'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, June 5, 2015
'' လောကီပညာတွေ ဗေဒင်စာတွေဆိုတာ ကံသတ္တိတစ်ခုခု မပါရင် ဖတ်ရတာကိုက ပျင်းစရာ သိပ်ကောင်းတဲ့ စာတွေပါဗျား..''
'' လောကီပညာတွေ ဗေဒင်စာတွေဆိုတာ ကံသတ္တိတစ်ခုခု မပါရင် ဖတ်ရတာကိုက ပျင်းစရာ သိပ်ကောင်းတဲ့ စာတွေပါဗျား..''
--------------------------
ဟိုးတုန်းက အရမ်းကျယ်လောင်တဲ့ အသံတစ်သံထွက်လာဘူးတယ်ဗျ အခုလည်း တစ်ခါတစ်ခါ ထွက်လာသေးတယ် ''ပညာကို သေရွာယူမသွားစတမ်း '' ဆိုတဲ့ အသံလေ..အဲ့ မှာ ပြဿနာတွေတက်ကုန်တော့ တာပဲဗျာ..ဒိုင်လျှိုသင့် တာ ဒိုင်လျှိုသင့် တယ်ဆိုတဲ့ သူတွေ နဲ့  အဲ့ လိုလျှိုလို့ ပညာရပ်တွေ ပျောက်ကွယ်ကုန်တယ် ဘာညာနဲ့ ပေါ့ .အဟီးး..( ကျယ်ကြီးလိုက်တာ ဒိုင်နိုဆောကြီးတွေတောင် ရှိတော့ ပဲနဲ့ ဟာ.နော့် ...ငိငိ).
''' ကြာရင် ဗေဒင်ထောင်ကျနေဦးမယ်ဆိုပြီး ''
''' ကြာရင် ဗေဒင်ထောင်ကျနေဦးမယ်ဆိုပြီး ''
---------
ဒီအလုပ်ကိုဝါသနာကို မပါဘူးဗျ.အမျိုးနဲ့ မိဘလက်ငုတ်က ကုန်သည်တွေနဲ့ ဈေးသည်အုပ်စုတွေများတယ် ရုံးသမားတောင် အတော်နဲတယ်..ယုံကြည်မှု့ လိုင်းကတော့ စုံတယ် ဒီတော့ ဗဟုသုတတွေ ပုံပြင်တွေ အများကြီးကြားဖူးနားဝရှိခဲ့ တာပေါ့ ..ဒါပေမယ့်  ဒီလိုပဲနေခဲ့ တာပါပဲ..ပျော်စရာရှိပျော် ဂေါစရာရှိဂေါပါပဲ..ကိုယ်နဲ့ မဆိုင်ပေါ့ လေ၊ ကျောင်းပြီးတဲ့ အထိ ဒီလမ်းကြောင်းနဲ့ နီးကိုမနီးစပ်သေးဘူး စာပေါင်းစုံဖတ်တာမျိုးကြောင့် သာ ဒီလိုင်းအကြောင်းတွေ ရင်းနှီးနေတာ..နောက်တော့ ဘော်ဒါက ဒီလိုင်းက ဆရာသခင်တစ်ယောက်နဲ့ ဆုံပြီး တပည့် ကြီးလိုတောင်ဖြစ်နေပြီ သူခေါ်သွားပေးလို့ ပါသွားပြီး အဲ့ ဆရာသခင်ရဲ့  တော်ကီတွေကြားမှာ မျောသွားတော့ တာပါပဲ..
ကြာသာပတေးနံ ပညာ ဂဏန်း စတိ..
-----------
ရှေ့ ကဖတ်သွား လေ့လာသွား သင်ကြားသွား.. ကိုယ်တိုင်ရဲ့  အတွေးအခေါ်ကို နောက်ကပ်လိုက်မှ သင်ယူလေ့လာမိတဲ့  အသိပညာတစ်ခုကို သုံးတဲ့ အခါမှာ ဒါဆိုဒါပဲ မှတ်တဲ့ သူတွေကို ထောက်ကွက်တွေ လုပ်လာကြသလို ထောက်ကွက်တွေ ဖြစ်မလာတော့ ပဲ ကိုယ့် ဘ၀ခရီးအတွက် လက်တွေ့ ကျကျ သုံးစွဲနိုင်တဲ့ အဆင့် ရောက်လာပြီး တစ်ဖက်တစ်လမ်းက အထောက်အကူရတဲ့  အသိ/အတတ်ပညာဖြစ်လာမှာပါ....
''' မလိုက်တစ်ခါရှိခဲ့ ပါမူ...'''
''' မလိုက်တစ်ခါရှိခဲ့ ပါမူ...'''
---------------------
ကိုယ်က အစကတည်းက ဘာလို့  သူ့ အကြိုက်ကို တစ်ကြိမ်စ နှစ်ကြိမ်မျှ မဟုတ်ပဲ ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ ရတာလဲ ?..သူ့ အကြိုက်ကို ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ ရတာ အံ့ သြစရာကောင်းလောက်အောင် အသားလွတ်ကြီး အလိုလိုက်ခဲ့ တာ လား..? သူ့ ကိုအလိုလိုက်ခဲ့ တဲ့ ကိစ္စတွေက ကိုယ့် အတွက် မပြောပလောက်တဲ့ အသေးအမွှားလေးတွေမို့ ဆယ်ခါကြီးများတောင် အလိုလိုက်ခဲ့ တာလား ? ကိုယ့် မှာရော ဘာအကျိုးမှ မရဘူးလား..မရခဲ့ ပါဘူးဆိုရင် အလိုလိုက်ရတဲ့ အကြောင်းက တစ်ခုခုကို ကြောက်လို့ လား ? ကိုယ့် ဘ၀ရှင်သန်ဖို့ အတွက် အလိုလိုက်ရတာလား?
