Powered By Blogger
Saturday, December 19, 2015
ဓါတ်ရှင်ရိုက်နေတာလား ၊ ဆရာဝယ် ၊
 ဓါတ်ရှင်ရိုက်နေတာလား
---
တကယ့် ဗေဒင်အလုပ်ခွင်သဘောနဲ့  ဖွဘုတ်ပေါ်မှာ ကျနော် ပြောနေတဲ့ စတိုင်တွေက တူတာလဲရှိတယ် မတူတာလဲ ရှိတယ်
အပြင်စတိုင်မှာ အများဆုံးစတိုင်က ဘယ်လိုမေးတဲ့ သူတွေ ရောက်လာလာ ပေါ့ ဆဆ မတွေး မပြောပေးဘူး
သူ့ အရွယ် နဲ့  သူ့ ပြဿနာဟူသမျှဟာ သူ့ ဘ၀ပြဿနာ သဘောတွေချည်းပဲ
၁၈ နှစ်မက အချစ်ရေး လာမေးလို့  ရယ်ပွဲမဖွဲ့  သလို  သက်ကြားအိုက စားမကုန်လှုမခန်း ဖြစ်နေပေမယ့်  လောဘသက္ကာယတွေ အလွန်အကျွံကြီးပြီး
သောက တွေ ဒလဗျစ်နဲ့  လာလဲ နှုတ်ခမ်းတွန့် မသွားပါဘူး အကုန်လုံးဟာ သူ့ ဘ၀ဖြစ်တည်မှု့  နဲ့ သူ ဘ၀အခက်အခဲတွေ ချည်းသဘောပါ
ကျနော်တို့  စကားတစ်ခွန်းဟာ သူ့ ဘ၀တစ်ခုလုံးအတွက် အားကောင်းတဲ့  ခွန်အားဖြစ်သွားစေနိုင်သလို အဆင်မသင့် ရင် သူ့ ဘ၀တစ်ခုလုံးကို တွင်းထဲရောက်သွားစေနိုင်တယ်လို့  ကြိုတွေးထားရပါတယ်
ဒီတော့  ကိစ္စတစ်ခုခုဆို ဂြိုလ်စား သက်ရောက်တင် မကပါဘူး..ကိုယ့် ရဲ့  စာပေ ဗဟုသုတတွေ ကိုယ် တိုင်ရဲ့  ဘ၀ဖြတ်သန်းမှု့  အတွေ့ အကြုံတွေ ကိုယ်တိုင် ကြားနာခဲ့ ရတဲ့  ဘ၀ဖြစ်ရပ်တွေကိုပါ ဘက်စုံက ထည့် တွေးပြီး ဆွေးနွေးပေးရပါတယ် အကောင်းဆုံး အဖြစ်နိုင်ဆုံးလမ်းတွေကိုပေါ့ ဗျာ...
ဒါပေမယ့်  ကိုယ့် မိုင်းထဲက လေးလေးနက်နက် တွေ တွေးဆပေးနေပေမယ့်  မေးသူနဲ့ အတူ လိုက်ပြီး ငိုချင်းချပြနေလို့  မဖြစ်သလို အပေါ်စီးကနေ ဆရာကျပြနေလို့ လဲ မဖြစ်ပါဘူး..ကိုယ့် အမူအယာဟာ သူ့ ဘ၀ကို အလေးအနက်ရှိတယ် ဆိုတဲ့ ဟန်လဲ ကိုယ့် မျက်နှာမှာ ထင်ဟတ်ပေးထားရသလို  လည်ပင်းဖက်ကြီးလာတဲ့ သူတွေလို အမျိုးတွေလိုလဲ သဘောထားပေးရတာ  ကိုယ်က တစ်ခုခုကူပေးလိမ့် မယ်ဆိုတာကို သူ့ စိတ်ထဲမှာ ထင်လာအောင် အက်ရှင်တွေ ရှိထားပေးရပါတယ် နှုတ်လုံတယ်ဆိုတဲ့  သစ္စာတရားပါ အပါပေါ့ ဗျာ...
အဲ့ တော့ မှ မေးသူနဲ့ ကိုယ်ဟာ ပလဲနံပတွေ သင့်  အဟန့် တွေ နဲသွားပြီး သူ့ ပြဿနာ အစစ်တွေကို ပွင့် မြင်သာ ကြားနာခွင့် ရလာလို့  သူ့ ရဲ့  ဘ၀ပြဿနာတွေကို တွေးတော ကူညီပေးရတဲ့ အခါမှာ ပိုပြီးလွယ်သွားတော့ တာပါပဲ
တစ်ခါတစ်လေတော့ လဲ ကိုယ့်  မျက်နှာကြီး တက်လိုက်ကျလိုက် မျက်မှောင် ကျုံ့ လိုက် ရယ်မောပေါ့ ပါးပြလိုက် လေးနက်လိုက် ကရုဏာသက်လိုက်နဲ့ 
အသွင်အမျိုးမျိုး ဖြစ်နေလို့  ဓါတ်ရှင်ရိုက်နေတာလား ဗေဒင်ဟောနေတာလား လို့ တောင် ငိငိ မိပါသေးဗျာ...ငိငိ
 ---------------------------
ဆရာဝယ်
----------
ခက်ခက် ခဲခဲ ရှောင်ရတဲ့ အထဲမှာ ဆရာလာဝယ်တာမျိုးစတိုင်တွေ ဖြစ်လာတဲ့  ဘောစိတွေကို ကန့် ပစ်ရတာလဲ ပါတယ်ဗျ...
