့ဖြစ်တတ်တယ် ဒါပေမယ့် ဖြစ်တောင့် ဖြစ်ခဲ( .နိစ္စပြ ကြိုးတွဲရဲ့ ပြဿနာများနဲ့ ဖြေရှင်းပုံတွေ...)
-----------
အခုရေးပြမယ့် ပြဿနာက သုံးတန်ပေါ်နိစ္စကို အခြေခံထားတဲ့ ပြဿနာပါ..အညံ့ သဘောပါ..ပုံထဲမှာလိုပဲ အင်္ဂါသက်ရောက်နဲ့  ဗုဒ္ဓဟူးသက်ရောက် ကို သုံးတန်ပေါ်နိစ္စတိုင်ထူရင် ပုံအတိုင်း ဂဏန်းစဉ်တွေတွေ့ ပါ.မယ် ၊ သောကြာနံ ၆ နေရာကို (ပြ) နေရာ တနင်္လာနံ ၂ နေရာကို (နိစ္စ)နေရာလို့ ဆိုတယ်။ ဒီနှစ် နံ ၂ ခု ကို ချိတ်ဆက်လိုက် (နိစ္စပြကြိုး) ဆက်လိုက်တယ်လို့ ဆိုပါတယ်.ဒီကြိုးကို အညံ့ တွေ ဖြစ်စေတဲ့  နံတွဲကြိုးလို့ ဆိုပြီး အင်္ဂါနဲ့  ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် တတ်နိုင်သမျှ
ရှောင်ရတဲ့ နံတွဲကြိုးဖြစ်လာပါတယ်..ဆောင်ရတာကတော့  အဲ့ နံတွဲကြိုးကို လှုတာတန်းတွေ ကြိုလုပ်ခိုင်းလေ့ ရှိပါတယ်...ရှောင်တာမှာ သက်ရှိသက်မဲ့ နဲ သွားလာရတဲ့ အရပ်တွေ နံတွဲဟူသမျှလိုလိုပါပဲ ...
ဒါကြောင့် အဲ့ဒီ အင်္ဂါနဲ့  ဗုဒ္ဓဟူးသက်ရောက်ဖြတ်ရင် အပျောက်အရှထူးပြောတတ်တာဟာ နိစ္စပြကြိုးတွဲ ဖြစ်တဲ (့ တနင်္လာ+သောကြာနံ (အပြန်အလှန်)) သူခိုးကိန်းသဘောကြောင့် ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်..ဒီတော့  သူခိုးခါးပိုက်နှိုက်သတိထားဘာညာ သတိကြိုပေးတာတွေ ဖြစ်လာပါတယ်..(ကျိမ်းသေပေါက်သူခိုးခိုးခံရမယ်လို့ တော့ မပြောနိုင်ပါ) အရပ်မျက်နှာအရ အင်္ဂါနဲ့  ဗုဒ္ဓဟူးသက်ရောက်မှာ ''ချောင်းသာ'' ရှောင်ပါ မရှောင်နိုင်ရင် သတိထားသွား အဆောင်ဆောင်သွား ရက်ကောင်းရွေး သွားတွေဘာတွေဖြစ်လာပါတယ်...ဒါပေမယ့်  ချောင်းသာသွားလို့  သာမန်မပြောပလောက်တဲ့  အဖုအထစ်လေးတွေကလွဲလို့  ဒုက္ခနဲ့ လှလှကြီးတိုးတယ်ဆိုတာမျိုးကတော့ တော်တော်လေးကို ဖြစ်တောင့် ဖြစ်ခဲ ဖြစ်နေပြန်ပါတယ်...
