'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Friday, June 5, 2015
'' လောကီပညာတွေ ဗေဒင်စာတွေဆိုတာ ကံသတ္တိတစ်ခုခု မပါရင် ဖတ်ရတာကိုက ပျင်းစရာ သိပ်ကောင်းတဲ့ စာတွေပါဗျား..''
'' လောကီပညာတွေ ဗေဒင်စာတွေဆိုတာ ကံသတ္တိတစ်ခုခု မပါရင် ဖတ်ရတာကိုက ပျင်းစရာ သိပ်ကောင်းတဲ့ စာတွေပါဗျား..''
--------------------------
ဟိုးတုန်းက အရမ်းကျယ်လောင်တဲ့ အသံတစ်သံထွက်လာဘူးတယ်ဗျ အခုလည်း တစ်ခါတစ်ခါ ထွက်လာသေးတယ် ''ပညာကို သေရွာယူမသွားစတမ်း '' ဆိုတဲ့ အသံလေ..အဲ့ မှာ ပြဿနာတွေတက်ကုန်တော့ တာပဲဗျာ..ဒိုင်လျှိုသင့် တာ ဒိုင်လျှိုသင့် တယ်ဆိုတဲ့ သူတွေ နဲ့  အဲ့ လိုလျှိုလို့ ပညာရပ်တွေ ပျောက်ကွယ်ကုန်တယ် ဘာညာနဲ့ ပေါ့ .အဟီးး..( ကျယ်ကြီးလိုက်တာ ဒိုင်နိုဆောကြီးတွေတောင် ရှိတော့ ပဲနဲ့ ဟာ.နော့် ...ငိငိ).
ကျနော်တို့ က အစကတည်းက ဘာမှသိပ်အလေးအနက်တွေ ရေးကြီးခွင်ကျယ်တွေ မထားတော့  အာ့ လေးများ ယူလို့ ရတယ်ထင်တဲ့ သူက ယူချင်တဲ့ သူယူသွား မယူချင်တဲ့ သူက မယူသွားနဲ ထားခဲ့ အဟေးဟေးဟေး..ဆိုပြီး ဘေးကနေ ငပြောင်လုပ်ကြတော့ ပေါ့ ဗျာ..အဟေးဟေး.ခ်ခ် .အဲ..နောက်တော့ စွပ်စွဲသံတစ်သံ ထပ်ထွက်လာတယ်ဗျ..
အဲ့ အချိန်မှာ ဇီးကွက်စီးပွားရေး လို့ ခေါင်းစဉ်တပ်ပြီး အာဏာသိမ်းအဖွဲ့ နဲ့ အပြင်က မဆလခေတ်မှာ အခွန်မဆောင်ပဲ ငွေမဲတွေ ဖွက်ထားတဲ့ ကုန်သည်တွေပေါင်းပြီး တိုင်းပြည်ကို ၀ိုက်ဖို့ ပလန်ကြီးတွေဖြစ်လာတော့ လူတွေက လွှတ်ချမ်းသာချင်လာတယ်.အဲ့ မှာ စီးပွားရေးနောက် သဲသဲမဲမဲ လိုက်တာဖြစ်လာနေတော့ မြန်မြန်ချမ်းသာအောင် ဘက်စုံကနေကြံရင်းကနေ ဘိုးတော်ရော နတ်ရော ဗေဒင်ယတြာဓါတ်ရိုက်ဓါတ်ဆင်ရောနောက်ဆုံးဟိုလောကပါ မကျန် လောကီပညာတွေဘက်ပါ လှည့် လာရောဗျာ...
အရင်က ဒီက ခေတ်သစ် လူ့ အဖွဲ့ အစည်းမှာ စာကလေးဗေဒင်ထက် နဲနဲပိုမြင့် တယ်လောက်သာ သဘောထားခံရတဲ့ ဘုရားစောင်းတန်းပညာတွေလောက် သဘောကနေ လူတွေရဲ့ ချမ်းသာလိုစိတ်ကြောင့်  လောကီပညာတွေဆိုတာ လူရာဝင်တဲ့ ပညာလိုဖြစ်လာပြီး စာအုပ်တွေကို မနဲဘူးထွက်လာတာ...
ဒီတော့ စာအုပ်ထုတ် လုပ်စားဖို့ တွေရော အိမ်ကနေထိုင်ပြီး သက်သက်သာသာလေးနဲ့  ပညာတွေရဖို့ အတွက်ပါ စာမူတွေအများကြီးလိုလာတယ်ပေါ့ လေ..အဲ့ တော့  ''ပညာကို သေရွာယူမသွားစတမ်း '' ဆိုပြီး ..လောကီပညာဆရာသမား အချင်းချင်း ပေါ်တင် ဦးမညွှတ်ချင်တာနဲ .့ပညာတွေကို နည်းမှန်လမ်းမှန် တပည့် မခံချင်တာနဲ အဝေးရောက် ခိုးနည်းတွေနဲ့ ခိုးကြတော့ တာလို့ စွတ်စွဲပါရောဗျာ...ဟီးဟီး.