 ( ဆရာကြီးပြောခဲ့ တဲ့ စကားက လှတယ် ဆရာဆိုတာ အုပ်ချုပ်ရေးကလူတွေနဲ့  သူဌေးတွေရဲ့ လောင်းရိပ်ကနေ လွတ်နေရမယ်တဲ့ ဗျ
သူကလဲ လွတ်လပ်စတိုင်လူစိတ်များနေလို့  ဖရီးမဖြစ်တဲ့  ဘ၀ကို မကြိုက်ပုံရတယ်)
ဘောစိတွေမှာ ပါလာတတ်တဲ့  ဖီလင်တစ်ခုက ဆရာကို ပုံပေးလိုက်ပြီး အိပ်ထဲ ကောက်ထည့် လိုက်တယ် ပြီးရင် ၂၄ နာရီ သူတို့ ကိုသာ ဦးစားပေးရမယ်ပေါ့ လေ အဲ့ မှာ ကျနော်တို့ စတိုင်နဲ့  ငြိတော့ တာပဲ ကျနော်တို့ စတိုင်က  အခါတိုင်သမားတွေဆိုတော့  တိုကင်စနစ်တောင်ထားတာမဟုတ်သလို
ပညာ အရင် အတွေးဖြစ်လို့  လူကို စီးပွား အနဲ အများနဲ့  ခွဲ မမြင်ကြဘူး....အရင်လာတဲ့ လူအရင်ပဲ အဲ့ အရင်လူ ကိစ္စပြတ်မှ နောက်လူ သဘော မစောင့် နိုင် ဒိုးပဲ  ဘောစိတွေက ကျော်ခွ ဖြတ်ဝင်လုပ်ချင်လာတာ ဓနမာန်ပေါ့  အဲ့တာကို ဆန့် ကျင် ပစ်ရတာ  အချုပ်အနှောင် မခံလိုတဲ့ စတိုင်နဲ့ ဆိုတော့  လောင်းရိပ်ဖြစ်လာနိုင်တာတွေကို ကြိုကန်ထားပစ်တဲ့ သဘောပေါ့ 
-------------------
အစွန်း.၊ ကံတစ်ကွက်ချန် ၊
အစွန်းရောက်တယ် တစ်ဖက်သတ်ဆန်လွန်းတယ်လို့ ထင်မိတဲ့  အမေး အတော်များများကို ဆန့် ကျင်လိုတဲ့ စိတ်က အလုပ်ထဲမှာ ပါပါသွားတတ်တယ်ဗျ  ( ကိုယ့် ဖီလင်ကနေ ရောပါသွားတဲ့  သဘောလဲဆန်မယ်)
တစ်ချို့ က မေးတယ် ခဏခဏ အမေးခံရတယ်  မိန်းမ အနှောက်အယှက် ရှိလားတဲ့   သူတို့ ဆိုလိုတာက မိန်းမက လာမြှုဆွယ်တာ ခံရနိုင်လား သဘောကို မေးတာမျိုး များတယ်..
---------------------
ဗေဒင်မေးခွန်းတွေကို တွေးတိုင်း သံသရာကြောက ပါလာတဲ့ ကံသတ္တိတစ်ခုကို တစ်ကွက်ချန်ထားပြီး ကျော်မပြောတာ ကျနော့် အမူအကျင့် လို ဖြစ်နေတယ်...ဥပမာ သားသမီး ယူလို့  ရပြီး ဘယ် သက်ရောက်မှာ ယူရမလဲလို့ မေးလာတိုင်း တွက်ရိုးအရ အလုပ်သဘောအရ ပြောပေး
ပေမယ့်  သားသမီးက ကိုယ်ယူချင်တဲ့  အချိန်တိုင်း ယူလို့  ရလို့ လား လို့ ပြန်ထောက်ကွက် မေးခွန်း ပြန်ထုတ်ပြလိုက်လေ့ ရှိတယ်...
အဲ့ ဒါ ကံ တစ်ကွက်ချိန်ထောက်ကွက်ပဲ  အကြောင်းက သားသမီးယူဖို ပိုက်ပိုက်တွေ ဒလဟောသုံး  ခေတ်သစ်နည်းပညာအစုံနဲ ဘန်ကောက်မှာ ဟိုမှာ ဒီမှာ  ကြိုးစားနေပေမယ့် မအောင်မြင်သူတွေ တစ်ပုံကြီးကြုံခဲ့ ရတာ  မလိုချင်လို့ ကာကွယ်ထားပေမယ့် ဘယ်လိုက ဘယ်လို ရသွားမှန်းမသိဆိုတာတွေ
စသဖြင့် တွေ အများကြီးကြုံခဲ့ ရတယ်  အဇာတသတ်ဇာတ်ကို ကြည့် ရင်ဟောကိန်း နမိတ်ကြောင့်   မလိုချင်ပေမယ့်  ရလာတဲ့ သဘောရှိတာလို့ လဲ အကြမ်းဖြင်း နားလည်နိုင်တယ်..သဘောက သံသရာက ကံ သတ္တိကို ကျော်ပြောနေပြီလို့ ထင်ရရင် သတိပြန်ပေးတဲ့ သဘောပေါ့  အဲ့ မှာ စကားလုံးချိန်းတယ် 
'ဒီကာလတွေအတွင်းမှာ '' ကြိုးစားကြည့် ပါဗျား '' ကျန်တာ ကံပေါ့  လို့  ဆန္ဒများ မပြည့် ခဲ့ ရင် စိတ်ဖြေရာ ရအောင်  သူ့ စိတ်ထဲကို ထည့် ပေးလိုက်တဲ့  သဘောပေါ့ ဗျာ 
----------------------
ကိန်းခန်း တာဝန်ကျေ တကယ့် ဖြစ်ရပ်...