ကိုယ့် စိတ်အပျော်ရဖို့ အတွက်သူ့ ကိုအလိုလိုက်တာလား?

၇နေ့ သားသမီးတို့ ရဲ့  ခိုက် ဆိုတာ...
၇နေ့ သားသမီးတို့ ရဲ့  ခိုက် ဆိုတာ...
----------
တနင်္ဂနွေတွေဟာ သူများရဲ့  အင်ပရက်ရှင်ကို အလွန်အကျွံ ချိုးဖဲ့ လာရင် ကိုယ့် အင်ပရက်ရှင်တွေပါ မြောင်းထဲခဏခဏရောက်ကုန်ဖို့ အလွန်လွယ်တယ်...
----------
တနင်္ဂနွေတွေဟာ သူများရဲ့  အင်ပရက်ရှင်ကို အလွန်အကျွံ ချိုးဖဲ့ လာရင် ကိုယ့် အင်ပရက်ရှင်တွေပါ မြောင်းထဲခဏခဏရောက်ကုန်ဖို့ အလွန်လွယ်တယ်...
ပါရာစီတမော ယတြာ အနာဂျက်စင်ယတြာ အင်ဂျက်ရှင်းထိုးယတြာ...ငိငိ
ပါရာစီတမော ယတြာ အနာဂျက်စင်ယတြာ အင်ဂျက်ရှင်းထိုးယတြာ...ငိငိ
-----------
ဆေးသဘောမှာ စစခြင်းသဘောမှာခေါင်းကိုက်ရင် ဈေးသက်သာတဲ့ ပါရာမြိုလိုက်ပေါ့ .ပျောက်သွားရင် နောက်ဆေးမလိုဘူးပေါ..အဲ့ ဒါနဲ့ မှ ရစ်နေသေးရင် ပါရာထက်နဲနဲပိုပြင်းတဲ့  အနာဂျက်ဆင် တက်မြို. ဒါနဲ့ မှ သိပ်မအိုကေသေးဘူးဆိုရင် တွေးစရာရှိပြီ အပူရှပ်တာ ဘာညာလောက်ဟုတ်ချင်မှ ဟုတ်တော့ မှာ ဒီထက်
ဆိုးတဲ့  ကွိုင်တစ်ခုခုကြောင့်  ခေါင်းကိုက်နေသလား ချက်ကင်ဝင်ရပြီ. ..ဂျပန်ဦးဏှောက်အမှေးပါး ယောင်လာ သွေးခဲလေးစို့ ချင်နေတာလား ကလီစာထဲက ပလုံပလုံတစ်ခုခုရဲ့  အဖက်များလားပေါ့ ....
အခါတိုင်နဲ့ ဖုံးနားထောင် အခါတိုင်နဲ့ ပဲပြန်ကစ်..
အခါတိုင်နဲ့ ဖုံးနားထောင် အခါတိုင်နဲ့ ပဲပြန်ကစ်..
------
ဒီဖြစ်ရပ်မျိုးက ခဏခဏကြုံပါတယ်...ဒီတစ်ခါကတော့ ပူပူနွေးနွေးမို့ ပြန်ရေးပြပါတယ်...မနက် ၁၁နာရီလောက်က ဖုံးဆက်လာတဲ့ သူဟာ လတ်တလော ငွေကျပ်နေကြောင်းကို ခိုငြီးငြီးပါတယ်....သူငြီးနေတာကို နားထောင်ပေးရင် နာရီလှမ်းကြည့် တော့  သောရီတိုင် .ခိုက်မှာ စနေနံရှိပါတယ်(၀ါ) စနေတိုင် ပါ ခိုက်မှာ သောကြာနံ စကားခိုက်ရှိပါတယ် ဒီတော့  သူငြီးနေတာ ပြီးသလောက်ဖြစ်ခါနီးမှာ ကျနော်က အခုညနေပိုင်း ဘုရားသွားလိုက်ပါ ကိုယ့် မွေးနံထောင့် မှာ အမွှေးနံ့ သာရေနဲ့ ရေသပ္ပါယ်လိုက်ပါ (ရခိုင်သင်္ကြန်လိုပေါ့ ဗျာလို့ ပါ မျက်စိထဲမြင်သာအောင်ပြောပေးလိုက်ပါတယ်) ) ပြီးရင် ဘုရားပန်းလေးတစ်ခုခုတော့ လှုလိုက်ပေါ့ ဗျာ ဒါဆိုရက်ပိုင်းအတွင်းတော့  အကျပ်အတည်းတွေ နဲနဲတော့ ပြေလည်သွားလောက်မှာပါလို့  ပြန်ပြောပေးလိုက်ပါတယ်..သူကလည်း ငွေပူနေတော့  သွားမယ်လို့ ဆိုပါတယ်.ဒါနဲ့ ပြီးရောပေါ့ ...

Subscribe to:
Posts (Atom)