'' ဗေဒင်အကြောင်းလေးတွေနဲ့  အတွေ့ အကြုံတွေ ရေးဖို့  ''တဲ''လေး တစ်ခုလောက်ပါပဲ ဒါထက် ပိုမရည်ရွယ်ပါဘူး ''...
Saturday, December 19, 2015
မလုပ်ဖြစ်ရတဲ့ အကြောင်း
မလုပ်ဖြစ်ရတဲ့ အကြောင်း
--
သီဝရီရှိတယ် သိတယ် ကြုံလို့ သတိရရင် သူများကိုလဲ ညွှန်တတ်တယ် ဒါပေမယ့်  ကိုယ်တိုင်တော့  မကျင့် သုံးဖူးသလောက် ယတြာတွေ အများကြီးပဲ...ဘာလို့  မလုပ်ဖြစ်လဲ ပြန်တွေးတယ်..ကိုယ်တိုင် မယုံလို့ လား နိုး အဲ့ လိုလဲ မဟုတ်ပြန်ဘူး
ဒါဆို ဘာကြောင့် လဲ...လုပ်ချင်စိတ်မရှိသေးလို့ လို့  အရင်ဆိုရမယ်...ဘာလို့ လုပ်ချင်စိတ်ဖြစ်မလာတာလဲ ဆက်တွေးတယ် သီဝရီကညွှန်းဆိုထားတဲ့ အကျိုးကို လိုချင်စိတ် ပြင်းပြင်းပျပျ
မရှိလို့ လုပ်လောက်စရာ အကြောင်းပြချက် ကိုယ့် မှာ မယ်မယ်ရရ မရှိလို့  နဲ့ တကူးတက ဆန်တယ်ထင်တဲ့ ယတြာမျိုးတွေ မို့ လို့  အဖြေတစ်ခုရတယ်
ဥပမာ ကြာသာပတေးသက်ရောက် ထဲမှာ ကိုယ်ဝန်ဆောင်တွေကို ကလေးနဲ့  ပတ်သက်တဲ့  အသုံးအဆောင်တွေ လိုအပ်တာတွေ ဒါနပြုပါလို့  သီဝရီလာတယ်။ ဒီသီဝရီက ကြာသာပတေးသက်ရောက်
ဟာ တစ်နည်းအားဖြင့်  ဂုရုတိုင်သဘောကလာတာလို ဆိုတယ် ဂုရုတိုင်ဆိုတာ ပဋိသန္ဓေနေတဲ့  အခါ သဘော ရယ် ဂုရိုတိုင်မှာ လူ အကျဉ်းအကျပ်မလွတ်လပ်တဲ့ သဘောရှိတဲ့  ခိုက်က လူ= ကိုယ်ဝန်ဆောင်မိခင်သဘော ခိုက် ကို အဖြည်ယတြာ ချကျွေးတဲ့  သဘော ခိုက်ကို ဖြေတတ်ရင် အဲ့  ဂုရုတိုင်ရဲ့  န၀င်း အောင်မြင်နေရာက တနင်္လာနံ ငွေစီးပွား လာဘ်လာဘ ပွင့် လန်းခြင်းသဘောနဲ့  အမည်အင်ပရက်ရှင် တက်လာတဲ့ အကျိုးရမယ်ဆိုတဲ့ သဘော...ဒီသဘောကို သိတယ် ဒါပေမယ့်  မလုပ်ဖြစ်...မလုပ်ဖြစ်တာက အဲ့ အကျိုးတွေကို အလွန်လိုချင်တယ်ဆိုတဲ့  ပြင်းပျတဲ့  ဆန္ဒ ဖြစ်မနေဘူးနဲ့  တကူးတက ဆန်နေတဲ့ အတွက်သဘော
ဒီလို သဘောတွေ အများကြီးပဲ...သဘောကတော့  ကိုယ့် မှ အလွန်လိုအပ်ချိန် (၀ါ) အလွန်လိုချင်လွန်းနေချိန်တွေ ဖြစ်မလာရင် လုပ်ကြည့် ပါ အကျိုးရှိတယ်ဆိုတာတွေကိုတောင် တကူးတက အားစိုက်ပြီး မလုပ်ဖြစ်တတ်သဘော
နဲနဲပါးပါး လုပ်ကြည့် လို့  မြန်မြန် နဲ့ များများ ချက်ချင်းဖြစ်မလာဘူးထင်ရင်လဲ နောက်ထပ် မလုပ်ဖြစ်ပြန် ပြောပ စာဖွဲ့ လောက်တဲ့  ဒုက္ခတရားတွေ မကြုံရသေးပြန်ရင်လဲ ယတြာများမလုပ်ဖြစ်ပြန် ကြိုကြားကြိုကြား လုပ်ဖြစ်တာကသတိရရင် စိတ်က ဘုရားစာ တက်သုတ်ရိုက်ရွတ်လိုက်တာမျိးသာ အတွင်းစိတ်မှာ ကောင်းမှု့ လေး ဖြစ်နေအောင်သဘော
