Powered By Blogger

Thursday, June 4, 2015

ငရဲသစ်ငုတ်..စိတ်ပုပ်စိတ်ယုတ်...



ငရဲသစ်ငုတ်..စိတ်ပုပ်စိတ်ယုတ်...
-------
စိတ်ဆိုးတာ ဒေါသကြီးတာ စိတ်နာတာ စိတ်ကမထင်ရင် မထင်သလို ထရမ်းကားတာ အတင်းတုတ်တာ ဆဲတာ စသဖြင့် ပေါ့  အဲ့ ဒီ့ စိတ်ဖြစ်စဉ်တွေမျိုးက စိတ်ရှိတဲ့ လူတွေရဲ့ သမားရိုးကျဖြစဉ်တွေလို့ ပဲ သဘောရသေးတယ်..စိတ်ပုပ်စိတ်ယုတ်အဆင့် တွေလို့ တော့ မဆိုလိုချင်သေးဘူး. အလိုက်အထိုက်ဆက်ဆံပေးလို့ ရလောက်သေးတယ်.......စိတ်ပုပ်စိတ်ယုတ်အဆင့် တက်သွားပြီဆိုတဲ့ သဘောအဖြစ်ကတော့  ''''သူများအကျိုးစီးပွားကို ပျက်ဆီးစေလိုတဲ့ အဆင့် '''အထိပါလာပြီ



ဆိုပါတော့ သူများကားပိုင်တာ မနာလိုဘူးဆိုတဲ့ အဆင့် ကနေ သူများပိုင်တဲ့ ကားကို အကြောင်းရှိ ယုံတင်မက ကိုယ်နဲ့ အကြောင်းမယ်မယ်ရရမရှိပဲ မနာလိုစိတ်သက်သက်နဲ့ အသားလွတ်ဖျက်ဆီးဖို့ ပျက်ဆီးစေဖို့  ရုပ်ကော စိတ်ရော အကြံရောအရပါ အားထုတ်တဲ့ အဆင့် အထိ တက်သွားတာ.ဒီလိုအဆင့် အထိတက်သွားပြီဆိုရင်တော့  စိတ်ပုပ်စိတ်ယုတ်တွေလို့ ဆိုနိုင်ပြီ..

ဒါဟာ မြင်သာယုံလေ ဥပမာဆောင်တာသာဖြစ်သေးပြီး ချဲ့ တွေးရင် လောကနဲ့ အမျှကျယ်တယ်.. .ဘယ်အပြုအမူတွေက လူ့ သဘာဝစိတ်တွေကြောင့် လောက်ပဲ..ဘယ်အပြုအမူတွေကတော့  စိတ်ပုပ်စိတ်ယုတ်တွေရဲ့ လက္ခဏာတွေဆိုတဲ့ သဘောပေါ ...ဒေါသကြီးတဲ့ သူကို အခြေအနေကြည့် ပေါင်း ချော့ ပေါင်း လာဘ်ထိုးပေါင်း အောက်ကြို့ ခံပေါင်းလို့ ရကောင်းသေးပေမယ့်  စိတ်ပုပ်စိတ်ယုတ်အားကြီးတဲ့ သူတွေကိုတော့  ငရဲသစ်ငုတ်တွေ သဘောမို့  စရိုက်မကူးစက်အောင် ရှောင်ရတော့ တယ်...

အပူရော အအေးရောဟာ ဓါတ်သဘောအရ အပူအအအေး ကူးစက်တာ အရှိန်ရိုက်တာရှိသလို အလွန်လျို့ ဝှက်ပြီး အကျိုးပေးပုံ ရှုတ်ထွေးလွန်းလှလို့  ကြံစည်ရခက်ပါတယ်ဆိုတဲ့  ကံသတ္တိတွေရဲ့ ကံအကျိုးပေးပုံတွေ သဘောအရ သူများရဲ့ အကုသိုလ်ကံအရှိန်က ကိုယ့် မှာပါ လာပြီး အရှိန်အရိုက်ခံရတဲ့ သဘောရှိ တတ်တယ်ဆိုတဲ့  သာဓကပုံဆောင်တွေအများကြီးရှိခဲ့ တယ်..

အဲ့ လိုမျိုး စိတ်ပုပ်စိတ်ယုတ်သဘောတွေဟာ လောကကိုပျက်စေဖို့ ပြုမူတဲ့ အဆင့် ဖြစ်ပြီ.....ဒါပေမယ့်  လောကဆိုတာမျိုးက သူ့ လောကပျက်ဖို့ အချိန်မဆိုက်ရောက်သေးခင်အထိ လောကကြီးက အပြီးတိုင် ပျက်သွားရိုးမရှိပဲ အဲ့ ဒီ့ စိတ်ပုပ်စိတ်ယုတ်အားကြီးတဲ့ သူတွေသာ အရင်ပျက်သွားရိုးရှိတယ်....


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..