ကြုံတောင့် ကြုံခဲ အတွေ့ အကြုံတစ်ခုမှာ အသက် ၄၁ နှစ်ရောက်နေတဲ့  ဗုဒ္ဓဟူးသမီးတစ်ယောက်ဟာ နယ်ကနေ ငွေဆောင်က မ်းခြေသွားလည်ပါ တယ်..ချောင်းသာတော့ မဟုတ်ပါဘူး..ဒါပေမယ့်  ငွေဆောင်မှာထင်ရှားတဲ့ ချစ်သူများကျွန်းကအပြန် ဒီရေအတက်နဲ့ ကြုံပြီး ဒီရေဆွဲချလို့  ကွိ သွားပါတယ်..ချစ်သူများကျွန်းဆိုတာ တနင်္လာ+သောကြာ နံတွဲကျွန်းဖြစ်နေတာက ထူးခြားတိုက်ဆိုင်မှု့ ဖြစ်ပြီး ၁၀စုနှစ်တွေ အတွင်းမှာ သူ့ တစ်ယောက်ထဲ ဗုဒ္ဓဟူးသက်ရောက်သမားအဖြစ်ကြုံခဲ့ တာပါပဲ..နောက်ထပ် အင်္ဂါ ဟူး သက်ရောက်မှာ အဲ့ လိုမျိုးထပ်မတိုင်ဆိုင်တော့ ပါဘူး..
့နိစ္စပြကြိုးတွဲတွေရဲ့ အတွေ့ အကြုံတစ်ချို့ ..
-----------------------------
ထူးခြားကြုံနေရတာက ဘယ်လောက်သက်ရောက်ကောင်းကောင်း နှစ်တိုင်း အင်္ဂါလစိတ်ဖြတ်တိုင်း ပြဿနာတက်နေတဲ့ သုည တနင်္လာသား တစ်ယောက်ရဲ့  အမည်က ကိုကျော်သိန်းဆိုတဲ့ သူပါ...၊ သူ့ ပင်မ အလုပ်က နှစ်လုံးထီရောင်းသူပါ...အမည်ကြောင့် လား အင်္ဂါလစိတ်မှာ တနင်္လာနံခိုက်လို့  အလုပ်ကလည်း ငွေရဖို့ 
ကိုငွေနဲ့ ရင်းရတာမို့ ဖြစ်တာလား နှစ်ချက်စလုံးရောသုတ်လား မပြောနိုင်ပါဘူး..။ နောက်တစ်ယောက် က ဗုဒ္ဓဟူးသမီး ချဲကော်မရှင်ရောင်းစားသူပါ...သူကလည်း
တိုက်တိုက်ဆိုင်ဆိုင် သူ့ ဒိုင်ချုပ်အမည်က ကို ငွေသန်း ပါ...တစ်နှစ်လုံးအပေးအယူတည့် နေသလောက် အင်္ဂါလစိတ်ဖြတ်တိုင်း အဲ့ ဒီ ဒိုင်ချုပ် ကိုငွေသန်းနဲ့  ငွေပေး
ငွေယူ အလျော်အစားတွေပြဿနာတက်လေ့ ရှိပါတယ်....ကိုကျော်သိန်းနဲ့  အဲ့ ဒီ ဗုဒ္ဓဟူးသမီး ၂ ယောက်စလုံးကို အင်္ဂါလစိတ်ဖြတ်တိုင်း သူတို့ တွေလာဘူပြီဆိုရင်
ပေးတဲ့  ယတြာက အဲ့ အင်္ဂါလစိတ်အတွင်း ကသစ်ရွက်လှုစေတာနဲ့ ကြက်သားသုတ်တို့  ကြက်သားကြော်တို့ ချည်းလှုခိုင်းတဲ့ ယတြာပါပဲ လှုခိုင်းတိုင်လည်း ပြန်
ပြန်အဆင်ပြေသွားလေ့ ရှိပြန်ပါတယ်
