'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Thursday, June 4, 2015
အစားထိုးလို့ ဘယ်ဟာမှမရ...
အစားထိုးလို့ ဘယ်ဟာမှမရ...
------------
သူတစ်ပါးအဆိုအမိန့် တွေကို ဒီအတိုင်းချည်းလက်ခံလိုက်ဖို့ ထက် တွေးစရာတွေ ဘာများရှိသေးလဲဆိုတာကို ဆက်တွေးတဲ့ အခါ....
ဟုတ်တယ်..ကျေးဇူးဂုဏ်အင်အရ မိဘ ၂ ပါးနေရာမှာ အစားထိုးစရာ မရှိသလို ကိုယ့်  အိမ်သူ အိမ်သားနေရာမှာလည်း အစားထိုးစရာ လူမရှိဘူး...တပင်လဲမူ တစ်ပင်ထူ မလဲလည်း ထပ်ထူ ဆိုတာဟာ အစာထိုးတာမဟုတ်ပဲ နောက်ထပ်အပင်တွေထပ်စိုက်တာချည်းပဲ...ဒီသဘောအရဆိုရင် မိဘဟာ မိဘကဏ္ဍအရ သူတန်ဘိုးနဲ့ သူရှိသလို ကိုယ့် အိမ်သူအိမ်သားဟာလည်း တစ်ယောက်ချင်းစီမှာကို သူ့ ကဏ္ဍနဲ့ သူ့ တန်ဘိုးရှိတယ်..
.မိဘကဏ္ဍကိုပဲ အရေးကြီးလှပါချည်ရဲ့ လို သဘောထားရင် သူများသားသမီးကို ယူပြီး အိမ်ရာ ထူထောင်မနေကြနဲ့ ပဲ ပြောစရာရှိမယ်...သူများသားသမီးကိုယူပြီး အိမ်ယာ ထူထောင်ချင်သေးတယ်ဆိုရင် သူများသားသမီးရဲ့ ကဏ္ဍတန်ဘိုးကိုလည်း တန်ဘိုးထား တာဝန်ယူဖို့ တော့ လိုလိမ့် မယ်.
.သူများသားသမီးမှာလည်း သူ့ ဘ၀ဖြစ်တည်မှု့ အတွက် ခံစား စံစားတတ်တဲ့ စိတ်ရှိသေးတယ် သူ့ မှာလည်း သူ့ မိဘတွေ သူ့ ကျေးဇူးရှင်တွေ အတွက်ဆိုတဲ့ စိတ်မျိုးရှိနေပေလိမ့် မယ်ဆိုတာထည့့် တွေးပေးထားဖို့ လိုလိမ့် မယ် .သူများသားသမီးရဲ့ ကဏ္ဍတန်ဘိုးကိုလည်း တာဝန်ကျေ ကိုယ့် မိဘရှိသေးရင်လည်း ပစ်မထားနဲ့ ဆိုတာမျိုးသာ လောကအတွက်ကောင်းတယ်..တစ်ဖက်စောင်းနင်းဆိုတာ အလုပ်မဖြစ်ဖူး..
မိဘနဲ့  အိမ်သူအိမ်သား တစ်ခုခုထဲက တစ်ခုခုကို စွန့် ကိုစွန့် ရတော့ မယ်ဆိုရင် ဘာကို ရွေးမလဲဆိုလာရင်တော့ .( တကယ်ကြုံလာရင် အဲ့ တော့ မှ ပြောကြတာပေါ့ ပဲ ဒါမျိုးက ကိုယ်တိုင် မကြုံဘူးသေးပဲ စိတ်ကူးယဉ်ပြီး တွေးကြည့် တဲ့ တက္ကိက အတွေးအာရုံလွန်ပြဿနာမျိုးဖြစ်လို့ ပဲ...စိတ်ကူးနဲ့  အဖြေမှန် စိတ်ထားမှန်လို့ မယူဆနိုင်ဘူး.နိုင်ငံတော်တွက် အသက်ပေးနိုင်တယ်လိ့  အိမ်ကနေထိုင်ပြောနေတာမျိုးနဲ့ တူတယ်)
စာလုပ်ပြီးတော့ သာရေးတာပါ အများစုသဘောက ပုံမှန်တွေချည်းပါပဲ အလွန်အကျွံ သရုပ်ပျက်တာမျိုးက ပါစင်းတိတ်အားဖြင့် တောင် များများ မရှိတတ်တဲ့  ထူးခြားစရိုက်တွေ ထူးခြား ၀ဋ်နာကံနာတွေ အတုံ့ အလှည့် တွေ သဘောသာများလောက်ပါတယ်....ငိငိ
Labels:
အတွေးစာများ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..