ကိန်းခန်း  တာဝန်ကျေ တကယ့် ဖြစ်ရပ်...
-------
ကိန်းခန်ုးဆိုတာ ...ဥပမာ အင်္ဂါ သက်ရောက်နဲ့  ဟူးသက်ရောက်မှာ  ( တနင်္လာနံ +သောကြာနံ အတွဲ နိစ္စပြကြိုးတွဲ အနိဌာရုံများ တိုက်ဆိုက်ခြင်းသဘော သွားကျိုး သွားကိုက် သူခိုးကိန်း ကိုကျော်သိန်း ကိုသန့် ကျော် ဒုက္ခရောက် ဒုက္ခပေး  နဲ့  ချောင်းသာ အရပ်သွားရင် အန္တရာယ်များ သဘောက ကိန်းခန်းသဘော
တာဝန်ကျေသဘောက အဲ့  နံတွဲကိုကောက်ပြီး ဒီသက်ရောက်မှာ ချောင်းသာမသွားနဲ့ ငွေဆောင်တော့ ရတယ် ကိုကျော်သန်းတို့ ကိုသန့ ကျော်တို့ ဆိုတ့ အမည်ရှင်တွေနဲ့  ဆက်ဆံရင် သတိထား အရင်လို မဟုတ်ပဲ ရစ်တတ်တယ် သူခိုးသတိထား ပျောက်တတ်ရှတတ်တယ် သွားရောဂါသတိထား စသဖြင့်  ကြိုသတိပေးတာက ကိတ်းခန်းသဘောကို ဖြစ်တတ်တာ ဖြစ်ဖူးတာ တွေ နဲ့  ကိုယ့် ဒေသဆိုင်ရာ ပညတ်တွေနဲ့  တွေးနိုင်သလောက်တွေးပြီး ဟောထားတာ
အပြင်ဖြစ်ရပ်တွေ သတိထားပြီး နားပြန်စွင့်  ကိုယ်တိုင် အင်္ဂါ နဲ့ ဟူးကို ဂြိုလ် ၈ ခွင်ကို  ၅ကြိမ်မက ပတ်ခဲ့  ပြီး တာတွေကို မှတ်မိသလောက် ပြန်မှတ်တမ်းတင်တွေးတဲ့ အခါ  အဲ့  တနင်္လာ+ သောကြာ အပြန်အလှန် နံတွဲ အနိဌာရုံ အတွဲ ကြောင့်  အာရုံနောက် အုံးတွေစား သွားလေးဘာလေးနဲနဲကိုက်တတ် နဲနဲပါးပါး ပျောက်တတ် ရှိတတ်တာမျိုးက
ဘ၀ပျက်သွားသူ မတွေ့ ခဲ့ ရသလောက်ပဲ  တစ်ခြား ဒုက္ခ တွေ တော့ ရှိချင်ရှိမယ် ဥပမာ သောကြာသား အင်္ဂါ သက်ရောက်ဖြတ်တော့  တော်တော်လေး နေမကောင်းတာ ယဉ်တိုက်မှု့ တွေကြုံတတ်တာက ဇာတာ+ ၄ ခွင်မြောက် ဘုမ္မိသဘော)  အင်္ဂါ သက်ရောက်မှာ အပျော်ခရီး ချောင်းသာ နံတွဲကို သတိပေးချက် ထုတ်ထားပေးပေမယ့်  သတိပေးချက် ရှိတဲ့ ကြားထဲက သွားခဲ့ သူတွေ တစ်ပုံကြီး ရှိခဲ့ ပြီး  ချောင်းသာက ပြန်လာတာ သိသမျှ သူတို့ အားလုံလိုလို  ပြောပလောက်တဲ့  ဒုက္ခကြီးတွေ အသက်အန္တရာယ်တွေ သေသွားတာမျိုးတွေ ဆိုတဲ့ မှတ်တမ်းကျနော် တော့ မရခဲ့ ဘူး...