-----------------
------------------------------------
အခုရေးခဲ့ တဲ့ သီဝရီက ကြာသာပတေးသက်ရောက်ကို ရောက်တဲ့ သူတိုင်းအတွက် ဂြိုလ်ယတြာသဘောဗျ ၊ အဲ့ ယတြာက ဘယ်ကလာတာ ဆိုတဲ့ သဘော၊ ကြာသာပတေးမှာ လူခိုက် သဘောက တစ်ဖို့ တည်း ကြံလွန်း တစ်ခါစားလုပ်လွန်းရင် ပုံမှန်ကနေတောင် ဘူပိတ်သွားလွယ်တာ ဒါကြောင့်  ကြာတေးဝင်ရင် တစ်ဖို့ တည်း မကြံနဲ့ ဆိုတာက လူခိုက် သဘောကို ပြောထားလိုက်တာ အလာဘောမှာ တင်မကဘူး ဘယ်သက်ရောက်မှာဖြစ်ဖြစ် ဘူပိတ်နေတတ်တဲ့ သဘောတွေလဲ ရှိတယ်
အဲ့ အခါမှာတော့  စို့ တွေကို တွက်ချက်တာ အ၀င်အထွက် မကောင်းတာတွေများရှိထားလားတွေ ဘာအမှားများရှိခဲ့ သလဲ မေးကြည့် ရတာမျိုး ဥပမာ ၃ကြွင်း တစ်ယောက်က သူ့ အဖေအမေကို စိတ်တို ဘုတော မိလိုက်ရင် သောကြာနံ စကား ကြမ်း နဲ့  ကျေးဇူးရှင်ကို ပစ်မှားမိခြင်းထဲ ၀င်သွားလို့  ဘယ်သက်ရောက် ဖြတ်ဖြတ် ဘယ်လစိတ်ထဲ ရောက်နေနေ ပြောမိတဲ့ နေ့ ကစပြီး တစ်ပတ် နှစ်ပတ်လောက် ချက်ချင်း ဘူပိတ်သွားတတ်တယ်
ရေးခဲ့ ဘူးတယ် သက်ရောက်တွေဟာ တိုင် ဘေ့ စ်တွေပါနေတယ် တနင်္ဂနွေသက်ရောက်မှာ သူများအပေါ် အတုံးကြီးပြလွန်းရင် ကိုယ်တိုင် အရှက်တကွဲပြန်ဖြစ်တတ်တယ်ဆိုတာ တနင်္ဂနွေတိုင် ရဲ့  ခိုက် စနေနံ ဂုဏ်မာန်မာန ကို ဆိုလိုတာ ကိုယ့် ကိုယ်ကိုယ် နှိမ့် ချပြတတ် သူများကို ချီးကျူးပေးလိုက်ရင် ကောင်းတာတွေ ပြန်လာတယ်ဆိုတာက ခိုက်ကို ကိုယ့် အတွက် ဆုတ်မထားတော့ ပဲ သူများကို ချကျွေးလိုက်တာ...
ခိုက်ကို ကျွေးတတ်ရင် မူလငြိမ်ပြီး န၀င်းက နံသင့် တွေ အကောင်းသဘောရလာတယ် ဟူးသားတွေဟာ သူများတွေရဲ့ စိတ်ကို ပျော်ရွှင် အနေချောင်အောင် ဖန်တီးပေးရင် န၀င်းက အလုပ်အောင်မြင် မိသားစုဘ၀ကောင်းရလာတာမျိုး ကိုယ့် စိတ်ချည်းပဲဆိုရင် အဲ့  ဟူးနဲ့  သင့် မြတ်သူ မရှိတော့ သလို ဖြစ်လာပြီး သူကိုယ်တိုင် စိတ်ရှုတ်စရာတွေ စိတ်အကျဉ်းအကျပ်တွေထဲ ခဏခဏရောက်သွားတယ် ပညာသမားကစားကွက်တွေသဘောပေါ့ 
Labels:
ဗေဒင်ကိစ္စ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..