နောက်ထူးခြားချက်က သောကြာသက်ရောက်မှာ ကြုံတတ်တာက သောကြာသက်ရောက်ရဲ့  နိစ္စပြကြိုးတွဲဖြစ်တဲ့  စနေနံ + ဗုဒ္ဓဟူးနံ အတွဲ ပစ္စည်းအမည်လူအမည်တွေ ပြဿနာပါပဲ...အဲ့ အမည်တွဲဟာ တစ်ချို့ တွေမှာ တစ်နှစ်လုံးလိုက်ရစ်ပြီး တစ်ချို့ ကတော့  အဲ့ ဒီ သောကြာလစိတ်တစ်လခွဲထဲမှာပါ အရစ်ခံရပါတယ်..။ တစ်ခါက ရုံးထဲမှာပဲ အချင်းချင်း အပေါင်ခံစားတဲ့ ရုံးသူတစ်ယောက်ဟာ သောကြာသက်ရောက်အ၀င်မှာ (စနေနံ+ ဗုဒ္ဓဟူးနံ= နီလာ လက်စွပ်ကိုအပေါင်ခံမိလိုက်ပြီးနောက် သိသိသာသာ လာဘ်ပိတ်သွားတာကြုံခဲ့ လို့  အဖြည်က ထန်းလျက်နဲနဲကို ပန်းကန်ပြားထဲထည့်  အဲ့ ပန်းကန်ပြားအောက်မှာ ပိုက်ဆံတစ်ရွက်ခံဘုရားကို တစ်ပတ်ဆယ်ရက်လောက်နေ့စဉ်လှုစေတော့  ပြန်အလုပ်ဖြစ် လာပြန်ပါတယ်...သောကြာသက်ရောက(သို့ )လစိတ်မှာ ရစ်တတ်တဲ့ 
ထူးခြားရတနာပစ္စည်း၂ခုက နီလာ နဲ့ န၀ရတ်ဖြစ်ဖြစ်နေတာ ကြုံခဲ့ ရသလို လူအမည်တွေမှာ ကိုတင်လှ ကိုလှတင် မနီလာ မတင်တင်ဝင်း ကိုတင်ဝင်း ရီရီထွန်း စသဖြင့်  စနေနံ + ဗုဒ္ဓဟူးနံအတွဲ အမည်တွေ ဖြစ်နေတာများပါတယ်...
အမည်ပိုင်ရှင်တွေကိုယ်တိုင်ကတော့  မယ်မယ်ရရရောဂါကြီးရယ်လို့ ထောက်ပြရခက်တဲ့  ကျမ္မာရေးတစ်ရှောင်ရှောင်ဖြစ်ခံနေရတာမျိုး ဖြစ်ပြီး အမည်ပိုင်ရှင် မဟုတ်တဲ့ သူတွေက ဥပမာ မစန္ဒာက မနီလာနဲ့ အရင်က ဆက်ဆံရေးပြေလည်လာသလောက် အဲ့ ဒီ့ မစန္ဒာဟာ သောကြာသက်ရောက်လဲဝင်ရောက် အမြဲဆက်ဆံရေးကောင်းလာတဲ့ မနီလာနဲ့  မခေါ်မပြောနိုင်အညှိုးတွေအဖြစ်တွေမျိုး ဖြစ်လာတာမျိုးပါပဲ..ဒီတော့ လည်း မစန္ဒာကို စိတ်ရှည်ပါ တစ်နှစ်ထဲပါ လောလောဆယ် နာနတ်ယို ဒူးရင်းယိုလေးလှု မနီလာနဲ့ အဆင်ပြေပါစေဆုတောင်းပေါ့  တစ်ပတ်လောက်လုပ် အိုကေသွားရင် ရပ်ထားလို့ ရပြီ စသဖြင့် တပွဲတိုးယတြာပေးလိုက်ရင် ငြိမ်းချမ်းသွားလေ့ ရှိပြန်ပါတယ်...
သဘောက အဲ့ ဒီ သက်ရောက် တစ်ခုရဲ့  နိစ္စပြကြိုးတွဲ ပြဿနာဟာ တကယ်တော့  % နဲနဲပဲကြုံရတာဖြစ်တာတွေ့ ရတယ် ကြုံကိုကြုံမယ်လို့ တော့ လည်းမဆိုနိုင်ဘူး ကြုံရင် ဘယ်လောက်ရစ်မယ် ဆိုတဲ့  အတိုင်းအတာကို လည်း မပြောနိုင်ဘူး ကြုံတော့ မှမီးစင်ကြည့် က ယတြာပေးရတာဖြစ်တယ်
ယတြာပေးရင်လည်း အဲ့ ဒီ့ အမည်နဲ့  ရှေ့ ဆုံးနဲ့  နောက်ဆုံး နံတွဲကို စဉ်းစားရှာဖွေပြီး ရက်ဆက်လှုစေတဲ့  တပွဲတိုးယတြာအဖြစ်ပေးတာဖြစ်ပြီး ပြေလည်သွားတာများတယ်ပေါ့ လေ...