ဆိုလိုနေတာက လူ့ မှာ ကံရှိတယ် သံသရာကံလဲရှိနေတယ် သူ့ နည့် သူ့ ဟန်နဲ့  ကိုးကွယ်ယုံကြည် မှု့  ဆိုင်ရာ ကုသိုလ်ကောင်းမှု့ တွေ ရှိနေတယ်ဒါတွေကို
ထည့် တွေးထားရတယ်  ဖြစ်မယ် မဖြစ်ဖူး ကြိမ်းသေ မဆိုနိုင်ဘူး ဖြစ်တန်ရာခြေနဲ့  ဖြတ်တတ်တာတွေကို ကိန်းခန်း သဘော ချိန်ဆပြီး မပြောပေးမိ
မဖြစ်လိုက်ရလေအောင်သာ  ပြောရမယ့်  ဗေဒင်အလုပ်ဆိုင်ရာ တာဝန်ရှိသမျှ ကိုယ်က ဟောပေးခြင်းလို့ ဆိုနိုင်တယ် ယတြာကြိုကာထားလို့  ရဲရဲသာသွားပါ
ဘာမှ မဖြစ်စေရပါဘူးလို့ 
 ''' သံသရာက ပါလာတတ်ပြီး ဘယ်အချိန် ဖြတ်ကနဲ ၀င် ကောင်းကျိုးဆိုးကျိုးပေးမယ်မှန်း မသိနိုင်သေးတဲ့  အတိတ် ကံကို ကျော်ပြီး မပြောပေးနိုင်ဘူး ''
ယတြာတွေ လုပ်ပေးပါများလို့  လုပ်ပေးခဲ့ သမျှ အထိတော့   အဲ့ လို အလန့် တကြား ဟောကိန်းတွေမှာတော့  အိုကေနေခဲ့ သေးတာချည်းပဲ လို့ သာ ဆိုနိုင်တယ်ပေါ့ ဗျာ..
-------------
မလုပ်ဖြစ်ရတဲ့ အကြောင်း
မလုပ်ဖြစ်ရတဲ့ အကြောင်း
--
သီဝရီရှိတယ် သိတယ် ကြုံလို့ သတိရရင် သူများကိုလဲ ညွှန်တတ်တယ်  ဒါပေမယ့်  ကိုယ်တိုင်တော့  မကျင့် သုံးဖူးသလောက် ယတြာတွေ အများကြီးပဲ...ဘာလို့  မလုပ်ဖြစ်လဲ ပြန်တွေးတယ်..ကိုယ်တိုင် မယုံလို့ လား နိုး အဲ့ လိုလဲ မဟုတ်ပြန်ဘူး
ဒါဆို ဘာကြောင့် လဲ...လုပ်ချင်စိတ်မရှိသေးလို့ လို့  အရင်ဆိုရမယ်...ဘာလို့ လုပ်ချင်စိတ်ဖြစ်မလာတာလဲ ဆက်တွေးတယ် သီဝရီကညွှန်းဆိုထားတဲ့ အကျိုးကို  လိုချင်စိတ် ပြင်းပြင်းပျပျ
မရှိလို့ လုပ်လောက်စရာ အကြောင်းပြချက် ကိုယ့် မှာ မယ်မယ်ရရ မရှိလို့  နဲ့ တကူးတက ဆန်တယ်ထင်တဲ့ ယတြာမျိုးတွေ မို့ လို့  အဖြေတစ်ခုရတယ်
ဥပမာ ကြာသာပတေးသက်ရောက် ထဲမှာ ကိုယ်ဝန်ဆောင်တွေကို ကလေးနဲ့  ပတ်သက်တဲ့  အသုံးအဆောင်တွေ လိုအပ်တာတွေ ဒါနပြုပါလို့  သီဝရီလာတယ်။ ဒီသီဝရီက ကြာသာပတေးသက်ရောက်
ဟာ တစ်နည်းအားဖြင့်  ဂုရုတိုင်သဘောကလာတာလို ဆိုတယ် ဂုရုတိုင်ဆိုတာ ပဋိသန္ဓေနေတဲ့  အခါ သဘော ရယ် ဂုရိုတိုင်မှာ လူ အကျဉ်းအကျပ်မလွတ်လပ်တဲ့ သဘောရှိတဲ့  ခိုက်က လူ= ကိုယ်ဝန်ဆောင်မိခင်သဘော ခိုက် ကို အဖြည်ယတြာ ချကျွေးတဲ့  သဘော ခိုက်ကို ဖြေတတ်ရင် အဲ့  ဂုရုတိုင်ရဲ့  န၀င်း အောင်မြင်နေရာက တနင်္လာနံ ငွေစီးပွား လာဘ်လာဘ ပွင့် လန်းခြင်းသဘောနဲ့  အမည်အင်ပရက်ရှင် တက်လာတဲ့ အကျိုးရမယ်ဆိုတဲ့ သဘော...ဒီသဘောကို သိတယ် ဒါပေမယ့်  မလုပ်ဖြစ်...မလုပ်ဖြစ်တာက အဲ့ အကျိုးတွေကို အလွန်လိုချင်တယ်ဆိုတဲ့  ပြင်းပျတဲ့  ဆန္ဒ ဖြစ်မနေဘူးနဲ့  တကူးတက ဆန်နေတဲ့ အတွက်သဘော
