးမှာ အလုပ်လုပ်နေတဲ့ ကျနော့် ဘော်ဒါ ဆရာဝန် ဗုဒ္ဓဟူးသားဟာ အားလုံးအစဉ်ပြေနေပေယ့်  ဆေးရုံရဲ့  အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ ရဲ့ တင်းကျပ်မှု့ ကြောင့်  စိတ်အတော်ညစ်နေတယ်လို့ ဆိုလာပါတယ်..အကြီးအကဲက .စလုံးပေါက်ဖြစ်သလို ချမ်းသာပြီး ပညာအရည်အချင်းပါမြင့် လို့ မာနလည်းကြီးပုံရတယ် ဆေရုံခွဲတွေက ကမ္ဘာအနှံ့ မှာရှိလို့ အမြဲတမ်း အောက်ဒိုး ထွက်နေရပြီး ပြန်လာရင် တစ်ဆေးရုံလုံးကို ရစ်တတ်လို့  ညစ်နေတာလို့ ဆိုတယ် ဒါကို သူနဲ့ ဘယ်လို အဆင်ပြေအောင်လုပ်ရမလဲလို့ ဆိုလာပါတယ် အစည်းအဝေးထိုင်ရင် သူပါလာမှာတောင် ကြောက်နေရသလိုပဲတဲ့ ...



ဒါနဲ့ ကျနော်က သူ့ အမည်က ဘယ်လိုခေါ်သလဲလို့ မေးလိုက်တော့  '''မစ္စက်တန်'' လို့ အများသိအများခေါ်တယ်..အမည်ရင်းက ဘာညာပေါ့ လေ...သူ့ ဓါတ်ပုံနဲ့  ဗစ္စတင်းကဒ်လေး ယူလာပေးပါတယ်....သဘောက လိုအပ်ရင် ယတြာလုပ်ဖို့ ပေါ့ ..။ကျနော်က သူ့ ဓါတ်ပုံနဲ့ ယတြာလုပ်ဖို့ မလိုသေးဘူး လိုရင်တောင် မင်းကိုအရင်လုပ်ရမှာ အခုတော့  ဒီလိုလုပ်လေ...သူ စလုံးကို ပြန်ရောက်နေတဲ့ အခါ နဲ့  ဆေးရုံကို လာနေတဲ့ ရက်တွေ..နောက် သူ အစည်းအဝေးခေါ်တဲ့ အခါမှာ မင်းက မနက်ပိုင်း ကိုယ့် တိုက်ခန်းမှာ နို့ တစ်ခွက်ဘုရားကပ် မစ္စက်တန် နဲ့  ဆက်ဆံရေး အစဉ်ပြေပါစေလို့ ကပ်ပြီးမှ ဆေးရုံသွားပေါ့ ..အစည်းအဝေးမရှိရင် တစ်ပတ် တစ်ကြိမ်နှစ်ကြိမ် မစ္စတန်နဲ့ အစဉ်ပြေပါစေလို့ ဆုတောင်းပြီးကပ်လို့  ပြောလိုက်ပါတယ်..သူလုပ်ပါတယ်..နောက် ဖုံးကွန်တက်လာတော့ မင်း နို့ တစ်ခွက်က ဂွတ်တယ်ကွ လို့ အားရ၀မ်းသာပြောပါတယ်..အေး အစဉ်ပြေလည်း ပီးတာပါပဲဟာပေါ့ ဗျာ..လို့ ပေါ့ ..
နောက် ဂျပန်ကြီးတစ်ယောက်ကတော့  စမစ် နဲ့ စကားဆွေးနွေးစရာရှိလို့ အလုပ်အောင်မြင်ချင်တယ်လို့ ဆိုလာတော့  ပေါက်စီ လွယ်လာပြန်မေးတဲ့ အခါ လွယ်ပါတယ်လို့ ဆိုပါတယ်..ဒါဆို ပေါက်စီ ဘုရားကပ်ပြီးမှ ဆွေးနွေးလေ လို့ ဆိုလိုက်တော့ အိုကေ ဘာပေါက်စီရရလားတဲ့  ရတယ်လို့ ပေါ့ လေ...နောက်တော့  အိုကေသွာပြီ ချိတ်ပြီးသွားပြီလို့ ဆိုပါတယ် ဒီဂျပန်က ၂ကြွင်း တနင်္လာဖြစ်ပါတယ် လာနေကြပါ..သူ့ ကို ပုံမှန်ယတြာက သင်္ဘောသီးလှုစေတာနဲ့  နို့ တစ်ခွက်ကပ်စေတာပါပဲ သင်္ဘောသီးဆိုတာ မတွန့် စေရ အညွန့် သပြေ ညွန့် အစားပေးတာဖြစ်ပြီစ နို့ ကတော့  ထန်းညွန့် ဒန်းညွန့် အစားပေးတာပါ ..