အတွေ့ အကြုံတွေအရဆိုရင် နိစ္စပြကြိုးတွဲတောင် မဟုတ် သက်ရောက်တောင် မဟုတ်ပဲ လူလူချင်းဆက်ဆံရေးတွေမှာ ကိုယ့် ကို စိတ်အနှောက်အယှက်ဖြစ်နေစေတဲ့  ညှိုးနေတဲ့  မဲနေတဲ့  တစ်ဖက်လူရဲ့ အမည်ကိုတောင် အပေါ်ကရေးသလို သူ့ အမည်နဲ့ တူတဲ့  အစားအစာကို ဘုရားကပ်ကပ်ပေးရင် ပြန်မတည့် သေးတောင် ကိုယ့် ကို ဒုကခပေးနိုင်တဲ့ အနေအထားကနေ လွတ်သွားသက်သာသွားလေ့ ရှိပါတယ်....ဥပမာ မြင့် မြင့် စန်း
ဆိုတဲ အထက်အရာရှိ အမျိုးသမီးမက ကျမကို အတင်းတုတ်နေတယ် စိတ်ညစ်အောင်လုပ်နေတယ်လို့ ဆိုလာရင် မြင့် မြင့် စန်းနဲ့ အမည်တူ ပေါက်စီနဲ့ စပယ်ပန်း ရုံးသွားခါနီးတိုင်း ဘုရားကပ်ပါ မမြင့် မြင့် စန်းအနှောက်အယှက်မပေးပါနဲ့ ဘာညာတွေပြောကပ်သွား စစချင်းတစ်ပတ်လောက်ပေါ့  နောက်တော့  တစ်ပတ်တစ်ခါလောက်ပေါ့ လို့ ယတြာပေးလိုက်ရင် မမြင့် မြင့် စန်းဟာ တစ်ခြားကို အာရုံရောက်သွားပြီး သူ့ ဟာနဲ့ သူဇာတ်ထုတ်တွေရှုတ်ပြီးကိုယ့် ဖက်မလှည့် နိုင်တော့ တာမျိုးတွေ ဖြစ်သွားလေ့ ရှိပါတယ်...ဒါဟာ နံနှိမ်တာ တိုက်ခိုက်တာထက် အပြစ်ကင်းပြီး ကိုယ့် ရန်ကလည်းသက်သာခွင့် ရသွားတဲ့ ဘုရားနည်းပါပဲ..
အကယ်၍ကိုယ့် အမည်ဟာ အောင်မင်း ဖြစ်စေ မျိုးအောင်ဖြစ်စေ ဖြစ်နေမယ်ဆိုရင် တနင်္ဂနွေသက်ရောက်ရဲ့ နိစ္စပြကြိုးတွဲ ဖြစ်နေလို့  အဲ့ တနင်္ဂနွေသက်ရောက်မှာ အသားလွတ်ထနေမကောင်းခြူခြာနေတတ်လာာလေ့ ဖြစ်တတ်လို့  တနင်္ဂနွေသက်ရောက်မှာ ကျမ္မာရေးဂရုစိုက်ပါပေါ့ လေ...အကယ်၍ဖြစ်လာရင် ဘဲဥပြုတ်သာနေ့ စဉ်တစ်ပတ်လောက်ကပ်ပါ သက်သာလာတာမြန်မယ် ဆေးတိုးလာတာမြန်မယ် ဘာညာတွေပေါ့ လေ
့နိစ္စပြကြိုးတွဲ
----------
ဂြိုလ်၈ခွင်းရဲ့ နိစ္စပြကြိုးတွဲတွေက ..တနင်္ဂနွေသက်ရောက်ဆိုရင် (တနင်္ဂနွေနံ+ကြာသာပတေးနံ =ဘဲဥပေါ့  စားပြီး အဆင်မသင့် ရင်ဘိုက်အောင့် ပေါ့ )
တနင်္လာ သက်ရောက် ဆိုရင် ..( ဗုဒ္ဓဟူးနံ+တနင်္ဂနွေနံ= လေအောင့် နာသဘော)။