ဒီလို သဘောတွေ အများကြီးပဲ...သဘောကတော့  ကိုယ့် မှ အလွန်လိုအပ်ချိန် (၀ါ) အလွန်လိုချင်လွန်းနေချိန်တွေ ဖြစ်မလာရင် လုပ်ကြည့် ပါ အကျိုးရှိတယ်ဆိုတာတွေကိုတောင် တကူးတက အားစိုက်ပြီး မလုပ်ဖြစ်တတ်သဘော
နဲနဲပါးပါး လုပ်ကြည့် လို့  မြန်မြန် နဲ့ များများ ချက်ချင်းဖြစ်မလာဘူးထင်ရင်လဲ နောက်ထပ် မလုပ်ဖြစ်ပြန် ပြောပ စာဖွဲ့ လောက်တဲ့  ဒုက္ခတရားတွေ မကြုံရသေးပြန်ရင်လဲ ယတြာများမလုပ်ဖြစ်ပြန်  ကြိုကြားကြိုကြား လုပ်ဖြစ်တာကသတိရရင် စိတ်က ဘုရားစာ တက်သုတ်ရိုက်ရွတ်လိုက်တာမျိးသာ  အတွင်းစိတ်မှာ ကောင်းမှု့ လေး ဖြစ်နေအောင်သဘော
-----------------
------------------------------------
အခုရေးခဲ့ တဲ့ သီဝရီက ကြာသာပတေးသက်ရောက်ကို ရောက်တဲ့ သူတိုင်းအတွက် ဂြိုလ်ယတြာသဘောဗျ  ၊ အဲ့ ယတြာက ဘယ်ကလာတာ ဆိုတဲ့ သဘော၊ ကြာသာပတေးမှာ လူခိုက် သဘောက တစ်ဖို့ တည်း ကြံလွန်း တစ်ခါစားလုပ်လွန်းရင် ပုံမှန်ကနေတောင် ဘူပိတ်သွားလွယ်တာ ဒါကြောင့်  ကြာတေးဝင်ရင် တစ်ဖို့ တည်း မကြံနဲ့ ဆိုတာက လူခိုက် သဘောကို ပြောထားလိုက်တာ  အလာဘောမှာ တင်မကဘူး ဘယ်သက်ရောက်မှာဖြစ်ဖြစ် ဘူပိတ်နေတတ်တဲ့ သဘောတွေလဲ ရှိတယ်
အဲ့ အခါမှာတော့  စို့ တွေကို တွက်ချက်တာ အ၀င်အထွက် မကောင်းတာတွေများရှိထားလားတွေ ဘာအမှားများရှိခဲ့ သလဲ မေးကြည့် ရတာမျိုး ဥပမာ ၃ကြွင်း တစ်ယောက်က သူ့ အဖေအမေကို စိတ်တို ဘုတော မိလိုက်ရင် သောကြာနံ စကား ကြမ်း နဲ့  ကျေးဇူးရှင်ကို ပစ်မှားမိခြင်းထဲ ၀င်သွားလို့  ဘယ်သက်ရောက် ဖြတ်ဖြတ် ဘယ်လစိတ်ထဲ ရောက်နေနေ ပြောမိတဲ့ နေ့ ကစပြီး တစ်ပတ် နှစ်ပတ်လောက် ချက်ချင်း ဘူပိတ်သွားတတ်တယ်
ရေးခဲ့ ဘူးတယ် သက်ရောက်တွေဟာ တိုင် ဘေ့ စ်တွေပါနေတယ်  တနင်္ဂနွေသက်ရောက်မှာ သူများအပေါ် အတုံးကြီးပြလွန်းရင် ကိုယ်တိုင် အရှက်တကွဲပြန်ဖြစ်တတ်တယ်ဆိုတာ တနင်္ဂနွေတိုင် ရဲ့  ခိုက် စနေနံ ဂုဏ်မာန်မာန ကို ဆိုလိုတာ  ကိုယ့် ကိုယ်ကိုယ် နှိမ့် ချပြတတ် သူများကို ချီးကျူးပေးလိုက်ရင် ကောင်းတာတွေ ပြန်လာတယ်ဆိုတာက ခိုက်ကို ကိုယ့် အတွက် ဆုတ်မထားတော့ ပဲ သူများကို ချကျွေးလိုက်တာ...
ခိုက်ကို ကျွေးတတ်ရင် မူလငြိမ်ပြီး န၀င်းက နံသင့် တွေ အကောင်းသဘောရလာတယ်  ဟူးသားတွေဟာ သူများတွေရဲ့ စိတ်ကို ပျော်ရွှင် အနေချောင်အောင် ဖန်တီးပေးရင် န၀င်းက အလုပ်အောင်မြင် မိသားစုဘ၀ကောင်းရလာတာမျိုး ကိုယ့် စိတ်ချည်းပဲဆိုရင် အဲ့  ဟူးနဲ့  သင့် မြတ်သူ မရှိတော့ သလို ဖြစ်လာပြီး သူကိုယ်တိုင် စိတ်ရှုတ်စရာတွေ စိတ်အကျဉ်းအကျပ်တွေထဲ ခဏခဏရောက်သွားတယ်  ပညာသမားကစားကွက်တွေသဘောပေါ့ 
စာ ၂ ကြောင်း.
စာ ၂ ကြောင်း.
--
သင်မြင်ကြားဆရာ သုံးပါး ရဲ့ ကျေးဇူးကို ကန်တော့ လို့ ကို မပြီးပါဗျာပေါ့ လေ...
