Powered By Blogger

Friday, June 5, 2015

အခါတိုင်နဲ့ ဖုံးနားထောင် အခါတိုင်နဲ့ ပဲပြန်ကစ်..

အခါတိုင်နဲ့ ဖုံးနားထောင် အခါတိုင်နဲ့ ပဲပြန်ကစ်..
------
ဒီဖြစ်ရပ်မျိုးက ခဏခဏကြုံပါတယ်...ဒီတစ်ခါကတော့ ပူပူနွေးနွေးမို့ ပြန်ရေးပြပါတယ်...မနက် ၁၁နာရီလောက်က ဖုံးဆက်လာတဲ့ သူဟာ လတ်တလော ငွေကျပ်နေကြောင်းကို ခိုငြီးငြီးပါတယ်....သူငြီးနေတာကို နားထောင်ပေးရင် နာရီလှမ်းကြည့် တော့  သောရီတိုင် .ခိုက်မှာ စနေနံရှိပါတယ်(၀ါ) စနေတိုင် ပါ ခိုက်မှာ သောကြာနံ စကားခိုက်ရှိပါတယ် ဒီတော့  သူငြီးနေတာ ပြီးသလောက်ဖြစ်ခါနီးမှာ ကျနော်က အခုညနေပိုင်း ဘုရားသွားလိုက်ပါ ကိုယ့် မွေးနံထောင့် မှာ အမွှေးနံ့ သာရေနဲ့ ရေသပ္ပါယ်လိုက်ပါ (ရခိုင်သင်္ကြန်လိုပေါ့ ဗျာလို့ ပါ မျက်စိထဲမြင်သာအောင်ပြောပေးလိုက်ပါတယ်)  ) ပြီးရင် ဘုရားပန်းလေးတစ်ခုခုတော့ လှုလိုက်ပေါ့ ဗျာ ဒါဆိုရက်ပိုင်းအတွင်းတော့  အကျပ်အတည်းတွေ နဲနဲတော့ ပြေလည်သွားလောက်မှာပါလို့  ပြန်ပြောပေးလိုက်ပါတယ်..သူကလည်း ငွေပူနေတော့  သွားမယ်လို့ ဆိုပါတယ်.ဒါနဲ့ ပြီးရောပေါ့ ...



သူဟာ လာနေကျလူဖြစ်ပြီး စနေသားဖြစ်ပြီး  သူ့ အမည်က ကြာသာပတေးနံနဲ့ စ ဗုဒ္ဓဟူးနံနဲ့ ဆုံးသူပါ...ဒါပေမယ့်  အဲ့ အချက်တွေကို လုံးဝထည့် မစဉ်းစားပဲ
အခါတိုင်က ဗုဒ္ဓဟူးနံ လူန၀င်း= န၀င်းလူ= ဘုရား=ဘုန်ကြီး=သီလစင်ကြယ်သူ သဘောကိုပဲ သူ့ ကို အမှီခိုင်းစေလိုက်တာပါပဲ.ဒါကြောင့် စနေအခါတိုင်ထိပ်က
ဗုဒ္ဓဟူးနံ ကို မှီလိုက်တဲ့ သဘောအဖြစ် အမွှေးနံ့ သာရေတွေနဲ့ လောင်းသွန်းပူဇော်စေတာ ပန်းကပ်စေတာတွေ ပြောလိုက်တာပါ...

အခုညနေတော့  ဆိုင်ထားတဲ့ ဆိုင်ကယ် အခုပဲ လာဝယ်သွားလို့ လောလောဆယ်တော့ ကြွေးပူရန်အေးသွားပြီလို့  ပြန်ဖုံးဆက်ပြီး နောက်တစ်ကြိမ်လောက်ထပ်လုပ်လို့ ရဦးမလားလို့ မေးလာတာပါ...( ရပါတယ်ပေါ့  ဆန်းဒေး ညနေမှာသွားပါပေါ့ )...

အဓိက ပြချင်တာက တစ်ခါတစ်ရံ လတ်တလော အကျပ်အတည်းကို ဖြေရှင်းတဲ့ အခါ အခါတိုင်ရဲ့  န၀င်းနံကို ရက်မကူးပဲ မှီစေလိုက်တာ အခါတိုင်ရဲ့ ခိုက်ကို ရက်မဆိုင်းပဲ ဖြည်စေလိုက်တာတွေနဲ့ လတ်တလော အခက်တွေကို ဖြေရှင်းလို့  ရတတ်ပြီး  အကျိုးသက်ရောက်မှု့ ကတော့  မြန်ရင် နာရီပိုင်း နေ့ မဆိုင်းပေါ့  ကြာရင် သုံးရက်လေးရက်အတွင်းပေါ်လာတတ်ပါတယ်...ဒါကိုပဲ တပွဲတိုးလို့ ဆိုလိုတာဖြစ်ပြီး တစ်ဖက်သားရဲ့ အချက်အလက်တွေကို အများအားဖြင့် လှမ်း တောင်းမနေပဲ သူမေးလာ ပြောလာငြီးလာတဲ့  အချိန်မှာ ဖြစ်တည်နေတဲ့  အခါတိုင်ရဲ့ ဘေ့ စစ်ကိုသာ ကစားကွက်လုပ်သွားတာဖြစ်ပါတယ်..
ရေရှည်ပြဿနာမျိုးတွေဆိုရင်တော့  ပုံမှန်တွက်ရိုးတွေတော့  ကူရတော့ မှာပါ..

သဘောက လတ်တလော ကိစ္စတစ်ခုခုဆို အခါတိုင်ရဲ့န၀င်းကိုမှီပစ်လိုက်တာ ခိုက်ကိုဖြည်ပစ်လိုက်တာတွေ လုပ်လို့ ရတယ် ဘာတွေလည်းလို့ တော့ ပုံသေမရှိဘူး မနက်တွေ နေ့လည်တွေ ကွဲမှာဖြစ်လို့  အရွက်တွေ စားစရာတွေ ပစ္စည်းတွေ ကာလာတွေ အသံတွေ တစ်ခုခု ဖြစ်ချင်တာဖြစ်လိမ့် မယ် ဘာဖြစ်မလဲဆိုတာက အဲ့ အခါကျမှ ခေါင်းထဲက ထွက်ကျလာလိမ့် မယ် အဲ့ ဒါမှန်တာများတယ်  ကြိုတွေးထား ကြိုရေးထား ကြို ဆုံးဖြတ်ထားလို့ လည်းမရဘူးဆိုတာပါပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..