Powered By Blogger

Thursday, June 4, 2015

ပေတံတွေကလည်း များပြားတယ်



ပေတံတွေကလည်း များပြားတယ်
--------------
လူ့ စိတ်သဘာဝဟာ ထင်တာထက် ထွေပြားတယ်.ဆိုပါတော့  ထမင်းစားတာဟာ ခွန်အားဖြစ် ဗိုက်ပြည့် ယုံ အကျိုးသက်သက်အတွက် စားကြတဲ သူတွေချည်း မဟုတ်ပဲ မစားဘူးသူ ဥပမာ ဂျုံအဓိက အားပြုစားတဲ့  အနောက်သားတွေတစ်ချို့ က ထမင်းဆိုတာကို ဘယ်လို အရသာပါလိမ့် ဆိုပြီး တစ်ခါတစ်လေ သိချင်စိတ်ကြောင့်  စားကြည့် တာ စားဘူးကြည့် ချင်လို့  စားကြည့် တာ ဇိမ်ခံစားစရာအဖြစ်စားကြည့် ကြတာမျိုး စသဖြင့်  ထမင်းလေးစားတာတောင် ရည်ရွယ်ချက် မျိုးစုံသမားတွေလည်းရှိတယ်..



လူ့ သဘောရဲ့  ဆန္ဒဆိုတာ အကြောင်း တစ်စုံတစ်ရာပြုတိုင်း နေရာတကာ ပညာရေး ကျမ္မာရေး လူမှု့ ရေးစီးပွားရေးမိသားစုအရေး နိုင်ငံ့ အရေး စသဖြင့် အကျိုးရလာဒ် ရှိစရာ တစ်ခုခု ရဖို့ အတွက်ချည်း ဆန္ဒနဲ့  လှုပ်ရှားနေတာမျိုး မဟုတ်ပဲ လူ့ အဖွဲ့ အစည်းအတွက် အကျိုးရလာဒ် ဘာမှ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ တစ်ခါတစ်ရံ ကိုယ့် စိတ်က သိချင်တာကို သိလိုက်ရရင်ကို စိတ်ကျေနပ်တယ်ဆိုတဲ့  သိချင်ယုံလေး သက်သက်နဲ့ လည်း သိချင်တာတွေကို သိလိုစိတ်နဲ့  သိရအောင်အားထုတ်ကြည့် နေတာမျိုးတွေလည်း ရှိတယ်...

ဒီ သိလိုစိတ်ကို ထင်ရှားစေတာဟာ ဥပမာ အားဖြင့်  လူဘယ်ကစလဲ သတ္တ၀ါအစဟာ ဘယ်ကလည်း စက်ြဝဠာကြီးက ဘယ်ကစလဲ ဘယ်မှာဆုံးလဲ ဆိုတဲ့  သိလိုစိတ်ဟာ ခေတ်သစ် ဖလောစဖီ ခေတ်ဦး ဂရိခေတ်ကတည်းက ဒီနေ့ သိပ္ပံခေတ်အထိ လူစုံက အဆက်မပြတ်မေးခွန်းတွေ ထုတ်ခဲ့ ကြ တွေးဆကြည့် ကြ စူးစမ်းကြည့် နဲ့ တွေးဆမှု့ တွေမျိုးစုံရှိခဲ့ တာ ပြတ်မသွားကြတာဟာ အများစုကြီးရဲ့  သိချင်တဲ့ ဆန္ဒတစ်ခုရဲ့  သိလိုစိတ်ကြောင့် ပဲ...အဖြေတွေကလည်း မျိုးစုံပဲ...

ဒါတွေ သိရင် လူ့ အဖွဲ့ အစည်း အတွက် ဘာ အကျိုးရှိမလဲ လို့ တွေးတဲ့ အခါ အမြင်ထောင့်  အမျိုးမျိုးကတော့  ကိုယ့် အမြင်ထောင့် ကနေ ကိုယ်ပြောနေတာမျိုးလည်း ရှိသလို..သိချင်တာကို သိလိုက်ရပြီဆိုတာကိုက စိတ်ကျေနပ်သွားမှု့ အကျိုးကို ရတယ်လို့ ပဲ ပြောရမှာပဲ ''' သိလိုတာကို သိရဖို့  အားထုတ်ကြည့် တာဟာ အကြောင်းဆိုရင် ''' သိလိုတာကို ''' သိလိုက်ရလို့ ကျေနပ်ပြီ '''' ဆိုတာ သိလိုသူအတွက် '''စိတ်ကျေနပ်မှု့ အကျိုးရပြီ '''လို့ ဆိုတဲ့ သဘောပြောရမှာပဲ..သူ့ ပေတံက သူသိချင်တာ သိရရင် ကျေနပ်ပါတယ် နောက်ကိစ္စတွေ သူ့ ကိစ္စ မဟုတ်ဖူး ဆိုတဲ့ ပေတံသဘောပဲ...

ဒီသဘောကို ကျနော်တို့ တွေ ရဲ့  နေ့ တဓူဝ အပြုအမူတွေဟူသမျှကို ပြန်ပြီး တွေးတောကြည့် ရင် သံသရာနဲ့ မစပ်တဲ့  စီးပွား ပညာ ကျမ္မာ ကောင်းမှု့  စသဖြင့်  တစ်ခုခု ကောင်းကျိုးတရား ရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာနဲ့  ဘာရယ်ညာရယ်မဟုတ် ရည်ရွယ်ချက် တိတိပပမရှိ ကိုင်ပြစရာ အကျိုးကျေးဇူး မယ်မယ်ရရမရှိပဲ ကိုယ့် စိတ်က ကိုယ်လုပ်ချင်ရာ လုပ်လိုက်ရလို့  စိတ်ကျေနပ်ယုံလေးဖြစ်သွားအောင် လုပ်ချင်ရာကို လုပ်လိုက်ကြတာမျိုးတွေရော မရှိနိင်ဘူးလားလို့  တွေးစရာရှိနိုင်တယ်...

ဆိုလိုတာက လူ့ စိတ်ဟာ ထွေပြားသလို တိုင်းတဲ့ ပေတံတွေကလည်း များပြားတယ် သူများ ပေတံတွေရော ကိုယ့် ပေတံတွေရော မနဲဘူး...ဆိုတာလေးပါပဲ....

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..