အင်္ဂါ+ ဗုဒ္ဓဟူးသက်ရောက်ဆိုရင် ( တနင်္လာနံ +သောကြာနံ= သွားကိုက်တာ သွားကျိုးတာမျိုး)
စနေသက်ရောက်ဆိုရင်...( အင်္ဂါနံ+ စနေနံ= သတိုးသမီးတစ်ယောက် ဆံထုံးထုံးရင်း ဆံပင်အပူလွန်မီးကျွမ်းသွားလို့ ..ခိခိ)..( နှင်းဆီပန်းကို စနေသက်ရောက်မှာ ဘုရားလှုတာ တစ်ချို့ ဆရာတွေကမကြိုက်ဘူး..ကျနော်တော့  သဒ္ဒါအလှု ဘယာအလှု ယတြာအလှုတွေရဲ့  စိတ်တွေဟာမတူလို့  အဲ့ လောက်အယူမသီးပါ)
ကြာသာပတေးသကရောက်မှာဆိုရင်..(တနင်္လာနံ + ကြာသာပတေး= သံပြားရှတာ ပေါ့ လိုက်လို့ မေးခိုင်သွားတာ ၁၀နှစ်အတွင်း၂ ယောက်ကြုံဖူးသလို့ ငှက်ဖျားမိလာသူတွေလည်းကြုံဖူးတယ်)
ရာဟုသက်ရောက်မှာ....( အင်္ဂါနံ + သောကြာနံ) ဒါကတော့  ပြဿနာအတွေ့ ရအနဲဆုံးပဲ)
သောကြာသက်ရောက်ဆိုရင်...( ဗုဒ္ဓဟူးနံ + စနေနံ အတွဲပါ)....ထူးခြားချက်က သက်ရောက်မဟုတ်ပဲ လစိတ် တစ်လခွဲအတွင်းမှာ ထ ရစ်နေတာမျိုးလည်းကြုံတတ်တာတွေ့ ခဲ့ ရတယ်.
ချုပ်လိုက်ရင် အဲ့ နိစ္စပြကြိးတွဲ ရဲ့  အရစ်ဟာ အများစုအတွက် စိတ်တိုအောင် အာရုံစားနေအောင်တွေသာ ရစ်တာများပြီး ဘ၀ကြီးတစ်ခုလုံးကို ပြိုလံသွားလောက်တဲ့ အထိ ပြဿနာရှာတာမျိုးကတော့  သိပ်နဲတယ်လို့ တွေ့ ခဲ့ ရသလို...တွေ့ ပြီဆိုရင်လည်း ဒါဟာ အတိတ်ကံကြောင့် သဘောက ပိုများတယ်လို့ ကောက်ချက်ချပါတယ်..ဆိုပါတော့  ဘယ်တုန်းကမှ န၀ရတ်လက်စွပ်တို့ လော့ ကက်သီးတို့ ကို ၀ယ်ဆွဲဖို့  အာရုံမရပု သောကြာသက်ရောက်မှ အာရုံထရနေတာ
အလကားလက်ဆောင်အပေးခံရတာ ပေါင်မဲ့ သူပေါ်လာပြီး အပေါင်လက်ခံမိတာက သက်သက် အာရုံနောက်စေချင်လို့ လာတိုက်ဆိုင်တာမျိုးလို့ ပဲမှတ်ရပါတယ်..
အဟောသမားတွေကတော့  နံတွေကောက်တာကြွယ်ဝရင် အဲ့ နိစ္စပြကြိုးဟာ ကြိုတင်သတိပေးချက်အဖြစ်တွေ ယတြာအဖြစ်တွေနဲ့ ဖွယ်ဖွယ်ရာရာတွေ တော်ကီထုလို့  အတော်ကောင်းပြီး တစ်ခါတစ်လေ တိုက်ဆိုင်သွားရင် အထင်ဘစ်ခံရလေ့ ရှိပါတယ်ဗျား
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..