Powered By Blogger

Saturday, December 19, 2015

မအေ့ အလို ဗေဒင်ဆြာ ခေါင်းကိုက် ..ငိငိ

မအေ့ အလို ဗေဒင်ဆြာ ခေါင်းကိုက် ..ငိငိ
----------------------------------
''ဆရာရယ် အလုပ်မှန်မှန်သွားအောင် ဆရာက ပြောင်းလိုက် ဆိုလို့  ဇီးနဲ့ သပြေ ပြောင်းပေးလိုက်တာ အဲ့ ဒါ အိမ်မကပ်တော့ ဘူး ဟိုနေ့ ကလဲ ရင်ပြင်သွားမယ်ဆိုပြီးသူ့ သူငယ်ချင်းတွေနဲ့  သွားတာ တော်တော်နဲ့ ပြန်မလာလို့  ..လခထုတ်လာတာလဲ အိမ်ပြန်မပေးပဲ အ၀တ်အစားတယ်ဝယ်ချလာတယ်ဆရာ အရင် ပိတောက်လှု ပိတောက်နဲ့ ရိုက်နေတုန်းက ငြိမ်နသားဆရာ အဲ့ ဒါ ဘယ်လိုလုပ်ရမလဲဆရာ...

ဟီး..အင်း အဲ သူက ဘာနေ့ သား ?...( သောကြာသားဆရာ)..အင်း..အေးဗျ..ဖွင့် ပေးလို့ မရရင် အဲ့ ပိတောက်လှု ပိတောက်နဲ့  ရိုက်တာပြန်လုပ်ဗျာ...အလုပ်မှန်မှန်သွားအောင်က ဒီလိုလုပ်  အာလူးကြော် နဲနဲနဲ့ ဘေးကနေ သီဟိုစေ့ တစ်စေ့ ထည့်  ဘုရားကပ် သောကြာသားမောင်ဘယ်သူ အလုပ်မှန်မှန်သွားပါစေ ဘာညာနဲ့ ဆုတောင်းက်လိုက်ဗျာ..( ဟုတ်ကဲ့  ဟုတ်ကဲ့ ဆရာ .)

ဟီးဟီး..အဲ့ လိုတွေလဲရှိပါတယ်...ငိငိ
----------------------------------
----------------------
အားလုံးက ပိုက်ဆံရှာနေကြတာ
---
ဝန်ထမ်းဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် အလုပ်ခွင်တို့ ဘာတို့ မှာ ဗိုလ်ကျခံနေရတာမျိုး ဘာညာနဲ့ ပေါက်ကွဲလာရင် သူတို့ ပြောသမျှတွေ ထိုင်နားထောင်ပေး အပြန်အလှန် ဖြစ်တန်ရာခြေ ဖြစ်နိုင်တာတွေ ဖြစ်သင့် တာတွေ ထိုင်ဆွေးနွေးရင်းက အခြေအနေကြည့်  ပြီး ထည့် ပြောတတ်တဲ့ စကားလုံးက '' အားလုံးက ပိုက်ဆံရှာနေကြတာ  ဇရပ်မှာ အလှုလုပ်နေကြတာမှုတ်ဖူး  ကိုယ်ပေးလိုက်ရတဲ့  လုပ်အားနဲ့  သူတို့ ပြန်ပေးတာ ကိုက်မကိုက်တွက် အားနာစရာ အကြောင်းမရှိဘူး ကိုယ့် ဘကြီးကုမ္ပဏီမှုတ်ဖူး ခိုင်းတဲ့ လူက အလကားမတ်တင်းတောင်ခိုင်းလို့ ရရင်ခိုင်းချင်တာ သူတို့ လဲ ပိုက်ဆံရှာတာ ကိုယ်လဲပိုက်ဆံရှာတာ အဓိက က  ဒါပဲ '' လို့  ချွန်တွန်းလေး ပင့် ပေးတတ်တယ်ဗျ  ပညာကောင်းပြီး စေတနာတွေ သိပ်ပိုပြီး အိုးပစ်အိမ်ပစ် အလုပ်ထဲ ခေါင်းမြုတ်နေတဲ့  အရွယ်ငယ်တွေ ပိုင်ရှင်ဆိုးတွေ နဲ့  တွေ့ နေမှန်း ရိပ်မိနေပြီဆိုရင် ရဲရဲတင်းတင်း ချိန်းစရာရှိချိန်းရဲအောင်နဲ့  သူတို့ စိတ်တွေ အညွန့် မကျိုးခင်ပေါ့ 
------------------------------
---------------------------
အဲ ကုမ္ပဏီက ပိုင်ရှင်တို့  ဘာညာ အိုစနာကျလာစ  လူကြီးမင်းတွေ က သူတို့ ကိုယ် သူတို့   အလကားနေရင်း  ပြုံးယောင်သန်းနေပြီး ''ဆရာကလေ ဆရာကလေ '' လို့  သုံးလာတာ အိုဗာတင်းလာရင်  သတိထား လျှော့ မတွက်နဲ့  တစ်ခုခုတော့  တစ်ခုခုပဲ မှတ် လို့ လဲ တော်ကီ ထည့် လွှတ်ပေးလိုက်တတ်သေးတယ်ဗျ   ... ငိငိ


No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..