'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, June 4, 2015
ဖွဖွလေး..
ဖွဖွလေး..
---
တွေးရတာက အကန့် အသတ်တွေသဘောပေါ့ ...ကောင်းဖို့ သွားရာလမ်းမှာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ရဲ့  လက္ခဏာတွေကို အရင်သုံးသတ်ပြီးမှ ကိုယ့် ရဲ့  ပကတိဘ၀အနေအထားကို ပြန်တွေပြီး.. မလိုတာတွေ ရဲရဲဖြုတ်ချတာ လိုတာတွေ ရဲရဲဖြည့် တင်းတာလုပ်တာက အကန့် အသတ်မဲ့ သဘောထက်ပိုအခွင့် အရေးရနိုင်တယ်ပေါ့ ..တပ်မက်မှု့ တွေကို စွန့် လွှတ်တာ စိတ်သဘောအရ အစွမ်းကုန်စွန့် လွှတ်လို့ ရနိုင်တာက မသေနိုင်လို့ ပဲ..ရုပ်သဘောအရ စွန့် လွှတ်ပြီဆိုပြီး ဘာအာဟာရမှမစားတော့ ပါဘူးဆိုရင်တော့  ကိုယ့် ဟာကိုယ် သတ်သေတာနဲ့ အတူတူပဲ ဒီလိုသာ ဘာမှမစားတော့ ပါဘူးဆိုရင် ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို မရောက်ဖို့ သေခြာပြီ...
သဘောက ရိုးရိုးလေးပဲ စွန့် လွှတ်ခြင်းမှာ အပြင်က ရည်ရွယ်ရာပန်းတိုင်ရယ်...ကိုယ့် ရုပ်နာမ်နဲ့ ကိုယ့် ဘ၀ရဲ့ ပကတိအခြေအေနရယ် ချိန်ဆညှိနှိုင်းရသေးတယ်ပေါ့ ..တစ်သံသရာလုံးလည်လာခဲ့ ပြီး အခုဘ၀လူပြန်ဖြစ်နေတာ...ရယူဖို့ စိတ်တွေကြောင် လူဖြစ်နေတာဆိုတော့  အခုမှ ဖီလင်တစ်ခုခုခံစားမှု့ တစ်ခုခု အကြောင်းတစ်ခုခုကြောင့် ကောက်ခါငင်ခါ ထ စွန့် လွှတ်မယ်တယ်ဆိုတာ အင်း..အင်း လွှတ်ကြည့် ပါဦးပေါ့ ...ရုပ်ပစ္စည်းမပါပဲ စိတ်က လွတ်နေတာတော့  သူသူကိုယ်ကိုယ် လွယ်ထှာပေါ့ ....။....စွတ်လွှတ်တယ်ဆိုတာတကယ်တော့  စာထဲကလောက် လွယ်ပါဘူး.
..လွယ်တဲ့ နည်းက..အရင်လောက် ခပ်တင်းတင်းဆုတ်မထားတော့ ပဲ လောကဓံက လာလုတဲ့ အချိန် မလွှတ်ချင်လည်း လွှတ်ရမှာဆိုတော့  လွှတ်ရရင် လွယ်အောင် ဖွဖွလေးဆုတ်ထားနိုင်စိတ်ကလေးက စ ထရိမ်းရရင် ပိုလွယ်လောက်မယ်...အဲ့ လိုဆို လောလောဆယ် တစ်လငိုမိမဲ့ အစား တစ်ပတ်လောက်ပဲ မျက်ရည်ကျမှာဆိုတော့  စိတ်သက်သာတာပေါ့ ..နောက်ထပ် ငိငိ လို့ ရတာပေါ့ ...ငိငိ.
Labels:
''အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..