အတ္တဥခွံ
------
သူများအကြောင်း ကိုယ့် အကြောင်းလုပ်ဖို့ တောင် ကိုယ့် အကြောင်းကိုယ် ပြန်အရင်ကြည့် ရသေးတယ်..ကိုယ့် ခံနိုင်ရည်အားပေါ့ ..ရလိုခြင်းနဲ့ သံသရာလည်တာ ဒီ အတ္တဥခွံက ကြက်ဥခွံလောက် ဘယ်ပါးဘယ်ပြော့ လိမ့် မလဲ..ကြက်ဥခွံတောင် ဇွတ်ခွာရင် အတွင်းသားတွေပါ ပဲ့ ထွက်ကုန်တတ်လို့  သရုပ် အတော်ပျက်တတ်သေးတော့  လှတပတလေး ကြက်ဥခွံခွာတတ်ဖို့ ကို တက္ကနစ်တွေ မျိုးစုံသုံး ခွာရတယ်...
ဒါကြောင့် ဆရာ့ ဆရာကြီးတွေက သံသရာကပါလာတဲ့  ပိန်းထနေအောင်ထူလွန်းတဲ့  အတ္တဥခွံကနေ ဖေါက်ထွက်ပြီး တစ်ဘ၀ထဲနဲ့ သံသရာလည်စနစ်ကနေ အပြီးထွက်သွားဖို့ နေနေသာသာ ဘုံစဉ်စံဘ၀နဲ့  လစ်သွားနိုင်ဖို့ ဆိုတာတောင် ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀၀န်းကျင်မှာ...မှာ ထူးခြားပေါ်လာတတ်တဲ့  ပုဂ္ဂိုလ်ထူးလူထူးကြီးတွေ အနဲအပါးက လွဲရင် အများစုကြီးအတွက် ခက်နေတတ်ကြလို့  '' တစ်စတစ်စ စွန့် ဝံ့ မှသာ ဘ၀နောက်နှောင်း ဆက်တိုင်းကောင်၏ '''လို့  အများဆိုင်ရာတွေ အတွက် စာချိုးလေးစီပေးခဲ့ သေးတယ်..
ကွကိုယ် အထင်အရမ်း ဘစ်မနေနဲ့  ရုပ်ပစ္စည်းတစ်ချို့ ကို နဲနဲ နဲနဲလေးကစပြီး အရင်လွှတ်ကြည့် ပါဦး..သဘောက ကိုယ့် မှာ မလို ပိုလို့ လွှတ်တာမျိုးထက် ကိုယ့် မှာ မပိုပေမယ့် လိုနေတဲ့ သူဆီ လွှတ်ပေးကြည့် တာမျိုးနေမှာပေါ့ 
လောလောဆယ်တော့  တစ်လမ်းလုံးသုံးတဲ့ ကိုယ်ထူကိုယ်ထ အ၀ီစိတွင်းရေစက် ၃နှစ်လောက်ရှိမှ အသားကုန်မောင်းလာလို့ ..အခု လိုအပ်လို့  ဆာဗစ်စင်လုပ်ဖို့  တစ်ခန်း ညန်မာ ကျပ်ငွေလေး သုံးထောင်ထဲ အလှုခံနေတာ..အခန်း ရာကျော်လေးကို တစ်ပတ်ရှိပြီ သုံးပုံတစ်ပုံပဲ ရသေးတယ်တဲ့ ..ဒေါင်းတောင်းနေတွေက သုံးထောင်က များလို တဲ့ ကြွက်စီကြွက်စီနဲ့ ...တဲ့ ..အဟေးဟေး...ဖျားဒကာ ကျောင်းဒကာကြီးတို့ တွေ ကျမ္မာပါစီ ချမ်းသာပါစီ..ခ်ခ်.
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..