လုပ်ခဲ့ ပေါင်းတော့ များပြီ အလုပ်ဖြစ်ခဲ့ ပေါင်းလဲများပြီဗျ..အများသူငါလဲ ဗေဒင်လိုင်း စိတ်ဝင်စားသူတွေလဲ သိပြီးသားများတယ်
..ဒါပေမယ့်  မသိတဲ့ သူက ပိုများလေသလားလဲ ထင်ရတယ်
တနင်္လာနံ အားကြီးတဲ့  ကားရောင်းတာ...ကျနော်ပေးနေကျ ဓါတ်ရိုက်ယတြာက သီဟိုရွက် ရလွယ်လားမေးလို့ ရတယ်ဆိုရင်
အဲ့ သီဟိုရွက် နဲ့  ကားခေါင်းကို ၁၅ ချက် ရိုက်ပါ ၃ရက် ဒါမှမဟုတ် ၅ရင် ဆက်ရိုက်ပါ ရိုက်ပြီးတဲ့ အရွက်ကို ကားထဲ ထည့် ချင်ထည်
့ထားမထည့် ချင့်  လွှင့် ပစ်လိုက် လို့  ပထမယတြာ အဖြစ်ပေးလေ့ ရှိတယ်
ဒါက ( ဓမ္မာ သောက အင်းဝရာဇာ ) ဆိုတဲ့ အတွင်းရန် ကိန်း ရန်ဓာတ် စာတစ်ကြောင်း ကို သုံးလိုက်တာ၊ တနင်္လာနံကားကို သောကြာနံ
သီဟို ရွက်နဲ့ ရိုက်စေတာ အထွက်ပေါ့  ၁၅ ချက်က တနင်္လာနံ ဂြိုလ်သက်။
အဲ့ ဒါနဲ့ ရိုက်ပြီးသွားတော့  ဒုတိယ ယတြာက ကားကို ၀ယ်လက်က စိတ်ဝင်စားသွားအောင် တနင်္လာနံ ရဲ့  ဓါတ်မိတ် လဘက်ခြောက်ဖတ်လေးနဲနဲ
ယူပြီး နံပါတ်ပြားနဲ့  ကားဘေးဘော်ဒီ ဘီးတွေကို ပေါက်ကြဲကြဲလိုက်ပါလို့  မှာတယ် ခေါင်းမိုးတွေ အပေါ်တွေ မကြဲခိုင်တာက လဘက် နံတွဲက
တနင်္လာနံရဲ့  တြိစတု သဘောပါနေလို့  လိုရမယ်ရ အသုံးချမယ့် နေရာကို ရွေးလိုက်တာ...ဒါက ဓါတ်မိတ် စာတစ်ကြောင်း..ဒီ ၂ ကြောင်းကို ဆိုလိုတာ
သူလာရင်းက ကားရောင်းဖို့  ဒီတော့  နဲနဲ တီးခေါက်ကြည့် တယ် လာမ၀ယ်ကြဖူးလားဆိုတော့  ကြည့် ပြန်လို့ ဆိုတယ် ဈေးလဲ ပုံမှန်လို့ ဆိုတယ်
ဒါက သူ့ ကိစ္စ ။ ကိုယ့် ကိစ္စက ဟိုဟော ဒီဟောတွေထက် ကားရောင်းယတြာသာ အလိုရှိတဲ့ သူကို ကားရောင်းယတြာ ပေးနိုင်ရင် သူလာရင်းကိစ္စ ပြီင်္းပြီ
ကျေနပ်သွားပြီသဘောကို ကိုယ်က သိနေပြီ....တစ်ခါတစ်လေတော့  ရောင်းပြီးဘာလုပ်မှာလဲတို့  ဘာညာကွိကွတွေ မေးတာ တွက်ပေးတာတော့  လုပ်ပေးတတ်တယ်
ကွန်တက်
ကွန်တက်
---
ကျနော့် စတိုင် နဲ့ ကျနော်ထိုင်တဲ့ နေရာက ဖြတ်သွားဖြတ်လာ ၀င်မေးတာနဲတယ် ( ဒေါင်းတောင်း တိုက်ခန်းတွေမို့  အဟန့် ဖြစ်နေတဲ့ သဘောနေမှာပေါ့ ) အကြောင်းသိတွေ ကိုယ့် နားတစ်ဝိုက်တွေ
ဈေးသည်တွေ နဲ့  တရုပ်တန်းကွန်တက်တွေများတယ်...ယတြာမှာလဲ ဖုံးကွန်တက်နဲ့  လာတာများတယ်...ခဏခဏကြုံရတာက လာထိုင်ချင်လို့ ပဲ ဘာအကြောင်းနဲ့ ထိုင်ချင်တာလဲတောင်မပါဘူးလုပ်သက်ရနေလို့  ဘာနေ့ သားလဲ တစ်ခွန်းပြန်မေးပြီး လယ်နေ့ ဘယ်အချိန်လာခဲ့ ပဲ..လာတော့ မှ ဘယ်နှစ်ခုနှစ်ဖွားလဲ လှမ်းမေးပြီး အရွက်တွေ ကောက်စပ်လိုက်တာ
ဒီနေ့ ဆိုပါတော့  ထိုင်နေကျတစ်ယောက်က လွှတ်လိုက်မယ် ဆိုလို့  အင်း ဘာနေ့ သားလဲဆိုတော့  သောကြာတဲ့  ဟုတ် လာခဲ့ ပါ ဘယ်အချိန်ပေါ့ ..လာတယ်..ဘယ်သူ့ မိတ်ဆွေပါ ဖုံးဆက်ထားတယ်ပေါ့ 
