ခဏခဏ
----
အလွမ်းတွေနဲ့ လှောင်ပိတ်နေတဲ့ 
ငါရဲ့  လောကဓံ အခန်းကျဉ်းလေးထဲကနေ
မျှော်လင့် ခြင်း ပြူတင်းငယ်လေးကထွက်
သတိရခြင်း ဒဏ်ရာတောင်ပံတစ်စုံကို အဟုန်ပြင်းပြင်းခတ်
မင့် ဆီမှာ ခဏတာ ခိုလှုံခွင့် ပြန်ရလေနိုးနဲ့ 
အနာဂတ်မဲ့ ကြယ်မစုံတဲ့ အမှောင်ညတွေမှာ
အယောင်ယောင်အမှားမှား ပျံသန်းမိခဲ့ တာ
ခဏခဏပေါ့  ချစ်သူ..။
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..