Powered By Blogger

Saturday, December 19, 2015

စာ ၂ ကြောင်း.

စာ ၂ ကြောင်း.
--
သင်မြင်ကြားဆရာ သုံးပါး ရဲ့ ကျေးဇူးကို ကန်တော့ လို့ ကို မပြီးပါဗျာပေါ့ လေ...

လုပ်ခဲ့ ပေါင်းတော့ များပြီ အလုပ်ဖြစ်ခဲ့ ပေါင်းလဲများပြီဗျ..အများသူငါလဲ ဗေဒင်လိုင်း စိတ်ဝင်စားသူတွေလဲ သိပြီးသားများတယ်
..ဒါပေမယ့်  မသိတဲ့ သူက ပိုများလေသလားလဲ ထင်ရတယ်

တနင်္လာနံ အားကြီးတဲ့  ကားရောင်းတာ...ကျနော်ပေးနေကျ ဓါတ်ရိုက်ယတြာက သီဟိုရွက် ရလွယ်လားမေးလို့ ရတယ်ဆိုရင်
အဲ့ သီဟိုရွက် နဲ့  ကားခေါင်းကို ၁၅ ချက် ရိုက်ပါ ၃ရက် ဒါမှမဟုတ် ၅ရင် ဆက်ရိုက်ပါ ရိုက်ပြီးတဲ့ အရွက်ကို ကားထဲ ထည့် ချင်ထည်
့ထားမထည့် ချင့်  လွှင့် ပစ်လိုက် လို့  ပထမယတြာ အဖြစ်ပေးလေ့ ရှိတယ်

ဒါက ( ဓမ္မာ သောက အင်းဝရာဇာ ) ဆိုတဲ့ အတွင်းရန် ကိန်း ရန်ဓာတ် စာတစ်ကြောင်း ကို သုံးလိုက်တာ၊ တနင်္လာနံကားကို သောကြာနံ
သီဟို ရွက်နဲ့ ရိုက်စေတာ အထွက်ပေါ့  ၁၅ ချက်က တနင်္လာနံ ဂြိုလ်သက်။

အဲ့ ဒါနဲ့ ရိုက်ပြီးသွားတော့  ဒုတိယ ယတြာက ကားကို ၀ယ်လက်က စိတ်ဝင်စားသွားအောင် တနင်္လာနံ ရဲ့  ဓါတ်မိတ် လဘက်ခြောက်ဖတ်လေးနဲနဲ
ယူပြီး နံပါတ်ပြားနဲ့  ကားဘေးဘော်ဒီ ဘီးတွေကို ပေါက်ကြဲကြဲလိုက်ပါလို့  မှာတယ် ခေါင်းမိုးတွေ အပေါ်တွေ မကြဲခိုင်တာက လဘက် နံတွဲက
တနင်္လာနံရဲ့  တြိစတု သဘောပါနေလို့  လိုရမယ်ရ အသုံးချမယ့် နေရာကို ရွေးလိုက်တာ...ဒါက ဓါတ်မိတ် စာတစ်ကြောင်း..ဒီ ၂ ကြောင်းကို ဆိုလိုတာ
သူလာရင်းက ကားရောင်းဖို့  ဒီတော့  နဲနဲ တီးခေါက်ကြည့် တယ် လာမ၀ယ်ကြဖူးလားဆိုတော့  ကြည့် ပြန်လို့ ဆိုတယ် ဈေးလဲ ပုံမှန်လို့ ဆိုတယ်
ဒါက သူ့ ကိစ္စ ။ ကိုယ့် ကိစ္စက ဟိုဟော ဒီဟောတွေထက် ကားရောင်းယတြာသာ အလိုရှိတဲ့ သူကို ကားရောင်းယတြာ ပေးနိုင်ရင် သူလာရင်းကိစ္စ ပြီင်္းပြီ
ကျေနပ်သွားပြီသဘောကို ကိုယ်က သိနေပြီ....တစ်ခါတစ်လေတော့  ရောင်းပြီးဘာလုပ်မှာလဲတို့  ဘာညာကွိကွတွေ မေးတာ တွက်ပေးတာတော့  လုပ်ပေးတတ်တယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..