လာတော့ မှ ဘယ်နှစ်ခု ဘယ်လ လို့ မေးလိုက်တော့ ၆၃ သင်္ကြန်နောက်ပိုင်းဆိုတော့  ၂ကြွင်းသောကြာ အဓိပတိဖွား. အသက် ၅၂ ပြည့် စ အင်္ဂါသက်ရောက် ကုန်
ဟူးသက်ရောက်..။  အဲ့ ဒါနဲ့  အရွက်တွေ ကောက်ပြင် န၀င်းထိုင်စေလိုက်တယ်
ထိုင်နေတော့ မှ ဘာသိချင်သေလဲလို့  စာရွက်လေးနဲ့ ဘောပင်လေးယူ ကောက်ခြစ်ပြီး မေးတော့  ကျနော်က လူပျိုကြီးပါတဲ့  ( အဟိ)...အဲ..အဲ့ တော့ မှ ပြီးခဲ့ တဲ့  နှစ်က အင်္ဂါသက်ရောက်အကြောင်းတွေ
ပြန်ပြောပြတော့  အင်္ဂါသက်ရောက်ရဲ့ မိန်းအချက် ငွေအကြောင်းပဲ လက်လွန်ထားတဲ့ ငွေတွေမရသေးတာ အရနှေးတာ နောက်ထပ်ခွင် တစ်ခု ရိုက်ချင်တာတွေပေါ့  သူန၀င်းထိုင်နေချိန်မှာကို တော်ကီ အပြန်အလှန်လွှတ်နေတာဗေဒင်တွက်တဲ့ ကိစ္စက ပြီးသလောက်ဖြစ်သွားရော...ပြီးတော့ မှ ဘယ်လောက်ကျသလဲတဲ့  ..ဘယ်မှာ ကျောက်စိမ်းလက်စွပ်က ဟဲဗီး၊ ညာမှာ စိန်ခြယ်ကြီး လက်ကောက်ဝတ်မှာကစိန်ပြေးထားတဲ့  ဟမ်းချိန်းနဲ့ မို့  ၂၇ ပါ..ပေါ့ လေ..။
ပြောချင်တာက ၇ နေ့  ၇နံ အရွက်က အမြဲမှာထား အမြဲလိုလို ရှိနေတတ်လို့ 
(ဆောင်ပန်းနင်းကြမ်းခိုက်တြိစတု) နဲ့  န၀င်းရိုက်လွှတ်ပေးနလို့ ရတယ်ပေါ့ ဗျာ..
.( တစ်ခါတစ်လေ ယတြာလုပ်ရမှာ ပျင်းရင်တော့ အရွက်တွေမရှိဘူး နောက်နေ့ ဘယ်အချိန်လောက်မှ ဖြစ်မယ်ဘာညာလဲ လုပ်တတ်တယ်) ပြီးတော့  ကွန်တက်သဘောက ကိုယ်တိုင် န၀င်းထိုင် အကျပ်အတည်းက ထွက်ပေါက်ရသွားလို့  န၀င်းထိုင်တာကို ယုံသွားတာနဲ့  နောက်လုကို ဘာ အကျပ်အတည်းကြားကြား  ( ဆေးမြီးတို ညွှန်းသလိုပဲ) န၀င်းသွားထိုင်လိုက် အဆင်ပြေသွားမယ်ဆိုပြီး လွှတ်တာများတယ်  ကျနော်လဲ တစ်ခါတစ်ခါ ကိုယ့် ကိုယ့် ကိုယ် ထင်မိတာက ငါ န၀င်းရိုက်ပေးနေတာ ပီဇာ အော်ဒါ ရောင်းနေတာနဲ့ တောင်တူနေသလိုလိုပဲလို့  အတွေးပေါက်မိတတ်တယ်..ငိငိ
နောက်တစ်ချက် တွေးရရင် န၀င်းရိုက်တဲ့ ပညာက ပညာမာတဲ့  သဘောရှိလို့  ခုလို အများလက်ခံပြီး ၁၀စုနှစ်တွေနဲ့ ချီပြီး ဒီပညာလိုင်းတစ်မယ်ထဲ အဓိက အားပြုပြီး ဘ၀ရပ်တည်နိုင်တယ်လို့  တွေးလို့ ရလောက်မယ်
ကြေကွဲစွာလွမ်း...
ကြေကွဲစွာလွမ်း..
-------------
ကိုယ်ချစ်သလို
မဟုတ်ခဲ့ တာကိုမှ
ကြေ ကွဲ စွာ လွမ်း....။   ။
မအေ့ အလို ဗေဒင်ဆြာ ခေါင်းကိုက် ..ငိငိ
မအေ့ အလို ဗေဒင်ဆြာ ခေါင်းကိုက် ..ငိငိ
----------------------------------
''ဆရာရယ် အလုပ်မှန်မှန်သွားအောင် ဆရာက ပြောင်းလိုက် ဆိုလို့  ဇီးနဲ့ သပြေ ပြောင်းပေးလိုက်တာ အဲ့ ဒါ အိမ်မကပ်တော့ ဘူး ဟိုနေ့ ကလဲ ရင်ပြင်သွားမယ်ဆိုပြီးသူ့ သူငယ်ချင်းတွေနဲ့  သွားတာ တော်တော်နဲ့ ပြန်မလာလို့  ..လခထုတ်လာတာလဲ အိမ်ပြန်မပေးပဲ အ၀တ်အစားတယ်ဝယ်ချလာတယ်ဆရာ အရင် ပိတောက်လှု ပိတောက်နဲ့ ရိုက်နေတုန်းက ငြိမ်နသားဆရာ အဲ့ ဒါ ဘယ်လိုလုပ်ရမလဲဆရာ...