.( ဆရာလုပ်စားသူ အချင်းချင်း ပုတ်ခတ်ကြတဲ့ ပလုံပလုံတွေမျိုးတွေပါဗျား ဘယ်ဗေဒင်မေးသူနဲ့ မှ ဆိုင်တဲ့ ပြဿနာမျိုးမဟုတ်ဖူးဗျားးး).အဲ့ တုန်းကတော့ ပထမ ဟုတ်နိုးနိုးတော့ ထင်သေးတယ် ခေါင်းထဲက ပညာကို အရောင်းဆိုင်က ရွှေလို ခိုးလို့ ရတယ်ထင်နေသေးတယ်....
ဒီလိုနဲ့ ဖြတ်သန်းမှု့ တွေရလာတော့ ပညာဆိုတာ ''ဥာဏပစ္စည်း ရွှေဆိုတာ ''ရုပ်ပစ္စည်း''.သဘော တရားတွေကို သိလာရောဗျ...အဲ့ တော့ မှ ပညာဆိုတာ ဘယ်လောက်ပေးပေး ခိုးခိုး မခိုးခိုး သင်သင် မသင်သင် ယူယူ မယူယူ လွှဲပြောင်းပေးချင်တိုင်းပေးလို့ မရဘူး အမည် ဆက်ခံယူချင်တိုင်ယူလို့ မရဘူး.ရောင်းစားချင်တိုင်း ရောင်းစားချင်လို့ မရဘူး အတိတ်ကံပါမှ ရတယ်..
.ပညာတွေခိုးတယ်ဆိုတာ တကယ်တော့  စာအုပ်တွေ မှတ်စုတွေရေးထားတာကိုသာခိုးလို့ ရချင်ရမယ် '' အိုင်ဒီယာ ''ကိုတော့ ခိုးလို့ မရသလို ဆင့် ပွားတွေးဖို့ တောင် ကံသတ္တိမပါရင် တွေးလို့ ကို ထပ် မထွက်လာလို့  ဆရာသခင်က ဒီလိုပဲ လုပ်ပါလို့ မှာသွားရင် ဟိုလိုတောင်မလုပ်တတ်တော့ လို့  ဒါဆို ဒါပဲ လုပ်တတ်တယ် တွေဖြစ်ကုန်တာ တစ်ပုံကြီးပဲဆိုတာသိလာတော့ တာပေါ့ .
''အစဦးသူရဲ့ အိုင်ဒီယာကို ခိုးနိုင်ပြီဆိုရင်(၀ါ) ယူနိုင်ပြီဆိုရင် အဲ့ ခိုးသူ (၀ါ) ရသွားသူဟာ တကယ်တော်တဲ့ သူ ပညာပါရမီပါတဲ့ သူ ခိုးပလေ့စေ ယူပလေ့ စေ သူများများခိုးလေလေ ယူလေလေ သူက လူတွေကြားအရောက်ပို့ ပေးတာမျိုးဖြစ်လို့  လူတွေများများသိလေ လူတွေအတွက် ကောင်းကျိုးဖြစ်လေလေပေါ့  '''
ဘယ်လောက်ရယ်စရာကောင်းလဲ...ကိုယ့် တစ်အိမ်လုံး ကိုယ်ပဲ ဒီလိုင်းနဲ့ ကံပါနေလို့ သိနေတာ ကျန်တဲ့ တစ်အိမ်လုံး မဟာဘုတ်ထူဖို့ ကို တောင် ၇နဲ့ ဖြောင့်အောင် မစားတတ်ဖူး..စိတ်လည်း မ၀င်စားဘူး ပြောပြကြည့် ပေးလည်း မရပြန်ဘူး နင်ရှိနေတာပဲ ဆိုတဲ့ စကား နဲ့ နိဂုံးချုပ်သွားတယ်..ဗာဒံရွက်နဲ့ သီဟိုရွက်ကို အခုအထိတောင်မခွဲတတ်ဖူး...
ဘုရားနဲ့ ခေတ်ပြိုင်မွေးလာတယ် ဘုရားနဲ့ ဒဲ့ တွေ့ တယ်..ဒါတောင် အရှင်လတ်လတ် မြေမြိုခံသွားရတဲ့ သူတွေ သေတာနဲ့ အ၀ီစိ တန်းဆင်းသွားတဲ့ သူတွေ ပါသေးတယ်....ဘုရားနဲ့ ဆုံတဲ့ သူမှန်သမျှ တရားရသွားတာမျိုး တန်းပြီးကျွတ်တန်းဝင်သွားတာမျိုးမဟုတ်ဖူးပဲပေါ့ လေ.
.ဥာဏပစ္စည်းဆိုတာ ရထိုက်တဲ့ ကံသတ္တိလိုပါတယ် ဘယ်လောက်ချရေးပြ့ပ လောကီပညာတွေ ဗေဒင်စာတွေဆိုတာ သံသရာက ပတ်သက်ရာပတ်သက်ကြောင်း ကံသတ္တိတစ်ခုခု မပါရင် ဖတ်ရတာကိုက (ဘာတွေမှန်းလဲ မသိဘူး ရှုတ်ယှက်ကို ခတ်နေတာပဲဆိုတာမျိုး)..ပျင်းစရာသိပ်ကောင်းတဲ့ စာတွေပါဗျား...ငွှင်းငွှင်းငွှင်း...
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..