Powered By Blogger

Friday, June 5, 2015

၇နေ့ သားသမီးတို့ ရဲ့  ခိုက် ဆိုတာ...

၇နေ့ သားသမီးတို့ ရဲ့  ခိုက် ဆိုတာ...
----------
တနင်္ဂနွေတွေဟာ သူများရဲ့  အင်ပရက်ရှင်ကို အလွန်အကျွံ ချိုးဖဲ့ လာရင် ကိုယ့် အင်ပရက်ရှင်တွေပါ မြောင်းထဲခဏခဏရောက်ကုန်ဖို့ အလွန်လွယ်တယ်...



တနင်္လာတွေဟာ ကိုယ့် မိသားစုကို တစ်သွေးတစ်သံတစ်မိန့် ဖိအားအလွန်အကျွံ ပေးရင် ကိုယ် နဲ့ မိသားစုဟာ သင်းကွဲဘ၀တွေ သဘောဖြစ်လာလွယ်တယ်သူတို က အမမြင်အယူအပြုအမူ သပ်သပ် ကိုယ့် တစ်ယောက်ထဲက သပ်သပ်သဘော..ကိုယ့် ရှေ့ ကြောက်ချင်ယောင်ဆောင်ကွယ်ရာမှာတော့ ဗြောင်းဆန် ကိုယ်ကမသိ..

အင်္ဂါတွေဟာ သူ များ တွေရဲ့  ဂုဏ်တွေ ကြီးပွားခြင်းလူရာဝင်ခြင်းတွေကို အလွန်အကျွံ ပျက်ရယ်ပြု အတင်းအဖျင်းတုတ်လာရင် ကိုယ်ပါ ဟန်ပျက် သိက္ခာပျက် အမည်ပျက်တွေဖြစ်လာလွယ်တယ်...

ဗုဒ္ဓဟူးတွေဟာ သူများတွေကို အလွန်အကျွံစိတ်ဆင်းရဲ စိတ်ထွက်ပေါက်မရအောင် အလွန်အကျွံပြုမူလာရင် ကိုယ်ဟာလည်း အမြဲလိုလို စိတ်အကျပ်အတည်းရောက်ရောက်သွားရတဲ့ အခြေအနေတွေ ပြန်ပြန်ကြုံလာရတတ်တယ်...

ကြာသာပတေးတွေဟာ တဏှာလွန်ကဲ ခိုးစား ရေသာခို  အချောင်လိုက်ဖြတ်လမ်းနဲ့ ကြီးပွား ဘနဖူးသိုက်တူ်းခြင်းတွေကို အလွန်အကျွံလုပ်လာလေလေ ကိုယ်ဟာလည်း နောက်တစ်ချိန်မှာအိုဆင်းရဲဆင်းရဲ အဟာရပြတ် လေဖြတ်ကုရခက်ရောဂါတွေပြန်ပြီး ခံစားရဖို့ လွယ်တယ်

သောကြာတွေဟာ အပျော်အပျက်တွေနဲ့ သာနေ ငါ့ စကားနွားရတွေ နွားရှေ့ ထွန်ကျူး သူများတကာကို ကဲ့ ရဲ့ တာတွေ အလွန်အကျွံပြုမူလာရင် ကိုယ်တိုင်မှာလည်း
ရူးချင်စိတ်ပေါက်လောက်အောင်အကျပ်အတည်းမျိုးစုံတွေပြန်ဖြစ် အထီးကျန် အပယ်ခံဘ၀ကို ရောက်သွားဖို့ လွယ်တယ်

စနေတွေဟာ သူများစကားမှန်သမျှ အနိဌနဲ့ တုန့် ပြန် မာနစကား အတင်းအဖျင်းကား စကားဆိုးတွေပြော ကတိပျက် ပြောလွယ်ဆိုလွယ်တွေ အလွန်အကျွံပြုမူလာခဲ့ ရင် တစ်ချိန်မှာ ကိုယ့် စကားလူမတိုး ကိုယ်တိုင်လည်းလူရာမ၀င်နဲ့ အိုလေ အထီးကျန်လေဘ၀ကို ရောက်သွားဖို့ လွယ်တယ်...


၇ နေ့ သားသမီးရဲ့  အမြစ် (၀ါ) ခိုက်တွေကို မထိမ်းသိမ်းရင် ပြန်လာပုံက ကိုယ်ပါ အဲ့ ခိုက်နံတွေ  အတိုင်းပြန်လာတာမျိုး ဖြစ်လွယ်တာကို ဆိုလိုတာ...ထိမ်းသိမ်းပါဆိုတာ သူများဘ၀ပျက်အောင်အထိ မျက်ရည်ပေါက်ကြီးငယ်အထိတော့  သွားမလုပ်ပါနဲ့  စိတ်ဆိုးလို့ နာကျည်းလို့ ပြန်ကစ်ချင်ရင် တော်ယုံကစ်ပေါ့ သဘော......အလှည့် ဆိုတာ ဘ၀မကူးဘူးလို့ ပြောတာပါ သူများအပြစ်ကို ကိုယ့် အပြစ်ဖြစ်အောင်တော့  စိတ်လွှတ်မပေးလိုက်နဲ့ သဘော....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..