..ဒီက ပြည်တွင်းသား ကျောက်သမားက ဟောင်ကောင်က ကျောက်ဝယ်လက်သမား မစ္စတာ ဂျိုးဇက်ဆီက ရက်စ်အော်နိုး အကြောင်း မပြန်သေးလို့ လို့ ဆိုလာတဲ့ အခါ ဟောင်ကောင်ကို ကြက်သွန်ကြော် ဂျိုးဇက်ကို ကန်စွန်းရွက်ကောက်ပြီး ကန်စွန်းရွက်နဲနဲကြော် အဲ့ အပေါ်မှာ ကြက်သွန်ကြော်နဲနဲဖြူးဘုရားကပ်ပါ ဟောင်ကောင်က မစ္စတာဂျိုးဇက်စီက အကြောင်းကြားသံ သတင်းစကားသံ မြန်မြန်ကြားရပါစေလို့ ဆုတောင်းကပ်ပါ သုံးရက်(သို့ ) ငါးရက်ဆက်ကပ်ပါလို့  ယတြာပေးလိုက်တဲ့ အခါ တစ်ပတ်အတွင်းမှာပဲ ဟောင်ကောင်က ကျောက်ဝယ်လက်ဆီက ကွန်တက်ရောက်လာပါတော့ တယ်..
အဲ့ ဒီလိုပါပဲ ပြည်ပသား ဗေဒင်ယုံသူ ယတြာယုံသူတွေ နဲ့ ပြည်တွင်းသားတွေ ပြည်ပသားတွေကို ကွန်တက်လုပ်တဲ့ အခါတို့ တပွဲတိုးလုပ်ဖို့ လိုသူတွေဆို အဲ့ ဒီလို အစားအစာတွေ လိုအပ်ရင် ကာလာနဲ့ ပန်းတွေ ဥပမာ အုန်းညွန့် မရရင် အနီရောင် ပန်း တစ်မျိုးမျိုးတို့  အုန်းသီးတွေအုံးရေတွေ အနီရောင် စက္ကူစကို ဖြတ်ပြီး ဘာအက္ခရာ ဒီဇိုင်းလေးဒီလိုပုံလေး ရေးဆောင်ပါဆိုတာမျိုးတွေပေးရတာ အများကြီးဖြစ်ပြီး အများအားဖြင့် အစဉ်ပြေနေကြတယ်လို့ ပြန်ပြောကြပါတယ်...(တစ်ချို့ ကို ကိုယ့် တွက်ရိုးက လစိတ်တွေ သဘောအကြောင်းလည်း ထောက်ပြထားတယ်ပေါ့  ဒီလရောက်ရင် စိတ်ကဘယ်လိုထား စာချုပ်မချုပ်နဲ့ ကတိမပေးနဲ့  ဘာညာတွေပေါ့ ...
''''အဲ့ ဒီလို ဘာသာဗေဒ လုံးဝဲကွဲသွားလို့  ပစ္စည်းတစ်ခုခုကို ခေါ်တဲ့ ပညတ် မတူလွန်းတော့ တဲ့ သူတွေကို ယတြာတွေပေးတဲ့ အခါ ..အဓိက ပါဝါက ကျနော့် ကိုယ် ကျနော် ကျနော့် ရဲ့ ပညာကို ယုံကြည်မှု့ ရှိနေတဲ့  စိတ်အင်အားကို အပြည့် သုံးလိုက်တာက အဓိကပါပဲ ..'''
သူ တို့ ဟာသူတို့  သင်္ဘောသီးကို ဘယ်လိုခေါ်ခေါ် ကျနော့ အတွက်ကတော့  ဒါဟာ သင်္ဘောသီးပဲ ဖြစ်တယ်ပေါ့ လေ...သူတို့ ကို အသီးပုံလေး ပြလိုက်ရင် ပြီးသွားတာပါပဲ သြော် ဒါလား ရက်စ် ရက်စ် ပေါ့ ..အဲ့ ဒီလို ရက်စ် ရက်စ် အိုင်နိုး ဆိုတာနဲ့  သူ့ ဆီမှာ ကျနော့် ရဲ့  သင်္ဘောသီး ပညတ်ဓါတ်က ရောက်သွားပြီ ယတြာဖြစ်ပြီ ဓါတ်ယတြာလုပ်လို့ ရပြီ ဆိုတဲ့ သဘောပါပဲဗျာ...
စမစ်ကို အင်္ဂါနံ+ ကြာသာပတေးနံ အသံကို အရင်ယူလိုက်ပြီး စမစ်ဆိုတာ စပါယ် ပေါက်စီ ပညတ် အသံထွက် သဘောယူပြီး ပညတ်ကောက်ယတြာပေးတာပါပဲ
သဘောချုပ်လိုက်ရင် လိုအပ်ရင် အသံပညတ်တွေနဲ့  ပြည်ပသားတွေ ပြည်ပကိစ္စတွေကို တပွဲတိုးသဘောယတြာတွေ ကစားတယ်ပေါ့ လေ...ဒါတွေဟာ လုပ်ကြံတွေ စိတ်ကူးယဉ်တွေ မဟုတ်ပဲ လက်တွေ့ ဘ၀နယ်ပယ်မှာ ပညာ နဲ့ ပညတ်ကို ကို ဘယ်လို အသုံးချနေတယ်ဆိုတာရေးပြတာပါပဲဗျာ...

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..