Powered By Blogger

Saturday, December 19, 2015

ကွန်တက်


ကွန်တက်
---
ကျနော့် စတိုင် နဲ့ ကျနော်ထိုင်တဲ့ နေရာက ဖြတ်သွားဖြတ်လာ ၀င်မေးတာနဲတယ် ( ဒေါင်းတောင်း တိုက်ခန်းတွေမို့  အဟန့် ဖြစ်နေတဲ့ သဘောနေမှာပေါ့ ) အကြောင်းသိတွေ ကိုယ့် နားတစ်ဝိုက်တွေ
ဈေးသည်တွေ နဲ့  တရုပ်တန်းကွန်တက်တွေများတယ်...ယတြာမှာလဲ ဖုံးကွန်တက်နဲ့  လာတာများတယ်...ခဏခဏကြုံရတာက လာထိုင်ချင်လို့ ပဲ ဘာအကြောင်းနဲ့ ထိုင်ချင်တာလဲတောင်မပါဘူးလုပ်သက်ရနေလို့  ဘာနေ့ သားလဲ တစ်ခွန်းပြန်မေးပြီး လယ်နေ့ ဘယ်အချိန်လာခဲ့ ပဲ..လာတော့ မှ ဘယ်နှစ်ခုနှစ်ဖွားလဲ လှမ်းမေးပြီး အရွက်တွေ ကောက်စပ်လိုက်တာ

ဒီနေ့ ဆိုပါတော့  ထိုင်နေကျတစ်ယောက်က လွှတ်လိုက်မယ် ဆိုလို့  အင်း ဘာနေ့ သားလဲဆိုတော့  သောကြာတဲ့  ဟုတ် လာခဲ့ ပါ ဘယ်အချိန်ပေါ့ ..လာတယ်..ဘယ်သူ့ မိတ်ဆွေပါ ဖုံးဆက်ထားတယ်ပေါ့ 
လာတော့ မှ ဘယ်နှစ်ခု ဘယ်လ လို့ မေးလိုက်တော့ ၆၃ သင်္ကြန်နောက်ပိုင်းဆိုတော့  ၂ကြွင်းသောကြာ အဓိပတိဖွား. အသက် ၅၂ ပြည့် စ အင်္ဂါသက်ရောက် ကုန်
ဟူးသက်ရောက်..။  အဲ့ ဒါနဲ့  အရွက်တွေ ကောက်ပြင် န၀င်းထိုင်စေလိုက်တယ်

ထိုင်နေတော့ မှ ဘာသိချင်သေလဲလို့  စာရွက်လေးနဲ့ ဘောပင်လေးယူ ကောက်ခြစ်ပြီး မေးတော့  ကျနော်က လူပျိုကြီးပါတဲ့  ( အဟိ)...အဲ..အဲ့ တော့ မှ ပြီးခဲ့ တဲ့  နှစ်က အင်္ဂါသက်ရောက်အကြောင်းတွေ
ပြန်ပြောပြတော့  အင်္ဂါသက်ရောက်ရဲ့ မိန်းအချက် ငွေအကြောင်းပဲ လက်လွန်ထားတဲ့ ငွေတွေမရသေးတာ အရနှေးတာ နောက်ထပ်ခွင် တစ်ခု ရိုက်ချင်တာတွေပေါ့  သူန၀င်းထိုင်နေချိန်မှာကို တော်ကီ အပြန်အလှန်လွှတ်နေတာဗေဒင်တွက်တဲ့ ကိစ္စက ပြီးသလောက်ဖြစ်သွားရော...ပြီးတော့ မှ ဘယ်လောက်ကျသလဲတဲ့  ..ဘယ်မှာ ကျောက်စိမ်းလက်စွပ်က ဟဲဗီး၊ ညာမှာ စိန်ခြယ်ကြီး လက်ကောက်ဝတ်မှာကစိန်ပြေးထားတဲ့  ဟမ်းချိန်းနဲ့ မို့  ၂၇ ပါ..ပေါ့ လေ..။

ပြောချင်တာက ၇ နေ့  ၇နံ အရွက်က အမြဲမှာထား အမြဲလိုလို ရှိနေတတ်လို့ 
(ဆောင်ပန်းနင်းကြမ်းခိုက်တြိစတု) နဲ့  န၀င်းရိုက်လွှတ်ပေးနလို့ ရတယ်ပေါ့ ဗျာ..
.( တစ်ခါတစ်လေ ယတြာလုပ်ရမှာ ပျင်းရင်တော့ အရွက်တွေမရှိဘူး နောက်နေ့ ဘယ်အချိန်လောက်မှ ဖြစ်မယ်ဘာညာလဲ လုပ်တတ်တယ်) ပြီးတော့  ကွန်တက်သဘောက ကိုယ်တိုင် န၀င်းထိုင် အကျပ်အတည်းက ထွက်ပေါက်ရသွားလို့  န၀င်းထိုင်တာကို ယုံသွားတာနဲ့  နောက်လုကို ဘာ အကျပ်အတည်းကြားကြား  ( ဆေးမြီးတို ညွှန်းသလိုပဲ) န၀င်းသွားထိုင်လိုက် အဆင်ပြေသွားမယ်ဆိုပြီး လွှတ်တာများတယ်  ကျနော်လဲ တစ်ခါတစ်ခါ ကိုယ့် ကိုယ့် ကိုယ် ထင်မိတာက ငါ န၀င်းရိုက်ပေးနေတာ ပီဇာ အော်ဒါ ရောင်းနေတာနဲ့ တောင်တူနေသလိုလိုပဲလို့  အတွေးပေါက်မိတတ်တယ်..ငိငိ

နောက်တစ်ချက် တွေးရရင် န၀င်းရိုက်တဲ့ ပညာက ပညာမာတဲ့  သဘောရှိလို့  ခုလို အများလက်ခံပြီး ၁၀စုနှစ်တွေနဲ့ ချီပြီး ဒီပညာလိုင်းတစ်မယ်ထဲ အဓိက အားပြုပြီး ဘ၀ရပ်တည်နိုင်တယ်လို့  တွေးလို့ ရလောက်မယ်

No comments:

Post a Comment

'' ဘ၀ဖြတ်သန်းမှု့ လေးတွေ ကိုယ့် ရဲ့ ထမင်းအိုး အကြောင်းလေးတွေ ဖတ်ဖူးတဲ့ စာတွေနဲ့ အတွေ့  အကြုံလေးတွေပေါင်းပြီးဖြစ်လာတဲ့  တွေးမိရာရာလေးတွေ ချရေးတဲ့ သဘောလောက်ပေါ့ လေ.စာဖွဲ့ လောက်အောင်တော့ မခန်းနားခဲ့ ပါဘူး..''..