
'''တွေးပူကြံကြောက် လှည်းအောက်မနေသာ'''
------------------------
ကုန်သည်မျိုးဖြစ်ရတာ အဲ့ ဒါတွေ ကောင်းတာ ရာသီပေါ်ဆို အိမ်ကို ဒေသထွက်တွေ ပို့ တော့ တာပဲ.အပြန်အလှန်မေတ္တာတရားတွေသဘောပေါ့  .ပြည်က မြကျောက်တွေ..သနပ်ခါးတုံးလိုပဲ တစ်လုံးချင်း သတင်းစာ စက္ကူနဲ့ တောင် ပတ်ပေးလိုက်သေးတယ်..လမ်းမှာ မပျော့ မပြဲပဲ ကောင်းကောင်းစားစေချင်တဲ့ အဖြစ်လေးတင်မဟုတ်တဲ့  စေတနာတွေ ပေါ်ချက်ပေါ့ ...အဲ့ မှာ အလိုလိုက်တာချင်းတူတူ ဒီကြောင်မလေးတစ်ကောင်က ချွန်ပြီး အခွင့် အရေးယူပုံက သူတစ်ကောင်ပဲ သရက်သီးပုံပေါ် တက်အိပ်နေလိုက်သေးတယ်...သရက်သီးခိုးက ပူတယ်ဆိုတော့ လေ...
ဒါနဲ့ ဆန်အိပ်တွေက များလှချည်လား လို့ မေးလိုက်တော့  ဆန်ဈေးတက်နေတယ်လေ လိုရမယ်ရတဲ့ ...အင်း..ရန်ကုန်နေတွေ စိတ်ပူချက်များ...လွယ်ပါဘူး..
စိတ်မြန် ကိုယ်မြန်ရှိလှတဲ့ အမျိုးတွေရဲ့  ဆိုရိုးစကားတောင် ရှိသေး ''' တွေးပူကြံကြောက် လှည်းအောက် မနေသာ''' တဲ့  တွေးပူတတ်လို့ ကတော့  ရိုးရိုး ဖုံထယုံ လေပြင်းလေး တိုက်လို့  လှည်းအောက်ခဏ ၀င်ခိုတာတောင် စိတ်ကမလုံရင် ခိုင်မာပြီးလေးလံလှတဲ့ လှည်းတောင် လုံခြုံတယ် ထင်မိပါဘူး..ဆိုပဲ..အာ့ မျိုးပေါ့  လမ်းထိပ်လေးသွားမို့  ဖိနပ်လေး ကောက်စွပ်မိယုံရှိသေး...ဟဲ့ ...ညနေစောင်းနေပြီ ဘယ်သွားမို့ လဲ လို့ လှမ်းမေးတာ.
( စိတ်ပူတတ်လို့ ပါ စိတ်ပူတတ်လို့ ပါ ဒီမောင်လေး ဒီအကိုလေး တျောက်ထဲမို့ ပါ.. (>_<) )...ခိခိ...ဟီးဟီးးး
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..