Powered By Blogger

Wednesday, March 16, 2016

စဓဗဝ


မျက်နှာသစ်တိုင်း စဓဗ၀ ဂါထာ စိတ်ကရွတ်ပြီး မျက်နှာသစ်တယ် ရေချိုးတိုင်း ဒိဝါတပတိ ဂါထာ စိတ်ကရွတ်ချိုးတယ်
ဒါ ပုံမှန်သဘော  အားတာနဲ့  ဂါထာတစ်ခုခု စိတ်က ကောက်ရွတ်လိုက်တတ်တယ် စိတ်ဝါဒီ သဘောတော့ ပိုဆန်တယ်
စိတ်သာရှင်စော သဘောကို ယုံသူပေါ့ လေ ဒီလိုလုပ်လာတာ ဆယ်စုနှစ်တွေ မနဲတော့ ဘူး...အဲ့ ရဲ့ ကောင်းမှု့ စိတ်အကျိုးသွားက
ကြီးကျယ်တဲ့ ထွက်ပေါက်ပျောက်သလောက်ဖြစ်သွားတဲ့  ဆိုးကျိုးကြီးတွေ မကြုံရသလောက်ပဲ ဆိုတာ
ကိုယ်တိုင်ဖြတ်သန်းခဲ့ တဲ့  အတွေ့ အကြုံတွေကနေ ရခဲ့ တယ်

ကျောက်ဂေါ်လီ

ကျောက်ဂေါ်လီ
----------
စောစောစီးစီး ငယ်ဘ၀က ဂေါ်လီရိုက်ခဲ့ တာကို ဘယ်လိုကဘယ်လို သတိရမိလိုက်မှန်း မသိဘူး...
ကျနော်တို့ တုန်းက ပြည်ပက အရုပ်တွေရှားပါးတော့  ပြည်တွင်းဖြစ်တွေ အများဆုံးသုံး ကစားခဲ့ ရတာမျိုး..
အဲ့ မှာ ဂေါ်လီရိုက်တာလဲပါတယ်...ဂေါ်လီမှာ ထုံးဂေါ်လီနဲ့  ကျောက်ဂေါ်လီ ဆိုပြီး ၂ မျိုး ဆိုင်ကရောင်းရင်
ဓန ရှားပါးချက်က မာကျောတဲ့ ကျောက်ဂေါ်လီကို မ၀ယ်နိုင်လို့  ဈေးသက်သာတဲ့ ထုံးဂေါ်လီကို ၀ယ်ရတယ်
ကျောက်ဂေါ်လီလောက် မမာပေမယ့်  ထုံးဂေါ်လီလဲ အတော်လေတော့  မာကြောတယ်..ပုံမှန်ရိုက်ယုံလောက်နဲ့ မကွဲဘူး
သူရိုက်ကိုယ်ရိုက်နဲ့ အားကုန်သုံးပြီဆို ထုံးဂေါ်လီက ထက်ခြမ်းကွဲတော့ တာပါပဲ...အဲ့ မှာ ကြေကွဲပြီပေါ့ လေ..
တစ်လုံးတစ်လေ ၀ယ်တဲ့  ကျောက်ဂေါ်လီမှာ အပွ အကျစ်က ပါတတ်သေးလို့  အသံနားထောင်ပြီး ရွေးယူရသေးတယ်
အပွရွေးမိရင် အဲ့ ကျောက်ဂေါ်လီလဲ ထက်ခြမ်ကွဲတာပဲ...။ ကျောက်ဂေါ်လီကို မ၀ယ်ပဲ ရတတ်တဲ့  နည်းလမ်းတစ်ခုရှိသေးတယ်
မိဘပိုက်ဆံရှိလို့  ကျောက်ဂေါ်လီတွေ ၀ယ်သုံးနိုင်တစ်ချို့ တွေ ဂေါ်လီရိုက်ရင် လမ်းထဲက ရေမြောင်းတွေထဲကျသွားရင်
မြောင်းက ကျနော်တို့  ကလေးအရပ်နဲ့ ဆို ခါးတစ်ဝက်လောက်နက်ပြီး မြောင်းပုတ်တွေက ခြေဖမို့ ကျော်ကျော် လောက်နဲ့ မို့ 
ပြန်မဆယ်ပဲ ပစ်ထာခဲ့ ကြတတ်တယ်။ တစ်ခါတစ်လေ ကိုယ့်  ဂေါ်လီ မြောင်းထဲကျသွားရင် ကျနော်တို့ က ဂေါ်လီကို အဆုံမခံနိုင်လို့ 
အဲ့ မြောင်းပုတ်ရေတွေထဲ ခြေထောက်တွေနဲ့  စမ်းရှာရင် ကိုယ့်  ဂေါ်လီအပြင် တစ်ခြားဂေါ်လီတွေ ပါ စမ်းမိပြီး ခြေချောင်းလေးတွေနဲ့ ညှပ်ပြီး ဆယ်ယူလိုက်ကြတယ်
အဲ့ မှာ စိမ်းဖန့် ဖန့် ရောင် အသားကျစ်ကျစ်  ခေါက်ကြည့် ရင် သံ အသံထွက်နေတဲ့  ကျောက်ဂေါ်လီ တစ်လုံးလောက်ပါလာရင် ရွှေကောက်ရသလိုပဲ ၀မ်းသာချက်က..
သရေကွင်းထပ်လို့  အနိုင်ရတဲ့ သရေကွင်းတွေ  ရွှေလက်ကောက်လို လက်ဖြန်းလောက်အထိ စွပ်ထားပြီးပြီးဖေါ်လျှိုးလုပ်ရတာကလဲ အဲ့ ကာလက ကလေးချင်း ဂုဏ်ခံရတာမျိုး
ကိုယ့် အရွယ် ကိုယ့်  ဖြတ်သန်းမှု့  ကိုယ့် ခေတ်နဲ့ ကိုယ် တပ်မက်ခြင်းသဘောတရား ဆိုတာ ဒီလိုပေါ့ လေ..........။