ဟီး..အင်း အဲ သူက ဘာနေ့ သား ?...( သောကြာသားဆရာ)..အင်း..အေးဗျ..ဖွင့် ပေးလို့ မရရင် အဲ့ ပိတောက်လှု ပိတောက်နဲ့  ရိုက်တာပြန်လုပ်ဗျာ...အလုပ်မှန်မှန်သွားအောင်က ဒီလိုလုပ်  အာလူးကြော် နဲနဲနဲ့ ဘေးကနေ သီဟိုစေ့ တစ်စေ့ ထည့်  ဘုရားကပ် သောကြာသားမောင်ဘယ်သူ အလုပ်မှန်မှန်သွားပါစေ ဘာညာနဲ့ ဆုတောင်းက်လိုက်ဗျာ..( ဟုတ်ကဲ့  ဟုတ်ကဲ့ ဆရာ .)
ဟီးဟီး..အဲ့ လိုတွေလဲရှိပါတယ်...ငိငိ
----------------------------------
----------------------
အားလုံးက ပိုက်ဆံရှာနေကြတာ
---
ဝန်ထမ်းဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အလုပ်ခွင်တို့ ဘာတို့ မှာ ဗိုလ်ကျခံနေရတာမျိုး ဘာညာနဲ့ ပေါက်ကွဲလာရင် သူတို့ ပြောသမျှတွေ ထိုင်နားထောင်ပေး အပြန်အလှန် ဖြစ်တန်ရာခြေ ဖြစ်နိုင်တာတွေ ဖြစ်သင့် တာတွေ ထိုင်ဆွေးနွေးရင်းက အခြေအနေကြည့်  ပြီး ထည့် ပြောတတ်တဲ့ စကားလုံးက '' အားလုံးက ပိုက်ဆံရှာနေကြတာ  ဇရပ်မှာ အလှုလုပ်နေကြတာမှုတ်ဖူး  ကိုယ်ပေးလိုက်ရတဲ့  လုပ်အားနဲ့  သူတို့ ပြန်ပေးတာ ကိုက်မကိုက်တွက် အားနာစရာ အကြောင်းမရှိဘူး ကိုယ့် ဘကြီးကုမ္ပဏီမှုတ်ဖူး ခိုင်းတဲ့ လူက အလကားမတ်တင်းတောင်ခိုင်းလို့ ရရင်ခိုင်းချင်တာ သူတို့ လဲ ပိုက်ဆံရှာတာ ကိုယ်လဲပိုက်ဆံရှာတာ အဓိက က  ဒါပဲ '' လို့  ချွန်တွန်းလေး ပင့် ပေးတတ်တယ်ဗျ  ပညာကောင်းပြီး စေတနာတွေ သိပ်ပိုပြီး အိုးပစ်အိမ်ပစ် အလုပ်ထဲ ခေါင်းမြုတ်နေတဲ့  အရွယ်ငယ်တွေ ပိုင်ရှင်ဆိုးတွေ နဲ့  တွေ့ နေမှန်း ရိပ်မိနေပြီဆိုရင် ရဲရဲတင်းတင်း ချိန်းစရာရှိချိန်းရဲအောင်နဲ့  သူတို့ စိတ်တွေ အညွန့် မကျိုးခင်ပေါ့ 
------------------------------
---------------------------
အဲ ကုမ္ပဏီက ပိုင်ရှင်တို့  ဘာညာ အိုစနာကျလာစ  လူကြီးမင်းတွေ က သူတို့ ကိုယ် သူတို့   အလကားနေရင်း  ပြုံးယောင်သန်းနေပြီး ''ဆရာကလေ ဆရာကလေ '' လို့  သုံးလာတာ အိုဗာတင်းလာရင်  သတိထား လျှော့ မတွက်နဲ့  တစ်ခုခုတော့  တစ်ခုခုပဲ မှတ် လို့ လဲ တော်ကီ ထည့် လွှတ်ပေးလိုက်တတ်သေးတယ်ဗျ   ... ငိငိ
လှိုင်းသက်ကျန်
လှိုင်းသက်ကျန်
----------
လောကဓံဆိုးတွေ ရဲ ပြင်းထန်တဲ့ တိုက်ခိုက်မှု့ တွေအောက်မှာ......
အဖန်ဖန်လဲပြိုလို့ 
အခါခါ ကြိုးစားရုန်းကန်ထခဲ့ ရင်းက.....
ဒဏ်ရာတွေ များလာတဲ့  နှလုံးသားဟာ
အပြင်ဘမ်းမှာ မာကျောလာသယောင်ဖြစ်ခဲ့ ပေမယ့်
နက်ရှိုင်းတဲ့ အတွင်းသဘောမှာတော့ 
သတိရစရာတွေကို
သတိတရ ရှိနေတတ်ရင်း
စိုးရိမ်မှု့ များစွာ နူးညံ့ စွာ နဲ့ 
သိုသိုဝှက်ဝှက် မရဲတရဲလေး နဲ့ 
လှိုင်းသက်ကျန် အလွမ်းလေးတွေအဖြစ်
ရင်ခုန်တတ်နေဆဲပါလေ....။
----------